မြန်မာနိုင်ငံမှာ ကြည့်လို့မရတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Site တွေကို ဒီ Browser လေးသုံးပြိး ပေါ့ပါးစွာကျော်ကြည့်တာပေါ့ဗျာ။
Sunday, June 2, 2013
Posted by Ye Kyaw Phyo
ကျွန်တော်တောင် IT Bank Site လေးမှာ Post တွေ မရေးဖြစ်သွားတာ တော်တော်ကြာနေပြီနော်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေလဲ ကျွန်တော့ကို စိတ်ဆိုးနေလောက်ပြီပေါ့နော်။စိတ်မဆိုးပါနဲ့ဗျာ။အခု ကျွန်တော်ပေးမဲ့ Software လေးက စာဖတ်ပရိတ်သတ်တွေ ဘ၀င်ခိုက်သွားစေမဲ့ Auto Detect Proxy Browser လေးပါဗျာ။ဒီ Software လေးက ကျွန်တော်အခု သုံးနေတာ တော်တော်ကြီးကို အဆင်ပြေတယ်ဗျ။ဒီ Software လေးရဲ့ ကောင်းကျိုးလေးနဲ့ အသုံးပြုပုံတွေကို ကျွန်တော် အသေးစိတ်မဟုတ်ရင်တောင် စာဖတ်သူတို့ နားလည်သဘောပေါက်အောင် ရှင်းပြပေးပါ့မယ်ဗျာ။ကျွန်တော်တို့ တစ်ခါတစ်လေ ပိတ်ထားတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Web Site တွေဆိုရင် ကျွန်တော်တို့က များသော အားဖြင့် UltraSurf တို့လို Software မျိုး ကိုယ် အသုံးပြုတဲ့ Browser ပေါ်မူတည်ပြီး Add-Ons တွေ အသုံးပြုတာမျိုးတွေ ရှိတက်ပါတယ်။အဲ့ဒီတော့ ဘာပြဿနာတွေ ကျွန်တော်တို့တွေ ကြုံတွေ့လာရသလဲဆိုရင် Add-Ons တွေ အသုံးများလာတဲ့ အခါ ကျွန်တော်တို့ အသုံးပြုနေတဲ့ Browser တွေဟာမလိုအပ်တဲ့အချိန်တွေမှာလဲ Javascript Code တွေတော်တော်များများကို အလုပ်လုပ်ပေးရတာကြောင့် မလိုလားအပ်တဲ့ Error တွေတက်လာပါတယ်။ပြီးတော့ ကျွန်တော်တို့ Internet အသုံးပြုမှုတွေမှာလဲ နှေးကွေးစေပြီး လေးလာပါတယ်။အဲ့ဒီလို ပြဿနာတွေ မဖြစ်အောင် ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ Access Denied ဖြစ်နေတဲ့ Web Site တွေကိုလဲ လွတ်လွတ်လပ်လပ်ကြည့်ချင်တယ်ဆိုရင်တော့ အခုကျွန်တော် ပေးတဲ့ Tor Browser လေးက အလွန်အသုံးတည့်တဲ့ Browser လေးတစ်ခု ဖြစ်ပါလိမ့်မယ်။အခု ကျွန်တော်ဆို www.serials.ws ဆိုတဲ့ Serial Web Site ကိုဖွင့်ကြည့်လိုက်တယ်။အောက်က ပုံအတိုင်းပြနေတယ်ဆိုရင်တော့ ဒီ Browser လေးကို အမြန်ဆုံး Download ဆွဲပြီးတော့သာ သုံးလိုက်ပါတော့နော်။အဆင်ပြေသွားပါလိမ့်မယ်။အသုံးပြုနည်းလေးကလဲ တကယ်ကို ရိုးရှင်းပါတယ်။
အရင်ဦးဆုံး ပထမ အဆင့်မှာ ကျွန်တော်တို့ Download ယူလို့ရလာတဲ့ ဖိုင်ကို Click နှစ်ချက်နှိပ်ပြီး ဖြေလိုက်ပါ။အဲ့ဒီလို ဖိုင်ဖြေတဲ့ နေရာမှာ ကိုယ် Save သိမ်းထားချင်တဲ့ နေရာကို ရွေးလိုက်ပါ။ပြီးသွားရင်တော့ Ok >> Extract ကိုနှိပ်လိုက်ပါ။ကျွန်တော်ကတော့ Windows ရဲ့ System File တွေသိမ်းထားတဲ့ C://Program File နေရာမှာ သွားသိမ်းထားပါတယ်။အဲ့ဒါကတော့ မိမိတို့ စိတ်ကြိုက်နေရာမှာ Save သိမ်းထားလို့ရပါတယ်။ကျွန်တော်အောက်မှာ ပုံနဲ့ တကွပြပေးထားပါတယ်ဗျာ။
ပြီးသွားရင်တော့ Tor Browser exe ဖိုင်ဖြေတုန်းက မိမိစိတ်ကြိုက် Save သိမ်းထားတဲ့ File ပတ်လမ်းကို သွားလိုက်ပါ။ပြီးရင် အောက်က ပုံလေးအတိုင်း File 5 ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီ ဖိုင် 5 ခုထဲက အောက်ဆုံး ဖိုင်ဖြစ်တဲ့ Start Tor Browser ကို နှိပ်လိုက်ပါ။ပြီးရင်တော့ ခဏလေး စောင့်ပေးပါ။Auto Detect Proxy တစ်ခုခုကို ရှာနေတာဖြစ်လို့ပါ။အဲ့ဒီ ပုံထဲက အစိမ်းတန်းလေး ပြည့်သွားရင်တော့ Tor Browser ရဲ့ Start Page ထွက်လာမှာ ဖြစ်ပါတယ်။
ဒါဆိုရင် ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အနေနဲ့ ကြည့်လို့မရတဲ့ Web Site တွေ အပိတ်ခံထားရတဲ့ Web Site တွေကို ဘာမှ ထွေထွေထူးထူးလုပ်စရာမလိုအပ်ဘဲ ဒီ Tor Browser လေးဖွင့်လိုက်ယုံဖြင့် လွယ်ကူစွာဖြင့် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်ဗျာ။အော်.....ကျွန်တော်မေ့နေတာဗျ။ဒီ Browser လေးရဲ့ Download Link လေးပေးရဦးမယ်နော်။
For Windows Download ~ Download Mirror , Download Mirror
For Apple MAC OS Download ~ Download Mirror
For GNU/Linux OS Download ~ Download Mirror
For All OS Download ~ Download Mirror
ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး ကျွန်တော်ပေးတဲ့ Browser လေးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
![]() |
Fig ~ 1 |
Fig ~ 2 |
Fig ~ 3 |
For Windows Download ~ Download Mirror , Download Mirror
For Apple MAC OS Download ~ Download Mirror
For GNU/Linux OS Download ~ Download Mirror
For All OS Download ~ Download Mirror
ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး ကျွန်တော်ပေးတဲ့ Browser လေးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
(Yekyawphyo)
IT Bank Site က စာချစ်သူ စာဖတ်ပရိတ်သတ်များအားလုံး ကျေးဇူးပြုပြီး ဒီ Post လေးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါနော်။
Friday, May 10, 2013
Posted by Ye Kyaw Phyo
Tag :
(အထွေထွေ)
ကျွန်တော် IT Bank Site လေးမှာ Post မတင်ဖြစ်တာတောင် ကြာနေပြီနော်။ဟဲ......ဟဲ IT Bank က Admin အကြောင်းပြချက် သိတယ် မဟုတ်လား။အလုပ်မအားဘူး ဆိုတာပဲလေ။ဒီ တစ်ခါလဲ တကယ်ပါဗျာ။ကျွန်တော့ အလုပ်ကိစ္စလေးတွေကော ပြီးတော့ ဒီ ကြားထဲ ကျွန်တော် နေမကောင်းဖြစ်လိုက်ပါသေးတယ်။အဲ့ဒါကြောင့် Post တွေ တော်တော်များများ တင်ဖို့ ပြတ်သွားတာပါ။ပြီးတော့ ကျွန်တော် တင်မဲ့ Post တွေကို သူများတွေက အရင်ဦးပြီး တင်သွားတော့ Post တွေနောက်ကျနေရတယ်ဗျာ။အဲ့ဒါကြောင့် ကျွန်တော့ iT Bank က စာဖတ်ပရိတ်သတ်တွေ နည်းပညာနဲ့ ပတ်သတ်ပြီး သိရတာ နောက်ကျသွားရင် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။ကျွန်တော် အခု ပြောချင်တာကတော့ ကျွန်တော့ IT Bank Site မှာ Software နဲ့ ပတ်သတ်ပြီး ဖြစ်စေ E-Books နဲ့ ပတ်သတ်ပြီး ဖြစ်စေ ကျွန်တော် တင်ထားတဲ့ File Hosting တွေကြောင့် Download ဆွဲလို့မရတဲ့ File များ Download Link များ သေနေခဲ့ရင် ကျွန်တော့ကို အဲ့ဒီ Download ဆွဲလို့မရတဲ့ Software ဒါမှ မဟုတ် E-Books တွေ တင်ထားတဲ့ Post ရဲ့ လိပ်စာ Software နာမည် E-Books နာမည်တွေကို welcometoitbank@gmail.com ကို Mail ပို့ပြီး တောင်းဆိုနိုင်သလို Post ရဲ့အောက်မှာ Comments ပေးပြီးတော့လဲ တောင်းဆိုနိုင်ပါတယ်ဗျာ။ကျွန်တော်လဲ အချိန်ရရင် ရသလို Hosting မှာ တင်ထားတဲ့ အလုပ်မလုပ်တော့တဲ့ File တွေ Software တွေ E-Books အားလုံးကိုလဲ ပြန်ပြင်ပေးနေပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးနဲ့ ပတ်သတ်ပြီး အဆင်မပြေတာတွေ လိုအပ်ချက်တွေ ရှိနေသေးရင်လဲ ဝေဖန်အကြံပေး ထောက်ပြပေးပါလို့ တောင်းဆိုပါတယ်ဗျာ။
ကျွန်တော့ IT Bank Site လေးကို အမြဲ အားပေးနေတဲ့ စာချစ်သူ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
စာဖတ်ပရိတ်သတ်တွေအားလုံးအတွက် နှစ်သစ်ကူးအထူးလက်ဆောင် ဒီဇိုင်းအလန်းဆုံး Text Smiley Application(For Android Phone/Tablet) လေးပါ။
Saturday, April 6, 2013
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ရဲ့ နှစ်သစ်ကူး အထူးလက်ဆောင် အနေနဲ့ Android Phone/Tablet တွေအတွက် Text Smiley ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တခြား Text Smiley တို့ Text Art တို့ Software တော်တော်များများ သုံးဖူးပါတယ်။ဒါပေမဲ့ သူတို့ ဖန်တီးထားတဲ့ Text Smiley တွေက ကြည့်ရတာ စာသားတွေလဲ ရှည်ပြီး ကြည့်ရတာ မရှင်းပါဘူး။Happy Birthay Text Smiley တို့ Valentine Day Text Smiley တို့ အခြား Text Smiley တို့တွေဆိုရင်လဲ ကြည့်ရတာ ကျွန်တော့မျက်လုံးထဲမှာ ပုံတွေက မပေါ်ဘူးဗျ။အဲ့ဒါနဲ့ ကျွန်တော် တစ်နေ့ကျတော့ ကျွန်တော့ ညီလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ အမှတ်မထင်တွေ့လိုက်တဲ့ Text Smiley လေးကို သေချာလဲ ကြည့်လိုက်ရော Text Smiley တွေက တိုတိုလေးနဲ့ ကြည့်ရတာလဲရှင်းသလို ဒီဇိုင်းလေးတွေက လန်းလန်းလေးနဲ့ တော်တော်ကြည့်လို့ကောင်းပါတယ်။အဲ့ဒါနဲ့ ကျွန်တော် အဲ့ဒီ Software လေးနာမည်ကို မှတ်ထားပြီး Internet မှာ ပြန်ရှာ ပြီးတော့ ကျွန်တော့ ဖုန်းထဲမှာပါ တစ်ခါတည်း သုံးထားပါတယ်။ကျွန်တော် အပေါ်မှာ Screen Short လေးတွေ ရိုက်ပြီး တင်ပေးထားပါတယ်ဗျာ။အဲ့ဒီ Software