Posted by : Ye Kyaw Phyo
Sunday, September 18, 2011
ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို. Notepad(Text Document)ကိုအသုံးပြုတဲ့အခါ ပြန်ဖွင့်လိုက်ရင် အချိန်နဲ.ရက်စွဲ ကိုဖော်ပြအောင်ပြုလုပ်ပေးတာလေးပါဗျာ။သူငယ်ချင်းတွေအားလုံး စိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
Start+Run Notepad လို့ရိုက်ပါ။စာမျက်နှာ ထိပ်မှာ .LOG ဆိုပြီး စာလုံးအကြီးဖြင့်ရိုက်ပြီး Default Format
နဲ.ပဲသိမ်းလိုက်ပါ။ပြီးရင် ဖိုင်ကို ပိတ်လိုက်ပါဗျာ။
ပြီးလျှင် ခုန ပိတ်ထားတဲ့ ဖိုင်လေးကို ပြန်ဖွင့်ကြည့်ပါ။စာမျက်နှာ ထိပ်လေးမှာ အချိန်နဲ့ နေ့ရက်ကို Auto ထည့်သွင်းဖော်ပြထားသည်ကို တွေ.ရပါလိမ့်မည်။အောက်က ပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်ဗျာ။ဘာရယ်တော့ မဟုတ်ပါဘူး။သိသွားရင်တော့ ဒါလေးများဆိုတဲ့ အတွေး.လေးတော့ ပေါက်သွားမှာအမှန်ပါပဲဗျာ။အောက်ကပုံလေးအတိုင်းတွေ.မြင်ရမှာ ဖြစ်ပါတယ်ဗျာ။
ဒီအတိုင်းလေးပါဗျ။ကဲ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေနော်။
ကြိုးစားလျက်......!
(Yekyawphyo)

Related Posts :
- Back to Home »
- (Notepad) , (နည်းပညာ) »
- Notepad ဖွင့်လိုက်ရင် အချိန်နဲ့ နေ့စွဲလေးကို Auto ထည့်နည်းလေးပါ။