Posted by : Ye Kyaw Phyo Monday, January 23, 2012

ကျွန်တော် နေမကောင်းပါဘူး။ဒါမဲ့ ကျွန်တော့ ဆိုဒ်လေးကို အားပေးနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတွေ ဖြန့်ဝေဖို့ ရက်အနည်းငယ်လေး ပျက်ကွက်ခဲ့ပါတယ်ဗျာ။အဲ့ဒီ အတွက်လဲ ဒီ Post လေးကို ရေးရင်းကနေ စာဖတ်ပရိသတ်လေးများကို အနူးအညွှတ်တောင်းပန်ပါရစေဗျာ။ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ သိပြီးသားလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်ဗျာ။ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ မှာ သုံးတဲ့ အခါ ကိုယ်ပိုင် ကွန်ပျူတာတွေ သုံးတဲ့ အခါမှာ Gtalk ကို နှစ်ခု ဖွင့်မရတာတို့ ရှိတက်ပါတယ်။အင်တာနက်ဆိုင် အများစုကတော့ Gtalk ကို နှစ်ခု ဖွင့်လို့ရအောင် လုပ်ထားတာ များပါတယ်ဗျာ။ကိုယ်ပိုင် ကွန်ပျူတာမှာ ကျတော့ တစ်ခါတစ်လေ ကိုက Windows အသစ်တင်လိုက်လို့ Software တော်တော်များများ ဟာ အသစ်တွေ ဖြစ်နေပါပြီ။အဲ့လို အခါမျိုးတွေ ကျရင် တစ်ချို့ Software တွေကို ကိုကလိုက်ပြန်ပြင်ရတာ မျိုးတွေပေါ့။အဲ့ဒီ အခါ ကိုယ်က Gtalk Software လေးနှစ်ခုဖွင့်လို့ ရအောင် ပြင်ချင်တဲ့ သူငယ်ချင်းတွေ အတွက်ကတော့ ပေါ့ဗျာ။နှစ်ခု လို့သာကျွန်တော်က သူငယ်ချင်းတွေ နားလည်လွယ်အောင် ပြောလိုက်တာပါ။တကယ်ပေါ့ အကောင့် တွေ အများကြီး တစ်ခုခုပြီး တစ်ခု ဖွင့်ပြီး အသုံးပြုလို့ရပါတယ်ဗျာ။သိပြီးသား သူငယ်ချင်းတွေ ရှိရင်လဲ နားလည်ပေးကြပါဗျာ။မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီးရေးထားပေးပါတယ်ဗျာ။ဒီ Post လေးကို ကျွန်တော် သိထားတာတော့ ကြာပါပြီဗျာ။ကျွန်တော့ကို လာမေးတဲ့ သူတွေ ရှိနေတာနဲ့ကော ကျွန်တော် ဒီ Post လေးကို မတင်ရသေးတာအတွက်ကော ရောပြီး တင်လိုက်တာပါဗျာ။သိချင်ရင် အောက်ကပုံ လေး ကိုကြည့်ပြီးလုပ်သွားလိုက်နော်။ကျွန်တော်တို့ က အရင် လုပ်ရမှာကို အောက်မှာ ရေးထားတဲ့ အတိုင်းကြည့်သွားလိုက်ပါ။မိမိ ကွန်ပျူတာ Destop မှာ Gtalk Software ရှိနေရင်တော့ တစ်မျိုးပေါ့။Gtalk Software ရှိပြီး နှစ်ခု ဖွင့်လို့မရရင်ပေါ့ဗျာ။နှစ်မျိုးလုံး ဒီပုံစံလေးပါဗျာ။
C:/Program Files/Google/Google Talk 
အဲ့ဒီ ထဲမှာ ရှိနေတဲ့ Gtalk Icon လေးကို Right Click ထောက်လိုက်ပါ။ပြီးရင် Send To ဆိုတာလေးကို တွေ့အောင်ရှာပါ။Send To ကိုတွေ့ရင် Destop(Create Shortcut) ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် မိမိ Computer Destop လေးမှာ Gtalk Icon ပုံ Gtalk Software လေးရောက်ရှိသွားမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင် လုပ်ရမဲ့ အဆင့်ကတော့ အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။အဲ့ဒီ Gtalk Icon လေးကို ခုနကလိုပါပဲ Right Click ထောက်လိုက်ပါ။ပြီးရင် Properties ဆိုတာလေးကို Click လိုက်ပါ။
အဲ့ဒီ ပုံလေး အတိုင်း လုပ်ပြီးရင်တော့ အောက်က ပုံလေးအတိုင်း Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီမှာ စတွေ့တော့တာပဲဗျာ။အဲ့ဒီ Box လေးက Shortcut ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီ Tab လေးမှာ ရှိတဲ့ Target ဆိုတဲ့ နေရာလေးမှာ အရင်ဦးဆုံး ကျွန်တော်တို့ မြင်ရမှာက အောက်က စာလေးအတိုင်းပေါ့ဗျာ။
"C:\Program Files\Google\Google Talk\googletalk.exe   


အပေါ်က စာလေးအတိုင်း ကျွန်တော်တို့ မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ စာလေးနေရာမှာ ကျွန်တော်တို့ အနည်းငယ် ပြင်ပေးရပါမယ်။အောက်က စာလေး  ဖြည့်ရေးပေးလိုက်ယုံပါပဲဗျာ။googletalk.exe ဆိုတဲ့ စာလုံးလေးရဲ့ အနောက်မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်ဗျာ။googletalk.exe'' နဲ့ /nomutex ရဲ့ ကြားမှာ Space Bar တစ်ချက်ခြားဖို့ မမေ့ပါနဲ့နော်။

"C:\Program Files\Google\Google Talk\googletalk.exe" /nomutex လေးဖြည့်ရေးပေးရုံပါပဲ။


အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။ပြီးရင် Apply ဆိုတာလေးကို နှိပ်ပြီး Ok လိုက်ကြပေါ့ဗျာ။ဒါဆိုရင် သူငယ်ချင်းတွေ လိုချင်တဲ့ Gtalk Account နှစ်ခု ဖွင့်လို့ရသွားကြပြီပေါ့ဗျာ။အယ် မှားလို့ နှစ်ခု မဟုတ်ဘူးနော်။အများကြီး ဖွင့်လို့ရသွားပြီပေါ့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး မရှင်းတာ ဘာရှိသေးလဲဗျာ။မရှင်းရင်လဲ Cbox လေးမှာ ဖြစ်ဖြစ် Comments ပေးထားလို့ရပါပြီဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ လက်ဆင့်ကမ်းပေးကြပါဦးနော်။ပင်လယ်သမုဒ္ဒရာရေ ဆိုတာ တစ်ယောက်တည်းသောက်လို့မှ မကုန်တာပဲနော်။မဟုတ်ဘူးလားဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် နေမကောင်းရင်း Post တင်ရကျိုးနပ်ပါပြီဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                         (Yekyawphyo)

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -