Posted by : Ye Kyaw Phyo
Friday, June 1, 2012
ကျွန်တော် ဒီတစ်ခါတော့ မိန်းကလေးတွေရဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးကိုမျှဝေပေးပါ့ရစေဗျာ။ မိန်းကလေးအများစုဟာ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ပင်ကိုပုံစံ အလှတစ်ခုကို ဖန်တီးဖို့ ထုတ်ဖော်ပြသဖို့အတွက် စိတ်ဝင်စား လာပါတယ်။ ဒီအရွယ်ဟာ Fashion ကိုသူများတွေ ထက် အဆန်းတကာ့ အဆန်းဆုံး ဆိုမှလည်း ကြိုက်တတ်ပါတယ်။ သူတို့အတွက် ကိုယ်ပိုင် အားလပ်ချိန်တွေမှာ အဝတ်အစား ပုံစံသစ်၊ ဆံပင်ပုံစံ အသစ်နဲ့ မိတ်ကပ် ပြင်ဆင်မှုအပြင် ခြေသည်းလက်သည်းတွေကို ရောင်စုံခြယ်သမှု ပုံစံတွေကို ဘယ်လို ခြယ်သရင် ကောင်းမလဲဆိုတာက ဆယ်ကျော်သက် တစ်ယောက် အတွက်တော့ စိတ်ဝင်စားစရာ အချက်အလက် လှုပ်ရှားမှုတွေပဲ ဖြစ်လို့နေပြန်ပါတယ်။ ဆယ်ကျော်သက်တွေကို အကြံပြုချင်တာက ရိုးရှင်းပြီး သွက်လက်တဲ့ ပုံစံလေးတစ်ခုက ဆယ်ကျော်သက်တို့ အတွက် အလိုက်ဖက်ဆုံး Fashion ပါပဲ။ မိတ်ကပ်တွေကို အများကြီး ပြုပြင်ခြယ်သထားတာက ဆယ်ကျော်သက် တစ်ယောက်အတွက် ရှိရင်းစွဲ အသက်ထက် ပိုပြီး ရင့်ရော်စေပါတယ်။ လန်းဆန်းပြီး တက်ကြွတဲ့ Style လေးရစေဖို့ အချက် အနည်းငယ်လောက် ပြောပြချင်ပါတယ်။
(သွားတိုက်ပါ)
ဘာကိုပဲစားစား အသားတွေ စားပြီးတဲ့အချိန်တိုင်း သွားကိုတိုက်ပါ။ ဒါမှသာ ခံတွင်းနံ့ သန့်ရှင်းပြီး သင့်ရဲ့ ပါးစပ်က ချစ်စရာ ကောင်းနေမှာပါ။ပြီးတော့ ယောကျာ်းလေးတွေနဲ့ အနီးကပ်ဆုံးစကားပြောရင်တောင် သင့်ပါးစပ်ကလေးတွေ ဟာ ခံတွင်းအနံဆိုးများကင်းစေပြီး ချစ်စရာကောင်းပြီး လှပရိုးရှင်းတဲ့ အလှပိုင်ရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့ဒါ နဲ့ တင်မပြီးသေးပါဘူး။
(မျက်နှာ)
မျက်နှာကို သန့်ရှင်းရေး လုပ်တဲ့အခါမှာ နူးညံ့ပျော့ပြောင်းတဲ့ မျက်နှာသစ် Facial များကိုပဲ အသုံးပြုပါ။ ကိုယ်ခန္ဓာအတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေကို မျက်နှာမှာ အသုံးပြုတာကို ရှောင်ရှားပါ။ ညအိပ်ရာဝင်ခါနီးတိုင်း Mild Cleanser တွေနဲ့ သန့်စင်ပေးခြင်းဟာ သင့်မျက်နှာလေးကို ကြည်လင် ဝင်းပစေပါလိမ့်မယ်။ Facial တွေ အသုံးပြုတိုင်း မမေ့မလျော့ရမှာက Moisturizer ပါတာတွေ အသုံးပြုဖို့ မမေ့ပါနဲ့။
ဆံပင်ကို ကောင်းမွန်စွာ ဂရုစိုက်ပြီး ဖြီးလိမ်းခြင်းကလည်း အများနဲ့ ကွဲပြားတဲ့ ဆံပင်ပုံစံ ရှိစေနိုင်ပါတယ်။ ဘယ်လောက်ပင် အလုပ် များနေပေမယ့် ဆံပင်ကိုတော့ သေချာ ဂရုတစိုက် ပြင်သင့်ပါတယ်။ ဆံပင်ဆိုတာက လူတစ်ယောက်အတွက် ဒုတိယမျက်နှာလို့ ဆိုထားတာကိုး။ ဆံသားကို ဆီပုံမှန် လိမ်းပေးခြင်းကလည်း တောက်ပြောင်ပြီး သန်စွမ်းတဲ့ဆံပင်ကို ရရှိစေပါတယ်။ ခဏခဏ ဆံပင်ကို ပုံစံပြောင်းတာတို့၊ အရောင်တွေ ဆိုးတာများကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။အဲ့ဒါတွေ ဟာ မိမိရဲ့ ရှိရင်းစွဲ ပင်ကိုယ်ဆံပင် အလှကို ပျက်ဆီးစေနိုင်ပါတယ်။
