မိမိ Web Site မှာ ရိုးရှင်းဆုံးနဲ့ အလှပဆုံးနာရီလေးတစ်လုံး ချိတ်ဆွဲထားပြီး သုံးစွဲချင်တဲ့သူတွေ အတွက်ပါ။
Posted by : Ye Kyaw Phyo
Saturday, January 14, 2012
ကျွန်တော့ IT Bank Site လေးမှာ Post တွေရေးဖို့ တော်တော်ကင်းဝေးနေတာကြာပါပြီဗျာ။အဲ့ဒီ အတွက် ကျွန်တော့ ဆိုဒ်လေးကို အားပေးနေကြတဲ့ စာဖတ်ပရိတ်သတ်သူငယ်ချင်းတွေ အတွက်ကို ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် နေမကောင်းလို့ကော အလုပ်တွေ မအားလို့ကော စတဲ့ အကြောင်းကိစ္စလေးတွေနဲ့မို့ Post တွေ မတင်ဖြစ်သွားတာပါဗျာ။အခုတော့ ကျွန်တော်နေကောင်းသွားပြီမို့ ကျွန်တော်လေ့လာထားသမျှပညာလေးတွေကို သူငယ်ချင်းတွေ အတွက် မျှဝေပေးတော့မှာဖြစ်ပါတယ်ဗျာ။အခုတော့ ကျွန်တော်တို့ Web Development သမားတွေအတွက် မိမိဝက်ဆိုဒ်လေးမှာ အရိုးရင်းဆုံးနဲ့ နာရီလန်းလန်းလေး အသုံးပြုချင်တဲ့ သူတွေအတွက်ပေါ့ဗျာ။နာရီ ပုံလေးက အောက်မှာ ပြထားတဲ့ ဓာတ်ပုံလေးအတိုင်းပေါ့။ကျွန်တော့ မိမိ ၀က်ဆိုဒ်မှာလဲ ဆင်ထားပါတယ်ဗျာ။ အရင်ဦးဆုံး ဆင်ကြည့်လိုက်ပါ။မကြိုက်မှ ပြန်ဖြုတ်ပေါ့ ဟုတ်လား။ကြိုက်ရင်တော့ Comments လေးတွေပေးပြီး ဝေဖန်အကြံပေးနိုင်ပါတယ်နော်။
ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ အပေါ်က Code လေးကတော့ မိမိရဲ့ ၀က်ဆိုဒ်နောက်ခံ Background အဖြူရောင်နဲ့ အသုံးပြုထားတဲ့ သူတွေ အတွက် Code လေးပေါ့။အောက်က Code လေးကတော့ မိမိတို့ ၀က်ဆိုဒ်ရဲ့နောက်ခံ Background ဟာအနက်ရောင်နဲ့ အသုံးပြုထားတဲ့ သူတွေ အတွက် Code လေးပေါ့ဗျာ။
ကျွန်တော်တို့ Blogger မှာ အသုံးပြုပုံလေးကတော့ www.blogger.com ကို Sign In ၀င်လိုက်ပါ။
1.Design
2.Page Elements
3.Add A Gadget
4.Html/Javascript ထည့်ကို ကူးထည့်ပြီး Save လိုက်ယုံပါပဲဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး ဒီလောက်ဆိုရင် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Html/Javascript အလုပ်လုပ်တဲ့ နေရာတိုင်း အသုံးပြုလို့ရပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြမယ် ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။သူငယ်ချင်းတွေရဲ့ ဝေဖန်အကြံပေးချက်လေးတွေဟာ ကျွန်တော့အတွက်အားဆေးကောင်းတစ်ခွက်ဖြစ်စေမှာပါ။
ကြိုးစားလျက်....!
(Yekyawphyo)

Related Posts :
- Back to Home »
- (Blogger Help) , (Javascript) , (Web နဲ့ပတ်သတ်သမျှ) , (နည်းပညာ) »
- မိမိ Web Site မှာ ရိုးရှင်းဆုံးနဲ့ အလှပဆုံးနာရီလေးတစ်လုံး ချိတ်ဆွဲထားပြီး သုံးစွဲချင်တဲ့သူတွေ အတွက်ပါ။