လေးက တစ်ခု ထူးခြားတာက မိမိလိုချင်တဲ့ Text Art တွေကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မိမိ သူငယ်ချင်းတွေဆီကို ဒါမှမဟုတ် ချစ်သူလေးဆီကိုပဲ ဖြစ်ဖြစ် SMS အနေနဲ့ Text Art လှလှလေးတွေ ပို့ပေးနိုင်သလို Facebook တို့ Twitter တို့ကနေလဲ ပို့နိုင်ပါသေးတယ်။Text Smiley တွေကိုလဲ မိမိကိုယ်တိုင် ဖန်တီးနိုင်ပါသေးတယ်။ချစ်သူရှိတဲ့ သူတွေကတော့ မိမိချစ်သူ စိတ်ဆိုးစိတ်ကောက်နေတယ်ဆိုရင် ဒီ Software လေးကို မိမိ ဖုန်းမှာ Install လုပ်ပြီး Text Art လှလှလေးတွေ ပို့ပြီး စိတ်ကောက်ပြေအောင် ချော့ရင်း ချစ်သူနှစ်ဦးရဲ့ အချစ်တွေ တိုးပွားနိုင်ပါသေးတယ်။။အော်.......ကြေငြာဝင်လိုက်ဦးမယ်နော်။ကျွန်တော်ကတော့ ဖုန်းထဲမှာသာ ထဲထားတာ မသုံးဖြစ်ပါဘူးဗျ။ အဲ့လို Text Smiley လှလှလေးတွေ သုံးပြီး ကျွန်တော်လဲ ကျွန်တော့ ချစ်သူကို ပို့ပေးချင်တာပေါ့ဗျာ။ခက်တာက ကျွန်တော့မှာ အဲ့လို ပို့ပေးရမဲ့ ကောင်မလေးမှ မရှိတာဗျာ။ဟဲ........ဟဲ ထားပါတော့ဗျာ။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အပေါ်က Screen Short လေးတွေ ကြည့်ပြီး သဘောကျသွားလို့ လိုချင်နေပြီ ထင်တယ်နော်။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။
ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်သူနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(YeKyawPhyo)
မင်္ဂလာရှိသော နှစ်သစ်သင်္ကြန်မှာ ကဲမယ်ဆိုတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ခရမ်းလွန်ရောင်ခြည်နဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ
Monday, April 1, 2013
Posted by Ye Kyaw Phyo
![]() |
IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ |
ခရမ်းလွန်ရောင်ခြည် သတိပေးချက်
ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါး ကျရောက်နေကြောင်း “ရင်ထဲက အမွေ” သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။
Ultraviolet Ray ဟုခေါ်သည့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြန်မာနိုင်ငံတွင် မြင့်တက်နေသည့်အတွက် အထူးသတိထား သွားလာကြဖို့ ၊ အထူးသဖြင့် သင်္ကြန်ကာလအတွင်း အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးခဲ့သည်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁)အထက် ကျော်နေသောကြောင့် သတ်မှတ်စိုးရိမ် ညွှန်းကိန်းအထက်သို့ ရောက်ရှိနေတာဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။"မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"
သင်္ကြန်ကာလ ဧပြီလအတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ပိုများမယ်လို့ ယူဆရပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ဖို့ ဦးထုပ် အဝိုင်းကြီးကြီးဆောင်းဖို့ ၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်များ လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးခဲ့သည်။
ကမ္ဘာ့လေထုအထက်မှာရှိနေတဲ့ အိုဇုန်းလွှာ ပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်းလည်း သိရသည်။
အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် သုတ်ပိုးသေတဲ့ ရောဂါများအထိ သက်ရောက်နိုင်ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိ ကျရောက်ခဲ့ပြီး ကော့သောင်းမြို့တွင် ၁၃ ဒသမ ၂၊ ထားဝယ်မြို့တွင် ၁၃ ဒသမ ၂၊ ပုသိမ်မြို့တွင် ၁၃ ဒသမ ၁၊ နေပြည်တော်တွင် ၁၁ ဒသမ ၇၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၈၊ ဘားအံမြို့တွင် ၁၂ ဒသမ ၈၊ လွိုင်ကော် ၁၂ ဒသမ ၄ ၊ တောင်ကြီးတွင် ၁၂ ဒသမ ၀ အထိ အသီးသီး ကျရောက်ခဲ့သည်။
“မနှစ်က မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက အဆင့် ၁၀၊ ၁၁ ပဲရှိတယ်။ ဒီနှစ်မှာ ၁၃ အထိ ရှိလာတယ် ဆိုတော့ ပိုများလာတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နီးပါး ကျရောက်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။
“နေကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်က စွမ်းအင်မြင့်တဲ့အတွက် လူတွေနဲ့ထိရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို အန္တရာယ်ရှိသော ရောင်ခြည်များလို့လည်း ခေါ်တယ်။ ဒါတွေကို လူသားတွေဆီ မရောက်အောင် သဘာဝတရားက လေထုထဲမှာ ကာကွယ်ပေးထားတာ ရှိတယ်။ အဲဒါက အိုဇုန်းလွှာပဲ။ ကမ္ဘာမှာ ဓာတ်ငွေ့ထုတ်လုပ်မှု များလာတဲ့အတွက် အိုဇုန်းလွှာက ပေါက်သွားပြီ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို တိုက်ရိုက်ထိလာပြီ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို တိုင်းတာရာတွင် သုညမှ ၃ အထိကို အနိမ့်စား၊ အဆင့် ၄ မှ ၇ အထိကို အသင့်အတင့်၊ ၈နှင့် အထက်ကို အန္တရာယ်ရှိ အဆင့်အဖြစ် သတ်မှတ်ထားသည်။
“ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်က မွန်းတည့်ချိန်ပေါ့။ တစ်နေ့လုံး မဟုတ်ပါဘူး။ မွန်းတည့်ချိန်ကို ရှေ့တစ်နာရီ နောက်တစ်ရီဆိုတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ၂ နာရီလောက် အထိကို နေပူထဲသွားလာတာတွေ သတိပြုပါ။ အကာအကွယ်မဲ့ မသွားပါနဲ့။ ထီး၊ နေကာမျက်မှန်၊ အင်္ကျီ ထူထူ စတာတွေကို ၀တ်ဆင်သင့်ပါတယ်၊ အညွှန်းကိန်း ၉ အထက် အဆင့်က အမြင်အာရုံ ချို့ယွင်းတာတွေ၊ အရေပြားဆိုင်ရာ ပြဿနာတွေ သတိပြုသင့်တယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ဒါကြောင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို တစ်ခု သတိပေးချင်တာကတော့ သင်္ကြန်မှာ ကဲမယ်ဆိုရင်လဲ ဦးထုပ် ၊ အနွေးထည်လက်ရှည်ထူထူ တို့ဝတ်ဆင်ထားသင့်ပါတယ်။သင်္ကြန် အချိန်အခါ မဟုတ်လဲ နွေရာသီမှာ ကိစ္စတစ်ခုခုကြောင့် အပြင်သွားရတယ်ဆိုရင်ပဲ ဦးထုတ်၊ ထီးတို့ကို ယူသွားသင့်ပါတယ်။နေရောင်ခြည် ကာကွယ်နိုင်တဲ့ အကာအကွယ်တစ်ခုခု ယူသွားပါလို့ ကျွန်တော် အထူးအကြံပေးချင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကျပြီး နှစ်သစ်မှာ ဘေးအန္တရာယ်တွေ ကင်းရှင်းစွာဖြင့် နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Online ပေါ်က Web Site တွေကနေ အနည်းငယ်ကူးယူဖော်ပြပေးထားတာဖြစ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(YeKyawPhyo)
Mobile Phone မှတစ်ဆင့် Internet မလိုအပ်ဘဲ Offline အနေနဲ့မိမိ Facebook Wall ပေါ်သို့ Status များတင်လို့ရနေပါပြီ။(Only Myanmar)
Sunday, March 24, 2013
Posted by Ye Kyaw Phyo
![]() |
Fig ~ 1 |
![]() |
Fig ~ 2 |
အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ နည်းပညာဆိုင်ရာ Post လေးကတော့ ကျွန်တော်တို့ Mobile Phone(Smart Phone) ထဲကနေ မိမိ Facebook Wall ပေါ်ကို မိမိတင်ချင်တဲ့ စာသားတွေ Status တွေကို Internet မလိုအပ်ဘဲ Offline အနေနဲ့ SMS စနစ်ကိုအသုံးပြုပြီး တင်ချင်တဲ့ သူတွေအတွက် MMstatus(Myanmar Status) ဆိုတဲ့ Mobile Service တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Mobile Service ကို ဘယ်လို အသုံးပြုရတယ်။ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ရှင်းပြပါ့မယ်ဗျာ။အဲ့ဒီ MMstatus SMS စနစ်သုံး Mobile Service ကိုစတင်လိုက်တဲ့ Company ကတော့ M188 Mobile Application Services Center မှ March မတ်လ 12 ရက်နေ့မှာ စတင်ကာ ဖန်တီးပြုလုပ်လိုက်တာ ဖြစ်ပါတယ်။မိမိတို့ Mobile Phone ကနေတစ်ဆင့် Offline အနေနဲ့ မိမိ Facebook Account ပေါ်သို့ တင်လိုသော Status များကို ဘယ်နေရာ၊ ဘယ်အချိန် မိမိစိတ်ကြိုက်တင်နိုင်မည်ဖြစ်ပြီး SMS (18880) သို့ မိမိတင်လိုသောစာသားများကို ပေးပို့ပြီး အလွယ်တကူ Offline မှနေ Update ပြုလုပ်ပေးနိုင်ပါတယ်။SMS ပေးပို့ပြီး မိမိရဲ့ Facebook Status တင်တဲ့ အခါမှာလဲ SMS Server အနေနဲ့ပေးပို့သူရဲ့ Password ကို Save မှတ်ထားမှာ မဟုတ်ပါဘူး။ဒီ စနစ်မှာအသုံးပြုရာတွင်လဲ အတွက် Mobile Phone ဘယ်ဖုန်းမဆို အသုံးပြုလို့ရပါတယ်လို့ M188 Mobile Application Services Center မှ Assistabt Manger ကိုရဲမြတ်အောင် က ပြောပါတယ်။Facebook မှ Notification များကိုလည်း SMS စနစ်ဖြင့် အခမဲ့ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒီ SMS စနစ်သုံး MMStatus ၀န်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ Mobile Phone ထဲမှာ ထည့်သွင်းထားတဲ့ Phone Bill ထဲကမှ တစ်ရက်ကို 35 ကျပ်နှုတ်မှာ ဖြစ်ပါတယ်။အခု လက်ရှိအချိန်မှာတော့ MMstatus ကို အခမဲ့ တစ်လ အသုံးပြုခွင့်ပေးထားပါတယ်။SMS စနစ်သုံး MMstatus(Myanmar Status) နဲ့ပတ်သတ်ပြီး အချက်အလက်နဲ့ မေးခွန်းတွေကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။
