Archive for February 2013

Fig ~ 1
ကျွန်တော် ဒီ တစ်ခါပြောပြပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံ ကိုယ်အသုံးလိုတဲ့ Software တွေကိုစိတ်ကြိုက် Download လုပ် Install လုပ်ကြပြီး ကိုယ့် ကွန်ပျူတာထဲမှာ ထည့်သွင်းအသုံးပြုကြတာပေါ့ဗျာ။ဒါပေမဲ့ တစ်ချို့ Software ထုတ်လုပ်လိုက်တဲ့ Company တွေက Freeware အနေနဲ့ အလကားအသုံးပြုခွင့်ပေးထားပြီး တစ်ချို့ Software တွေကျတော့ Trial Version အနေနဲ့ အသုံးပြုခွင့်ပေးထားပြီး ပိုက်ဆံပေးဝယ်ရတဲ့ ပုံစံမျိုးပေါ့ဗျာ။တခြား နိုင်ငံတွေ အနေနဲ့ အဲ့လို ၀ယ်ပြီး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက်ကတော့ အဲ့လိုသာ သုံးနေရရင် အိမ်ပါပေါင်ရမလို ဖြစ်နေကြတယ်လေ။ဒါတွေ ထားပါတော့ဗျာ။ကျွန်တော် အခု ပြောချင်တာက Trial Version Software တွေကို Full Version ဖြစ်အောင်ဆိုပြီး  Patch File တို့ Crack File တို့ Key Gen တို့ Serial Number တို့ မျိုးစုံရှိကြပါတယ်။အဲ့ဒီ ထဲကမှ အခု ကျွန်တော် ရှင်းပြမှာကတော့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် ပြုလုပ်တဲ့ နည်းလေး ကျွန်တော် သိသလောက် အတက်နိုင်ဆုံး ရှင်းပြပါ့မယ်ဗျာ။Patch File တွေ Install လုပ်နည်းကတော့ Software တွေပေါ်မူတည်ပြီး တူချင်မှ တူပါလိမ့်မယ်။ဒါကိုတော့ ကျွန်တော်တို့က သချာင်္မှာလို ပုံသေနည်းအသေမမှတ်ပဲ မိမိ ဦးနှောက်ကို အသုံးပြုပြီး အခက်အခဲကို ဖြေရှင်းရမှာပေါ့ဗျာ။အခု ကျွန်တော် နမူနာ Software တစ်ခုဖြစ်တဲ့ CardRecovery ဆိုတဲ့ Software ကို Full Version ဖြစ်အောင် Patch File Install ပြုလုပ်ခြင်းကို ကျွန်တော် ဓာတ်ပုံတွေနဲ့ တကွ အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။အခု ကျွန်တော် ရှင်းပြမဲ့ နည်းကတော့ လွယ်ကူလျင်မြန်ပြီး ဘယ် Software မျိုးလာလာ အဲ့ဒီ နည်းလမ်းလေးနဲ့ အသုံးပြုဖြေရှင်းနိုင်ပါတယ်ဗျာ။အခု ကျွန်တော်တို့က CardRecovery ဆိုတဲ့ Software ကိုအသုံးပြုဖို့ မိမိ ကွန်ပျူတာမှာ Install လုပ်ထားတယ်ဆိုပါစို့ ။Install လုပ်ပြီးတော့ Destop မှာ CardRecovery ဆိုတဲ့ Shortcut Icon လေးပေါ်နေမှာလိမ့်မယ်။အဲ့ဒီ Icon လေးကို ဖွင့်ပြီး ကျွန်တော်တို့က အသုံးပြုဖို့ စရတော့မယ်ပေါ့။သူ့မှာ ပေးထားတဲ့ Step အဆင့်အတိုင်း ကျွန်တော် က ကျွန်တော့ ကွန်ပျူတာရဲ့ Data ထဲကနေ ဖျက်ပြစ်မိတဲ့ ဓာတ်ပုံတွေကို Recovery ပြန်ယူတာပေါ့ဗျာ။အဲ့ဒီမှာ နောက်ဆုံးအဆင့်အနေနဲ့ Recovery လုပ်ထားတဲ့ Data တွေကို ပြန်ရယူပြီး Save မှတ်ပြီး သိမ်းထားမယ်ပေါ့ဗျာ။အဲ့ဒီမှာ ပြဿနာစတက်တာပါပဲ။အောက်က ပုံလေးအတိုင်း ကျွန်တော်တို့ကို Buy Now , Enter Key , Close ဆိုပြီး Box ကျလာပြီး ကျွန်တော့ကို ဒီ Software အသုံးပြုဖို့ ပိုက်ဆံပေးမလား။ဒါမှ မဟုတ် ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကိုထည့်သွင်းပြီး အသုံးပြုမလားပေါ့ဗျာ။ခက်တာက ကျွန်တော်က ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကျွန်တော့မှာမှ မရှိတာဗျ။အဲ့ဒီတော့ ကျွန်တော်တို့တွေ Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် လုပ်မယ်ပေါ့ဗျာ။

