မိမိ Computer ဖွင့်ဖွင့်ခြင်းမှာ Plain Screen Destop ကြီးဖြစ်နေကြသူများအတွက် ရိုးရှင်းသောဖြေရှင်းနည်းလေးပါ။
Posted by : Ye Kyaw Phyo
Saturday, February 4, 2012
Windows+R ကို နှိပ်လိုက်ပါ။ပြီးရင် regedit လို့ရိုက်လိုက်ပါ။Registry Box လေးကျလာရင်
HKEY_LOCAL_MACHIN>>Software>>Microsoft>>Window NT>>CurrentVersion>>Winlogon
ထိရောက်အောင် သွားပါ။ရောက်ပြီဆိုရင် ညာဘက်ဘေးက Name ဆိုတဲ့ Tab ရဲ့အောက်မှာ Shell ဆိုတာလေးကို တွေ့အောင်ရှာလိုက်ပါ။ရှာပြီးလို့ တွေ့ရင် Shell ကို ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ဆိုတာလေးကို Click လိုက်ပါ။အဲ့ဒီ Value Data ဆိုတဲ့ နေရာလေးမှာ ကျွန်တော်တို့က explorer.exe ဆိုတာလေးကို ဖြည့်ရေးလိုက်ပါ။ပြီးရင် မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။Windows ပြန်တက်လာရင် ကြည့်လိုက်ပါ။နဂိုအတိုင်း မိမိ ကွန်ပျူတာ Destop မှာ Icon လေးတွေ နဲ့ အတူပြန်လည်မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo)
Related Posts :
- Back to Home »
- (Registry) , (Windows 7) , (Windows Vista) , (Windows XP) , (Windows) , (နည်းပညာ) »
- မိမိ Computer ဖွင့်ဖွင့်ခြင်းမှာ Plain Screen Destop ကြီးဖြစ်နေကြသူများအတွက် ရိုးရှင်းသောဖြေရှင်းနည်းလေးပါ။