Posted by : Ye Kyaw Phyo
Wednesday, January 25, 2012
ကျွန်တော် အခုတင်ပြောပြမဲ့ Post လေးကတော့ မိမိ ကွန်ပျူတာရဲ့ နောက်ခံ Background Theme လေးကို ပြောင်းလို့မရပဲ မိမိ ကြိုက်တဲ့ Theme လေးနဲ့ပဲ ထားစေချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။ဒီ လုပ်နည်းလေးကတော့ ဘာ Software လေးမှ မလိုအပ်ပါဘူးဗျာ။မိမိ ဘာသာ အလွယ်တကူပြုလုပ်လို့ရနိုင်တဲ့ လုပ်နည်းလေးပါဗျာ။ကဲ ကျွန်တော် ပြောပြပါ့မယ်ဗျာ။အရင် ဦးဆုံး ကျွန်တော်တို့က Windows+R ကို နှိပ်လိုက်ပါ။Run Box လေးကျလာရင် အဲ့ဒီ Box လေးထဲမှာ regedit လို့ စာလေးရိုက်ပြီး Ok လိုက်ပါ။အောက်ကပုံ လေးအတိုင်းပေါ့ဗျာ။
ပြီးရင်တော့ ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ စာလေးတွေရဲ့ ဖိုင်ပတ်လမ်းလေးတွေ အတိုင်းသွားပြီး အစီအစဉ်လေး တကျလုပ်ပေးလိုက်ရုံပါပဲဗျာ။အပေါ်က ပုံလေးအတိုင်း လုပ်ပေးလို့ ပြီးသွားရင်တော့ Registry Editor ဆိုတဲ့ Box အကြီးလေး တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ဆက်ပြီးလုပ်သွားရမဲ့ ပုံကို အောက်မှာ စာလေးနဲ့ အစီအစဉ်တကျရေးထားပါတယ်ဗျာ။
ပြီးရင် Ok လုပ်လိုက်ပြိး မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ပြန်ပွင့်လာရင် မိမိ ကွန်ပျူတာရဲ့ နောက်ခံ Theme ကို တခြား Theme တွေ ပြောင်းလို့မရပဲ အရင် Theme ပဲ ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
အဲ့ဒီ Theme ကြီးပဲ ကြည့်နေရလို့ ငြီးငွေ့သွားပြီ ဆိုရင်လဲ ခုနကျွန်တော်တို့ ပေးထားတဲ့ နေရာမှာ NoThemesTab ဆိုတဲ့ နေရာလေးက ဖိုင်လေးကို Right Click ထောက် Delete ပေးလိုက်ပြီး မိမိ စက်လေးကို Restart ပြန်ချလိုက်ပါ။ဒါဆိုရင် အရင် အတိုင်လေး မိမိ ကွန်ပျူတာဟာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာ အသုံးတည့်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် သူငယ်ချင်းတွေ အရှင်းဆုံး နားလည်လွယ်အောင် စာနဲ့ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ပြီးရင်တော့ ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ စာလေးတွေရဲ့ ဖိုင်ပတ်လမ်းလေးတွေ အတိုင်းသွားပြီး အစီအစဉ်လေး တကျလုပ်ပေးလိုက်ရုံပါပဲဗျာ။အပေါ်က ပုံလေးအတိုင်း လုပ်ပေးလို့ ပြီးသွားရင်တော့ Registry Editor ဆိုတဲ့ Box အကြီးလေး တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ဆက်ပြီးလုပ်သွားရမဲ့ ပုံကို အောက်မှာ စာလေးနဲ့ အစီအစဉ်တကျရေးထားပါတယ်ဗျာ။
HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer
Explorer ဆိုတဲ့ နေရာလေးထိ ရောက်ပြီးသွားပြီဆိုရင်တော့ ညာဘက်ဘေးက Name , Type , Data ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့က Mouse ကို Right Click ထောက်လိုက်ပါက New ဆိုတဲ့နေရာလေးဘေးက မြှားလေးကို ထောက်လိုက်ပါက DWORD (32-bit) Value ကိုရွှေးပါ။ဒါဟာကျွန်တော်တို့ 32 Bits သမားတွေအတွက်ပေါ့ဗျာ။64 Bits သမားတွေအတွက်ကျတော့ QWORD (64-bit) Value ကို Click လိုက်ပေါ့။အဲ့ဒီ နေရာမှာ ကျွန်တော်တို့က လိုအပ်တဲ့ စာလေးရေးရပါဦးမယ်။အဲ့ဒီ Value Name နေရာလေးမှာ ကျွန်တော်တို့က ``NoThemesTab´´ ဟုပေးလိုက်ပါ။ပြီးရင် Value Data ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့က 1 လို့ ပေးထားရပါမယ်။အဆင်မပြေရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။ပြီးရင် Ok လုပ်လိုက်ပြိး မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ပြန်ပွင့်လာရင် မိမိ ကွန်ပျူတာရဲ့ နောက်ခံ Theme ကို တခြား Theme တွေ ပြောင်းလို့မရပဲ အရင် Theme ပဲ ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
အဲ့ဒီ Theme ကြီးပဲ ကြည့်နေရလို့ ငြီးငွေ့သွားပြီ ဆိုရင်လဲ ခုနကျွန်တော်တို့ ပေးထားတဲ့ နေရာမှာ NoThemesTab ဆိုတဲ့ နေရာလေးက ဖိုင်လေးကို Right Click ထောက် Delete ပေးလိုက်ပြီး မိမိ စက်လေးကို Restart ပြန်ချလိုက်ပါ။ဒါဆိုရင် အရင် အတိုင်လေး မိမိ ကွန်ပျူတာဟာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာ အသုံးတည့်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် သူငယ်ချင်းတွေ အရှင်းဆုံး နားလည်လွယ်အောင် စာနဲ့ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
Related Posts :
- Back to Home »
- (Registry) , (Windows 7) , (Windows Theme) , (နည်းပညာ) »
- Windows 7 တွင် မိမိစိတ်ကြိုက် Theme ကိုသူများ ပြောင်းလို့မရအောင် ပိတ်ထားချင်တဲ့သူတွေ အတွက်ပါ။