Compatibility | |
မေး | ဘယ်ဖုန်းတွေက mmStatus သုံးလို့ မလဲ |
ဖြေ | ဘယ်ဖုန်းအမျိုးစားမဆို SMS ပို့နိုင်/လက်ခံ နိုင်တယ်ဆိုရင် mmStatus ကို အသုံးပြုလို့ရပါတယ်။ |
ဖြေ | mmStatus ဟာ SMS ကိုပဲ အသုံးပြုတဲ့အတွက် အင်တာနက် မရှိတဲ့နေရာတွေမှာလဲ အသုံးပြု နိုင်ပါတယ်။ နောက်ပြီး notification တွေအတွက် အ၀င် SMS က အခမဲ့ဖြစ်ပါတယ်။ |
Pricing | |
မေး | အသုံးပြုခက ဘယ်လောက်လဲ? ပို့သမျှ SMS ခတွေကို ပေးရမှာလား |
ဖြေ | Service အသုံးပြုခက တစ်နေ့ကို ၃၅ ကျပ်ပါ။ တစ်နေ့ကို ကြိုက်သလောက် mmStatus update တွေ တင်ခွင့်ရှိပါတယ်။ ဖုန်းပေါ်ကနေ ပို့ခကတော့ မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်း မြန်မာ့ဆက်သွယ်ရေးက ကောက်ခံပါလိမ့်မယ်။ Notification တွေအတွက် အ၀င် SMS ကတော့ အခမဲ့ဖြစ်ပါတယ်။ |
မေး | ဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုခ ကောက်မှာလဲ |
ဖြေ | အသုံးပြုသူရဲ့ ဖုန်းထဲက credit ကို နေ့စဉ် ၃၅ ကျပ်စီ ဖြတ်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ အသုံးမပြု ချင်တော့ရင် 18880 ကို STOP MMFB ဆိုပြီး ပို့လိုက်ပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။ |
မေး | Service ကို ယူထားပြီး mmStatus ကနေတဆင့် Facebook Status ကို update မလုပ်ရင်လဲ အသုံးပြုခ ကောက်မှာလား |
ဖြေ | ဟုတ်ကဲ့။ တစ်နေ့ကို ၃၅ ကျပ်နှုန်းနဲ့ ပုံမှန်ကောက်ခံသွားမှာပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။ |
Error | |
မေး | Service ကို ယူထားပြီးပါပြီ ဒါပေမယ့် SMS တစ်စောင်မှ ၀င်မလာဘူး။ ဘာကြောင့်လဲ |
ဖြေ | အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေး တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အသုံးပြုသူရဲ့ ဖုန်း SMS ဟာ ပြည့်နေတဲ့အတွက် SMS အသစ်တွေ မ၀င်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။ |
Security | |
မေး | “Cannot register due to security issue” ဆိုတဲ့ SMS ၀င်လာပါတယ်။ ဘာလုပ်ရမလဲ |
ဖြေ | အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေးတာကြာင့် ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Facebook account ကို ဒီ page မှတဆင့် ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် www.mmstatus.com/wap မှတဆင့် ၀င်လိုက်ပါ။ သင်ရဲ့ login အချက်အလက်တွေကို ဖြည့်ပြီးတဲ့ အခါမှာ ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။ အကယ်လို့ ဖုန်းမှတဆင့် အကူအညီ လိုအပ်ပါက 012399188 သို့ ဆက်သွယ်နိုင်ပါတယ်။ |
How to’s | |
မေး | mmStatus နဲ့ Facebook account ကို register လုပ်ပြီးသွားပါပြီ။ အခု status ကို ဘယ်လိုမျိုးတင်ရမလဲ |
ဖြေ | 18880 ကို SMS ပို့လိုက်ရုံပါပဲ။ ပေးပို့ရမယ့် ပုံစံကတော့ WALL လို့ရိုက်ပါ ပြီးရင် Space (နေရာလွတ်) တစ်ချက်ထားပါ၊ ပြီးရင် တင်ချင်တဲ့ စာသားကိုရေးပါ။ ပြီးတဲ့အခါမှာတော့ 18880 ကို ပို့လိုက်ပါ။ဥပမာ WALL What a beautiful day လို့ 18880 ကိုပို့လိုက်ရင် သင့်ရဲ့ status ကို What a beautiful day လို့ mmStatus က တင်ပေးလိုက်မှာဖြစ်ပါတယ်။ |
မေး | mmStatus service က Facebook မှာ Status တင်တာအပြင် တခြား ဘာ ၀န်ဆောင် မှုတွေ ပေးသေးလဲ |
ဖြေ | mmStatus က သင့်ရဲ့ Facebook အသိမိတ်ဆွေများရဲ့ News Feed ကို လဲ SMS မှတဆင့် သင့်ဆီကို ပို့ပေးနိုင်ပါတယ်။ အဲဒီ service ကို ယူချင်တယ်ဆိုရင် 18880 ကို FEED လို့စာရိုက်ပြီး ပို့ပေးလိုက်ပါ။ |
Help | |
မေး | အခုအထိ mmStatus က ဘယ်လို အလုပ်လုပ်သလဲ နားမလည်သေးဘူး။ ကူညီပါဦး |
