Posted by : Ye Kyaw Phyo
Monday, January 16, 2012
ကျွန်တော့ကို Gtalk ကနေ အစ်ကို တစ်ယောက်က မေးခွန်းလေးတစ်ခုမေးလာပါတယ်ဗျာ။ညီလေး ရေ သူများ Facebook တွေမှာ အောက်ကပုံလေး အတိုင်းလုပ်ထားကြပါတယ်ဗျာ။အဲ့ဒီ ပုံလေးအတိုင်း ဘယ်လိုလုပ်ရသလဲလို့ မေးလာပါတယ်ဗျာ။
အဲ့ဒါ နဲ့ ကျွန်တော်လဲ အလွယ်တကူပါပဲ။ကျွန်တော့ Facebook လေးမှာလဲ သုံးထားပြီးသားဖြစ်တဲ့ အတွက် သူ့ကို FaceBook Time Line လုပ်တဲ့ Link လေးပေးလိုက်တာပေါ့ဗျာ။သိပြီးသား သူငယ်ချင်းတွေ ရှိနေသေးရင်လဲ နားလည်ပေးကြပါနော်။ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်တော့ ကျွန်တော် အောက်က ပေးထားတဲ့ Link လေးကို နှိပ်ပြီး မိမိ Facebook Account ကို Sign in ၀င်လိုက်ပါ။
ပြီးရင် ကျွန်တော် အပေါ်ကပုံလေး မှာ ပြထားတဲ့ အတိုင်း Take a Tour နဲ့ Publish Now ဆိုတဲ့ စာလုံးလေးတွေကို တွေ့ရင် Publish Now ဆိုတဲ့ လေးကို နှိပ်လိုက်ပါ။ပြီးရင် မိမိ Facebook Nick Name နာမည်နဲ့ Tab လေးကို Click လိုက်ပါက ကျွန်တော် အပေါ်မှာ ပြထားတဲ့ ပုံလေးအတိုင်း မိမိ Facebook ၀င်ကြည့်လိုက်ရင် သူများ Facebook တွေနဲ့ မတူပဲ မိမိ Facebook ကို Style အလန်းလေးနဲ့ အသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်ဗျ။အောက်က Link လေးကို နှိပ်ပြီး သွားလိုက်ပါနော်။
http://www.facebook.com/about/timeline
ကဲ သူငယ်ချင်းတွေ အားလုံး မိမိ Facebook မှာ Facebook Time Line လေး သုံးပြီး လန်းကြပေါ့ဗျာ။သူငယ်ချင်းတွေ သုံးရတာ အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော် သိသလောက်လေး သူတစ်ပါးကို ပြောပြလိုက်လို့ သူတစ်ပါးအတွက် အကျိုးရှိခဲ့မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်ဗျာ။ကျွန်တော်တို့ Blogger သမားလေးတွေဟာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဝေဖန်အကြံပေးတဲ့ Comments လေးတွေရဲ့ ပီတိလေးတွေကို စားသုံးနေရတဲ့ စားသုံးသူလေးတွေပါဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)

Related Posts :
- Back to Home »
- (Facebook) , (နည်းပညာ) »
- မိမိ Facebook မှာ Facebook Time Line လေးထည့်ပြီး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။