(လက်သည်းခြေသည်း)
မိမိ လက်သည်းခြေသည်းတွေကို ဂရုစိုက်ပါ။အရှည်ထားမယ်ဆိုရင်လဲ ကိုယ့် လက်သည်းခြေသည်းတွေကို အထူးဂရုစိုက်သင့်ပါတယ်။မထားရင်လဲ လက်သည်းခြေသည်းတွေကို သန့်ရှင်းအောင် အမြဲဂရုစိုက်သင့်ပါတယ်။လက်သည်းခြေသည်း အရှည်ထားရင်လဲ အရောင်ဆိုးတာတို့ ဘာတို့ အနည်းငယ်လုပ်သင့်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ရုတ်တရက် သူများတွေနဲ့ ယှဉ်ရင်တောင် မိမိ လက်သည်းခြေသည်းလေးတွေဟာ ဘယ်အချိန် ကြည့်ကြည့် သူများနဲ့ မတူပဲ မိမိရဲ့ ပင်ကိုယ်အလှလေးကို ပြနိုင်မှာပါ။(ရေချိုးဆပ်ပြာ)
ခန္ဓာကိုယ်မှာ မျက်နှာနဲ့ လက်တွေအပြင် အထူးဂရုစိုက်ရမှာက ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အသားအရေပါပဲ။ ရေချိုးတဲ့အခါမှာ နူးညံ့ ပျော့ပြောင်းတဲ့ Shower Gel တွေသာ အသုံးပြုသင့်ပါတယ်။ ရေချိုးပြီးတဲ့ အခါမှာလည်း ခန္ဓာကိုယ်အနှံ့ Lotion လေးလူးဖို့လည်း မမေ့ပါနဲ့။ ဝတ်စုံတွေ ရွေးချယ်တဲ့အခါ အရောင်နဲ့ ဒီဇိုင်းက သင့်ရဲ့ ခန္ဓာကိုယ်အရည်အသွေးကို ပိုပြီး တောက်ပစေမယ့် ပုံမျိုးကို ရွေးချယ်ပါ။ Fashion ကျနမှုနဲ့ ကိုယ်ရည်ကိုယ်သွေးတို့ ကြားမှာ အချိုးညီညီ ဖြစ်အောင် ရွေးချယ်တတ်ဖို့ လိုပါတယ်။ Fashion နဲ့ ဆက်စပ် ပစ္စည်းတွေကို ရွေးချယ်ရင်လည်း ဂရုစိုက်ရပါမယ်။ ပစ္စည်းတွေ ထပ်ပေါင်းပြီး ဆင်ယင်ထားတာက ဖြစ်နိုင်ရင်တော့ မိတ်ကပ်ပါးပါး လိမ်းခြယ်ထားတာက အကောင်းဆုံးပါပဲ။ ဆံပင်နဲ့ သင့်ရဲ့ Style ကို အကောင်းဆုံး ပြုပြင်ပြီးပြီဆိုရင်တော့ ယုံကြည်ရဲဝံ့စွာနဲ့ အပြင်ကို ထွက်နိုင်ပါပြီ။ နောက်ဆုံးတစ်ခု ပြောချင်တာက သင့်မျက်နှာပေါ်မှာ အမြဲတမ်း အပြုံးလေး ဆောင်ထားပါ။ ဆယ်ကျော်သက် အရွယ်ဆိုတာ ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကာလ အပိုင်းအခြားပဲ မဟုတ်ပါလား။ကဲ.......ကျွန်တော့ IT Bank Site လေးကို လာလည်တဲ့ စာဖတ်ပရိသတ်တွေ အားလုံး ကျန်းမာရေး ဗဟုသုတလေးတွေနဲ့ IT နည်းပညာလေးတွေ ရသွားကြပြီ မဟုတ်လား။သူငယ်ချင်းတွေ အားလုံး ကိုယ်ပိုင် အလှလေးတွေ ပိုင်ဆိုင်ကြပြီး ချစ်စရာကောင်းတဲ့ သူလေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို 8 Day ဂျာနယ်မှ ကူးယူထားပြီး စာသားလေးတွေ အနည်းငယ် ထပ်ဖြည့်ပြီး ကိုးကားထားပါတယ်ဗျာ။
From - (Delo)
ကြိုးစားလျက်....!
(Yekyawphyo)
Related Posts :
- Back to Home »
- (ကျန်းမာရေး) , (ဗဟုသုတ) , (အထွေထွေ) »
- ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ယောက်ရဲ့ ကြွကြွရွရွ ကိုယ်ပိုင် အလှ (Only Lady)