Archive for February 2012
Web Development သမားတွေနဲ့ မိမိ File တွေကို Online မှာ ပိုက်ဆံပေးစရာမလိုပဲ အလွယ်တကူ သိမ်းထားချင်တဲ့သူတွေ အတွက်ပါ။
Tuesday, February 28, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ Web Development သမားတွေ အတွက် Image , Audio , Video , Document File တွေ ကိုအလကား ပိုက်ဆံပေးစရာမလိုတဲ့ Hosting လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။လူတော်တော်များများတော့ ဒီ Site လေးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။အဲ့ဒီ Site လေးမှာ File တွေကို သိမ်းပြီး မိမိ File တွေ ကို သူငယ်ချင်းတွေ ဆီလဲ ပြန် Share ပေးလို့ရပါတယ်ဗျာ။သူရဲ့ စွမ်းဆောင်ချက်တွေ ကတော့ File တွေကို အလွယ်တကူ Upload လုပ်နိုင်ခြင်း Download ဆွဲရင်လဲ လျှင်မြန်လွယ်ကူစွာ ဆွဲနိုင်ခြင်းတို့ ဖြစ်ပါတယ်ဗျာ။လိုချင်တဲ့ သူတွေ ကတော့ အမြန်ဆုံးသာ Register(Sign Up) လုပ်လိုက်ကြတော့ဗျာ။ကျွန်တော် အောက်မှာ အဲ့ဒီ Site လေးရဲ့ လိပ်စာ ရေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါနော်။
http://www.ziddu.com
ကဲ သူငယ်ချင်းတွေ အားလုံး Mail မှာ Attach ဆွဲလို့ကြာနေတဲ့ အခါ ကျွန်တော် ပြောတဲ့ ဒီ File Hosting လေးကို အသုံးပြုဖို့သွားသတိရလိုက်ပါနော်။ဒီ Site လေးက Mail မှာတွဲလို့မရတဲ့ File Size ကြီးတဲ့ Attach File တွေကိုလဲ အဲ့ဒီ Site လေးမှာ အလွယ်တကူ တင်ပြီး သိမ်းထားလို့ရပါတယ်ဗျာ။ကဲ....သူငယ်ချင်းတွေ ဘယ်လောက် အဆင်ပြေလိုက်သလဲ ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အိမ်တိုင်းလိုလိုမှာ အသုံးပြုလေ့ ရှိကြတဲ့ မီးဖိုချောင်သုံး ကြက်သွန်ဖြူဥရဲ့ ဆေးဘက်ဝင်ပုံလေးကို ကျွန်တော် ဖတ်ထားသလောက်လေး သူငယ်ချင်းတွေကို ကျန်းမာရေးဗဟုသုတလေး မျှဝေပေးပါရစေလားဗျာ။ကျွန်တော် အလုပ်တွေ မအားတာနဲ့ ကျွန်တော့ IT Bank လေးမှာ Post တော်တော်များများမရေးဖြစ် ဖြစ်နေပါတယ်ဗျာ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးရဲ့ စာဖတ်ပရိသတ်တွေ အားလုံးကို တောင်းပန်ပါရစေဗျာ။IT Bank လေးမှာက ကျွန်တော် တစ်ယောက်တည်း ရုန်းနေရတာဆိုတော့ တစ်ခါတစ်လေ Post တစ်ခု တင်ရင် အချိန်တော်တော်ပေးရတယ်ဗျ။အဲ့ဒါ ကို သိတဲ့ သူတွေဆို နားလည်လောက်မှာပါဗျာ။ကဲ ထားပါဗျာ။ကျွန်တော် လေကြောရှည်နေမိပြီဗျာ။လိုရင်း မရောက်နိုင်ဘူး ဖြစ်သွားတယ်ဗျာ။ဟဲ.....ဟဲ ထားပါတော့။ကျွန်တော် ပြောပြမယ်နော်။ကြက်သွန်ဖြူဥ ကိုစားသုံးခြင်းဖြင့် သင့်ကျန်းမာရေး ဘယ်လို အကျိုးရှိတယ်ဆိုတာကို ဖတ်ဖြစ်အောင် ဖတ်သွားလိုက်ပါနော်။ကြက်သွန်ဖြူစားသုံးခြင်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့
သိပြီးကြမှာပါ။ ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း---
ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။
ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက်
ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။
ကင်ဆာရောဂါ သက်သာစေခြင်း---
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို
ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁၀-မိနစ်လောက်ထားတာဟာ
ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့
ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။
အရွယ်တင် ရုပ်နုပျိုစေခြင်း---
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့်
အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့်
ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊
အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။
အအေးမိရောဂါ သက်သာစေခြင်း---
နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ
ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့
ကြက်သွန်ဖြူနှစ်မြွာကို ၂၅-စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး
အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက
ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို
တွန်းလှန်နိုင်ပါတယ်။
ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း---
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။
ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး
တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ
သက်သာစေပါတယ်။
ဝမ်းကိုက်ဝမ်းနာတို့ကို သက်သာပျောက်ကင်းစေခြင်း....
ကျွန်တော် ငယ်ငယ်တည်းကဆို ၀မ်းကိုက်တုန်းကဆို မေမေ က ကြက်သွန်ဖြူဥတစ်လုံး သေးသေးလေးကို ထိပ်ဖြတ် မီးဖုတ်ပြီး ပရဆေးဆိုင်မှာ ဆေးဝါးအဖြစ်ရောင်းချတဲ့ ဘိန်းမဲအမှုန့်လေးနဲ့ ရောပြီး ကျွေးတာပေါ့။ပြီးတာနဲ့ မူးပြီး အိပ်ပျော်သွား ပြန်နိုးလာတော့ ၀မ်းကိုက်တာ သက်သာသွားရောဗျာ။အဲ့ဒါ ကျွန်တော်ကိုယ်တိုင် လက်တွေ့မို့လို့ပြောတာနော်။ကဲ....အဲ့လောက်ဆိုရင် ကျွန်တော် ဖတ်ထားသလောက်လေး ကောကျွန်တော့ လက်တွေ့ကော သိသွားလောက်ပြီ ထင်တယ်နော်။ဒါဆို ကြက်သွန်ဖြူ ဟာ သင့်ကျန်းမာရေးအတွက် အကျိုးရှိပုံကို ဗဟုသုတ အနေနဲ့ကော IT Bank Site လေးရဲ့ စာဖတ်ပရိသတ်တွေ အတွက် တင်ပြလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးလဲ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အမှတ်ရစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ နိုင်ငံခေါင်းဆောင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရ ပိုက်ဆံပုံလေးတွေကို သူငယ်ချင်းတွေ သတိတရနဲ့ ဖြစ်အောင် တင်ပေးလိုက်ပါတယ်ဗျာ။နောင်လာနောက်သားတွေလဲ ဗဟုသုတရအောင်လို့ ပါ။ဒီ ပိုက်ဆံပုံလေးတွေက တော်တော် နှစ်တွေကြာခဲ့ပါပြီဗျာ။မသိသေးတဲ့ သူငယ်ချင်းတွေ ရှိနေသေးရင်လဲ ဗဟုသုတအနေနဲ့ အောက်မှာ ကြည့်သွားလိုက်ပါနော်။ကျွန်တော် ဒီပုံလေးတွေကို ရထားတာတော့ ကြာပါပြီဗျာ။အခု မှ အားလို့ တင်ပေးလိုက်ရတာပါဗျာ။နောက်ကျသွားရင် ဒီ Post လေးတင်ရင်းနဲ့ ပဲ တောင်းပန်ပါရစေဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံး ဗိုလ်ချုပ်အောင်ဆန်းလို နှလုံးသားလေးတွေ လှနိုင်ကြပြီး စည်းကမ်းလေးတွေ ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော့ရဲ့ IT Bank Site လေးကို လာလည်ရင်း နည်းပညာဗဟုသုတလေးကော ကျန်းမာရေး ဗဟုသုတလေးကော တခြား ဗဟုသုတလေးတွေပါ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံး ဗိုလ်ချုပ်အောင်ဆန်းလို နှလုံးသားလေးတွေ လှနိုင်ကြပြီး စည်းကမ်းလေးတွေ ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော့ရဲ့ IT Bank Site လေးကို လာလည်ရင်း နည်းပညာဗဟုသုတလေးကော ကျန်းမာရေး ဗဟုသုတလေးကော တခြား ဗဟုသုတလေးတွေပါ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
Web Site တွေဖွင့်လိုက်ရင် ``Bad Request Error 400´´ ဆိုပြီး ပေါ်နေလို့ စိတ်ညစ်နေသူများအတွက် ဖြေရှင်းနည်းလေးပါ။
Posted by Ye Kyaw Phyo
ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့တွေ နေ့စဉ်သုံးလေ့ရှိတဲ့ Mozilla စတဲ့ Internet Browser မှာ ကိုယ်အမြဲဖွင့်ကြည့်လေ့ ရှိတဲ့ Web Site တစ်ခုခုပေါ့။တစ်ခါတစ်လေ ဖွင့်ကြည့်လို့မရပဲ Bad Request Error 400 ဆိုပြီးပြတက်ကြတာ တွေ့ဖူးကြပါလိမ့်မယ်။အဲ့ဒီ အခါ ကျွန်တော်တို့က ကိုယ်ဖွင့်ကြည့်တဲ့ Web Site လိပ်စာလေးက Hack ခံရတာလား။ဒါမှ မဟုတ် ပိုင်ရှင် က ဖြတ်သိမ်းလိုက်လို့ ကြည့်မရတာလားပေါ့ တစ်ခါတစ်လေ ကိုယ့်စိတ်က ထင်ယောင်ထင်မှားဖြစ်တက်ပါတယ်ဗျာ။အဲ့ဒီအခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်ဗျာ။အဲ့ဒီလို စိတ်မညစ်ရအောင် ဖြေရှင်းနည်းလေးကို ကျွန်တော်က အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို ကျွန်တော် တက်သလောက်လေး သူငယ်ချင်းတွေကို ပုံနဲ့ကော စာလေးနဲ့ပါ မျှဝေပေးပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး နားလည်သဘောပေါက်ကျလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ...... စ လိုက်ရအောင် ဗျာ။အောက်မှာ တစ်ဆင့်ချင်းသွားလိုက်ပါနော်။
အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။အဲ့ပုံ မြင်လိုက်ရင် အားမငယ်ရဘူးနော်။ဆက်ကြစို့ဗျာ။
ဒီပုံက Mozilla မှာ အသုံးပြုတဲ့ပုံလေးပေါ့ဗျာ။အရင်ဦးဆုံး Options ကိုသွားလိုက်ပါ။ပြီးရင် Privacy ဆိုတဲ့ Tab Bar လေးကို သွားလိုက်ပါပြီးရင် ဘာလုပ်ရမလဲ ဆိုတာ အောက်ကပုံလေးမှာ ကြည့်လိုက်ပါနော်။
Clear Your Recent History ဆိုတဲ့ နေရာကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းဆက်လက်မြင်နေရမှာ ဖြစ်ပါတယ်ဗျာ။
Clear Now ဆိုတာလေးကို Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး ကို ဆက်ကြည့်ပြီး လက်လုပ်လိုက်ပါဦးနော်။
Remove Individual Cookies ဆိုတဲ့ စာတန်းလေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်လေ့လာသွားလိုက်ပါ။
ကျွန်တော် ၀ိုင်းပြထားတဲ့ Remove Cookie ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင် Close နှိပ်လိုက်ပါ။ဒါဆိုရင် ခုနက သူငယ်ချင်းတွေ ဖြစ်နေတဲ့ စိတ်ညစ်စရာ Bad Request Error 400 ဆိုတဲ့ စာတန်းကြီး မဖြစ်တော့ပဲ အလွယ်တကူအသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ နားလည်လွယ်အောင်လဲ ရှင်းပြထားပေးထားပါတယ်ဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးနဲ့ မိတ်ဆက်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ဒီပုံက Mozilla မှာ အသုံးပြုတဲ့ပုံလေးပေါ့ဗျာ။အရင်ဦးဆုံး Options ကိုသွားလိုက်ပါ။ပြီးရင် Privacy ဆိုတဲ့ Tab Bar လေးကို သွားလိုက်ပါပြီးရင် ဘာလုပ်ရမလဲ ဆိုတာ အောက်ကပုံလေးမှာ ကြည့်လိုက်ပါနော်။
Clear Your Recent History ဆိုတဲ့ နေရာကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းဆက်လက်မြင်နေရမှာ ဖြစ်ပါတယ်ဗျာ။
Clear Now ဆိုတာလေးကို Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး ကို ဆက်ကြည့်ပြီး လက်လုပ်လိုက်ပါဦးနော်။
Remove Individual Cookies ဆိုတဲ့ စာတန်းလေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်လေ့လာသွားလိုက်ပါ။
ကျွန်တော် ၀ိုင်းပြထားတဲ့ Remove Cookie ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင် Close နှိပ်လိုက်ပါ။ဒါဆိုရင် ခုနက သူငယ်ချင်းတွေ ဖြစ်နေတဲ့ စိတ်ညစ်စရာ Bad Request Error 400 ဆိုတဲ့ စာတန်းကြီး မဖြစ်တော့ပဲ အလွယ်တကူအသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ နားလည်လွယ်အောင်လဲ ရှင်းပြထားပေးထားပါတယ်ဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးနဲ့ မိတ်ဆက်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အတွက် Internet Download Manger 6.09 Final Version လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အရင် Update ဖြစ်တဲ့ Software တွေထက်စာရင်တော့ ကောင်းတာပေါ့ဗျာ။ကျွန်တော် ဒီအထဲမှာ Patch ဖိုင်လေးပါ ထည့်သွင်းပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေအောင်လို့ပေါ။အသုံးပြုပုံလေးတွေကို မပြောပြဘူးနော်။သူငယ်ချင်းတွေ အားလုံး လဲသိပြီးသားတွေ ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။လိုချင်ရင် အောက်က Link လေးမှာ Download သွားယူလိုက်ပါနော်။
ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်ပြေရင် တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank လေးကို မိတ်ဆက်ပေးကြပါဦးနော်။
ကြိုးစားလျက်.....!
(Yekyawphyo)
သိစိတ်ကမေ့လိုက်ချင်ပေမယ့်
မသိစိတ်ကမေ့မရခဲ့ဘူး
ဘာမှန်းရေရေရာရာမသိတဲ့
ဒွိဟစိတ်နစ်ခုကြား
ငါ့နလုံးသား နာကျင်မူတွေ
လည်ပြန်ရရှိခဲ့ပေါ့.....။
နိုးတစ်ဝက်နဲ့ နာမည်လေးညည်းမိတဲ့အထိ
စွဲလမ်းခဲ့မိတော့
ရူးမတက်ပေါ့ ကောင်လေး၇ယ်
မတန်မှန်းသိပေမယ့်
တုံးခုလို့ လက်လှမ်းချင်ခဲ့မိတယ်.....။
နင်နဲ့ငါ့ကို ဆုံစည်းစေတဲ့
ကံကြမ္မာကို နာကျည်းစွာ
အပြစ်တင်မိတယ်
မေ့လို့လည်းမရ
မုန်းဖို့လည်းမဖြစ်
ချစ်ဖို့လည်းမမှီနိုင်တဲ့ဘ၀ကြီး
ပွင့်လင်းလွန်းတဲ့ငါ အေးစက်လွန်းတဲ့နင်
ဘ၀တွေက မဆုံနိုင်တဲ့မျဉ်းနစ်ကြောင်းလို ပဲ
ကမ္ဘာကြီးရဲ့ နိယာမကြားလူးလွန့်နေခဲ့တော့
မောပန်းလွန်းလို့ ထွက်သွားချင်မိပြီ
ငါမရှိမှနင်ပျော်မယ့်ဘ၀မို့
ငါ ကျေကျေနပ်နပ်ကြီးထွက်သွားလိုက် ပါပြီ
နင်ပျော်ပါစေတော့
ဟိုး ဝေးဝေးကငါ.....................
ကြိုးစားလျက်........!
(ခေတ်ဆူးငယ်)
မသိစိတ်ကမေ့မရခဲ့ဘူး
ဘာမှန်းရေရေရာရာမသိတဲ့
ဒွိဟစိတ်နစ်ခုကြား
ငါ့နလုံးသား နာကျင်မူတွေ
လည်ပြန်ရရှိခဲ့ပေါ့.....။
နိုးတစ်ဝက်နဲ့ နာမည်လေးညည်းမိတဲ့အထိ
စွဲလမ်းခဲ့မိတော့
ရူးမတက်ပေါ့ ကောင်လေး၇ယ်
မတန်မှန်းသိပေမယ့်
တုံးခုလို့ လက်လှမ်းချင်ခဲ့မိတယ်.....။
နင်နဲ့ငါ့ကို ဆုံစည်းစေတဲ့
ကံကြမ္မာကို နာကျည်းစွာ
အပြစ်တင်မိတယ်
မေ့လို့လည်းမရ
မုန်းဖို့လည်းမဖြစ်
ချစ်ဖို့လည်းမမှီနိုင်တဲ့ဘ၀ကြီး
ပွင့်လင်းလွန်းတဲ့ငါ အေးစက်လွန်းတဲ့နင်
ဘ၀တွေက မဆုံနိုင်တဲ့မျဉ်းနစ်ကြောင်းလို
ကမ္ဘာကြီးရဲ့ နိယာမကြားလူးလွန့်နေခဲ့တော့
မောပန်းလွန်းလို့ ထွက်သွားချင်မိပြီ
ငါမရှိမှနင်ပျော်မယ့်ဘ၀မို့
ငါ ကျေကျေနပ်နပ်ကြီးထွက်သွားလိုက်
နင်ပျော်ပါစေတော့
ဟိုး ဝေးဝေးကငါ.....................
ကြိုးစားလျက်........!
(ခေတ်ဆူးငယ်)
ရင်ထဲကမပါပေမယ့်
အသည်းနာပါတယ်
ပြောချင်တာကတစ်ခု
ပြောခဲ့တာကတစ်ခုနဲ့
သံသရာတွေရှည်ပါတယ်
သူငယ်ချင်းရယ်........။
ငါ့ရင်ထဲကို နင်ဘယ်လိုမြင်နိုင်မှာလဲ
အပြောမတက်တဲ့ ငါ့အကျင့်ကြောင့်
ဝေးရမှာလား
မခေါ်တာကြာပြီပေါ့အ
ခုထွက်သွား မလာနဲ့ မမြင်ချင်ဘူး
ပြောနေပေမယ့်
ငါ့ရင်ထဲမှာတော့ ဆန့်ကျင်ဘက်ပါ
သူငယ်ချင်းရယ်
ငါ့ရင်ထဲက တိတ်တခိုးတွေကို
နင်မြင်လှည့်စမ်းပါ
လွပ်လပ် ပွင့်လင်းစွာ ပြောတက်တဲ့ငါ
နင်နဲ့ကျမှငါကွယ်ဝှက်တက်ခဲ့
တကယ်ဆိုတိတ်တခိုးဘ၀ကို
ငါကြောကိတက်ခဲ့ပြီလေ
ငါမဖွင့်ဘဲနဲ့ ငါ့ရင်ထဲက
တိတ်တခိုးတွေကို
နင်မြင်နိုင်ရင်သိပ်မှာ
မိန်းမသားဆန်စွာ
သိသွားမှာကိုလည်းစိုးထိတ်ပါရဲ့
မချစ်နိုင်မှာကိုလည်း
သိရက်နဲ့ ရူးမိုက်စွာငါရှေ့ဆက်တိုးနေမိ တယ်
ရဲဝံတက်ကြွ တဲ့မိန်းမတစ်ယောက်ရဲ့
အချစ်ကြောင့်အရူံးက
ဒါပဲလေ~~~
အရင်ကပျော်၇ွှင်ခဲ့တဲ့ငါ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးကု န်တာ
ငါ့ကိုငါတောင်မသိလိုက်ရပါလား
တကယ်တမ်းတော့
နင်နဲ့ငါသူငယ်ချင်းပဲလေ........ ။
တစ်ယောက်သောသူမြင်နိုင်ပါစေေ လ......။
ကြိုးစားလျက်.....!
(ခေတ်ဆူးငယ်)
အသည်းနာပါတယ်
ပြောချင်တာကတစ်ခု
ပြောခဲ့တာကတစ်ခုနဲ့
သံသရာတွေရှည်ပါတယ်
သူငယ်ချင်းရယ်........။
ငါ့ရင်ထဲကို နင်ဘယ်လိုမြင်နိုင်မှာလဲ
အပြောမတက်တဲ့ ငါ့အကျင့်ကြောင့်
ဝေးရမှာလား
မခေါ်တာကြာပြီပေါ့အ
ခုထွက်သွား မလာနဲ့ မမြင်ချင်ဘူး
ပြောနေပေမယ့်
ငါ့ရင်ထဲမှာတော့ ဆန့်ကျင်ဘက်ပါ
သူငယ်ချင်းရယ်
ငါ့ရင်ထဲက တိတ်တခိုးတွေကို
နင်မြင်လှည့်စမ်းပါ
လွပ်လပ် ပွင့်လင်းစွာ ပြောတက်တဲ့ငါ
နင်နဲ့ကျမှငါကွယ်ဝှက်တက်ခဲ့
တကယ်ဆိုတိတ်တခိုးဘ၀ကို
ငါကြောကိတက်ခဲ့ပြီလေ
ငါမဖွင့်ဘဲနဲ့ ငါ့ရင်ထဲက
တိတ်တခိုးတွေကို
နင်မြင်နိုင်ရင်သိပ်မှာ
မိန်းမသားဆန်စွာ
သိသွားမှာကိုလည်းစိုးထိတ်ပါရဲ့
မချစ်နိုင်မှာကိုလည်း
သိရက်နဲ့ ရူးမိုက်စွာငါရှေ့ဆက်တိုးနေမိ
ရဲဝံတက်ကြွ တဲ့မိန်းမတစ်ယောက်ရဲ့
အချစ်ကြောင့်အရူံးက
ဒါပဲလေ~~~
အရင်ကပျော်၇ွှင်ခဲ့တဲ့ငါ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးကု
ငါ့ကိုငါတောင်မသိလိုက်ရပါလား
တကယ်တမ်းတော့
နင်နဲ့ငါသူငယ်ချင်းပဲလေ........
တစ်ယောက်သောသူမြင်နိုင်ပါစေေ
ကြိုးစားလျက်.....!
(ခေတ်ဆူးငယ်)
Photoshop ကို အခြေခံကနေစပြီး ကျွမ်းကျင်နီးပါးအဆင့်ထိ သင်ကြားချင်တဲ့သူတွေ အတွက် E-Book လေးပါ။
Friday, February 17, 2012
Posted by Ye Kyaw Phyo
ကျွန်တော် အလုပ်တွေမအားတာနဲ့ ကျွန်တော့ IT Bank Site လေးနဲ့ ဝေးနေတာ ကြာပါပြီ။ အခုတော့ ကျွန်တော် အလုပ်လေး နဲနဲ အားနေတာနဲ့ သူငယ်ချင်း ညီလေး isoelay89@gmail.com က တောင်းထားတဲ့ Photoshop နဲ့ ဆိုင်တဲ့ E-Book လေးတင်ပေးပါဆိုလို့ ကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာ။Photoshop ကို အခြေခံ(Basic) ကနေစပြီး ကျွမ်းကျင်အဆင့်(Professional) လောက်နီးပါး နားလည်အောင် ရေးပေးထားတဲ့ E-Book လေးပေါ့ဗျာ။ကျွန်တော် ဒီ E-Book လေးကို တင်ချင်နေတာ ကြာပါပြီဗျာ။Connection မကောင်းလို့ ကောင်းတဲ့ အချိန်လေးစောင့်ပြီး တင်နေရတာပါ။အခု ဒီ E-Book လေးကို တင်တာတောင် ကျွန်တော်မှာ 1း00 လောက်စောင့်လိုက်ရတယ်လေ။ကဲ ဒီလောက်ဆိုရင် IT Bank Site လေးကို ရေးတဲ့ ကျွန်တော်ဟာ ဘယ်နိုင်ငံ သားလဲဆိုတာ သိလောက်င်္ပြီပေါ့နော်။32.6 MB လောက်ရှိတဲ့ ဖိုင်လေးကို တင်တာ ဘယ်လိုမှ တင်လို့မရလို့ အခု Download ဆွဲရတာ အဆင်ပြေအောင်လို့ နှစ်ပိုင်းခွဲပြီး တင်ပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ကဲ ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံး ကျွန်တော်ပေးတဲ့ Photoshop Lesson E-Book လေးကို ဖတ်ပြီး အောင်မြင်တဲ့ Designer သမားများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ လိုချင်ရင် ကျွန်တော် အောက်မှာ Download Link လေးကို နှစ်ခုခွဲပေးထားပါတယ်ဗျာ။သွားယူလိုက်ပါနော်။Download Link များသေနေခဲ့ရင် Comment ပေးထားခဲ့ကြပါနော်။
Photoshop Lesson Part(1) ဒီ Link လေးမှာ Download ယူလိုက်ပါနော်။
Photoshop Lesson Part(2) ဒီ Link လေးမှာ Download ယူလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြမယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြား သူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)
ချွေးနံ့တွေ၊ ခံတွင်းနံ့တွေ နံလို့ စိတ်ညစ်နေပြီး အပြင်မထွက်ရဲတဲ့ သူတွေအတွက်ပါ။
Wednesday, February 15, 2012
Posted by Ye Kyaw Phyo
ဒီ တစ်ခါတော့ ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ သူငယ်ချင်းတွေအားလုံး အတွက် ကျန်းမာရေး အတွက် Post လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ယောကျာ်းလေး ဖြစ်စေ၊မိန်းကလေး ဖြစ်စေ ချိုင်းချွေးနံ့တွေ ထွက်လို့ ဘယ်မှ မထွက်ရဲတဲ့ သူတွေ အနံ့ဆိုးတွေ ထွက်နေတက်တဲ့ သူတွေအတွက်ပေါ့ဗျာ။
သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ :D ယူလိုက်နော်..။
Hygiene
- ချွေးနံ့မနံချင်ရင် ခံတွင်းနံ့မနံချင်ရင် တကိုယ်ရည်သန့်ရှင်းရေးကိုတော့ ဂရုစိုက်ရမှာပေါ့။
- သွားကို မနက်တကြိမ် ညတကြိမ် မှန်မှန်တိုက်၊ အစာစားပြီးတိုင်း ပလုတ်ကျင်းရင်တော့ ခံတွင်းက နံတာသက်သာသွားလိမ့်မယ်နော်။
- ချွေးနံ့တွေအတွက်ကတော့ နေ့တိုင်း ရေမှန်မှန်ချိုးပါ။
- ရေချိုးတယ်ဆိုရုံလေး ရေပဲချိုးလို့ မရသေးဘူး။
- ခန္ဓာကိုယ်က ချွေးတွေ ဂျီးတွေသန့်စင်ဖို့ သင့်တော်တဲ့ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ကိုလည်း သုံးပါ။
- ချွေးထွက်များတဲ့ နေရာတွေဖြစ်တဲ့ ရင်သားအောက်၊ ချိုင်းတွေ၊ ပေါင်ခြံတွေနဲ့ ခြေဖ၀ါး၊ ခြေချောင်းကြား တွေကို သေချာသန့်စင်ပေးဖို့ မမေ့နဲ့နော်။
- ပြီးတော့ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနေနိုင်တဲ့ ဂျိုင်းမွှေးတွေကိုလည်း ပုံမှန်ဖယ်ရှားပေးပါ။
Reduce Sweating
- ချွေးထွက်များတဲ့သူတွေဟာ ချွေးနံ့နံတယ်ဆိုတာမဆန်းပါဘူး။
- တကယ်လို့ သင်ချွေးထွက်များတာဟာ အားကစားလုပ်ပြီးချိန်တွေမှာပဲဆိုရင်တော့ မစိုးရိမ်နဲ့နော်။
- လူတိုင်းက အဲ့ဒီအချိန်ချွေးနံ့နံတာ သိပါတယ်။
- အားကစားတူတူလုပ်တဲ့သူတွေကြားမှာဆိုရင်တော့ သူများချွေးနံ့တွေနဲ့ ရောပြီး ကိုယ့်ချွေးနံ့က မသိသာနိုင်ဘူးလေ။ :D
- ချွေးထွက်တာက အလုပ်ကစိတ်ဖိစီးမှု၊ စာမေးပွဲကစိတ်ဖိစီးမှုတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။
- ချွေးထွက်အရမ်းများပြီး ချွေးနံ့နံတတ်သူတွေက ချွေးထွက်နည်းစေတဲ့ အယ်ကိုဟောမပါတဲ့ Antiperspirant Roll On တွေ သုံးပေးလို့ရတယ်နော်။
- ချွေးထွက်ခြင်းကိုအားပေးတဲ့ ရှုးရှုးရှဲရှဲ ပူပူလောင်လောင်အစားအစာတွေကိုတော့ ရှောင်ပေါ့။
- ပြီးတော့ ချွေးထွက်အရမ်းများတဲ့သူတွေဟာ ပွပွချောင်ချောင် ချည်သားလေးတွေ ၀တ်ပါ။
- တရက်ကို ရေ ၂ ကြိမ် ၃ ကြိမ် ချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။
- ရေချိုးတဲ့အခါ ချိုင်းကို ကျောက်ချဉ်နဲ့ ပွတ်ပေးတာ၊ ရေချိုးပြီးရင် ချိုင်းကို ထုံးရည်ကြည်လေး ပွတ်ပေးတာကလည်း ချိုင်းချွေးနံ့ သက်သာစေနိုင်တယ်နော်။
Keep Clothes Dry and Clean
- အ၀တ်အစားတွေကို နေ့တိုင်းမှန်မှန်လဲပါ။
- အတွင်းခံတွေကိုလည်း နေ့တိုင်း လျှော်ပေးရမယ်နော်။
- ပြီးတော့ အ၀တ်အစားတွေကို အ၀တ်တွေကိုချိတ်ဆွဲနိုင်တဲ့ ဗီရိုထဲမှာ ချိတ်ပြီးထားရင် အကောင်းဆုံးပဲနော်။
- အ၀တ်တွေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်တယ်လေ။
Wash Hand
- လက်ဆိုတာက ဟိုကိုင်ဒီကိုင်နဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နိုင်မှု အများဆုံးပဲလေ။
- လက်ကို ခဏခဏ ဆေးပေးပါ။
- တစ်နေ့ကို အနည်းဆုံး သုံးကြိမ် လေးကြိမ်လောက်တော့ လက်ဆေးသင့်တယ်နော်။
Choose Right Food
- ခံတွင်းနံ့တွေ ချွေးနံ့တွေနံတတ်ရင်တော့ စားချင်တာစားလို့ မရဘူးနော်။- အစားအစာကို ရွေးချယ်စားသုံးပါ။
- ချွေးနံ့ဟာ ခန္ဓာကိုယ်က အစာချေဖျက်ပြီး ထွက်လာတာတွေနဲ့ ဆိုင်တယ်လေ။
- အဲဒီတော့ ကိုယ့်ရဲ့ချွေးနံ့ဟာ ကိုယ်စားတဲ့စားစရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာပေါ့။
- ဒါကြောင့် ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို လျှော့စားရမယ်နော်။
- ပြီးတော့ ချွေးနံ့နံတတ်ရင်၊ ခံတွင်းနံ့နံတတ်ရင် စားတဲ့အစားအသောက်ထဲမှာ ဂျင်း၊ ကြက်သွန်ဖြူစတဲ့ အနံ့ပြင်းတာတွေကို ထည့်မစားပါနဲ့။
- အရမ်းစားချင်ရင် ညဘက်တွေလည်း အပြင်ထွက်စရာမရှိရင်တော့ ညစာမှာထည့်စားပေါ့နော့။
- မနေနိုင်လို့ လူရှေ့သူရှေ့စားမိသွားပြီဆိုရင်တော့ ခံတွင်းအနံ့ပျောက်အောင် ပီကေ၀ါးလို့ရတယ်။
- ပူရှိန်းသကြားလုံးလေးတွေနဲ့ ပါးစပ်ဖြန်းဆေးတွေ၊ ပလုပ်ကျင်းတဲ့ဆေးရည်တွေကိုလည်း အားကိုးလို့ရပါသေးတယ်။
- အဲဒီတော့ ချွေးနံ့ ခံတွင်းနံ့နံတတ်သူတွေက အသီး အရွက်တွေများများစား၊ ရေကိုလည်း များများသောက်ပေးနော်။
- ဒါဆိုရင် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်စေတဲ့အပြင် ၀မ်းချုပ်လို့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံတာကလည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်လေ။
- အော်.. ကျောက်ဖရုံယိုတို့ ရွှေဖရုံသီးတို့ စားရင်လည်း ချွေးနံ့သက်သာတယ်နော်။
Give Up Smoking
- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ပါတော့။
- ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေ အ၀တ်အစားပေါ်မှာ စွဲကျန်စေတယ်ဆိုတာကိုတော့ လူတိုင်းသိတာပဲ။
- ပြီးတော့ ခန္ဓာကိုယ်က အနံ့ကိုထိန်းချုပ်နိုင်တဲ့စနစ်တွေကိုလည်း ယိုယွင်းစေတယ်လေ။
- ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားနော်။
- ကိုယ်က ဆေးလိပ်အရမ်းစွဲနေလို့ ကိုယ်တိုင်ဖြတ်လို့ မရဘူးဆိုရင်တောင် ဆေးလိပ်ဖြတ်ပေးတဲ့နေရာတွေမှာ သွားဖြတ်လို့ရတာပဲလေ။
Consult with Doctor
- ဘယ်လိုပဲ ကြိုးစားပေမယ့် ခံတွင်းနံ့နံတုန်း ချွေးနံ့နံတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရတော့မှာပေါ့နော်။
ကဲ.. ဒီလောက်ဆိုရင်တော့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေအတွက် နဲနဲဖြစ်ဖြစ်အထောက်အကူဖြစ်မယ် ထင်ပါတယ်။ ကြိုးစားကြည့်အုံးနော် သူငယ်ချင်းတို့..။
From - Myanmar Health & Beauty Corner
ကြိုးစားလျက်......!
(Yekyawphyo)
အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲနက်တောက်ပြောင်ပြီး သန်စွမ်းတာကိုး။ ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ ဘရာဇီးတွေမှာတော့ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ရှိတယ်။ ဒါတွေက မျိုးရိုးလိုက်တာ ဟုတ်ဘူးနော်။ နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့ အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေရှိလဲဆိုတာကို ရင်းနှီး သလောက် ပြောပြမယ်နော်။
Itly
အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။
အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။
Greece
ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။
ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။
Poland
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။
India
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။
မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။
မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
Egypt
အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့ အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီး တိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး သွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။
အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့ အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီး တိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး သွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။
Australia
သြစတြေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင် ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။
Spain
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။
Jamaica
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။
Japan
ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့က ရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်း ရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊ အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ ရေညှိပါပဲ။
ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့က ရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်း ရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊ အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ ရေညှိပါပဲ။
Scotland
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။
Taiwan
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ နေလောင်တာကို အေးမြစေဖို့လည်း ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ နေလောင်တာကို အေးမြစေဖို့လည်း ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။
Turkey
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
France
ပြင်သစ်တွေရဲ့ သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးလို့ပါ။
ပြင်သစ်တွေရဲ့ သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးလို့ပါ။
Sweden
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ
အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ
အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။
Brazil
ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါ သဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့
ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း
ကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။
ကဲ … ဒီလောက်ဆိုရင် ကျွန်တော့ရဲ့သူငယ်ချင်းတွေ တော်တော်ဗဟုသုတ ရသွားလောက်ပြီ။ အတုယူလို့ရတဲ့နည်းလေးတွေကို အတုယူ အသုံးချပြီး နိုင်ငံပေါင်းစုံရဲ့ကိုယ်ပိုင်အလှလေးတွေကိုပါ ပိုင်ဆိုင်ပြီး မြန်မာတွေလည်း ကမ္ဘာ့အလှဆုံးတွေဖြစ်လာနိုင်တာပဲနော်။ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါ သဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့
ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း
ကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။
From-Myanmar Health & Beauty Corner
ကြိုးစားလျက်......!
(Yekyawphyo)
Phone ကို အချိန်ကြာမြင့်စွာပြောဆိုမှုနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ
Tuesday, February 14, 2012
Posted by Ye Kyaw Phyo
ကျွန်တော် အခုတင်ပြမဲ့ Post လေးကတော့ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ Phone ဆိုတာလဲ မရှိမဖြစ်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုပေါ့။အဲ့ဒီ ပစ္စည်းတစ်ခုရဲ့ ဆိုးကျိုးလေးတွေကို ကျွန်တော် ဖတ်ထားမိသမျှလေး ကျွန်တော့ It Bank Site လေးကို လာလည်တဲ့သူငယ်ချင်းတွေ အားလုံးအတွက် ကျန်းမာရေး ဗဟုသုတလေးတစ်ခု မျှဝေပေးပါရစေဗျာ။
၁. ကလေးများကို အရေးပေါ်ကိစ္စမှ တစ်ပါး အခြားကိစ္စများအတွက် လက်ကိုင်ဖုန်း အသုံးပြုခွင့် မပေးသင့်ပါ။ ကလေးများ၏ ဦးခေါင်းခွံသည်
လူကြီးများနှင့် စာလျှင် အလွန်းပါးလွှာပြီး ဦးနှောက်တွင်လည်း
လူကြီးထက်စာလျှင် အရည်ပါဝင်မှု ပိုမို များပြားသောကြောင့် လက်ကိုင်ဖုန်းမှ
ထုတ်လွှင့်သော လျှပ်စစ်လှိုင်းများမှာ ကလေးများ၏ ဦးနှောက်အတွင်းသို့
အလွယ်တကူ လျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ခြင်းကြောင့်
ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ပါသည်။ သင်၏ကလေးတွင်
လက်ကိုင်ဖုန်း ရှိနေပါကလည်း ၄င်း လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်တွင်
ထား၍ အိပ်စက်ခြင်းကို အထူးရှောင်ကျဉ်စေလိုပါသည်။
ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ ကလေးအရေအတွက်သည် အခြားကင်ဆာဖြင့် သေဆုံးသော အရေအတွက်ထက် ပိုမိုမြင့်မားလျှက် ရှိနေပါသည်။ ( Sydney TV News Report)
ဦးနှောက်ကင်ဆာသည် အသက်၁၅နှစ်အောက် ကလေးများနှင့် အသက် ၃၄နှစ်အောက် လူငယ်များအတွက် ဒုတိယ သေနှုန်းအများဆုံး ရောဂါတစ်ခု ဖြစ်လာနေပါသည်။ (Neurologychannel.com)
၂.ကိုယ်ဝန်ဆောင် မိခင်လောင်းများ (သို့မဟုတ်) ကိုယ်ဝန်ရှိနေသည်ဟု သံသယ ဖြစ်သောသူများ လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏
ကိုယ်တွင်းရှိ ဖွံ့ဖြိုးဆဲ သန္ဓေသားလောင်းသည် အလွန်နူးညံ့
သိမ်မွေ့လွန်းသောကြောင့် လက်ကိုင်ဖုန်းမှ ဖြာထွက်လာသော
လျှပ်စစ်သံလိုက်လှိုင်းများသည် ၄င်း ဖွံ့ဖြိုးစ သန္ဓေသားလောင်းအား
ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ကလေးငယ်လေးများကို ပွေ့ပိုက်ထားရင်းဖြင့်
သော်လည်းကောင်း၊ လွယ်ပိုးထားရင်းဖြင့်သော်လည်းကောင်း
လက်ကိုင်ဖုန်းပြောခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါသည်။ မလွှဲမရှောင်သာသော
အရေးပေါ်ကိစ္စများတွင်သာ တိုတိုနှင့်လိုရင်းသာ ပြောဆိုသင့်ပါသည် ။
၃. လက်ကိုင်ဖုန်းကို အချိန်ကန့်သတ်ပြီးမှပြောပါ။ အချိန်ကြာကြာ ပြောခြင်းကို ရှောင်ကျဉ်ပါ။
အချိန်ကြာကြာပြောလေ ဦးနှောက်ကင်ဆာ၊ မျက်စိကင်ဆာ ဖြစ်နိုင်ခြေ ပိုများလေ
ဖြစ်သည်ဟု သိရပါသည်။ လက်ကိုင်ဖုန်းဖြင့် စကားပြောလျှင် တိုတိုနှင့်
လိုရင်းပြောကျင့် ပြုလုပ်ပါ ။ ဖုန်းပြောချိန် ကန့်သတ်ခြင်းသည် သင်၏
ငွေကြေးကိုသာ အကုန်အကျ သက်သာစေသည်မဟုတ်။ သင်၏ ကျန်းမာရေးကိုလည်း
ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။
၎. သင်၏လုပ်ငန်းခွင်နှင့် အချိန်ကြာကြာ စကားပြောရသည့် နေရာများအတွက် ရိုးရိုးကြိုးဖုန်းကိုသာ
အတတ်နိုင်ဆုံး အသုံးပြုပါ။ ကြိုးမဲ့ cordless ဖုန်းများသည်လည်း
လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု အလွန်မြင့်မားပြီး
အသုံးမပြုချိန်မှာတွင်ပင် လှိုင်းများ ဖြာထွက်နေဆဲ ဖြစ်ပါသည်။
၅.လက်ကိုင်ဖုန်းကို ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးဝေးထားပါ။ ဖုန်းပြောလျှင်လည်း မိမိဦးခေါင်းနှင့်
အနည်းဆုံး ၂လက်မခန့်ခွာ၍ ပြောခြင်းဖြင့် ဦးနှောက်သို့
လျှပ်စစ်သံလိုက်လှိုင်းများ ရောက်ရှိခြင်းကို ၇၅%နှုန့်ခန့် ကာကွယ်ပြီးသား
ဖြစ်စေနိုင်ပါသည်။ ဒေါက်တာ ဂျော့ခ်ျကားလို၏ အကြံပေးချက်မှာ
လက်ကိုင်ဖုန်းကို မည်သည့်အချိန်တွင်ဖြစ်စေ ကိုယ်ခန္ဓာနှင့် အနည်းဆုံး ၆လက်မ
၇လက်မခန့် ဝေးဝေးထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
၆. အပြင်သွားလျှင် လက်ကိုင်ဖုန်းကို ခါးပတ်တွင် ချိတ်သွားခြင်း၊
လက်တွင်းကိုင်ဆောင်သွားခြင်း၊ အင်္ကျီအိတ်ထောင်များအတွင်း
ထည့်သွားခြင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။ ၀မ်းဗိုက်ရှိ
ခန္ဓာကိုယ်တစ်ရှူးများသည် ဦးခေါင်းထက်ပို၍ လျှပ်စစ်လှိုင်းများကို
ပို၍လျှင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့်
အမျိုးသားများတွင်လည်း ကလေးရရှိရန် အခွင့်အရေး နည်းပါးခြင်းမျိုး
ဖြစ်နိုင်ပါသည်။ မဖြစ်မနေ အိတ်အတွင်းထည့်ယူသွားဖို့ လိုအပ်လာလျှင်
လက်ကိုင်ဖုန်း ကီးပက်( Key Pad) ကို ခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင်
အနေအထားတွင် ထား၍ သယ်ယူသွားခြင်းက ဖုန်းအဲန်တင်နာနှင့် မျက်နှာချင်းဆိုင်
မဖြစ်စေနိုင်တော့ပါ။
၇. လက်ကိုင်ဖုန်းပြောလျှင် နားကြပ်များအသုံးပြုခြင်း၊ လက်ကိုင်ဖုန်းမှ သီချင်းများကို နားကြပ်ဖြင့်
အချိန်ကြာမြင့်စွာ နားထောင်ခြင်းတို့သည်လည်း လက်ဖြင့်ကိုင်၍
ဖုန်းပြောခြင်းထက် သုံးဆပိုပြီး နားနှင့် ဦးနှောက်ကို
လျှပ်စစ်သံလိုက်လှိုင်းများ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် လက်ကိုင်ဖုန်းများအတွက် ထုတ်လုပ်ထားသော နားကြပ်များမှာ
အဲန်တင်နာသဖွယ် ဖြစ်စေသောကြောင့် လျှပ်စစ်လှိုင်းများမှာ နားအတွင်းသို့
တိုက်ရိုက် ၀င်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်
လက်ကိုင်ဖုန်းဖြင့် နားကြပ်ကိုအသုံးပြု၍ သီချင်းနားထောင်ခြင်းကို
ရှောင်ကျဉ်သင့်ပါသည်။
၈. ဖုန်းပြောလျှင် နားနှင့် တိုက်ရိုက်ကပ်ပြောခြင်းထက် စပီကာဖွင့်၍ ပြောခြင်းက သင့်အတွက် ပို၍
အန္တရာယ်ကင်းစေနိုင်ပါသည်။ ခန္ဓာကိုယ်နှင့် ဝေးနိုင်သမျှ ဝေးခြင်းသည်
မိမိကျန်းမာရေးအတွက် စိတ်အချရဆုံး အနေအထား ဖြစ်ပါသည်။ ဘလူးတု(ခ်ျ)
ကိုအသုံးပြု၍ ဖုန်းပြောခြင်းသည် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်ခြင်း
အပုံတစ်ရာလျှင် တစ်ပုံသာ ရှိတော့သည်ဟု ဆိုသော်လည်း ဘလူးတုခ်ျကို
အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟူ၍တော့ မပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဘလူးတုခ်ျကို အသုံးပြုလျှင် လျှပ်စစ်လှိုင်းများမှာ
နားသို့တိုက်ရိုက် ၀င်ရောက်နိုင်သဖြင့် အသုံးပြုသူများ စဉ်းစားဖွယ်
ဖြစ်ပါသည်။
၉.သတ္တုဖြင့် ပြုလုပ်ထားသော အလုံပိတ်အခန်းများ ဓာတ်လှေကား၊ လေယာဉ်ပျံ၊ မီးရထား၊
မြေအောက်ရထား၊ စက်ကိရိယာများ အတွင်းစသည်တို့နှင့် အခြား
သတ္တုအဆောက်အဦးများတွင် လက်ကိုင်ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။
သတ္တုအဆောက်အဦး အလုံပိတ်များသည် လျှပ်စစ်လှိုင်းများအား ၄င်းတို့ထဲတွင်
လှောင်အိမ်သဖွယ် ပိတ်မိနေစေကာ သင်နှင့် အခြားသူများအား ထိခိုက်နိုင်ပါသည်။
ထို့ကြောင့် ၄င်းနေရာများတွင် ရောက်ရှိနေပါက လက်ကိုင်ဖုန်းကို
ပိတ်ထားသင့်ပါသည်။
၁၀.ဆက်သွယ်မှုဧရိယာ ကောင်းမွန်စွာ မိသော နေရာတွင်သာ ဖုန်းပြောသင့်ပါသည်။ လိုင်းကောင်းစွာ မမိသောနေရာ၊အရှိန်ဖြင့်သွားလာနေသော ကား၊ ရထား၊ လေယာဉ်ပျံ၊ မြေအောက်ရထား တို့ပေါ်တွင်
ဖုန်းပြောခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ ယင်းကဲ့သို့ အမြန်ပြေးလွှားနေသော
နေရာများပေါ်မှ ဖုန်းပြောပါက အနီးဆုံး တယ်လီဖုန်းစတေရှင်သို့
ဆက်သွယ်နိုင်ရန် လက်ကိုင်ဖုန်းသည် ပါဝါပို၍ စိုက်ထုတ်ရသောကြောင့်
လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု ပိုမိုများပြားပါသည်။
၁၁.ညအိပ်ချိန်တွက် လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။ လက်ကိုင်ဖုန်း၊ လျှပ်စစ်နာရီ၊ နိုးစက်နှင့်
လျှပ်စစ်ပစ္စည်း အသုံးအဆောင်များမှ ဖြာထွက်သော
လျှပ်စစ်သံလိုက်လှိုင်းများသည် သင်၏ အိပ်စက်ခြင်းကို အနှောက်အယှက်
ပေးနိုင်ပါသည်။ ထို့ကြောင့် အိပ်စက်ချိန်တွင် လက်ကိုင်ဖုန်းကို
ပိတ်ထားခြင်း၊ အခြား လျှပ်စစ်ပစ္စည်းများအားလည်း
မိမိနှင့်ဝေးရာနေရာ(အနည်းဆုံး ၆ပေခန့်အကွာ)တွင် ထားသင့်ပါသည်။ကဲ IT bank ဆိုဒ်လေးကို အားပေးတဲ့ သူငယ်ချင်းတွေလဲ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် ရည်းစားနဲ့ ကျူတဲ့ အခါပဲ ဖြစ်ဖြစ် Phone ပြောတာကို အချိန်ကြာကြာမပြောမိဖို့ သတိထားစေချင်ပါတယ်ဗျာ။Phone Bay ကြောင့်မဟုတ်ဘူးနော်။သူငယ်ချင်းတွေရဲ့ ကျန်းမာရေးအခြေအနေအတွက် သတိပေးတဲ့အနေနဲ့ ပြောတာပါနော်။IT Bank ဆိုဒ်လေးကို လာလည်ရင်း ကျန်းမာရေး ဗဟုသုတလေးတွေလဲ ရပြီး လူ့ဘ၀တွင် သက်တန်းစေ့နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)
ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက်တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့
Posted by Ye Kyaw Phyo
ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။
တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း ဖော်ချွတ်
ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။
ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း
သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို ပြုလုပ်ပါသည်။
ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။
ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
From - www.facebook.com
ကြိုးစားလျက်......!
(Yekyawphyo)
မိမိ Web Site လေးမှာ Search Box လန်းလန်းလေးတွေ သုံးပြီးလန်းချင်တဲ့သူတွေ အတွက်ပါ။
Thursday, February 9, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါ ကျွန်တော်တို့ Blogger သမားတွေအတွက် မိမိ Site လေးမှာ Search Box လှလှလေးထည့်သွင်းပြီး အသုံးပြုချင်တဲ့သူတွေ အတွက်ပေါ့ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော Code လေးတွေပါ ထည့်သွင်းပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ လိုချင်ရင် အောက်မှာ ယူလိုက်ပါနော်။အသုံးပြုနည်းလေးပါ ကျွန်တော် ရေးပေးထားပါတယ်ဗျာ။အောက်က အဆင့်လေးတွေ အတိုင်းသွားပြီး ထည့်လိုက်ပါနော်။
အရင်ဦးဆုံး Blogger ရဲ့ Design >> Page Elements >> Add a Gadget >> Html/Javascript ကိုသွားပါ။ပြီးရင် မိမိ ကြိုက်တဲ့ Design လေးကိုရွေးပြီး Code ကို Copy ယူပြီး ကူးထည့်လိုက်ပါ။ပြီးရင်တော့ နောက်ဆုံး အနေနဲ့ Save လိုက်ပေါ့ဗျာ။လွယ်လွယ်လေးပါပဲ။ကဲ လိုချင်ရင် အမြန်ဆုံးသာယူလိုက်ပေတော့နော်။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ကဲ သူငယ်ချင်းတွေ အားလုံးရဲ့ Site လေးမှာ ကျွန်တော့ရဲ့ Search Box လေးတွေ ထည့်ပြီး လန်းနိုင်ကြပါစေဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
အရင်ဦးဆုံး Blogger ရဲ့ Design >> Page Elements >> Add a Gadget >> Html/Javascript ကိုသွားပါ။ပြီးရင် မိမိ ကြိုက်တဲ့ Design လေးကိုရွေးပြီး Code ကို Copy ယူပြီး ကူးထည့်လိုက်ပါ။ပြီးရင်တော့ နောက်ဆုံး အနေနဲ့ Save လိုက်ပေါ့ဗျာ။လွယ်လွယ်လေးပါပဲ။ကဲ လိုချင်ရင် အမြန်ဆုံးသာယူလိုက်ပေတော့နော်။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ဒီ ပုံရဲ့ Code က အောက်မှာ Copy လုပ်ပါ။
ကဲ သူငယ်ချင်းတွေ အားလုံးရဲ့ Site လေးမှာ ကျွန်တော့ရဲ့ Search Box လေးတွေ ထည့်ပြီး လန်းနိုင်ကြပါစေဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ဆေးလိပ်သောက်တက်တဲ့ အကျင့်ရှိတဲ့သူတွေနဲ့ ဆေးလိပ်တစ်လိပ်ရဲ့ ဘေးထွက်ဆိုးကျိုးများအကြောင်းကို ကျွန်တော် ဖတ်ထားသမျှလေး ပြန်လည်မျှဝေပေးပါရစေဗျာ။ဆေးလိပ်တလိပ်ဟာ အသက် ၁၁ မိနစ်တိုစေနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်မှာ တစ်နေ့လျှင် ဆေးလိပ်သောက်တဲ့ ငယ်ရွယ်သူ ၃၀၀ ဦးခန့်ဟာ ဆေးလိပ်ကြောင့် သေဆုံး ရပါတယ်။
အသက် ၇၀ နှစ်အောက် သေဆုံးသူများတွင် ဆေးလိပ်သောက်ခြင်းနဲ့
ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ ရင်သားကင်ဆာ၊ AIDS ၊ ယာဉ်မတော်တဆမှုနဲ့
မူးယစ်ဆေးစွဲမှုတို့ကြောင့် သေဆုံးရမှုတွေထက်ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်
ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ သွေးကြောကျဉ်းခြင်းများနှင့်
ဦးနှောက်တွင် သွေးခဲပိတ်ဆို့ခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်း
ဆိုင်ရာရောဂါများ၊ကျောက်ကပ်ပျက်စီးခြင်း၊ ခြေထောက်ပုပ်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်း စတြဲ့ပဿနာတွေဖြစ်နိုင် ပါတယ်။ နှလုံးသွေးကြောကျဉ်းရော ဂါ၊ ရင်ဘတ်အောင့်နှလုံးရောဂါ
စတာတွေဟာ ပြင်းထန်ပြီး သေစေနိုင်ပါတယ်။
ကင်ဆာရောဂါတွေထဲမှာ အထူးသဖြင့် အဆုတ်ကင်ဆာက အဖြစ်များပါတယ်။
အဆုတ်ကင်ဆာရောဂါသည်တွေရဲ့ ၉၀% ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တယ်။ ဆေးလိပ်
အလယ်အလတ်သောက်သူ ၁၀ ဦးမှာ ၁
ဦးနဲ့ အများကြီးသောက်သူ( တစ်ရက်ကို စီးကရက် ၁၅ လိပ်ထက် ပိုသောက်သူ) ၅ ဦးမှာ ၁ ဦးဟာ
အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးပါတယ်။ ပါးစပ်ကင်ဆာဖြစ်ပွားမှုဟာ ဆေးလိပ်သောက်သူတွေမှာ
မသောက်သူတွေထက် ၄ဆ ပိုများပါတယ်။ ဆီးအိမ်ကင်ဆာ၊
အစာရေမျို ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ တင်ပါးဆုံရိုးကွင်းကင်ဆာ
စတာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ သန္ဓေအောင်မှုဆိုင်ရာ ပြဿနာများ၊ ပန်းနာရင်ကျပ်၊
မျက်စိမြင်လွှာထိခိုက်ပျက်စီးခြင်း၊ ရေတိမ်ရောဂါ၊
ခံတွင်းအနံ့ဆိုးခြင်း၊ အနံ့အရသာ အာရုံများပျက်စီးခြင်း၊ သွားနှင့် သွားဖုံးများအရောင်စွန်းထင်ြး
ခင်းစတာတွေလည်းဖြစ်နိုင်လို့
ဆေးလိပ်သောက်ခြင်း ဟာ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်မှုကိုပါ
ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောကြီးငယ်များကို
ကျဉ်းမြောင်းစေပြီး ထိခိုက်ပျက်စီးစေတာကြောင့် ခန္ဓာကိုယ်အနှံ အင်္ဂါများကို သွေးပို့လွှတ်မှု နည်းပါးစေပါတယ်။
စီးကရက်တစ်လိပ်ကလေးကတောင်မှ သင့်ရဲ့ အရေပြားကို သွေးထောက်ပံ့မှု ၁
နာရီကြာအောင် လျော့ကျစေပါတယ်။ အရေပြားတွေဟာ မွဲညစ်လာပြီး အရေးကြောင်းတွေလည်း
များလာစေပါတယ်။
ဒါဟာအရေပြားကို သွေးထောက်ပံ့မှုအားနည်းသွားရုံသာမက ဗီတာမင် A ပမာဏကိုပါ လျော့ကျစေလို့ပါပဲ။
ဒါကြောင့် စမတ်ကျပြီး ကြည့်ကောင်းတဲ့ သူဖြစ်ချင်ရင် ဆေးလိပ်မသောက်ပါနှင့် ။
ဆေးလိပ်နှင့် ပန်းသေပန်းညိုးရောဂါ
ဆေးလိပ်ဟာ အမျိုးသားတွေမှာ သီးသန့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ အဲဒီထဲက
တစ်ခုကတော့ ပန်းသေပန်းညိုးရောဂါပါပဲ။ အမျိုးသားများ ကျန်းမာကြံ့ခိုင်တဲ့ လိင်မှု ဘ၀ကို
ရရှိလိုရင် ဆေးလိပ်မသောက်ပါနှင့်။ ကျန်းမာတဲ့ သားသမီးရတနာလေးတွေရဲ့ ဖခင်ဖြစ်လိုလျှင် ဆေးလိပ်
မသောက်ပါနှင့်။
ဆေးလိပ်သောက်ခြင်းကြောင့်ကျားလိင်အင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြေားလေးတွေ ကျဉ်းမြောင်း
ထိခိုက်ပျက်စီးမှု ရှိလာပါတယ်။ အမျိုးသား တစ်ဦးဟာ ဆေးလိပ်ကို ပိုများများနဲ့ ပြီးကြာရှည်စွာသောက်လေလေ အသက်လတ်ပိုင်းမှာ ပန်းသေပန်းညိုးဆိုင်ရာ ပြဿနာများကိုပိုမိုခံစားရလေလေ
ဖြစ်ပါတယ်။ Lahey Hitchcock ဆေးပညာဌာနရဲ့ သုတေသနအရ ဆေးလိပ်သောက်ခြင်းဟာ အိပ်နေစဉ်
အလိုအလျောက် လိင်အင်္ဂါနိုးကြားခြင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်ကို သိသိသာသာ
