Archive for May 2012



ဝက်ခြံဆိုတဲ့အရာပာာ လူမျိုးမရွေး၊ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးနဲ့ကလေးတွေမှာလည်း ၀က်ခြံပာာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေးတွေမှာ ပိုပြီးဖြစ်တတ်ပြီး ပိုပြီးလည်းဆိုးတတ်ပါတယ်။ အနောက်နိုင်ငံသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ပြီးတော့ ပူတဲ့ နိုင်ငံ တော်တော်များများမှာလဲ အဖြစ်များတက်ပါတယ်။ အလုပ်အကိုင်တွေအနေနဲ့လည်း ဆီကိုင်ရတဲ့အလုပ်တွေ လုပ်ရတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဆေးတွေအနေနဲ့ Lithium, Hydantoin, Topical and Systemic Glucocorticoids, Oral Contraceptives, Androgens ဆေးတွေပာာ ၀က်ခြံပာာ ပိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၀က်ခြံပာာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ပြင်းထန်တဲ့ ၀က်ခြံတွေဖြစ်တတ်ရင် သားသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။

ဝက်ခြံအဓိကဖြစ်စေတဲ့အကြောင်းအချက် 5 ခုရှိပါတယ်။
၁။ အဆီထွက်များခြင်း
၂။ အဆီထွက် ဂလင်း၏ လမ်းကြောင်းများ ပိတ်ဆို့ခြင်း
၃။ ရောဂါပိုးများ ၀င်ရောက်ခြင်း
၎။ ရောင်ရမ်းစေတဲ့ ဓါတ်များထုတ်လွှတ်ခြင်း
၅။ခန္ဓာကိုယ်တွင် အပူများခြင်း
အဲဒီအချက်အလက်တွေပာာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးဖြစ်တက်ပါတယ်။

ပထမ လူပျို၊ အပျိုဖော်ဝင်စမှာ ပောာ်မုန်းအပြောင်းအလဲကြောင့် အဆီဂလင်းတွေကနေပြီး အဆီတွေပိုထွက်လာပါတယ်။ အဲလိုအဆီတွေပိုထွက်တဲ့ အတွက်ကြောင့် အဆီထွက်ဂလင်းတွေရဲ့လမ်းကြောင်းတွေမှာ အဆီတွေစုပုံပြီး အဆီတွေနဲ့ပိတ်သွားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေရာပာာ ဖောင်းလာပါတယ်။ အဲဒီနောက်အဲဒီလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးတွေ ၀င်ရောက်လာပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဒာကိုယ်ကနေပြီး ရောင်ရမ်းစေတဲ့ဓါတ်တွေ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအကြောင်းတွေကြောင့် ၀က်ခြံဖောင်းနေရာကနေ ပြည်တည်လာပါတယ်။ ရောင်ရမ်းလာပါတယ်။
အဲဒီအချက်လေးချက်ကနေပြီးတော့ ၀က်ခြံပာာ ဖြစ်ပေါ်လာပါတယ်။ တခြားအချက်အနေနဲ့ ၀က်ခြံပာာ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။
အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ ၀က်ခြံပာာ အစားအသောက်တွေ အထူးသဖြင့် အဆီများတဲ့အစာတွေ၊ ချောကလက်တွေကြောင့်ဖြစ်တတ်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ အဲဒီအယူအဆပာာ လုံးဝမှားပါတယ်။ ၀က်ခြံပာာ အစားအသောက်တွေနဲ့လုံးဝ မဆိုင်ပါဘူး။ အစားအသောက်ကြောင့် ၀က်ခြံမဖြစ်ပါဘူး။

အောက်ပါဝက်ခြံပေါက်ခြင်းတွေကို ထူးခြားတဲ့ကိစ္စတွေအနေနဲ့သက်မှတ်ပါတယ်။ အဲဒါတွေကတော့
အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၀က်ခြံပေါက်ခြင်း။ ။ အရွယ်ရောက်ပြီး အမျိုးသမီးဆိုတာ အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆိုလိုပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်မှာ အမျိုးသမီးတွေမှာ ၀က်ခြံပေါက်တာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီအသက်အရွယ်မှာ ၀က်ခြံလည်းပေါက်မယ်၊ အမွှေးတွေလည်းထူလာမယ်။ ရာသီလည်းမမှန်ဖြစ်နေမယ်ဆိုရင်တော့ Adrenal gland ကပိုပြီး အလုပ်လုပ်နေတာ ဒါမှမပာုတ် Ovary (သားဥပြွန်) ကနေ Androgen ထွက်နေတာတွေကို စစ်ဆေးသင့်ပါတယ်။
Acne Conglobata။  ။မျက်နှာမှာမပာုတ်ဘဲ ခန္ဒာကိုယ်ပေါ်မှာ အသီးသီးများဖြစ်နေအောင် ၀က်ခြံဖြစ်ခြင်း
Acne fulminans။  ။မိန်းကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ မိန်းကလေးငယ်လေးတွေဟာ သူအရွယ်သူ လှချင်ကြပါတယ်။MakeUp များသုံးစွဲခြင်းကို လျှော့သင့်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ Makeup တော်တော်များများဟာ မိမိရဲ့ မျက်နှာပြင်နုနုလေးတွေကို ပူလောင်စေပါတယ်။ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလဲ ပူတဲ့ နိုင်ငံဆိုတော့ တစ်ချို့မိန်းကလေးတွေ အသုံးပြုတဲ့ MakeUp များဟာ မျက်နှာကို ပူလောင်စေပြီး ချွေးများထည့်ပြီး မျက်နှာပေါ်မှာ ရှိတဲ့ ၀က်ခြံတွေကို ပိုမိုများပြားစေတက်ပါတယ်။ ပြည်တည်ပြီး အမြဲလို အနာဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မစားချင်မသောက်ချင်ဖြစ်ခြင်း၊ နုံးချိနေခြင်း၊ အဖျားတက်ခြင်း၊ အရိုးအဆစ်များကိုက်ခဲနေခြင်း၊ Leukocytosis and elevated ESR တို့ပါဖြစ်တတ်ပါတယ်။

ကုသမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့ ပိတ်နေတာတွေကို ရှင်းပစ်ဖို့နဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပစ်ဖို့တို့ဖြစ်ပါတယ်။
သိပ်မဆိုးဘူး(မရောင်နေဘူး)ဆိုရင် လိမ်းဆေးနဲ့တင်လုံလောက်ပါတယ်။
နဲနဲဆိုးရင်(ရောင်ပါတယ်၊ ပြည်နည်းနည်းတည်ပါတယ်) လိမ်းဆေးကို အရင်စမ်းသပ်ပြီး မသက်သာဘူးဆိုရင်တော့ သောက်ဆေးကိုသုံးပါတယ်။
အရမ်းဆိုးရင် (အနာတွေဖြစ်ပါတယ်၊ ပြည်တည်ပါတယ်) ဒီအမျိုးအစားမှာတော့ လိမ်းဆေးရော၊ သောက်ဆေးပါ တွဲပြီး ပေးပါတယ်။

ဝက်ခြံပာာ ဖြစ်ပေါ်တဲ့နေရာမှာ အကြောင်းရင်း ၄ချက်ရှိသလို ကုသတဲ့နေရာမှာလည်း အဲဒီ အချက်တွေကို အဓိထားပြီး ကုသရပါတယ်။
၁။ အဆီပိတ်ဆို့မှုများကို Benzoin peroxide, Tretinoin, Retinoic acid အဲဒါတစ်မျိုးမျိုးနဲ့လိမ်းပြီးဖယ်ရှားရပါမယ်။
၂။ ဘက်တီးရီးယားပိုးတွေ ၀င်ရောက်ခြင်းကို လိမ်းဆေး Clindamycin, E-mycin gel ကိုလိမ်းရပါတယ်။ သောက်ဆေးပိုးသတ်ဆေး Tetracycline 500mg, E-mycin 500mg ကိုတစ်နေ့၂ကြိမ်သောက်ရပါတယ်။ ဒါ့အပြင် Doxycycline, Menocycline, Trimethroprim တို့ကိုလည်းသုံးနိုင်ပါတယ်။
၃။ အဆီထွက်တာလျော့ကျအောင် Ethinyl oestradiol 35micro gm, Isotretinoin တို့ကိုသောက်သုံးနိုင်ပါတယ်။ Oestradiol ကိုယောက်ျားလေးတွေမှာသောက်သုံးမယ်ဆိုရင် သေသေချာချာတိုင်ပင်သင့်ပါတယ်။ သူက မိန်းမပောာ်မုန်းဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာ မလိုလားအပ်တဲ့အခြားဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ပါ။
၎။  ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ Antibiotics နဲ့ Isotretinoin တို့ကပဲပြုလုပ်ပေးပါတယ်။
Antibiotics လိမ်းဆေးနဲ့ Benzoyl peroxide gel တို့ကို နေ့အချိန်မှာလိမ်းပေးရပါတယ်။ Retinoids လိမ်းဆေးတွေကိုတော့ ညပိုင်းမှာလိမ်းပေးရပါတယ်။
ဒါ့အပြင် မျက်နှာကို တစ်နေ့သုံးခါလောက်ပုံမှန်သစ်ပါ။မိမိမျက်နှာကို တွေ့ကရာ ဆေးများလိမ်းခြင်းမှ ရှောင်ကြဉ်ပါ။ ၀က်ခြံကိုလက်ဖြင့် ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။ဘာဖြစ်လို့လဲ ဆိုတော့ လက်မှာရှိတဲ့ လက်သည်းလေးတွေ ကြားထဲမှာ ကျွန်တော်တို့ မမြင်နိုင်ရင် ဘက်တီးရီးယားပိုးမွှားလေးတွေ ရှိနေလို့ပါ။အဓိက ကျွန်တော်ပြောချင်တာကတော့ မျက်နှာကို သန့်ရှင်းစွာထားပါ။

ဝက်ခြံရဲ့ဆိုးကျိုးတွေအနေနဲ့
ဖြစ်တဲ့ အရေပြားမှာ အရောင်ဖျော့သွားခြင်း၊ အရောင်ရင့်လာခြင်း၊ အနာတွေဖြစ်ခြင်း၊ အမာရွတ်တွေဖြစ်ပေါ်ခြင်းနဲ့ အရမ်းဆိုးရင် keloid scar လို့ခေါ်တဲ့ မို့မောက်နေတဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်း၊တို့ဖြစ်ပေါ်တတ်ပါတယ်။

ဝက်ခြံဖြစ်ပေါ်ခြင်းနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အောက်ပါနည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။


Intra lesional steroids
Cryotherapy
Laser therapy
Dermabrasion
Chemical skin peeling
Fillers
ဒါတွေကတော့ Health Care Center တွေမှာသာ သွားရောက်ကုသနိုင်ပါတယ်။
 ကဲ......သူငယ်ချင်းတွေရဲ့ မျက်နှာလေးမှာ ၀က်ခြံလေးတွေ ရှင်းပြီး လှပချောမောတဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို လာလည်ရင်း IT ဗဟုသုတလေးတွေ အပြင် ကျန်းမာရေး ဗဟုသုတလေးတွေ ပါရနိုင်ကြပါစေဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ အားရင် တခြားသူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
From - (လူတိုင်းသိသင့်သော ဆေးပညာ)
                                                                                                                                                                                                                                                                      ကြိုးစားလျက်.......!
                                                                                                                                         (Yekyawphyo
ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အားလုံး IT Bank Site လေးကို Tamplate Design ပြောင်းလဲနေတာကြောင့် အကြောင်းအမျိုးမျိုးကြောင့် စာဖတ်ပရိတ်သတ်တွေ စာဖက်ရတာ ခက်ခဲနေရင် သည်းခံပေးကြပါလို့ ကျွန်တော် အနူးအညွှတ်တောင်းဆိုပါရစေဗျာ။Tamplate လေးပြောင်းပြီးရင်တော့ သူငယ်ချင်းတွေ စာဖတ်ရတာ အဆင်ပြေချောမွေ့လိမ့်မယ်လို့လဲ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို အားပေးကြည့်ရှုနေတဲ့ စာဖတ်ပရိတ်သတ် အပေါင်းကိုလဲ ကျွန်တော် ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
                                                                                                                                     ကြိုးစားနေလျက်.......!
                                                                                                                                        (Yekyawphyo)
ကျွန်တော် အခု ထပ်ပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ အသုံးများတဲ့ Mozilla Firefox မှာ Add-ons လေးတွေ ထည့်ပြီး သုံးချင်တဲ့ သူတွေ Add-ons ဆိုတာ ဘာလဲ။Add-ons ကို ဘယ်လို Install လုပ်တာ ဘယ်လို Download လုပ်တာလဲ ဆိုတာ ကို ကျွန်တော် သိသလောက် နားလည်သလောက်လေး ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို ပြန်လည်မျှဝေပေးပါရစေဗျာ။Add-ons ဆိုတာ မိမိတို့ လက်ရှိအသုံးပြုနေတဲ့ Firefox ကို သုံးရတာ ပိုမိုကောင်းမွန်အောင် Application တွေ ထပ်မံဖြည့်စွက်ပေးတဲ့ အနေနဲ့ အသုံးပြုတာပါ။ကျွန်တော်တို့ လူလိုပါပဲ။ကျွန်တော်တို့ လူတွေတောင် နဂိုအလှထက် ပိုလှအောင် အကျီင်္တွေ ဘောင်းဘီတွေ ဖိနပ်တွေ နာရီတွေ ၀တ်ဆင်ရသေးတာပဲလေဗျာ။Firefox လေးလဲ သူ့အတွက် လှပသွားအောင် ကျွန်တော်တို့လဲ အကျိုးရှိသွားအောင် ထည့်သွင်းအသုံးပြုတဲ့ Mozilla Firefox ရဲ့ System လေးတစ်ခုပေါ့ဗျာ။Firefox လေးကို လှပသွားအောင် ပြင်ဆင်ချင်တဲ့ သူတွေ အတွက်ကတော့

https://addons.mozilla.org/en-US/firefox/

အပေါ်က Link လေးကို သွားပြီး မိမိတို့ အသုံးပြုလိုတဲ့ အလှဆင်လိုတဲ့ ပုံစံကို Search For Add-ons ဆိုတဲ့ နေရာလေးမှာ စာလေး ရိုက်ပြီး ရှာနိုင်ပါတယ်ဗျာ။အဲ့ဒီမှာ Firefox ကို ဘယ်လို ပုံစံ ပြင်ချင်တယ်။ပြီးတော့ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတာလေးတွေကို လုပ်ဆောင်ပေးသလဲ ဆိုတာ သိရမှာပါ။အဲ့ဒါကိုတော့ ကျွန်တော် မပြောတော့ပါဘူး။ကိုယ့် ဘာသာ လိုအပ်သလို ရှာဖွေနိုင်ပါတယ်ဗျာ။တကယ်လဲ အကျိုးရှိလွန်းလှပါတယ်ဗျာ။ကျွန်တော်ကတော့ တော်တော် သဘောကျပါတယ်ဗျာ။အခု စရမှာက Add-ons ကို ဘယ်လို Download လုပ်ရမလဲ ဆိုတာက စပါမယ်။ကျွန်တော် နမူနာ တစ်ခု ဓာတ်ပုံတွေ နဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးသွားပါ့မယ်ဗျာ။ကျွန်တော် အခု Search for Add-ons ဆိုတဲ့နေရာလေးမှာ Tab Scope 1.1.2 ဆိုတာလေးကို ရိုက်ပြီးရှာလိုက်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