ဖြေ | mmStatus ရဲ့ Hotline ဖြစ်တဲ့ 012399188 ကိုဆက်ပြီး သင်တို့ သိလိုတဲ့ အကူအညီ များကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ mmStatus ရဲ့ Facebook Page နဲ့ www.mmstatus.com မှာ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။ |
SMS စနစ်သုံး MMstatus(Myanmar Status) ရဲ့ အချက်အလက်တွေကို လေ့လာပြီး အသုံးချင်တယ်ဆိုရင်တော့........
MMstatus ရဲ့ Facebook Fan Page ဖြစ်တဲ့ ~ https://www.facebook.com/mmfstatus
MMstatus ရဲ့ Offical Web Page ဖြစ်တဲ့ ~ http://www.mmstatus.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။
MMstatus ကိုအသုံးပြုသူ အနေဖြင့် Facebook ပေါ်တွင် Status များအား Update ပြုလုပ်ချင်ပါကမိမိ Mobile Phone များမှတစ်ဆင့် မိမိတင်လိုသော် Status ကို MMStatus Server (18880) သို့အရင်ဦးဆုံး SMS ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။MMstatus Server (18880) မှာ မိမိပေးပို့လိုက်တဲ့ SMS ကိုလက်ခံရယူကာ Facebook ပေါ်သို့ Update တင်ပေးမှာဖြစ်ပါတယ်။အသုံးပြုခကတော့ တစ်နေ့ကို မြန်မာကျပ်ငွေ 35 ကျပ်တည်းဖြင့် မိမိ စိတ်ကြိုက် MMstatus ကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်က ကြော်ငြာပေးသလို ဖြစ်သွားတယ်နော်။ထားပါတော့ဗျာ..။ဒီ SMS Service လေးက Internet မလိုလဲ အသုံးပြုလို့ရတာဖြစ်တာကြောင့် ကျွန်တော့ IT Bank စာဖတ်ပရိတ်တွေထဲက မြန်မာနိုင်ငံမှာနေထိုင်တဲ့ Mobile Phone အသုံးပြုသူတွေအားလုံးအတွက် ပျော်စရာသတင်းကောင်းလေး ပါးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(YeKyawPhyo)
သင့် နံနက်စာကို သစ်သီးဖျော်ရည်တစ်ခွက်နဲ့ တွဲဖက်စားသုံးခြင်းဖြင့် ကောင်းမွန်သော ကျန်းမာရေးအလေ့အထတစ်ရပ်ကို ရွေးချယ်ကြပါစို့။
Sunday, March 17, 2013
Posted by Ye Kyaw Phyo
Tag :
(ကျန်းမာရေး),
(ဗဟုသုတ)
![]() |
Fig ~ 1 |
ကျွန်တော် ဒီ တစ်ခါတော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေ အတွက် ကျန်းမာရေးနဲ့ သတ်ဆိုင်တဲ့ ဗဟုသုတလေး တစ်ခုနဲ့ ကျွန်တော် လေ့လာထားသလောက်လေး မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တို့ နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ကျွန်တော်တို့ လူသားတွေ တစ်နေ့လုံး အလုပ်ခွင်မှာ တက်တက်ကြွကြွနဲ့ အလုပ်တွေကို ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက ကျွန်တော်တို့ လူသားတွေအတွက် အားဖြည့်လောင်စာ တစ်မျိုး ပါပဲ။အာဟာရ ပြည့်ဝပြီး အရသာရှိတဲ့ နံနက်စာက ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကိုကောင်းစွာ ပေးစွမ်း နိုင်ပါတယ်။ကျွန်တော်တို့က တစ်ခါတစ်လေ အလုပ်ချိန်မမှီတော့တာတို့ ဗိုက်မဆာလို့ နံနက်စာ မစားမိတာမျိုးဆိုရင်တော့ တစ်နေကုန်ရင်ခံ သွားပြီး နေ့လယ်စာပါ စားမဝင် နိုင်တာမျိုး ရင်ပြည့်သွားတာမျိုးတို့ ဖြစ်တတ်ပါတယ်။ဒါမှမ ဟုတ် နေ့လယ်စာကို ပိုစားမိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။တကယ်တော့ ကျွန်တော်တို့လူသားတွေဟာ နံနက်စောစော အချိန်မှာ လူတစ်ယောက် အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ဒါမှလဲ ကျွန်တော်တို့ လူသားတွေအတွက် တစ်နေကုန်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွလန်းဆန်းစွာနဲ့ လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်။နံနက် အိပ်ရာ ထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝ နာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာ နိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့် အစာအိမ်ကို ဒုက္ခပေးနိုင် သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ အတွက် တက်ကြွလန်းဆန်းမှုတွေ မရှိတော့ဘဲ စိတ်ထဲမှာ ထုံထိုင်းစေပြီး တစ်နေတာရဲ့ လုပ်ဆောင်မှုတွေကိုလည်း နှေးကွေး စေပါတယ်။နံနက်စာ မစားလို့ နေ့လယ်စာကို ပိုစားမိ ပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်တို့ လူသားတွေဟာ နံနက်စာကိုသာ ကောင်းကောင်း အချိန်မှန်မှန်နဲ့ စားထားခဲ့မယ်ဆိုရင် သင့် တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင် သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင် တာတွေကို ခွန်အား အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။
နံနက်စာကို ဂျုံအပြည့် အဝ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။
အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံးပေးရ ပါမယ်။သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေ လိမ္မော်သီးတွေ ကို ဖျော်ရည် ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့် ပါတယ်။မစားရင်တော့ ကိုယ့် ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့က နံနက်စာ စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြောင်းလဲ သင့်ပါပြီ။နံနက်စာက ကျွန်တော်တို့လူသားတွေရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ် ဆိုရင် ဒီနေ့ပဲ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရွေးချယ်လိုက်ကြရအောင်ဗျာ။တကယ်ဆိုရင် ကျွန်တော်တို့က နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ အပူတွေ သောက်မယ့်အစား နံနက်စောစော စီးစီးမှာ ရင်ကို အေးမြပြီး လန်းဆန်းစေတဲ့ သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာပြီး နုပျို စေပါတယ်။ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်(Vitamin) နဲ့ သတ္တုဓာတ်(Zinc) တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင်အေ(Vitamin A) က သင့်အမြင်(မျက်လုံး) ကို ကြည်လင်စေပြီး အသားအရေ လှပ စေပါတယ်။ ဗီတာမင်ဘီ(Vitamin B) အုပ်စုက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်သျှုးတွေကို အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရှိ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ(Vitamin C) က ခန္ဓာကိုယ် အတွက် သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ် စေတာကြောင့် ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံဖြစ်ပေါ်တက်တဲ့ အနာများကို အကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ(Vitamin D) က အရိုးနဲ့ သွားတွေကို သန်မာ စေပါတယ်။ ဗီတာမင်အီး(Vitamin E) က အိုမင်း ရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ေ ပ်ါမှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့က နံနက်စာကို ဖျော်ရည် တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ဗီတာမင် ဓာတ်တွေကို ရရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘ၀ ကို သင့်ရွှေးချယ်မှုကနေ ဆုံးဖြတ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အနေနဲ့လဲ အာဟာရပြည့်ဝပြီး ကောင်းမွန်တဲ့ နံနက်စာကို ရွေးချယ်ပြီး ကျန်းမာသော ဘ၀လမ်းခရီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးထဲက စာသား တစ်ချို့တွေကို မြ၀တီ Web Portal မှ ကူးယူထားပြီး တစ်ချို့စာသား တွေကိုတော့ အနည်းငယ် ပြင်ဆင်ထားပါတယ်ဗျာ။
နံနက်စာကို ဂျုံအပြည့် အဝ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။
အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံးပေးရ ပါမယ်။သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေ လိမ္မော်သီးတွေ ကို ဖျော်ရည် ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့် ပါတယ်။မစားရင်တော့ ကိုယ့် ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့က နံနက်စာ စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြောင်းလဲ သင့်ပါပြီ။နံနက်စာက ကျွန်တော်တို့လူသားတွေရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ် ဆိုရင် ဒီနေ့ပဲ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရွေးချယ်လိုက်ကြရအောင်ဗျာ။တကယ်ဆိုရင် ကျွန်တော်တို့က နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ အပူတွေ သောက်မယ့်အစား နံနက်စောစော စီးစီးမှာ ရင်ကို အေးမြပြီး လန်းဆန်းစေတဲ့ သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာပြီး နုပျို