Posted by : Ye Kyaw Phyo
Tuesday, December 6, 2011
ကျွန်တော် ဒီ တစ်ခါတော့ Blog စတင်ရေးသားတော့မယ်ဆိုရင် သိထားသင့်တာလေးတွေကို ကျွန်တော် သိသလောက်လေး
သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးပါရစေဗျာ။Blog စတင်ရေးတော့မယ်ဆိုရင်
1. ပထမဆုံး Title ဆိုတာ ရှိရပါမယ်။Blog တစ်ခုရေးမယ်ဆိုတဲ့ Title ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။Blog တစ်ခုဟာ Title ဆိုတာ မရှိရင် ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်ဖြစ်နေမှာပါ။
Title ဆိုတာ မိမိ ရေးသားချင်တဲ့ အကြောင်းအရာတစ်ခုခုရဲ့ ခေါင်းစဉ်ပါ။အဲ့ဒီ ခေါင်းစဉ်
က မိမိရေးတဲ့ အကြောင်းအရာတစ်ခုနဲ့ ကိုက်ညီမှုရှိရပါမယ်။ဥပမာ - ကိုယ်က ကဗျာအကြောင်းရေးပြီး နည်းပညာနဲ့ပတ်
သတ်တဲ့ ခေါင်းစဉ်တစ်ခု တင်မယ်ဆိုရင်လဲ မိမိ Blog ရဲ့ခေါင်းစဉ်ဟာ အဓိပ္ပာယ်မရှိဘဲ ဖတ်ချင်စိတ်ရှိကြမှာမဟုတ်ပါဘူး။ပြီးတော့ မိမိ
ပေးလိုက်တဲ့ ခေါင်းစဉ်က တခြားသူတွေ ကြည့်လိုက်တာနဲ့ မိမိရဲ့ Blog ကို ဖတ်ချင်စိတ်ပေါက်အောင် ပေးတက်ရပါမယ်။
2. ဒုတိယ ကတော့ မိမိ Blog ရဲ့ အကြောင်းအရာပါ။မိမိ Blog မှာ အင်္ဂလိပ်လို (သို့မဟုတ်) မြန်မာလို ရေးရပါမယ်။အင်္ဂလိပ်လို နဲ့
မြန်မာလိုလဲ ပေါင်းရေးလို့ရပါတယ်။ပေါင်းရေးတဲ့ အခါမှာလည်း သူ့နေရာနဲ့ သူ အင်္ဂလိပ်လိုကို ထည့်သွင်းရေးသားဖို့လိုအပ်ပါတယ်။
မြန်းဂလိပ်လို ရေးလို့မရပါဘူး။ဒီလိုရေးတာဟာ မိမိ Blog ကို စာဖတ်သူတွေ အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး မိမိ Blog ကို စိတ်
ဝင်စားတော့မှာ မဟုတ်ပါဘူး။နောက်ပြီး မိမိ Blog ကအကြောင်းအရာတွေကို သူ့နေရာနဲ့သူ Space ခြားသင့်တဲ့ နေရာမှာ ခြားရပါမယ်။
ဒါမှ မိမိ Blog ကိုစာဖတ်သူတွေ ရဲ့မြင်ကွင်းမှာ စာလုံးလေးတွေက ကြည့်လိုက်ရင်ရှင်းပြီး ဖတ်ချင်စိတ်ပေါက်မှာ ဖြစ်ပါတယ်။ပြီးတော့
မိမိရေးတဲ့ Blog ရဲ့ စာလုံးဆိုဒ်တွေက အကြီးလဲ မဖြစ်ရပါဘူး။သေးလေးတွေဆိုရင်လဲ မဖြစ်ပါဘူး။လူအများ မြင်သာထင်ရှားတဲ့ ဆိုဒ်ကို
ရွှေးပြီး အသုံးပြုရမှာဖြစ်ပါတယ်ဗျာ။ပြီးတော့ မိမိ Blog ရဲ့စာလုံးတွေကို အရောင်တောက်တောက်ကြီးတွေ မသုံးရပါဘူး။သူများအမြင်မှာ
မျက်စိအေးလောက်တဲ့ အရောင်ကိုသာအသုံးပြုသင့်ပါတယ်။စာလုံးပေါင်းသတ်ပုံများ မှန်ကန်ရပါမယ်။ပြီးတော့ မိမိ Blog ရဲ့ အကြောင်းအရာလေးဟာ
လူအများက စိတ်ဝင်စားပြီး ဖတ်ချင်စရာကောင်းလောက်အောင်အတက်နိုင်ဆုံး ရေးသားရပါမယ်။ဒါမှ မိမိ Blog ကို စာဖတ်သူတွေ အနေနဲ့ ဖတ်ရှုပြီး
မိမိ Blog ကိုအပြစ်ပြောစရာမရှိအောင် ရေးသင့်ပါတယ်။ဒါမှ မိမိရေးတဲ့ အကြောင်းအရာလေးဟာ ဆင်းလုံးချော မကောင်းခဲ့ရင်တောင် စာဖတ်သူတွေ အနေနဲ့
မိမိ Blog မှာ ရေးထားတာလေးတွေ စာလုံးအထားအသိုလေးတွေကို ကြည့်ပြီးသဘောကျ နှစ်ခြိုက်ကြမှာ အမှန်ဖြစ်ပါတယ်ဗျာ။ဒါမှလဲ မိမိရဲ့ Blog လေးကို