တွေ့ပြီ ဆိုရင် အောက်က ပုံလေး အတိုင်းပေါ်လာပါပြီဗျာ။အောက်က အနီရောင်လေးဝိုင်းပြထားတဲ့  ပုံလေးအတိုင်း Add To Firefox ဆိုတာလေး ပေါ်လာပြီ ဆိုရင်တော့ အဲ့ဒီ Add To Firefox လေးကို Click လိုက်ပါ။

အပေါ်က ပုံလေးအတိုင်း Add to firefox ဆိုတာလေးကို Click ပြီးရင် အောက်ကပုံလေး  အတိုင်း သူက Download လုပ်နေမှာ ဖြစ်ပါတယ်ဗျာ။ခဏလေးပဲ စောင့်ပေးလိုက်ပါ။Download လုပ်တာ တကယ်ကို ခဏလေးပါပဲဗျာ။သိပ်မကြာပါဘူး။

ပြီးရင်တော့ Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေးအတိုင်းပေါ့ဗျာ။

ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး Restart ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပိတ်သွားလို့ မိမိဖွင့်ထားတဲ့ Web Site တွေ Sign In ပြန်ဝင်ရလိမ့်မယ်လို့ ထင်ကောင်းထင်သွားပါလိမ့်မယ်။Sign In ပြန်ဝင်စရာမလိုပါဘူးဗျာ။မိမိ ဖွင့်ထားတဲ့ အတိုင်း နဂိုပြန်ဖြစ်သွားမှာပါ။တစ်ခု သတိထားရမှာက မိမိ Firefox ရဲ့ တစ်နေရာရာမှာ တစ်ခုခု ရောက်ရှိနေတာကို တွေ့ရမှာပါ။အဲ့ဒီ ဟာလေးက မိမိ Firefox အတွက်ကော မိမိ အတွက်ပါ အကျိုးရှိတဲ့ ဟာလေးတစ်ခုပေါ့ဗျာ။ကဲ.....ဒီလောက် ဆိုရင် သူငယ်ချင်းတွေ အားလုံး Mozilla Firefox ရဲ့ Add-ons အသုံးပြုနည်းနဲ့ Install လုပ်ပုံ လုပ်နည်းလေးကို သိလောက်ကြပြီလို့ ထင်ပါတယ်ဗျာ။မရှင်းတာ ရှိရင်လဲ ကျွန်တော့ ၀က်ဆိုဒ်ရဲ့ Cbox နေရာလေးမှာ ဖြစ်ဖြစ် Comment Box လေးမှာ ဖြစ်ဖြစ် မေးမြန်း အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် ကတော့ အတက်နိုင်ဆုံး ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ် လေးတွေ နားလည် သဘောပေါက်လွယ်အောင် ကျွန်တော် အတက်နိုင်ဆုံး ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
                                                                                                                                     ကြိုးစားလျက်.......!
                                                                                                                                       (Yekyawphyo)