စေပါတယ်။ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်(Vitamin) နဲ့ သတ္တုဓာတ်(Zinc) တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင်အေ(Vitamin A) က သင့်အမြင်(မျက်လုံး) ကို ကြည်လင်စေပြီး အသားအရေ လှပ စေပါတယ်။ ဗီတာမင်ဘီ(Vitamin B) အုပ်စုက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်သျှုးတွေကို အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရှိ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ(Vitamin C) က ခန္ဓာကိုယ် အတွက် သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ် စေတာကြောင့် ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံဖြစ်ပေါ်တက်တဲ့ အနာများကို အကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ(Vitamin D) က အရိုးနဲ့ သွားတွေကို သန်မာ စေပါတယ်။ ဗီတာမင်အီး(Vitamin E) က အိုမင်း ရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ေ ပ်ါမှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့က နံနက်စာကို ဖျော်ရည် တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ဗီတာမင် ဓာတ်တွေကို ရရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘ၀ ကို သင့်ရွှေးချယ်မှုကနေ ဆုံးဖြတ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အနေနဲ့လဲ အာဟာရပြည့်ဝပြီး ကောင်းမွန်တဲ့ နံနက်စာကို ရွေးချယ်ပြီး ကျန်းမာသော ဘ၀လမ်းခရီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးထဲက စာသား တစ်ချို့တွေကို မြ၀တီ Web Portal မှ ကူးယူထားပြီး တစ်ချို့စာသား တွေကိုတော့ အနည်းငယ် ပြင်ဆင်ထားပါတယ်ဗျာ။
ကြိုးစားလျက်......!
(YeKyawPhyo)
![]() |
Fig ~ 1 |
ဒီ တစ်ခါ ကျွန်တော် ပေးချင်တဲ့ Software လေးကတော့ SmartTweak ဆိုတဲ့ Update Driver Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ PC/Laptop တွေ Windows အသစ်တင်ပြီးပြီးဆိုရင် ပြဿနာဖြစ်တက်တဲ့ Windows မှာ လိုအပ်တဲ့ Driver တောင်းတဲ့ ပြဿနာတွေကို Internet ရှိရုံဖြင့် လျင်မြန်စွာ Scan စစ်ပြီး Internet ပေါ်ကနေ Download ယူဖြေရှင်းပေးနိုင်တဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးကို ကျွန်တော့ Facebook က အဖွဲ့မှာ Member တစ်ဦးက တောင်းဆိုလို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်ပါ မျှဝေပေးလိုက်ပါတယ်ဗျာ။အရမ်းကောင်းတဲ့ Software လေးပေါ့ဗျာ။ပြီးတော့ အဲ့ဒီ Software လေးက Date Out သွားတဲ့ Driver တွေကိုလဲ Internet ရှိယုံဖြင့် Update ပြုလုပ်ပေးပါတယ်ဗျာ။ကျွန်တော် ဒီ Software လေးကို Keygen ပါ ထည့်သွင်းပေးထားပါတယ်ဗျာ။တစ်ခုတော့ သတိပေးချင်တယ်ဗျ။သူ့ပေးထားတဲ့ Keygen က ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Opterating System Type ဖြစ်တဲ့ 32 Bits/64 Bits စတဲ့ နေရာမှာလဲ Key ဖြည့်တဲ့နေရာမှာ လိုအပ်ပါသေးတယ်။ကျွန်တော်တို့က 32 Bits အတွက် Key ကို ယူလိုက်ပြီး ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type က 64 Bits ဆိုရင်လဲ Key ဖြည့်ရာတွင် အသုံးမ၀င်ပါဘူး။အဲ့တော့ ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type ကို ကြည့်ပြီး Key ထည့်သွင်းပေးရမှာဖြစ်ပါတယ်။Opterating System Type မကြည့်တက်ဘူးဆိုရင်တော့ Keyboard က Windows + Pause Break ကိုတွဲနှိပ်လိုက်ပါ။အောက်က ပုံအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။အနီရောင် ၀ိုင်းပြထားတဲ့ နေရာကို ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။
Fig ~ 2 |
Fig ~ 3 |
အပေါ်မှာ ပြထားတဲ့ ပုံလေးအတိုင်း ကိုယ့် ကွန်ပျူတာနဲ့ System နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးပြီး Generate License \ Activate ကိုနှိပ်လိုက်ပါ။ဒါဆိုရင် Full Version အနေနဲ့ အသုံးပြုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။
အောက်က Link ပေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။
ကဲ.......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)