Posted by : Ye Kyaw Phyo
Friday, September 23, 2011
အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့်
ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ
မသုံးပါနှင့်တော့။
အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက်
သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့
Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ
အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online
ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။
ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့
ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊
ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။
ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊
လေဆိပ်တွေနဲ့ Internet Cafe တွေမှာ အများအားဖြင့် သုံးကြတယ်။
မြန်မာနိုင်ငံမှာတော့ Internet Cafe တွေမှာ သုံးဖို့များတယ်။
သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။အထူး သတိထားဖို့ပါ။
ကြိုးစားလျက်.......!
(Yekyawphyo)
Related Posts :
- Back to Home »
- (နည်းပညာ) »
- ဆိုင်မှာ Inter Net သုံးရင် အထူးသတိထားဖို့အတွက်ပါ။