Full Version မဖြစ်မိ Key တောင်းနေတဲ့ ပုံပေါ့။
အဲ့ဒီအခါ စိတ်မပူပါနဲ့။ကျွန်တော်တို့ ခုနက Destop မှာရှိနေတဲ့ CardRecovery ဆိုတဲ့ Shortcut Icon ကို Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Open File Location ဆိုတဲ့ စာတန်းလေးတွေကို  တွေ့အောင်ရှာ Click လိုက်ပါ။Windows XP မှာကျတော့ Properties ကိုသွားရမှာ ဖြစ်ပါတယ်။ပြီးရင် အဲ့ဒီမှာ Open File Target ဆိုတဲ့ ဖိုင်လေးကို ဖွင့်ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ Windows 7 မှာ အသုံးပြုထားတဲ့  အောက်က ဓာတ်ပုံ အတိုင်းပေါ့ဗျာ။

Open File Location ကိုရှာပြီး Click လိုက်ပါ။
ဒါဆိုရင် CardRecovery Software ရဲ့ File Extensions နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ ပုံကတော့ ကျွန်တော်တို့ CardRecovery Software Download ဆွဲတုန်းက တစ်ခါတည်း ပါလာတဲ့ Patch File ကိုမထည့်ရသေးတဲ့ ပုံပေါ့ဗျာ။

Patch File မထည့်ရသေးတဲ့ ပုံ
အခု ကျွန်တော်တို့ လုပ်ရမှာက ခုနက CardRecovery File ကို Download ဆွဲတုန်းက ပါလာတဲ့ Patch File ကို Copy ကူးယူတဲ့ အဆင့်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်း Copy ယူလိုက်ပေါ့ဗျာ။အမှန်ဆို ကျွန်တော် ဒီ အဆင့်ကို ချန်ထားခဲ့ချင်တာပါ။ဒါပေမဲ့ နားမလည်သေးတဲ့ သူတွေ ရှိနေသေးလို့ ကျွန်တော် အချိန်ကုန်ခံပြီး ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Patch File ကို Click တစ်ချက်ထောက် Right Click နှိပ်ပြီး Copy ကူးယူလိုက်ပါ။
ပြီးသွားရင် ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ CardRecovery ရဲ့ File Extensions ကိုသွားပြီး Right Click နှိပ်ပြီး Paste ချလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

