Posted by : Ye Kyaw Phyo Sunday, November 27, 2011

ဒီ တစ်ခါတော့ ကျွန်တော်က Gtalk အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတစ်ခုလေး ပြောပြပါရစေဗျာ။ကျွန်တော်တို့ Gtalk အသုံးပြုနေကြတဲ့ သူတော်တော်များများဟာ Gtalk Account ကို 1 ထက်မက ရှိတက်ကြပါတယ်။တစ်ချို့ ဆို 6 ၊ 7 ခုလောက်တောင် ရှိတက်ပါတယ်။ဒါကတော့ ပြဿနာမရှိပါဘူး။တစ်ချို့တွေ က VIP Account ဆိုပြီး ထားထားကြပါတယ်။အဲ့ဒီလို  ထားထားတဲ့ သူတွေကျတော့လဲ။မိမိ Account လေးက ပြဿနာ တစ်စုံတစ်ခု ကြောင့် Lock ကျသွားတာတို့ သူများ Hack ခံထိတာတို့ ကျရင် မိမိ Account ထဲမှာ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံး ကို ဆုံးရှုံးလိုက်ရရင် ကိုယ်လဲ စိတ်မကောင်းဖြစ်မိမှာသေချာပါပဲ။အဲ့တော့ Gmail Account နောက်တစ်ခု ရှိတဲ့ သူတွေ အတွက်တော့ ကျွန်တော် အခု ပြောတဲ့ နည်းလေးက သူငယ်ချင်းတွေ အတွက် အကူအညီပေးပါလိမ့်မယ်ဗျာ။ပြီးတော့ Account အဟောင်းထဲက သူငယ်ချင်းတွေကို Account အသစ်ထဲကို ရိုက်ထည့်နေစရာမလိုပဲ ရောက်ရှိနေအောင်လုပ်တဲ့ နည်းလေးပေါ့ဗျာ။မိမိ ရဲ့ Account ထဲက လူတွေကို မိမိ ရဲ့ VIP Account ထဲသို့ ပြောင်းသုံးချင်ရင်တော့ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ဆောင် သွားလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေ နဲ့ ပြပေးထားပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
အရင်းဆုံး www.gmail.com ကို အရင်ဝင်လိုက်ပါ။မိမိ Gmail Account ရဲ့ ဘယ်ဘက်ထောင့်လေးက Contacts ဆိုတာလေးကို တွေ့အောင်ရှာပါ။ပြီးရင် Click လိုက်ပါ။
ခဏစောင့်လိုက်ပါ။ဒါဆိုရင် မိမိ Gtalk က သူငယ်ချင်းရဲ့ Account နာမည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ပြီးတော့ မိမိ Gtalk Account ထဲမှာ သူငယ်ချင်းတွေ ဘယ်နှစ်ယောက်တောင်ရှိလဲ ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်ဗျာ။More ဆိုတဲ့ Tab လေးကို တွေ့အောင်ရှာပြီး  Click လိုက်ပါ။အောက်ကပုံ အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။

အဲ့ဒီ ထဲကမှ Export ဆိုတဲ့ စာတန်းလေးကို တွေ့ပြီဆိုရင်တော့ Click လိုက်ပါ။အောက်ကပုံ အတိုင်းဆက်ပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။
အပေါ်ပုံက အတိုင်း တွေ့ပြီဆိုရင် Export ဆိုတာကို Click လိုက်ပါ။ခဏစောင့်နေလိုက်ပါ။Download လုပ်ဖို့ Box လေးကျလာပါလိမ့်မယ်။

အပေါ်က ပုံလေး အတိုင်းပါဗျာ။Save File ကို အမှတ်ပေးထားရပါမယ်။ပြီးရင် Ok ပေါ့။Download ဆွဲနေမှာ ဖြစ်ပါတယ်။ပြီးရင် မိမိ Download လုပ်ထားတဲ့ ဖိုင်ပတ်လမ်း အတိုင်း မိမိ Save ထားတဲ့ ဖိုင်ကို သွားပြီးရှာထားပါ။ပြီးရင် မိမိ ရဲ့ Gmail Account ကို Sign out နဲ့ အပြီးထွက်လိုက်ပါ။ပြီးရင် မိမိ တို့ရဲ့ VIP Account လို့ သတ်မှတ်ထားတဲ့ Account ကို ခုန ဖွင့်ထားတဲ့ တဲ့ Gmail စာမျက်နှာမှာ ပြန်ပြီး Sign In ၀င်လိုက်ပါ။
ကျွန်တော် ပြောထားတဲ့ အပေါ်က အဆင့် အတိုင်းသွားလိုက်ပါ။More ကိုရှာပြီး ခုန ကျွန်တော်တို့ ပြောတဲ့ Expot ရဲ့ အပေါ်က Import ကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
Browse ဆိုတာလေးကို Click လိုက်ပါကခုန ကျွန်တော်တို့ Download လုပ်ထားတဲ့ ဖိုင်လေးကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Click လိုက်ပါ။ပြီးရင် Import ကို Click လိုက်ပါ။ အောက်ကပုံလေး အတိုင်းဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။

ဒီ အဆင့်တွေ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ခဏစောင့်လိုက်ပါ။ မိမိ ရဲ့ VIP Gmail Account လို့ သတ်မှတ်ထားတဲ့ Account  ရဲ့ Contacts မှာ အရင် Gmail Account က သူငယ်ချင်းတွေရဲ့ Account တွေ ရောက်ရှိနေတာကို တွေ့မှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်ပြေမပြေခဲ့ရင်လဲ CBox မှာ Comments ပေးထားခဲ့လို့ရပါတယ်ဗျာ။IT Bank Site လေးကို အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -