Posted by : Ye Kyaw Phyo
Friday, March 16, 2012
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ အားလုံးရဲ့ Inbox Mail က Mail တွေကို Connection နှေးနေတဲ့ အချိန်ဖွင့်ဖတ်လို့ မရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်ရင် Mail တစ်စောင်စောင် ကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်လို့ရအောင် လုပ်တဲ့ နည်းလေးပါဗျာ။ဒီ နည်းလေးလဲ တစ်ချို့သူတွေ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ကျွန်တော် က တော့ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်တော့ ကျွန်တော်သိထားသလောက်လေး ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီနည်းလေး ကို သိထားတော့ ကြာပါပြီဗျာ။ကျွန်တော့ ကို Gtalk က သူငယ်ချင်းတွေက မေးလို့ ဒီ Post လေးကို ရေးပြီး တင်ပေးလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးနဲ့ပါ ရှင်းပြထားတဲ့ အတွက် နားမလည်စရာတော့ အကြောင်းမရှိလောက်ပါဘူးဗျာ။တကယ်လို့ နားမလည်ရင်လဲ ဒီ Post လေးရဲ့ အောက်မှာ Comment ပေးထားခဲ့လို့ရပါတယ်နော်။ကျွန်တော် ပြန်ဖြေပေးပါ့မယ်ဗျာ။ကဲ......စကြရအောင်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက
www.gmail.com ကို Sign In ၀င်လိုက်ပါ။ပြီးရင် Mail Setting ကို သွားလိုက်ပါ။Mail ရဲ့ ဘယ်ဘက်ထောင့် က စက်သွားပုံ နေရာလေးကို Click ပြီး Setting ကို Click လိုက်ပါ။Mail Setting ကို ဘယ်လိုသွားရမှန်းမသိသေးရင် အောက်က ပုံလေးမှာ သွားကြည့်လိုက်ပါနော်။
Mail Setting ကို ပွင့်သွားပြီးရင်တော့ Labs ဆိုတဲ့ Tab လေးကို Click လိုက်ပါ။ပြီးရင် Massage Sneak Peek ဆိုတာလေးကို တွေ့အောင်ရှာပါ။မတွေ့ရင်လဲ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးကို ကြည့်ပြီး ရှာလိုက်ပေါ့ဗျာ။
အဲ့ဒီ ပုံလေး အတိုင်းတွေ့ပြီဆိုရင်တော့ Disable နေရာလေးကို အလိုအလျောက်ရွေးထားတာ တွေ့ရပါလိမ့်မယ်။အဲ့ဒီ အခါ အရေးကြီးဆုံးနဲ့ သတိထားရမှာက ကျွန်တော်တို့က အဲ့ဒီ အမှတ်ရွေးထားတာကို Enable အဖြစ်သို့ ပြောင်းပေးရပါမယ်။ပြောင်းပေးပြီးရင်တော့ ကျွန်တော်တို့က ထုံးစံ အတိုင်း Save Changes ဆိုတာလေးကို နှိပ်လိုက်ယုံပါပဲဗျာ။

ပြီးရင် တော့ မိမိတို့ Inbox Mail မှာရှိတဲ့ Mail တစ်ခုခုကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်ကြည့်လိုက်ပေါ့ဗျာ။ခုန က Connection နှေးနေလို့ ဖတ်လိုမရသေးတဲ့ Mail ကို Preview အနေနဲ့ ဖတ်ရှုလို့ ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံစံမျိုးလေးပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။
ကဲ ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေ ဘယ်လိုလဲဗျ။ကြိုက်ရဲ့လားလို့ ကြိုက်ရင်တော့ Comment လေးတွေ ပေးခဲ့ပါဦးနော်။ဒါမှ မဟုတ်လဲဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)
Related Posts :
- Back to Home »
- (Gmail Knowledge) , (နည်းပညာ) »
- Connection နှေးနေတဲ့ အချိန် Mail ဖတ်လို့မရသေးရင် Preview အနေနဲ့ ဖတ်ကြမယ်။