ခုနက Copy ကူးထားတဲ့ Patch File ကို CardRecovery ရဲ့ File Extensions ထဲသို့ Paste ကူးထည့်ပုံ
အခုဆိုရင် Software Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Software File Extensions ထဲကိုလဲ ကူးထည့်ပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့က Install လုပ်ဖို့ပဲ ကျန်တော့တာပေါ့နော်။အဲ့ဒီ Patch File လေးကို Click နှစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Patch ဆိုတဲ့ Buttom လေးကို Click လိုက်ပေါ့ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Patch Buttom လေးကို Click ပြီး X ဖြင့်ထွက်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ ခုနက Trial Version ဖြစ်နေတဲ့ ပိုက်ဆံတောင်းနေတဲ့ Software ကို ပြန်ဖွင့်ကြည့်လိုက်ပါဦး။ခုနကလို Buy Now တို့ Enter Key တို့ ပေါ်မလာတော့ဘဲ Full Version အနေနဲ့အဆင်ပြေစွာ အသုံးပြုလို့ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

Patch File Install ပြုလုပ်ခြင်း ပြီးဆုံးသွားတဲ့ Software တစ်ခုရဲ့ ဓာတ်ပုံလေးပါ။
ကဲ.....ဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဘယ် Software ပဲလာလာ Full Version Software တွေထဲက Patch File သာ ပါလာခဲ့ပြီဆိုရင် ကျွန်တော် ရှင်းပြထားတဲ့ နည်းလေးအတိုင်းသာ Install လုပ်ပြီး အသုံးပြုကြပေတော့ဗျာ။အခု ကျွန်တော်ရှင်းပြတဲ့ နည်းကတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံး Post ဖြစ်ပါလိမ့်မယ်ဗျာ။ဘာမှ အခက်တွေ့စရာမလိုအောင် ကျွန်တော်ရှင်းပြပေးထားပြီးပြီပဲလေနော်။
ကြိုးစားလျက်.....!
(Yekyawphyo)

Fig ~ 1
ကျွန်တော်လဲ IT Bank Site လေးမှာ Post တွေ မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီနော်။ကျွန်တော့ စာဖတ်ပရိသတ်တွေ စိတ်ကောက်နေလောက်ပြီ ထင်ပါရဲ့ဗျာ။ဒီလိုပါဗျာ....စိတ်မကောက်ကြပါနဲ့ ကျွန်တော် Post မတင်ဖြစ်ဘူးဆိုတာကလဲ ကျွန်တော့ ဘက်မှာ Internet Connection တော်တော်ကြီးကို ကျနေတော့ ကျွန်တော့မှာ Software တွေ Upload လုပ်ရတာ အဆင်လဲမပြေ စာလဲ တင်မရဖြစ်နေတော့ ကျွန်တော်မှာ Post တွေ တခြား နည်းပညာ Blogger တာတွေနည်းတူ အချိန်မှီ Update တင်ချင်ပေမဲ့ ကျွန်တော်မှာ တင်မရဖြစ်နေတယ်လေ။အဲ့ဒီ အတွက် ကျွန်တော့ကို ကျေးဇူးပြုပြီး စာဖတ်ပရိတ်သတ်တွေက နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။မိတ်ဆွေ တွေကတော့ ပြောတော့မှာပဲ။ဒီ Blogger လေးကတော့ ဖြစ်လာရင် အရာရာနဲ့အကြောင်းကြောင်းကြီးပဲ ပြီးတော့ ဆင်ခြေတွေကလဲ ပေးလိုက်တာလို့လေ။ဟဲ....ဟဲ အဲ့လိုမထင်ပဲ ကျွန်တော့ IT Bank Site လေးကို အားပေးကြပါနော်။ကျွန်တော် တက်သလောက် IT Post တွေ အများကြီး တင်ပေးဖို့ ရှိပါတယ်ဗျာ။ကျွန်တော့ ဆီက Internet Connection Line ကောင်းပါစေလို့သာ စာဖတ်ပရိတ်သတ်တွေက ဆုတောင်းပေးကြပါနော်။အခု ကျွန်တော် တင်ပေးမဲ့ Post ကတော့ ကျွန်တော်တို့ ဖုန်းတို့ ကင်မရာတို့ Mp4 တို့မှာ ပါဝင်တဲ့ Micro SD Card လေးတွေထဲမှာ အမှတ်မထင်ရုတ်တရက်ဖြတ်မိသွားတဲ့ ဓာတ်ပုံတွေ နဲ့ Video ဖိုင်တွေ Mp3 ဖိုင်တွေကို ပြန်ယူပေးတဲ့ Card Recovery ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်တာပါဗျာ။အဲ့ဒီ Software လေးအကြောင်း အသေးစိတ်တော့ ကျွန်တော် မရှင်းပြတော့ပါဘူးဗျာ။အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ အောက်က သူရဲ့ Offical Web Page လေးကို သွားပြီးလေ့လာနိုင်ပါတယ်ဗျာ။


ကျွန်တော် အညွှန်းအရဆိုရင်တော့ တော်တော်လေးကို ကောင်းတဲ့ Software လေးတစ်ခုလို့ ပြောချင်ပါတယ်ဗျာ။ကျွန်တော် ကိုယ်တိုင်လဲ သုံးကြည့်ပြီးပါပြီ။အော်.....မေ့နေတာ Download Link ပေးရဦးမှာပဲနော်။သူရဲ့ Offical Web Page မှာဆိုရင်တော့ Trial Version အနေနဲ့ အသုံးပြုရမှာ ဖြစ်ပြီး Serial Key တောင်းပါလိမ့်မယ်။ကျွန်တော် ဆီမှာကတော့ Full Version အနေနဲ့ Download လုပ်ပြီး ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အဆင်မပြေမှာ စိုးလို့ Patch File , Crack File ကော နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်ဗျာ။အောက်က Link လေးမှာ သွားရောက် Download ရယူလိုက်ပါနော်။File Size ကတော့ 900.6 KB ပဲရှိတဲ့ အတွက် ပေါ့ပေါ့ပါးပါး Download လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


ကျွန်တော် Crack File (သို့မဟုတ်) Patch File ထည့်နည်းလေးကို အနည်းငယ်ပြောပြမယ်ဗျာ။ပုံနဲ့ မပြနိုင်တော့တာ စိတ်မရှိပါနဲ့ဗျာ။ဒါပေမဲ့ စာဖတ်ပရိတ်သတ်တွေ နားလည်ရလွယ်ကူအောင်တော့ ရှင်းပြပေးပါ့မယ်ဗျာ။အပေါ်က ပေးထားတဲ့ Download File ကို ဖွင့်လိုက်ပါ။Setup File ကို Install လုပ်လိုက်ပါ။အဲ့ဒီထဲမှာ ပါတဲ့ Crack , Patch နှစ်ခုတည်းက မိမိ စိတ်ကြိုက် တစ်ခုကို Copy ကူးလိုက်ပါ။ပြီးသွားရင် Keyboard က Windows+E နှိပ်ပြီး My Computer ကို ခေါ်လိုက်ပါ။အဲ့ဒီ မှာ Windows OS (C:) ထဲကို ၀င်လိုက်ပါ။ပြီးရင် Program Files ထဲဝင်လိုက်ပါ။အဲ့ဒီမှာ CardRecovery ဆိုတဲ့ ဖိုင်ကို ရှာပါ။ပြီးရင် ခုနက ကျွန်တော်တို့ ကူးထားတဲ့ Crack File, Patch File တစ်ခုခုကို အဲ့ဒီ CardRecovery ဆိုတဲ့ ဖိုင်ထဲကို Paste ကူးထည့်ပြီး Patch ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် အသုံးပြုလို့အဆင်ပြေသွားပါလိမ့်မယ်။

Windows OS (C:)>>Program Files>>CardRecovery>>Patch File (Or) Crack File>>Okay

ကြိုးစားလျက်....!
 (Yekyawphyo)
Fig ~ 1

ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။

1. Download Installation Required For ZawGyi-One Fonts  (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို  မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။

2.Download Installation Required For IE-Gtalk Zawgyi Fonts  (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။

3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits)  ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။

အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။

Fig ~ 2
နောက်တစ်ဆင့်ကတော့ ညာဘက်ထောင့်နေရာလေးမှာ ရှိနေတဲ့ Advanced Setting ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 3
နောက်ဆုံးအဆင့်ကတော့ Override for default input method ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပါ။Override for default input method ဆိုတဲ့ စာတန်းလေးရဲ့ အောက်နားမှာရှိတဲ့ Drop Down Menu Bar လေးကထဲကနေ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို Select ရွေးပေးလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 4
ပြီးသွားရင်တော့ Save လိုက်ပေါ့ဗျာ။ဒါဆို ကျွန်တော်တို့တွေ Windows 8 မှာ မြန်မာလိုတွေကို ကောင်းကောင်းကြီး ရေးနိုင် ဖတ်နိုင် စိတ်ကြိုက် အသုံးပြုလို့ရသွားပြီပေါ့ဗျာ။ကဲ.....ဘယ်လောက် ၀မ်းသာစရာကောင်းလဲဗျာ။ကျွန်တော်တို့ မြန်မာတွေလဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ကောင်းတဲ့နေရာမှာ ဦးနှောက်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ပြလိုက်တာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါဗျာ။
ကြိုးစားလျက်.......!
  (YeKyawPhyo)
Fig ~ 1
ကျွန်တော် ဒီ တစ်ခါတော့ အခုတစ်လော I သမားတွေအတွက် ခေတ်စားနေတဲ့ iOS 6.x Jailbreak အသစ်ထွက်ရှိလာချင်းနဲ့ Jailbreak ပြုလုပ်ပုံပြုလုပ်နည်းကို ဓာတ်ပုံနဲ့ကော စာနဲ့ကော ဗီဒီယိုဖိုင်နဲ့ပါ ရှင်းပြပေးပါ့မယ်ဗျာ။iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ Evad3rs Group ကထုတ်ပေးခဲ့နိုင်ပါတယ်။အရင်ဦးဆုံး ကျွန်တော်တို့ Jailbreak မပြုလုပ်မီ ပြင်ဆင်ပေးရမဲ့ အချက်တွေကတော့

အရင်ဦးဆုံး iOS Device ကို Apple ကထုတ်ပေးထားတဲ့ iOS 6.1 Version update လုပ်ထားပြီးသား ဖြစ်ရပါမည်။
မိမိ၏ iOS Device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။ဒါမှ ပြဿနာတစ်စုံတရာ ရှိခဲ့ရင် မိမိ Data တွေကို မပျက်မစီးပဲ ပြန်ရယူနိုင်အောင် Backup အနေနဲ့ သိမ်းခိုင်းထားတာပါဗျာ။
evasi0n 6.x ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်။ Jailbreak လုပ်နေစဉ်တွင် Computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။Internet Connection Speed ကောင်းမွန်စွာရှိထားရမှာဖြစ်ပါတယ်။

Evasion 6.x Jailbreak ကို Download ရယူချင်တယ်ဆိုရင်တော့ Evad3rs ရဲ့ Offical Web Site ဖြစ်တဲ့ http://evasi0n.com/  မှာ သွားရောက် Download ရယူနိုင်ပါတယ်ဗျာ။


Evasion 6.x Jailbreak Download Page ~  Windows , Mac OS X , Linux

1 အရင်ဦးဆုံး မိမိ၏ iOS Device ကို PC/Laptop နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။

2.Backup လုပ်လို့ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ ( iOS Device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ) 

3.အပေါ်မှာကျွန်တော် Download ရယူခိုင်းခဲ့တဲ့ Evasion 6.x Jailbreak ကို မိမိ PC/Laptop ပေါ်တွင် Run ပါ။ 

4.အောက်က ပုံလေးအတိုင်း "Jailbreak" ဆိုတဲ့ Button လေးကိုနှိပ်ပါ။(Jailbreak ပြုလုပ်နေစဉ်အတွင်း ကျွန်တော်တို့က PC/Laptop အတွင်းမှာရှိတဲ့ Software/Program များကိုမဖွင့်မိစေရန် အထူးသတိထားရပါမယ်။) 
Fig ~ 2
 5.အောက်က ပုံကတော့ မိမိ iOS Device ကို Jailbreak စတင်ပြုလုပ်နေတဲ့ ပုံဖြစ်ပါတယ်။
Fig ~ 3
မိမိ iOS Device Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် Reboot တက်လာပါလိမ့်မည်
မိမိ iOS Device Passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက Program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ Passcode ကို ရိုက်သွင်းပါ။

Fig ~ 4

Fig ~ 5
 6.အောက်က ပုံလေးကတော့ ကျွန်တော်တို့ iOS Device ကို Jailbreak လုပ်လို့ ပြီးဆုံးခါနီး Jailbreak Icon ကိုနှိပ်ရန်အတွက် ညွှန်ကြားထားတဲ့ ပုံလေးပါ။
Fig ~ 6
ပြီးသွားရင်တော့ မိမိ iOS Device ရဲ့ Home Screen တွင် "evasi0n" ဆိုတဲ့ Icon လေးကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Icon လေးကို နှိပ်လိုက်ပါ။
Fig ~ 7
7.ဆက်ပြီး မိမိ PC/Laptop မှာရှိနေတဲ့ Jailbreak ဟာ "Injecting" အနေနဲ့အလိုလျှောက် အလုပ်လုပ်နေပါလိမ့်မယ်.။အောက်က ဓာတ်ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 8
 8.နောက်ဆုံးပြီးခါနီးတွင် မိမိ Apple Device Reboot ပြန်လုပ်နေပါလိမ့်မယ်။Program တွင် Jailbreak Complete! ပြီးဆုံးခြင်းကို တွေ့ရပါလိမ့်မယ်။ပြီးရင် "Exit" နှိပ်ပေးလိုက်ပါ။
Fig ~ 9
နောက်ဆုံးမှာတော့ မိမိရဲ့ iOS Device ပြန်တက်လာပါက Home screen တွင် စောစောက evasi0n  Icon လေးနေရာတွင် Cydia Icon လေးပြောင်းသွားတာကို တွေ့ မြင်ရမှာဖြစ်ပါတယ်ဗျာ။
Fig ~ 10
ကဲ....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က iOS အသုံးပြုတဲ့စာဖတ်ပရိတ်သတ်ကြီး iOS Device iOS 6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးဆုံးသွားပါပြီဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဖုန်းဆိုင်တွေသွားပြီး ပိုက်ဆံ 10000 , 20000 သောင်းပေးပြီး Jailbreak ပြုလုပ်ခိုင်းမဲ့ အစား မိမိကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်ဗျာ။ငွေကြေးကုန်ကျမှုကလဲ အလွန်ဆုံး ကုန်ရင် 1000 ကျပ်နဲ့ အတွင်းလောက်မှာပဲ ကုန်ကျမှာဖြစ်ပါတယ်။အဲ့ဒီ ကုန်ကျမဲ့ 1000 ဆိုတာလဲ Internet သုံးစွဲမှုအတွက်ပဲ ကုန်ကျမှာဖြစ်ပါတယ်ဗျာ။
ကျွန်တော် iOS သုံး Device တွေအတွက် Jailbreak လုပ်နည်းကို ပုံနဲ့စာနဲ့ ကော ရှင်းပြပေးထားပါတယ်ဗျာ။မရှင်းသေးရင် အောက်မှာ Video Tutorials လေးပြထားပါတယ်ဗျာ။Video လဲ တစ်ခါတည်းတင်ပေးထားပါတယ်ဗျာ။မြင်ကွင်းသေးနေမှာ စိုးရင် အောက် Link လေး နှိပ်ပြီး သွားကြည့်နိုင်ပါတယ်နော်။




ကြိုးစားလျက်.....!
 (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -