မိမိ Computer မှာ မလိုအပ်တဲ့ Software တွေ ကို ဖြုတ်ချင်တာတွေ ဖြုတ်လို့မရတာတွေကို အလွယ်တကူ ဖြုတ်ကြမယ်။
Posted by : Ye Kyaw Phyo
Sunday, November 27, 2011
ဒီ တစ်ခါတော့ ကျွန်တော်က ကွန်ပျူတာတွေမှာ တစ်ချို့ Software တွေကို မိမိ ကွန်ပျူတာမှာ Run ပြီး Delete လုပ်လို့မရတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြမဲ့ နည်းလေးက ဘာ Software မှ မလိုဘဲ ပြန်ဖြုတ်နည်းလေးကို ကျွန်တော်ပြောပြပေးသွားပါ့မယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။လုပ်နည်း လေးက လွယ်လွယ်လေးပါ.. လုပ်ကြည့် လိုက်ပါဗျာ.......
၁။ Start ⇒ Run ⇒ regedit ဟု ရိုက်ထည့်ပြီး OK လိုက်ပါ။
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start ⇒ Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ သုံးလို့ အကျိုးရှိခဲ့ မယ်ဆိုရင် ကျွန်တော် က ပျော်နေတက်တဲ့ သူတစ်ယောက်ပါဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)

Related Posts :
- Back to Home »
- (Hardware) , (Windows) , (နည်းပညာ) »
- မိမိ Computer မှာ မလိုအပ်တဲ့ Software တွေ ကို ဖြုတ်ချင်တာတွေ ဖြုတ်လို့မရတာတွေကို အလွယ်တကူ ဖြုတ်ကြမယ်။