Posted by : Ye Kyaw Phyo
Thursday, September 22, 2011

Blue-Ray Disc
Blue-Ray Disc ဆိုတာဟာ သာမန် Disc တွေလိုပါပဲ ဒါပေမယ့် high definition video တွေ အများအပြားသိုလှောင်ရန်လိုအပ်သော data ကိုထိမ်းသိမ်းသိုလှောင်ပေးနိုင်ပါတယ်။ Blue-Ray Disc ဟာ သာမန် DVD ထက်ပိုသိုလှောင်နိုင်ပါတယ်။ အခြေခံက အပြာရောင် လေဆာ နဲ့ အနီရောင်လေဆာကြားက ကွားခြားချက်ပါ။
အပြာရောင်လေဆာဟာ လှိုင်းအလျှား 405 nanometer ရှိပြီး အနီရောင်လေဆာထက်ပို မိုသေးငယ်သောစုံမှတ်ကိုထုတ်ပေးနိုင်ပါတယ်။အနီရောင်လေဆာကို အခုလက်ရှိသုံးနေတဲ့ DVD VCD player တွေမှာသုံးတာဖြစ်ပါတယ်။ အပြာရောင်လေဆာကို blue-ray player မှာသုံးတာပါ။ဒါကြောင့်သူဟာ CD ဆိုဒ်အတူတူမှာကို DVD ထက်ပိုမိုသိုလှောင်နိုင်တာပါ။

Blue-ray တစ်ချပ်ဟာ ဟိုးအရင်က Hard disk တစ်ခုလောက်ကိုအသာလေးbackup လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ သိုလှောင်စွမ်းအားဟာ မျက်နှာပြင်တစ်ဖက်သာသုံးသော Disk အတွက် 27 GB ဖြစ်ပြီး မျက်နှာပြင်နှစ်ဖက်သုံးသော Disk မှာတော့ 50 GB အထိသိုလှောင်နိုင်ပါတယ်။ မျက်နှာပြင်တစ်ဖက်သာသုံးသော Disk အမျိုးအစားဟာ သာမန် ဗီဒီယို တစ်ခုကို ၁၃ နာရီကြာအထိသိုလှောင်ပေးနိုင်ပါတယ်။ သာမန် DVD တစ်ချပ်ဟာ ၁၃၃ မိနစ်သာ သိမ်းဆည်းနိုင်ပါတယ်။ အခုဆိုရင် pioneer ကုမ္ပဏီက 500 GB အထိသိုလှောင်နိုင်သော Disc ကို အလွှာ ၂၀ သုံးထားသော Disc ဖြင့် ထုတ်လုပ်ရန် နည်းပညာကိုတွေ့ထားပြီဟုကြေငြာထားသည်။
Blue ray Disc ကို သာမန် CD DVD player တွေမှာထည့် ကြည့်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် CD နဲ့ DVD တွေကိုတော့ Blue ray player ကဖတ်ပေးနိုင်မှာဖြစ်ပါတယ်။အခုဆိုရင် Blue ray ကို ကုမ္ပဏီ အတော်များများက ထုတ်လုပ်နေကြပြီဖြစ်ပါသည်။

ကြိုးစားလျက်.........!
(Yekyawphyo)