စာဖတ်သူတွေအနေနဲ့ 100% ကောင်းတယ်လို့ သတ်မှတ်မခံရရင်တောင် အနည်းဆုံး 70% လောက်အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။နောက်တစ်ခု
ကျွန်တော်သတိပေးချင်တာကတော့ မိမိ Blog ရေးတဲ့ အခါ ဓာတ်ပုံတွေနဲ့ပါ တွဲပြီးပြသရမယ့် အကြောင်းအရာမျိုးဆိုရင် ဓာတ်ပုံတွေနဲ့ အကြောင်းအရာကို
လိုက်ဖက်နိုင်လောက်တဲ့ စာသားတွေရဲ့ နေရာနားလောက်မှာရွှေးပြီး ထားသင့်ပါတယ်။
3. တတိယ ကတော့ Tags ဆိုတဲ့ စကားလုံးလေးပါပဲ။Tags ဆိုတာ မြန်မာလို အလွယ်ပြောရရင် ကဏ္ဍ ဆိုတဲ့ သဘောပါ။ကဏ္ဍ ဆိုတာ Blog တစ်ခုရေးရင်
ဘယ်လိုနေရာတွေမှာ အသုံးပြုလဲ ဆိုရင် ဥပမာ မိမိရေးတဲ့ Blog တစ်ခုဟာ နည်းပညာနဲ့ သက်ဆိုင်တယ်ဆိုရင် Tags ဆိုတဲ့ နေရာလေးမှာ နည်းပညာလို့ရေးရပါတယ်။ကဗျာ ဆိုရင် ကဗျာပေါ့။ဓာတ်ပုံတွေ ချည်းတင်ထားမယ်ဆိုရင်
ဓာတ်ပုံ ပေါ့။သူ့နေရာ နဲ့ ဆီလျှော်အောင် Tags လုပ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါမှ မိမိ Blog ကိုဖတ်ရှုသူတွေ အနေနဲ့ မိမိရေးတဲ့ နည်းပညာတွေချည်းလေ့လာချင်တယ်ဆိုရင် နည်းပညာဆိုတဲ့ Tags လေးကို နှိပ်လိုက်ရင် နည်းပညာနဲ့ သက်ဆိုင်ပြီးရေးထားတဲ့
အကြောင်းအရာ Blog တွေကျရောက်လာမှာ ဖြစ်ပါတယ်။မိမိ Blog ကို ဖတ်ရှုသူတွေ အနေနဲ့လဲ ဖတ်ရှုချင်တဲ့ Tags အလိုက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။Tags အလိုက်လေး ခွဲခြားထားပါက အများအမြင်မှာလဲ မိမိ Blog လေးတွေဟာ သပ်သပ်ရပ်ရပ်
နဲ့ တည်ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်ဗျာ။
ကဲ ဒီလောက်ဆိုရင်တော့ မိမိတို့တွေ အနေနဲ့ Blog တစ်ခုကို စတင်ရေးသားရင် ဘယ်လိုစပြီး ရေးရမလဲ။ဘယ်လို အောင်မြင်အောင်ရေးသားသင့်တယ်ဆိုတာ ကိုအခြေခံအားဖြင့်သိလောက်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
သူငယ်ချင်းတွေ အတွက် အကျိုးပြုသော Blog လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော့ Blog လေးမှာ အမှားများပါနေခဲ့ရင် ခွင့်လွှတ်ပေးကြပါဗျာ။ကျွန်တော် သိသလောက်တက်သလောက်
ခံစားတက်သလောက်လေး သူငယ်ချင်းတွေ အတွက်ရေးပေးထားတာလေးပါဗျာ။သူငယ်ချင်းတွေ အားလုံး အောင်မြင်ကျော်ကြားတဲ့ Blogger တွေဖြစ်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဒီ Post လေးဟာကျွန်တော့ရဲ့ ကိုယ်ပိုင် Post လေးဖြစ်လို့ လွှတ်လပ်စွာကူးယူဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်နာမည်လေးတော့ ထည့်ပေးပါလို့တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)

Related Posts :
- Back to Home »
- (နည်းပညာ) , (ဗဟုသုတ) , (အထွေထွေ) »
- Blog တစ်ခုကို စတင်ရေးသားမဲ့ သူတွေ သိထားသင့်တဲ့ အချက်လေးတွေပါ။