Posted by : Ye Kyaw Phyo
Saturday, October 8, 2011
ကျွန်တော် ဒီ တစ်ခါတော့ ရုံးတွေမှာ ကျောင်းတွေမှာ ကွန်ပျူတာ သုံးနေရင်း ကိစ္စရှိလို့ အပြင်ထွက်သွားရင် ဖြစ်ဖြစ် မိမိ ကွန်ပျူတာ လေးကို သူများ မကိုင်တွယ်စေလိုရင် ဒီ Software လေးကို အသုံးပြုပြီး Lock ချထားခဲ့လို့ရပါတယ်ဗျာ။မိမိ ပြန်ရောက်တဲ့ အချိန်မှ မိမိ ပေးထားခဲ့တဲ့ Password နံပါတ်လေးကို ရိုက်ပြီး ပြန်လည် အသုံးပြုလို့ရပါတယ်ဗျာ။တစ်ချို့က စပ်စုကြတယ် လေ။သူများ ကွန်ပျူတာကို လှမ်းကြည့်တာတို့ ၀င်ကလိချင်တာတို့ ကိုယ့်ကွန်ပျူတာထဲက Data တွေ ကိုယ်မရှိတဲ့ အချိန်ကူးယူချင်တာတို့ ရှိပါတယ်။ကိုယ်ကလဲ ကိုယ့် ကိုယ်ရေးကိုယ်တာ အကြောင်းကို သူများ မသိစေလိုဘူး ကိုယ့်ကွန်ပျူတာကို သူများကိုင်တာလဲ မကြိုက်ဘူး ဆိုရင်တော့ ကျွန်တော် အခု ပေးတဲ့ Software လေးက ကူညီပေးသွားမှာ ဖြစ်ပါတယ်ဗျာ။ဒီ Software လေး နာမည်ကတော့ Matrix_screen_locker လေးပဲ ဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေများရှိရင် လဲ တောင်းပန်ပါရစေဗျာ။မသိသေးတဲ့ သူတွေ အတွက်ကို တော့ ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ပြောပြပေးသွားပါ့မယ်ဗျာ။ဒီ Software လေးကို Run လိုက်ပါ။ပြီးပါက Start Bar က X ပုံစံ လေး တစ်ခု ရောက်နေပြီ ဆိုရင်တော့ အဲ့ဒါ လေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်ကပုံလေး အတိုင်းလေးပါဗျာ။
ပြီးပါက Set Password ကို Click နှိပ်လိုက်ပါ။အဲ့ဒီ မှာ အောက်ကပုံလေး အတိုင်း New Password ဆိုပြီး တောင်းပါလိမ့်မယ်။အဲ့ဒီ အခါ ကျရင် မိမိ မှတ်ရလွယ်တဲ့ Password တစ်ခုခုကို ရိုက်ပေးထားခဲ့ပါ။ပြီးရင် Ok လုပ်ဖို့ မမေ့နဲ့နော်။
ဒီ ပုံလေး အတိုင်း ပြီးသွားပါက မိမိ အပြင်သွားချင်တယ် ကွန်ပျူတာလဲ စိတ်မချဘူးဆိုရင်တော့ ကျွန်တော် ပြောခဲ့တဲ့ အဆင့်တွေ အတိုင်း အားလုံး ပြီးပါက ခုန က ကျွန်တော် ပြထားတဲ့ X ပုံ လေးကို Click တစ်ချက် နှိပ်ပြီး ထားခဲ့ပါ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။Matrix ပုံစံ စာလုံးလေးများ ကျလာပါလိမ့်မယ်။
အဲ့ဒီ စာလုံးတွေ ပေါ် Click တစ်ချက် နှိပ်လိုက်ပါက Enter Password ဆိုပြီး တောင်းနေပါလိမ့်မယ်။ အဲ့ဒီ အခါ ကျရင် မိမိ ပေးထားခဲ့သော Password နံပါတ်ကို ထည့်ပေးလိုက်ပါက မိမိ ကွန်ပျူတာကို စိတ်ချလက်ချ ပြန်လည် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။သူငယ်ချင်းတွေ လိုချင်ရင် အောက်မှာ Download ယူသွားလိုက်ပါနော်။
(ဒီမှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေရင် တခြားသူငယ်ချင်းတွေ ကိုလဲ လက်တို့လိုက်ပါဦးနော်။
ကြိုးစားလျက်........!
(Yekyawphyo)

Related Posts :
- Back to Home »
- (Download Zone) , (Software) »
- Matrix Screen Locker (မိမိ Computer Screen ကို Lock ချထားခြင်း)