နည်းပါးသွားစေကြောင်းတွေ့ရပါတယ်။ အဲဒီအကြိမ်အရေအတွက် ဟာ သွေးစီးဆင်းမှုနဲ့ လိင်မှုဘ၀ Sex Life ရဲ့ အရည်အသွေးကို အထင်ရှားဆုံးညွှန်ပြမှုဖြစ်ပါတယ်။ အဲဒီနိုးကြားမှု အကြိမ်အရေ
အတွက်နဲ့ ပြင်းထန်မှုတို့လျော့ပါးခြင်းဟာ ပန်းသေ ပန်းညိုးရောဂါ (Erectile Dysfunction ) ဖြစ်ပွားနိုင်တဲ့
အခြေအနေရှိကြောင်းညွှန်ပြနေပါတယ်။
အသက် ၃၀ မှ ၄၀ နှစ်အတွင်း အမျိုးသားတွေမှာ ဆေးလိပ်သောက်သူတွေဟာ Erectile Dysfunction ( E D
)ဖြစ်ပွားမယ့် အန္တရာယ်
ငါးဆယ်ရာခိုင်နှုန်းပိုများပါတယ်။ ဗြိတိသျှဆရာဝန်အသင်းရဲ့ ခန့်မှန်းမှုအရ ဗြိတိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့်
E D ဖြစ်ပွားခံစားနေရသူ အမျိုးသား
၁၂၀၀၀၀ ဦးခန့်ရှိကြောင်းသိရပါတယ်။ ပန်းသေပန်းညိုးရောဂါဟာ ဆက်ဆံရေးပြိုကွဲမှု ၊ စိတ်ကျရောဂါ ၊
စိုးရိမ်ပူပန်မှု လွန်ကဲရောဂါ၊ မိမိကိုယ်မိမိ ယုံကြည်စိတ် ပျောက်ဆုံးခြင်းစတဲ့ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ၊ ဖြစ်ပေါ်စေပါတယ်။သတင်းကောင်းကတော့
ဆေးလိပ်ဖြတ်လိုက်ရင် ၂၄ နာရီကြာတဲ့အခါမှာ လိင်အင်္ဂါအလိုအလျောက်နိုးကြား ထောင်မတ်နိုင်သောအရည်အသွေး သိသိသာသာ တိုးမြင့်လာပါတယ်။
တစ်နေ့မှာ စီးကရက်အလိပ် ၂၀ အထက်သောက်တဲ့ အမျိုးသားများဟာ မသောက်တ့သဲူတွေနဲ့ ယှဉ်ရင်
ပန်းသေပန်းညိုးရောဂါ ဖြစ်ပွားဖို့ အန္တရာယ်အခွင့်အလမ်း ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ ဆေးလိပ်သောက်နေသူများရဲ့ ၁၅ ရာခိုင်နှုန်း ပန်းသေပန်းညိုးပြဿနာရှိနေကြောင်း တေ့ရွ တယ်။ ကျေနပ်မှုရှိတဲ့ လိင်မှုဘ၀ကို
ရရှိလိုတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။ဆေးလိပ်နဲ့ မျိုးဆက်ပွားမှု
ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သုတ်ပိုးကောင်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလို
ထိခိုက်ပျက်စီးနေပေမဲ့ သုတ်ပိုးရဲ့ DNA
ဟာ ဆေးလိပ်သောက်နေဆဲအချိန်မှာ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိပါဘူး။ နီကိုတင်းအပြင် ဆေးလိပ်မှာပါတဲ့
ဓာတုပစ္စည်းအချို့တွေကလည်း မျိုးဗီဇမှာ
ချို့ယွင်းမှုတွေဖြစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာသော ကလေးတွင် ချို့ယွင်းချက်များပါလာခြင်း၊
ကင်ဆာရောဂါနှင့် အခြားကျန်းမာရေး
ပြဿနာများပါလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သူတ်ပိုး ထုတ်လုပ်မှုသံသရာ ကွင်းဆက်ဟာ ၇၄ ရက်ကြာမြင့်ပါတယ်။ဆိုလိုတာက ဆေးလိပ်ဖြတ်လိုက်ပြီးနောက် ၇၄ ရက်ခန့်ကြာရင် သုတ်ပိုးအသစ်များ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကြံခိုင်တ့ကဲ လေးကို ရယူလိုတဲ့ ဖခင်လောင်းတစ်ဦးဟာ ကလေးယူတော့မယ်ဆိုရင် ကလေးမယူခင်
အနည်းဆုံး ၃ လခန့် ကြိုပြီး ဆေးလိပ်ဖြတ်သင့် ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်းဟာ
လူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုဆိုပေမယ့် သား၊သမီးကို ကျန်းမာရေးပြဿနာ
အမွေဆိုးမပေးလိုရင် ကလေးမယူခင် ဆေးလိပ်ဖြတ်ပါ။ အဲဒီနောက်ပိုင်း ပြန်သောက်မယ်ဆိုရင်လည်းကလေးများနဲ့ အိမ်က မိသားစုဝင်များကို သင့်ရဲ့
ဆေးလိပ်မီးခိုးငွေ့တွေကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းမရှိအောင် သင့်ဘက်က ဆင်ခြင်ပါ။ အိမ်ရဲ့ ပြင်ပ
သို့မဟုတ် ဆေးလိပ်သောက်သုံးရန် သီးသန့်နေရာတွေ မှာသောက်ပါ။
ဆေးလိပ်ဖြတ်တော့မလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ အန္တရာယ်တွေကို သိနားလည်ပြီး ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် မှန်ကန်တဲ့
နည်းလမ်းကိုရွေးဖို့လိုပြီး အမြန်ဆုံးနည်းလမ်းကို မဖြစ်မနေ ရွေးဖို့မလိုပါဘူး။
ဆိုလိုတာက မြန်မြန်ဖြတ်ပြီး မြန်မြန်ပြန်သောက်ဖြစ်တာထက် ဆေးလိပ်တကယ်ပြတ်ဖို့က ပိုပြီးလိုအပ်ပါ
တယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ မကြာခင် အထွေထွေကျန်းမာရေးကောင်းမွန်လာမှု၊ အနံ့အရသာ၊
အာရုံတိုးတက်လာမှု၊ နှလုံးရဲ့ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာမှုတွေကို ခံစားရရှိမှာပါ။
ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ဆေးလိပ်သောက်တ့အဲ လေ့အကျင့်ကို စွန့်လွှတ်လိုက်ပြီး မသောက်မိအောင်
စိတ်ကိုထိန်းချုပ်တ့နဲ ည်းနဲ့ ကြိုစားနေကြည့်တဲ့ နည်းဟာ အောင်မြင်ဖို့ မသေချာပါဘူး။
အတွေ့အကြုံတွေအရ ဆေးလိပ်ဖြတ်မယ့်သူက ပထမဦးစွာဆေးလိပ်သောက်သုံးမှု ရပ်စဲမယ့်နေ့တစ်နေ့ကို
သတ်မှတ်ရွေးချယ်ပါ။ ပြီးရင် ဆေးလိပ်လုံးဝမသောက်တော့ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အောင်မြင်စေမယ့်
စိတ်စွမ်းအားကိုရဖို့ အောက်ပါအချက် ၅
ချက်ရဲ့ အကူညီကိုရယူပါ-
-နီကိုတင်း အစားထိုးကုထုံး
( Nicotine Replacement Treatment )
-Zyban ( Buproplon) ဆေးလိပ်ဖြတ်ဆေး
-Champlx (Varenicline) နီကိုတင်းရဲ့ အာနိသင်ကို တုပခြင်းဖြင့်
ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျစေတဲ့ဆေး(ဥပမာ - P K(ပီကေ)စားခြင်းမျိုး၊Lolipop ချိုချဉ်သကြားစုပ်လုံးလေးများစားခြင်းမျိုးပေါ့။)
-အမှုအကျင့် ပြောင်းလဲ ပြုပြင်ခြင်းအစီအစဉ်များ
-နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ အိပ်ငွေ့ချခြင်း စတဲ့ ကုထုံးများ၊
လေ့လာမှုတွေအရ ဆေးလိပ်ဖြတ်တဲ့ အစီအစဉ်တွေမှာ ပါဝင်ဆင်နွဲပြီး အပြုအမှုပြောင်းလဲခြင်းကုထုံး၊ ဆေးဝါးကုထုံး
စတာတွေနဲ့ ဆေးလိပ်ဖြတ်ဖို့
ကြိုးစားတာဟာ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်းပြီး စိတ်စွမ်းအားနဲ့ ဆေးလိပ်ဖြတ်တာထက် အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်းကျော် ပိုများတယ်လို့သိရပါတယ်။
ဆေးလိပ်သောက်သုံးသူ အမျိုးသားများ´ ဆေးလိပ်နှင့်ကျန်းမာရေးကြိုက်ရာရွေး´ ဒါမှမဟုတ် ´ဆေးလိပ်နှင့်
တက်ကြွပျော်ရွှင် အိမ်ထောင်ရှင်ဘ၀´ ကြိုက်ရာရွေးပါ။ကဲ ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ ကျန်းမာရေးဗဟုသုတလေးတွေ ရပြီး ကျန်းမာစွာနဲ့ လူ့လောကမှာ စိတ်ချမ်းသာစွာ သက်တန်းစေ့နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)