Posted by : Ye Kyaw Phyo
Thursday, February 2, 2012
ကျွန်တော် ဒီတစ်ခါတော့ Cola ကြိုက်တက်တဲ့ အမျိုးသားများနဲ့ Cola အချိုရည်ရဲ့ ဆိုးကျိုးများကို ပြောပြပေးသွားပါ့မယ်ဗျာ။ကျန်းမာရေး ဗဟုသုတ အနေနဲ့ ပေါ့ဗျာ။Cola အချိုရည် အမြောက်အမြား သောက်ခြင်းက အမျိုးသားများ၏ သုက်ပိုးအရေအတွက်ကို လျော့နည်းကျဆင်းစေသည်ဟု ယူဆရကြောင်း အမေရီကန် ဆေးသိပ္ပံဌာနမှ သုတေသီများက ပြောကြားလိုက်သည်။ ဒိန်းမတ်နိုင်ငံမှ ပညာရှင်များက နေ့စဉ်နေ့တိုင်း Cola တစ်လီတာစီ စွဲမြဲစွာ သောက်သုံးပါက သာမန်ထက် သုက်ပိုးအရေအတွက် ပျမ်းမျှအားဖြင့် (၃၀)ရာခိုင်နှုန်းခန့် လျော့ကျသွားတတ်ကြောင်း တွေ့ရှိခဲ့သည်။ သုက်ပိုးအရေအတွက် နည်းပါးသော အမျိုးသားတစ်ဦးသည် သာမန်အားဖြင့် သားသမီးရနိုင်ခြေ နည်းပါးလေ့ရှိသည်။ ယင်းသည် Cola တွင် ပါဝင်သော ကဖင်းဓာတ်နှင့် ဆက်စပ်နေကြောင်း၊ သို့သော်လည်း ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီကို သောက်ခြင်းကြောင့်မူ အဆိုပါ ဆိုးကျိုးမျိုး ကြုံတွေ့ရလေ့မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် Cola အချိုရည်များရှိ ကဖင်းသည် ကော်ဖီတွင်ပါသော ကဖင်းထက် အာနိသင်ပြင်းထန်ကာ ပမာဏ ပိုမိုများပြားနေသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။ သုတေသန ရလဒ်သစ်ကို ဖော်ထုတ်နိုင်ခဲ့သည့် ဦးဆောင်သုတေသီ ကိုးလ်ဂျန်ဆန်က ကဖင်းဓာတ်သည် အမျိုးသားတစ်ဦး၏ မျိုးပွားကျန်းမာရေးအပေါ် သက်ရောက်မှုများအတွက် လေ့လာမှုများ ပိုမိုပြုလုပ်သွားရန် လိုသေးကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှု စစ်တမ်းကို လူပေါင်း(၂၅၀၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး Cola ပုံမှန် မသောက်သူများသည် သောက်သူများထက် သုက်ပိုးပါဝင်မှု အရည်အသွေး ပိုမိုကောင်းမွန်ပြီး သုက်ရည်တစ်မီလီလီတာတွင် သုက်ပိုးကောင်ရေ ပျမ်းမျှသန်း(၅၀)ခန့် ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ဒိန်းမတ်ရှိ လူငယ်များကြား Cola သောက်သုံးမှု အလေ့အထသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြင့်တက်လာပြီးနောက် သုတေသီများက Cola နှင့် ကျန်းမာရေး အခြေအနေကြား ဆက်စပ်မှုကို လေ့လာခဲ့ခြင်းဖြစ်သည်။ ပညာရှင်များက နေ့စဉ်အနည်းဆုံး Cola တစ်လီတာ သောက်သုံးသူ အမျိုးသား (၉၃)ဦးတွင် သုက်ပိုးပမာဏမှာ တစ်မီလီလီတာတွင် (၃၅)သန်းမျှသာ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း ယင်းတို့သည် Fast Food များ ပိုစားကြသလို အသီးအရွက် စားသုံးမှုလည်း လျော့နည်းနေသည့်အချက်ကိုလည်း ထည့်စဉ်းစားသင့်ကြောင်း ပညာရှင်များက ၀န်ခံခဲ့သည်။ ယခုလေ့လာတွေ့ရှိမှု အတိအကျ ရလဒ်များကို အမေရိကန်ထုတ် Epidemiology ဆေးပညာဂျာနယ်တွင် ဖော်ပြထားပါတယ်ဗျာ။ကဲ Cola ကြိုက်တက်တဲ့ ကိုယ့်လူတွေရေ နဲနဲလေး သတိထားပြီး သောက်သုံးကြပါလို့ သတိပေးပါရစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
Related Posts :
- Back to Home »
- (ကျန်းမာရေး) , (ဗဟုသုတ) , (အထွေထွေ) »
- Cola ကြိုက်တက်တဲ့ အမျိုးသားများနဲ့ Cola အချိုရည်ရဲ့ ဘေးထွက်ဆိုးကျိုးများ