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ Mozilla Firefox မှာကိုယ်ဖွင့်ထားတဲ့ Web Site တွေများနေရင် Tabs တွေကို Click တစ်ချက်ထောက်ပြီး ကြည့်စရာမလိုပဲ ကိုယ်ကြည့်ချင်တဲ့ Web Site ရဲ့ Tab နေရာလေးကို Mouse ထောက်လောက်ယုံဖြင့် Review အနေဖြင့် ကြည့်ရှု့နိုင်တဲ့ Firefox ရဲ့ Add-ons လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ ကောင်လေး က သုံးရတာလဲ လွယ်သလို သူငယ်ချင်းတွေ အတွက်လဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော်ကတော့ အဲ့ဒီ ကောင်လေး ကို ကြိုက်လို့ ကျွန်တော် ကြိုက်သလို သူငယ်ချင်းတွေလဲ ကြိုက်မယ် ထင်လို့ တင်ပေးလိုက်ပါတယ်ဗျာ။ကျွန်တော် အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။Download မယူခင် ကျွန်တော် တင်ပေးထားတဲ့ အောက်ကပုံလေးတွေ ကို ကြည့်သွားလိုက်ပါဦးဗျာ။အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။


ကဲ မမိုက်ဘူးလားဗျ။Firefox ရဲ့ Add-ons တော်တော်များများ Install လုပ်နည်းကို ကျွန်တော် Post တော်တော်များများမှာ တင်ပေးထားပါတယ်။ဒါမဲ့ သူငယ်ချင်းတွေ သိပ်မမှတ်မိမှာ စိုးလို့ ကျွန်တော် အောက်မှာ Firefox ရဲ့ Add-ons မှာ Install လုပ်နည်း Download လုပ်နည်းလေးကို ပြန်တင်ပြပေးလိုက်ပါတယ် ဗျာ။အောက်မှာ ပေးထားတဲ့ Download Link လေးကို အရင်သွားလိုက်ပါဗျာ။

 (ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)

အဲ့ဒီ အပေါ်က Link လေးကို သွားပြီးရင်တော့ အောက်ကပုံလေး အတိုင်း ဆက်လက် မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင် ကျွန်တော် ၀ိုင်းပြထားတဲ့ Add To Firefox ဆိုတာလေးကို Click လိုက်ပါ။

ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်ပြီး တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Download ဆွဲနေတာ ဖြစ်တဲ့ အတွက် ခဏလေးစောင့်နေလိုက်ပါ။

ပြီးရင် Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပြန်ပွင့်လာရင် အောက်ကပုံလေး အတိုင်း မိမိ Firefox လေးရဲ့ Tab လေးမှာ Review အနေနဲ့ ကြည့်လို့ရသွားမှာပါဗျာ။

ကဲ....သူငယ်ချင်းတွေ အားလုံး သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
 ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ဘာသာ 64 ဘာသာကို ဘာသာ ပြန်ပေးတဲ့ Google ရဲ့ Service တစ်ခုလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။မြန်မာ လိုတော့ ဘာသာမပြန်ပေးနိုင်ပေမဲ့ တခြား ဘာသာတွေတော့ ကောင်းကောင်း ဘာသာပြန်ပေးနိုင်ပါတယ်ဗျာ။အဲ့ဒီ Web Site လေးဟာ စာသားအနေနဲ့ကော အသံထွက်လေးပါ ဘာသာ ပြန်ပေးပါတယ်ဗျာ။နမူနာ တစ်ခုပြောပြပါ့မယ်ဗျာ။ကိုက  Korea လိုဘာသာပြန်ချင်တယ်ပဲ ထားပါဦး။From ဆိုတဲ့ နေရာလေးမှာ ကိုက English လိုရိုက်လိုက်ပါ။To ဆိုတဲ့ နေရာလေးမှာတော့ မိမိ ပြောင်းချင်တဲ့ ဘာသာတစ်ခုခု ကို ရွေးထားလိုက်ပါ။ကျွန်တော် ကတော့ အောက်ကပုံလေး အတိုင်း Korea လို ဘာသာ ပြန်ထားတဲ့ ပုံလေးပါ။အဲ့ဒီ Web Site လေးဟာ သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

အဲ့ဒီ Web Site လေးကို အမြန်ဆုံး သွားချင်တယ်ဆိုရင်တော့ အောက်မှာ ကျွန်တော် Link လေး ပေးထားပါတယ်ဗျာ။အမြန်ဆုံးသာ သွားပြီး ဘာသာ ပြန်လိုက်ကြတော့ပေါ့့ဗျာ။

http://translate.google.com/

ကဲ......သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                     ကြိုးစားလျက်.......!
                                                                                                                                       (Yekyawphyo)

ကဲ......IT Bank Site ကိုလာလည်တဲ့ သူငယ်ချင်းတွေအားလုံးအတွက် အပေါ်ကပုံလေးအတိုင်း မိမိရဲ့ Android ဖုန်းလေးမှာ အပျင်းပြေ ဆော့ကစားချင်တဲ့သူတွေ အတွက် ကျွန်တော် က လက်ဆောင်အနေနဲ့ ပေးလိုက်ပါတယ်ဗျာ။အဲ့ဒီ ဂီမ်းလေးက 1 Player Vs Computer နဲ့ ဆော့လို့ရသလို 2 Player အနေနဲ့လဲ ဆော့ကစားလို့ရတဲ့ ဂီမ်းလေးပါ။တကယ်လဲ ဆော့လို့ ကောင်းပါတယ်ဗျာ။ကျွန်တော်ဆို အဲ့ဒီ ဂိမ်းလေးကို အမြဲလိုလို ဆော့ဖြစ်ပါတယ်။သူငယ်ချင်းတွေ လဲ ဆော့ကြည့်ပါနော်။ကြိုက်ရင် တော့ မေးမနေနဲ့တော့ အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။သွားသာ ယူလိုက်ပေတော့ဗျို့။

(ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။)

ကဲ သူငယ်ချင်း အားလုံး ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ပေးပါဦးနော်။ကျွန်တော့ ဆိုဒ်လေးကို အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျွန်တော်က အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။
                                                                                                                                    ကြိုးစားလျက်........!
                                                                                                                                       (Yekyawphyo)

ကျွန်တော် ဒီတစ်ခါတော့ Web Development သမားတွေ အသုံးများတဲ့ Wordpress Application လေးကို Android ဖုန်းအသုံးပြုတဲ့ သူတွေ အတွက် ကျွန်တော်က လက်ဆောင်အနေနဲ့ ပေးမှာပါ။သူရဲ့ လုပ်ဆောင်ချက်လေးတွေကို ကျွန်တော် အောက်မှာ Screen Shots လေးရိုက်ပြီး ပြပေးထားပါတယ်ဗျာ။PC ရှိမှ မဟုတ်ပဲ မိမိ ဖုန်းထဲမှာတင် အလုပ်လုပ်လို့ အဆင်ပြေနိုင်မယ်ဆိုတော့ ကဲ မကောင်းဘူးလားဗျာ။သူငယ်ချင်းတွေ ကြိုက်ရင် ကျွန်တော်ကလဲ ပေးဖို့ အဆင်သင့်ပါပဲနော်။

အပေါ်က ပုံလေးအတိုင်း ပါပဲဗျာ။တော်တော် သုံးလို့ကောင်းပါတယ်ဗျာ။Wordpress အသုံးပြုတဲ့ သူတွေအတွက်တော့ တော်တော် အသုံးတည့်တဲ့ Application လေးတစ်ခုလို့ ပြောရင်လဲ မမှားပါဘူးဗျာ။သူငယ်ချင်းတွေ လိုချင်ရင် အောက်မှာ Download သွားယူလိုက်ပါနော်။

( ဒီ Link လေးမှာ Download သွားယူလိုက်ပါဦးနော်။)

ကဲ....သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် လဲ Post မတင်ဖြစ်တာ တော်တော်ကြာသွားပါတယ်ဗျာ။Connection မကောင်းတာနဲ့ ကော ကျွန်တော် အလုပ်မအားတာနဲ့ ကောလေ။
                                                                                                                                         ကြိုးစားလျက်....!
                                                                                                                                          (Yekyawphyo)

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -