Posted by : Ye Kyaw Phyo
Saturday, December 24, 2011
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော် Web Development သမားတွေအတွက် လက်ဆောင်လေး တစ်ခုကိုပေးပါ့ရစေဗျာ။ကျွန်တော် အခုပေးမဲ့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက်လဲ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ဆောင်လေးပေါ့ဗျာ။သူငယ်ချင်းတွေ ရဲ့ Web Site လေးမှာ Weather Gadget Box လှလှလေး တစ်ခု ချိတ်ဆွဲအသုံးပြုချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။အဲ့ဒီ Weather Gadget လေးက နိုင်ငံအစုံ မြို့နယ် အစုံကို မိမိ စိတ်ကြိုက်လိုက်ရှာပြီး ရာသီဥတုအခြေအနေတွေကို ကြည့်လို့ရပါတယ်ဗျာ။အမြင်လေးမှာလဲ တော်တော်လေးကို ကြည့်လို့လှပါတယ်ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။ကျွန်တော့ ဆိုဒ်လေးမှာတော့ ချိတ်ထားတာ ကြာပါပြီ။ကျွန်တော့ကို ညီလေးတစ်ယောက်က အစ်ကို ဆိုဒ်မှာ ချိတ်ထားတဲ့ Weather Gadget လေးလိုချင်ပါတယ်လို့တောင်းဆိုထားတဲ့ အတွက် ကျွန်တော့ ခုလိုတင်ပေးလိုက်တာပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် အောက်က နည်းလေးအတိုင်း လုပ်သွားလိုက်ပေါ့ဗျာ။အရင်ဦးဆုံး www.blogger.com ကို Sign in ၀င်လိုက်ပါ။
1.Design
2.Edit Html
3.Add a Gadget
4.Html/Javascript ပြီးရင် ကျွန်တော်ပေးထားတဲ့ အောက်က Code လေးကို ကူးထည့်ပေးလိုက်ရုံပဲပေါ့။ပြီးရင် Save လိုက်ပါ။ဒါလေးပါပဲ ဗျာ။ကဲ ဘယ်လောက် လွယ်လိုက်လဲဗျာ။မသိသေးရင်တော့ ခက်နေကြတာပေါ့ဗျာ။လူတွေ ဟာ သိသွားရင်တော့ လွယ်သွားတာက ဓမ္မတာပဲ မဟုတ်လားဗျာ။
ကျွန်တော့ ဆိုဒ်လေးကို အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ Post လေးတွေက သူငယ်ချင်းတွေ အတွက် အသုံးတည့်တဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော် သိသလောက် တက်သလောက်လေး သူတစ်ပါးတွေကို ပြောပြလို့ သူတစ်ပါးအတွက် အသုံးတည့်ခဲ့မယ်ဆိုရင် ပျော်နေတက်တဲ့ သူတစ်ယောက်ပါဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)

Related Posts :
- Back to Home »
- (Blogger Help) , (Javascript) , (Web နဲ့ပတ်သတ်သမျှ) , (နည်းပညာ) »
- မိမိ Site မှာ Weather Gadget Box လှလှလေး ထည့်ပြီး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။