Archive for August 2012

ကျွန်တော် အခု Internet Browser တွေမှာ Myanmar Font ပြဿနာတွေကို ကျွန်တော်သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး ဖြေရှင်းပေးနေတာ အရှေ့မှာဆိုရင် IE မှာ Myanmar Font မပေါ်တာကို ဖြေရှင်းပေးခဲ့ပြီးပါပြီ။အခု Mozilla Firefox  မှာ မြန်မာလို ဖတ်လို့မရတာ မြန်မာလို့ စာရိုက်လို့မရတာကို ကျွန်တော် ပြောပြပေးသွားပါ့မယ်ဗျာ။မြန်မာလို မပေါ်ပဲ Bookmark Bar တွေ နေရာမှာ အတုံးလေးတွေပဲ ပေါ်နေတယ်ဆိုရင်တော့ အခုကျွန်တော် ပြောမဲ့ နည်းနဲ့ အဆင်မပြေပါဘူး။အဲ့ဒီ အတုံးလေးတွေ ပေါ်နေတာကို ဖြေရှင်းရမဲ့ နည်းလေးကိုတော့ ကျွန်တော် Post တစ်ခု အနေနဲ့ တင်ပြီးသွားပါပြီ။သူငယ်ချင်းတွေ သွားဖတ်ချင်တယ် သွားလေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားပြီး ဖတ်လိုက်ပါနော်။

 http://welcometoitbank.blogspot.com/2012/08/firefox-tab-bar-bookmark.html

မသိသေးတဲ့ သူတွေ အတွက် ဦးစားပေးဖြေပေးထားတာဖြစ်ပါတယ်။သိပြီးသားသူတွေ အတွက်ကတော့ ကျွန်တော့ Post မှာလိုအပ်ချက်တွေ ရှိနေသေးရင် ၀င်ရောက်ဆွေးနွေးဝေဖန်အကြံပေးကြပါလို့ လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါတယ်ဗျာ။ကဲ......ကျွန်တော် တို့ ပြဿနာကို စကြမယ်ဗျာ။အရင်ဦးဆုံး မိမိ အသုံးပြုမဲ့ Mozilla Firefox ကို Open ထားလိုက်ပါ။ပြီးရင် ကွန်ပျူတာ Keyboard က Alt+T ကို တွဲနှိပ်လိုက်ပါ။မနှိပ်ချင်လဲ Mozilla Firefox  Tools က Options နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 1
Options ကို နှိပ်ပြီးသွားပြီဆိုရင်တော့ Content ဆိုတဲ့ Tabs ကို Click တစ်ချက်နှိပ်လိုက်ပါ။အလယ်နားမှာ ရှိတဲ့ Fonts & Colors ဆိုတဲ့ List နေရာလေးရဲ့ Default Font: ဆိုတဲ့နေရာမှာတော့ Zawgyi-One ကို ပြောင်းပေးထားလိုက်ပါ။ကိုယ်က Unicode Myanmar3 သုံးတယ်ဆိုရင်တော့ Myanmar 3 ကို ရွေးထားလိုက်ပါ။ပြီးရင်တော့ Ok ပေါ့ဗျာ။Size နေရာမှာတော့ မိမိ စိတ်ကြိုက် ချိန်လို့ရပါတယ်။အကောင်းဆုံး ကတော့ Font Size ကို 16 လောက်ထားတာတော့ အကောင်းဆုံးပါပဲ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 2
ဒါဆို Mozilla Firefox မှာ မြန်မာလို စာရေးရတဲ့ အပြင် မြန်မာလိုပါ ဖတ်နိုင်မှာ ဖြစ်ပါတယ်ဗျာ။Zawgyi Font နဲ့ Zawgyi Keyboard Layout ကိုတော့ မိမိ စက်မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။အဲ့ဒါတွေ Download လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့ IT Bank ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ ဇော်ဂျီ မြန်မာဖောင့်ယူရန် ဆိုတဲ့ Logo လေးကို Click တစ်ချက်နှိပ်ပြီး Download ရယူနိုင်ပါတယ်ဗျာ။အဲ့ဒီမှာ မိမိ စက်နဲ့ ကိုက်ညီမဲ့ Keyboard Layout ဖြစ်တဲ့ 32 Bits နဲ့ 64 Bits ကို တွဲပြီး ထည့်သွင်းပေးထားပါတယ်ဗျာ။ကဲ........သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေဗျာ။
                                                                                                                                   ကြိုးစားလျက်......!
 (Yekyawphyo)
အခု တစ်လော ကျွန်တော် ကြားကြားနေရတဲ့ ပြဿနာကတော့ Myanmar Font ပြဿနာ အကြောင်းလေးပါပဲ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Gtalk , IE , Mozilla Firefox , Etc....... စတဲ့ Internet Broswer တွေမှာ မြန်မာလို့ Font မချိန်းတက်သေးတဲ့ သူတွေ အတွက်ကော Myanmar Font ရှိရဲ့သားနဲ့ ပြဿနာတက်နေတဲ့သူတွေ အတွက်ပါ ကျွန်တော်သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး IT Bank စာဖတ်ပရိတ်သတ်လေးတွေ အတွက်ပြန်လည်မျှဝေပေးပါ့မယ်ဗျာ။သိပြီးသား သူတွေ ရှိနေရင်လဲ သည်းခံပေးပြီး မသိသေးတဲ့ သူတွေအတွက် ဒီ Post လေးမှာ Comment ပေးပြီး ကျွန်တော်နဲ့ တူတူ ၀င်ရောက်ဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အမှားအယွင်းလေးမှား ရှိနေခဲ့ရင် စာဖတ်သူတွေ အနေနဲ့ ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်ဗျာ။အခု ကျွန်တော် စပြီး ဖြေရှင်းပေးမဲ့ ပြဿနာလေးကတော့ Computer မှာ ပါဝင်တဲ့ Internet Explorer(IE) မှာ မြန်မာလို စာရိုက်လို့ရအောင် မြန်မာလိုရေးသားထားတဲ့  Web Site တွေကို ဖတ်လို့ရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။စာဖတ်ပရိတ်သတ်တွေ နားလည်လွယ်အောင် ကျွန်တော် ပုံလေးတွေနဲ့ကော စာနဲ့ပါ အဆင့်ဆင့်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။အရင်ဦးဆုံး IE မှာ မြန်မာလို ပေါ်ဖို့ ကျွန်တော်တို့ ပထမဦးဆုံး လုပ်ရမှာကတော့ မိမိ ကွန်ပျူတာ Destop ပေါ်မှာ Notepad(New Text Document) ဖိုင်တစ်ခု ဆောက်လိုက်ပါ။မလုပ်တက်သေးရင် Destop >> Right Click >> New >> New Text Document ဆိုတဲ့ ဖိုင်လေးကို ရွေးပြီး Click လိုက်ပါ။ဒါဆိုရင် မိမိ ကွန်ပျူတာ Destop မှာ New Text Document ဆိုတဲ့ စာရွက်အပိုင်းလေး တစ်ဖိုင် ရောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig ~ 1
ပြီးရင် အဲ့ဒီ ဖိုင်လေးကို Click နှစ်ချက်နှိပ်ပြီး Open လိုက်ပါ။ပွင့်သွားပြီဆိုရင်တော့ ကျွန်တော် အောက်မှာပေးထားတဲ့ Code လေးတွေကို Copy ကူးပြီး ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ Notepad ဖိုင်လေးထဲသို့ ကူးထည့်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

Fig ~ 2
Notepad ဖိုင်လေးထဲသို့ ကျွန်တော်အပေါ်မှာပေးထားတဲ့ Code တွေကူးထည့်လို့ ပြီးပါက Notepad ရဲ့ ဘယ်ဘက်ထောင့်နေရာမှာ ရှိနေတဲ့ File ဆိုတဲ့ Tab လေးကို Click တစ်ချက်ထောက်လိုက်ပါ။ပြီးရင်  4 ကြောင်းမြောက်နေရာမှာ ရှိနေတဲ့ Save As.... ဆိုတဲ့ နေရာလေးကို Click ထောက်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 3
ပြီးရင် Save မှတ်ရမဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ  File Name ဆိုတဲ့ အကွက်လေးမှာတော့ ကျွန်တော်တို့က ထင်သာမြင်သာလဲ ဖြစ်အောင် မှတ်ရလဲ လွယ်အောင် IE-Zawgyi.css လို့ ပေးလိုက်ပါမယ်။IE-Zawgyi ဆိုတဲ့နေရာမှာတော့ မိမိ စိတ်ကြိုက်နာမည်ကို ချိန်းပြီးထည့်သုံးလို့ရပါတယ်။ကျွန်တော်ကတော့ မှတ်ရလွယ်အောင် IE-Zawgyi လို့ပေးလိုက်တာပါ။နောက် အရေးကြီးပြီး သတိထားရမဲ့ တစ်ချက်က IE-Zawgyi ဆိုတဲ့နောက်မှာ .css ဆိုပြီး File Type ထည့်ပေးရပါမယ်။အဲ့ဒီ .css ကို မထည့်ပေးဘူးဆိုရင်တော့ IE မှာ မြန်မာလိုဖတ်လို့ ရေးလို့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာလဲ မဟုတ်ပါဘူး။အဲ့ဒါကြောင့်မို့ .css ဆိုတဲ့ File Type ကို ထည့်ဖို့ မမေ့ပါနဲ့။ပြီးရင် နောက်တစ်ခုက Save As Type ဆိုတဲ့နေရာမှာတော့ All Files ကိုပြောင်းပေးထားပါ။အောက်နားလေးမှာ ရှိနေတဲ့ Encoding ဆိုတဲ့နေရာလေးမှာတော့ Unicode ကိုရွေးပေးထားပါ။ပြီးရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Save မှတ်ပြီး သိမ်းလိုက်ယုံပါပဲဗျာ။
Fig ~ 4
အပေါ်က ပုံလေးအတိုင်း ကျွန်တော်တို့ Save ပြီးသွားတဲ့ အခါမှာတော့ မိမိ ကွန်ပျူတာ Destop မှာ IE-Zawgyi ဆိုတဲ့ စာရွက်အပိုင်းလေးအပေါ်မှာ စက်သွားပုံလေးနဲ့ ဖိုင်လေး တစ်ဖိုင် ရောက်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 5
အခု ကျွန်တော်တို့ စလုပ်ရမဲ့ နည်းလမ်းက Internet Explorer (IE) ကို ဖွင့်လိုက်ပါ။ပြီးရင် Tools က Internet Options ကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့။
Fig ~ 6
Internet Options ရဲ့ General Tab ကျလာပြီ ဆိုရင်တော့ အောက်ဆုံးနားမှာ ရှိတဲ့ Appearance ဆိုတဲ့ List ရဲ့ Accessibility ဆိုတဲ့နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်း ပေါ့ဗျာ။
Fig ~ 7
Accessibility ကို Click ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်က Formatting ဆိုတဲ့ List မှာ စာကြောင်း 3 ကြောင်းရှိပါတယ်။
1.Ignore colors specified on webpages
2.Ignore font styles specified on webpages
3.Ignore font sizes specified on webpages
အဲ့ဒီ စာကြောင်း 3 ကြောင်းရဲ့ အလယ်က နံပါတ် 2 နေရာမှာ ရှိတဲ့ စာကြောင်း ကို ကျွန်တော်တို့က Mark အမှန်ခြစ်လေး ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ လုပ်ပေးရမှာက User Style Sheet ဆိုတဲ့ List နေရာလေးမှာ Format documents using my style sheet ဆိုတဲ့ စာတန်းလေးကို Mark အမှန်ခြစ်လေး ဖြည့်ပေးလိုက်ပါ။ပြီးရင် အောက်နားလေးမှာ ရှိတဲ့ Browse ဆိုတာလေးကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 8
အဲ့ဒီ Browse ကို Click နှိပ်လိုက်ရင် Box တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ခုနက ကျွန်တော်တို့ IE-Zawgyi.css ဆိုပြီး Destop မှာ Save ထားတဲ့ ဖိုင်ကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Open လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 9
အဲ့ဒီ ပုံလေး အတိုင်း ရှာပြီး Open ပြီးပြီဆိုရင်တော့ ဒါဆိုရင် ကျွန်တော် တို့ Internet Explorer(IE) မှာ မြန်မာလို မြင်ရဖို့ 99% အောင်မြင်သွားပြီးလို့ ယူဆလို့ရပါတယ်။100% အောင်မြင်ဖို့ဆိုရင်တော့ OK >> Apply >> OK ပါ။ဒါဆိုရင် ကျွန်တော်တို့ IE မှာ မြန်မာလို မြင်ရဖို့ 100% အောင်မြင်သွားပါပြီဗျာ။ကျွန်တော် IT Bank Web Site ကို နမူနာအနေနဲ့ ဖွင့်ပြီး အသုံးပြုထားပါတယ်။အောက်က ပုံလေးမှာ ကြည့်လိုက်ပါဦးနော်။
Fig ~ 10
ကဲ......သူငယ်ချင်းတို့ IE မှာ မြန်မာလို ရေးလို့ရတဲ့ အပြင် မြန်မာလိုပါ ဖတ်လို့ရသွားလောက်ပြီလို့ ထင်ပါတယ်ဗျာ။ဒီ နည်းလေးဟာ သိတဲ့ သူတွေ အဖို့တော့ အလွန်လွယ်ကူတဲ့ နည်းလေးဖြစ်သလို မသိတဲ့ သူတွေ အဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ဒါပေမဲ့ အခု ကျွန်တော့ ဒီ Post လေးကတော့ ပုံလေးတွေနဲ့ကော စာလေးတွေနဲ့ပါ တွဲပြီး သေသေချာချာ စိတ်ရှည်ရှည်လေး ဖြေပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် အချိန်ကုန်ခံ အပင်ပန်းခံရကျိုးနပ်ပါပြီဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကိုလဲ လမ်းညွှန်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။ဒါပေမဲ့ အွန်လိုင်းယဉ်ကျေးမှုတစ်ခု အနေနဲ့တော့ မူရင်း Post ပိုင်ရှင်ရဲ့ နာမည်လေးကိုတော့ ထည့်သွင်းအသုံးပြုစေချင်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
                                         
Fig ~ 1

ဒီတစ်ခါ ကွန်ပျူတာသုံးနေသော သူငယ်ချင်းများ အတွက် Picasa Software လေး လက်ဆောင် ပေးချင်ပါတယ်။ သိတဲ့သူတွေ များနေပါပြီ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။ ဒီ Software လေးက မိမိရဲ့ စက်ထဲက ဓာတ်ပုံတွေကို တစ်နေရာထဲမှာ အလွယ်တကူ စုပေးထားတဲ့ Software လေးပါ။ ဒီကောင်လေးက ဓာတ်ပုံတွေ ပြင်တာ အလင်းအမှောင် ချိန်တာတွေ ဓာတ်ပုံပေါ်မှာ နာမည်ရေးချင်သူတွေ ဓာတ်ပုံအများကြီးကို တစ်ပုံတည်း ဖြစ်အောင်လည်း လုပ်လို့ရတယ်။

ပြီးတော့ ဒီကောင်လေးနဲ့ စလိုက်ရှိုးလေး လုပ်ပြီး youtube ပေါ်တင်လည်း ရတယ်။ ကင်မရာနဲ့ ချိန်ပြီး ဓာတ်ပုံရိုက်မယ် ဆိုလည်း အဆင်ပြေတယ်။ ဒီ Software လေးနဲ့ ဓာတ်ပုံကို ကြည့်လို့လည်း ကောင်းတယ်။ ကွန်ပျူတာထဲက ပုံတွေကြီးကြီး သေးသေး ဆွဲကြည့်လို့လည်း ကောင်းတယ်။

တစ်ခြား ကောင်တွေနဲ့ မတူဘူး အားလုံးအတွက် အဆင်ပြေတယ် သုံးရတာလည်း အရမ်းလွယ်တယ်။ ခက်တာတွေ မပါဘူး ကွန်ပျူတာ စသုံးတဲ့ သူငယ်ချင်းများ အတွက် ကလိဖို့ကောင်းတဲ့ ဆော့ဝဲလေး တစ်ခုပါ။ ဘာကီးမှ မလိုဘူး ဖရီးပေးတယ်။ ထွက်တာက ကြာနေပီ အဟောင်းထဲက တောင်းထားတဲ့ သူငယ်ချင်းတွေ အတွက် တင်ပေး လိုက်တာပါ။ Windows XP/Vista/7 သုံးလို့ အဆင်ပြေတယ်။လိုရင်တော့ အောက်မှာ ဆွဲသွားပြီး စက်ထဲ အင်စတော လုပ်ပြီး ကလိပေတော့ဗျာ ....





Fig - 1
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးဆုံး အလွန် အန္တရာယ်ရှိတဲ့ Cervical Cancer လို့ခေါ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်းလေးပါ။
အမျိုးသမီးတွေအနေနဲ့ လဲ သိသင့်တယ်ထင်လို့ရော ရေးလိုက်တာပါ။ သားအိမ်ခေါင်းကင်ဆာ(Cervical cancer)ပာာ Human papilloma virus (HPV) ကြောင့်အဓိကဖြစ်ပွားရပါတယ်။ HPV ဆိုတဲ့ရောဂါပိုးပာာ လူ့ခန္ဒာကိုယ်ကိုတော်တော်လေးကို ဒုက္ခပေးတဲ့ရောဂါပိုးပါ။ နေရာအနှံ့မှာ ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးကူးစက်ခံရတာတစ်မျိုးတည်းနဲ့တော့ အဲလောက်ရောဂါတွေဖြစ်လာတာတော့မပာုတ်ပါဘူး။ ဒီရောဂါပိုးလည်းကူးစက်ခံထားရမယ်၊ တခြားရောဂါဖြစ်စေနိုင်တဲ့ ကိုယ်ခံအားကိုလျော့စေတဲ့ ဓါတ်ရောင်ခြည်သင့်တာမျိုး၊ ဆေးလိပ်သောက်တာမျိုးတွေရှိလာပြီဆိုရင်တော့ ရောဂါဖြစ်ဖို့အခြေအနေပိုများလာပါပြီ။
အမှန်တော့ HPV ကြောင့်ဖြစ်တဲ့ရောဂါအများအပြားရှိတဲ့အတွက် အဲဒါတွေအကုန်လုံးကိုလိုက်ရေးမယ်ဆိုရင် အရမ်းရှည်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီခေါင်းစဉ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကာကွယ်ဆေးအကြောင်းကိုပဲ တင်ပြပါ့မယ်။ HPV ကြောင့်ဖြစ်တဲ့ရောဂါတွေထဲမှာမှ အသိများတာကတော့ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့ (Genital warts) တို့ဖြစ်ပါတယ်။ (သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းနဲ့ပတ်သက်ပြီးတော့ ပို့စ်တစ်ခုရေးပေးပါ့မယ်။ ဒီနေရာမှာတော့ အရမ်းရှည်နေမှာစိုးတဲ့အတွက် ထားခဲ့ပါ့မယ်။)

HPV ဆိုတဲ့ဗိုင်းရပ်စ်မှာ အမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ အဲဒီထဲကမှ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့အမျိုးအစားကတော့ 16 and 18 ဖြစ်ပြီး လိင်အင်္ဂါကြွက်နို့တွေဖြစ်တာကတော့ 6 and 11 တို့ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျနော်ဖတ်ဖူးတာကတော့ ၂မျိုးရှိပါတယ်။ Gardasil နဲ့ Cervarix ဆိုတဲ့အမျိုးအစားတွေပါ။ Cevarix ဆိုတဲ့ဆေးကတော့ HPV 16 and 18 ကိုပဲကာကွယ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာကိုသာ ကာကွယ်နိုင်ပါတယ်။ Gardasil အမျိုးအစားကတော့ အဲဒီ၎မျိုးလုံးကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။
တစ်ခုရှိတာကတော့ ဒီကာကွယ်ဆေးတွေအကာအကွယ်ပေးတာက ဒီ၎မျိုးပဲရှိတာမို့ တခြား HPV အမျိုးအစားတွေကနေလည်း ရောဂါဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီအမျိုးအစား၎မျိုးထက်စာရင်တော့ အတော်လေးကိုနည်းပါတယ်။ ဘယ်ကာကွယ်ဆေးကမှတော့ လုံးဝအပြည့်အ၀ ရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့မရှိပါဘူး။ ဒီကာကွယ်ဆေးတွေကိုယောက်ျားတွေမှာလည်း ထိုးနိုင်ပါတယ်။ ယောက်ျားတွေမှာထိုးရင်တော့ လိင်အင်္ဂါကြွက်နို့အပြင် HPV ကြောင့်ဖြစ်တဲ့တခြားကင်ဆာတွေကိုအကာအကွယ်ပေးပါတယ်။ တစ်ခုသိထားသင့်တာက ဒီဆေးတွေပာာ ကာကွယ်ဆေးသက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသူတွေမှာထိုးရင်တော့ ဘာမှအကျိုးမထူးနိုင်ပါ။

ဘယ်သူတွေမှာထိုးသင့်သလဲ။
အဓိကအနေနဲ့ကတော့ အသက် ၉နှစ်ကနေ ၂၅နှစ်ကြားမှာရှိတဲ့အမျိုးသမီးတိုင်းထိုးလို့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးအသက်၄၅နှစ်ထိ ကာကွယ်ဆေးထိုးလို့ရပါတယ်။ အမျိုးသားတွေမှာထိုးမယ်ဆိုရင်လည်း ဒီအသက်လောက်ပါပဲ။

ဘယ်သူတွေမှာမထိုးရဘူးလဲ။
ကာကွယ်ဆေးမှာပါတဲ့အရာတွေနဲ့ ဓါတ်မတည့်တဲ့သူတွေထိုးလို့မရပါဘူး။ အထူးသဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ်တာဖြစ်တဲ့အတွက် အဲဒါနဲ့မတည့်တဲ့သူတွေထိုးလို့မရပါဘူး။
အရမ်းနာမကျန်းဖြစ်နေတဲ့သူတွေ (လုံးဝထိုးလို့မရတာတော့မပာုတ်ပါဘူး၊ နာမကျန်းဖြစ်နေချိန်မှာမထိုးဘဲ နေကောင်းလာမှထိုးလို့ရပါတယ်။)
ကိုယ်ဝန်ဆောင်တွေမှာဒီဆေးရဲ့ဆိုးကျိုးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာထိုးဖို့ကို အားမပေးပါဘူး။ ကိုယ်ဝန်မရှိချိန်မှာထိုးပြီး ကိုယ်ဝန်ဆောင်လို့ရပါတယ်။ အဲဒီအတွက်ဆိုးကျိုးမရှိပါဘူး။

ဘယ်လောက်ကာကွယ်ပေးနိုင်လဲ။
သားအိမ်ခေါင်းကင်ဆာကို ၇၀ရာခိုင်နှုန်း၊ လိင်အင်္ဂါကြွက်နို့ကို ၉၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်နှစ်ကြိမ်ထိုးရမလဲ။ ဘယ်သူနဲ့ထိုးရမလဲ။ ဘယ်မှာသွားထိုးရမလဲ။
၃ကြိမ်ထိုးရပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ၂လအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ ဘယ်ဆရာဝန်နဲ့မဆိုထိုးလို့ရပါတယ်။ အသားဆေးဖြစ်လို့ လက်မောင်း ဒါမှမပာုတ် တင်ပါးမှာထိုးလို့ရပါတယ်။ မိမိဘာသာဆေးဝယ်ပြီး ဆေးခန်းတစ်ခုခုမှာသွားထိုးခိုင်းလို့ရပါတယ်။ အခုထိတော့ ဆိုးဆိုးရွားရွားဆိုးကျိုးမရှိသေးပါဘူး။ ဆိုးကျိုးတော်တော်လေးနည်းပါတယ်။

ဘာကြောင့်ထိုးသင့်တာလဲ။
သားအိမ်ခေါင်းကင်ဆာရောဂါဆိုတာက အမျိုးသမီးတွေမှာအဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်နေတဲ့အတွက်ပါ။ ဒီကင်ဆာက အဖြစ်များရုံတင်မက၊ အတော်လေးလည်း ကြောက်စရာကောင်းတဲ့အတွက်ရော၊ ကင်ဆာတွေထဲမှာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရနေတဲ့ကင်ဆာဖြစ်နေတဲ့အတွက်ကြောင့်လည်း ဒီလိုမျိုးကင်ဆာအတွက်တော့ အသက်မဆုံးရှုံးစေချင်တဲ့အတွက်ကြောင့်ပါ။ အလုံးစုံကာကွယ်မပေးနိုင်ပေမယ့်လည်း ၇၀ရာခိုင်နှုန်းဆိုတာ တော်တော်လေးတော့များတဲ့ပမာဏပါ။ ဒါပေမယ့်လည်း ဆေးရဲ့ဈေးနှုန်းအနေနဲ့ကတော့ အရမ်းဈေးမကြီးပေမယ့် ဆင်းရဲသားလက်လုပ်လက်စားတွေမတတ်နိုင်လောက်သေးတဲ့နှုန်းဖြစ်နေပါသေးတယ်။
From ~ (Dr.Thurein Hlaing Win)
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)
Fig - 1

ကျွန်တော်တို့လူတွေ တော်တော်များများ လည်ချောင်းမနာဘူးတဲ့ သူမရှိဘူးလို့ထင်ပါတယ်။အဲ့ဒီ လည်ချောင်းနာတဲ့ အခါတော်တော် ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့်တော့ Pharyngitis ကြောင့်ဖြစ်တာများပါတယ်။ Pharyngitis ဆိုတာက Pharynx (အာခေါင်တစ်လျှောက်) နဲ့ Tonsil (အာသီး) အဲဒီနှစ်ခုလုံးရောင်နေတာပါ။ အာသီးတစ်ခုတည်းရောင်နေတာမျိုးမပာုတ်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့တစ်ခုပြောချင်ပါတယ်။ နည်းနည်းမကွဲတဲ့သူတွေရှိနေလို့ပါ။ tonsil (အာသီး)ဆိုတာက ပါးစပ်ပာလိုက်လို့ရှိရင် အလည်မှာတွဲလွဲလေးရှိနေတဲ့ပာာမပာုတ်ပါဘူး။ အဲဒါက Uvula (လျှာခင်) ပါ။ အာသီးဆိုတာက လျှာရင်းနားက တစ်ဖက်တစ်ချက်မှာရှိတဲ့အကျိတ်လိုမျိုးပာာတွေကိုခေါ်တာပါ။ သာမန်ရောဂါပိုးမရှိဘူးဆိုရင် မမြင်ရတတ်ပါဘူး။ ရောဂါပိုးဝင်နေမှသာ ရောင်ပြီးကြီးလာတတ်ပါတယ်။
လည်ချောင်းနာတာပာာ ဖျားနာတာ၊ တုပ်ကွေးမိတာနဲ့တွဲပြီးဖြစ်တတ်သလို မဖျားဘဲနဲ့ လည်ချောင်းနာတာတစ်ခုတည်းဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နာရင်တချိန်လုံးနာနေတတ်ပြီး အထူးသဖြင့် တံတွေးမြိုလိုက်ရင် အပ်နဲ့ထိုးသလို၊ မီးစနဲ့ထိုးသလို စူးကနဲနာတတ်ပါတယ်။ နာနေတဲ့အချိန်တွေမှာဆိုရင် လည်ချောင်းထဲကို လက်ထည့်ပြီး ကုတ်ဖဲ့ပြစ်ချင်စိတ်တွေတောင်ပေါ်တတ်ပါတယ်။ အများအားဖြင့်တော့ ဖြစ်တဲ့အချိန်သိပ်မကြာတတ်ပေမယ့် တချို့တွေမှာအကြာကြီးဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့နောက်မှာတော့ ဒုတိယအဖြစ်အများဆုံးက ဘက်တီးရီးယားကြောင့်ပါ။ အဲဒါတွေအပြင် မှိုပိုး၊ သွေးရောဂါနဲ့ ဆေးလိပ်သောက်တာတွေကြောင့်လည်း နာတတ်ပါတယ်။

လည်ချောင်းနာတဲ့အခါမှာ စကားပြောရင်၊ အစာမျိုချရင် ပိုနာပါတယ်။ မျိုရခက်တတ်ပါတယ် (အစာမပြောနဲ့ တံတွေးတောင်မျိုရခက်ပါတယ်)။ လည်ချောင်းတွေခြောက်နေတတ်ပါတယ် (ရေခဏခဏသောက်ရတတ်ပါတယ်)။ လည်ပင်း ဒါမှမပာုတ်မေးရိုးအောက်တွေက အကျိတ်တွေကြီးလာတတ်ပါတယ် (အထူးသဖြင့်တော့ ဘက်တီးရီးယားကြောင့်ဖြစ်ရင် ပိုသိသာပါတယ်)။ အာသီးမှာ ပြည်တည်နေတတ်ပါတယ် (အထူးသဖြင့် ဘက်တီးရီးယား)၊ အသံပြောင်းသွားတာ၊ ခံတွင်းနံ့နံတာ၊ မစားချင်မသောက်ချင်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ အခုလိုမျိုးလည်ချောင်းနာတာတစ်ခုတည်းနဲ့ပဲလာတတ်သလို တုပ်ကွေးမိသလိုလက္ခဏာတွေနဲ့လည်း တွဲပြီးလာတတ်ပါတယ်။ အဲဒါတွေကတော့ ကိုယ်ပူမယ်၊ ချမ်းမယ်၊ ချောင်းဆိုးမယ်၊ နှာစီးမယ်၊ နှာရည်ယိုမယ်၊ ခေါင်းကိုက်မယ်၊ တကိုယ်လုံးကိုက်ခဲနေမယ်၊ ပျို့ချင်အန်ချင်သလိုဖြစ်မယ်။ ဒီလည်ချောင်းနာတဲ့ဝေဒနာပာာ ခဏခဏဖြစ်တတ်ပြီး အများအားဖြင့်တော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်လို့ သိပ်အရေးမကြီးတတ်ပေမယ့် ဘက်တီးရီးယားကြောင့်ဖြစ်မယ်ဆိုရင်တော့ အရေးကြီးတတ်ပါတယ်။ လုံးဝအတိအကျကြီးမပာုတ်ပေမယ့် အရေးကြီးသလား၊ မကြီးသလားဆိုတာကို ကိုယ့်ဘာသာကိုနည်းနည်းခွဲကြည့်လို့ရမယ့်နည်းတော့ရှိပါတယ်။ အဲဒါက လည်ချောင်းနာတဲ့အချိန်မှာ နှာစီးနေလား၊ နှာရည်ယိုနေလား၊ ခေါင်းကိုက်နေလား၊ ချောင်းဆိုးနေလား အဲဒါမျိုးတွေရှိနေရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်ပါတယ်။ အဲလိုမျိုးမရှိဘဲ လည်ချောင်းနာတာကအရမ်းဆိုးနေတာ၊ လည်ပင်းနားကအကျိတ်တွေကြီးလာတာ၊ အာသီးအရမ်းရောင်လာတာ၊ ပြည်တည်နေတာ၊ အရမ်းဖျားနေတာမျိုးတွေရှိနေရင်တော့ ဘက်တီးရီးယားကြောင့်ဖြစ်တတ်ပါတယ်။ အကြမ်းဖျင်းလောက်သာခွဲလို့ရပါတယ်။ အတိအကျတော့မပာုတ်ပါဘူး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့လည်ချောင်းနာတာတွေမှာလည်း ဆိုးရင်ပြည်တည်တာတွေ၊ အကျိတ်တွေကြီးတောတွေဖြစ်တတ်လို့ပါ။ ဘက်တီးရီးယားလား ဗိုင်းရပ်စ်လားဆိုတာကို အတိအကျသိချင်ရင်တော့ Throat swab (လည်ချောင်းထဲမှအရည်ကိုယူပြီး စမ်းသပ်ကြည့်ခြင်း) နဲ့စမ်းသပ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ ပိုးသတ်ဆေးမလိုတတ်ပါဘူး။ ဘက်တီးရီးယားဆိုရင်တော့ ပိုးသတ်ဆေးလိုတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဆေးခန်းကိုသွားရင်တော့ ဗိုင်းရပ်စ်ဆိုရင်တောင်ပိုးသတ်ဆေးပေးပါတယ်။ ဘာလို့လည်းဆိုတော့ ဗိုင်းရပ်စ်ဝင်ရာကနေနောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်လာနိုင်လို့ပါ။ တကယ်လို့လည်ချောင်းနာနေတာကနေ အရမ်းဆိုးပြီး အသက်ရှူရတာခက်လာတာ၊ အစာလုံးဝမျိုလို့မရတာမျိုးထိဖြစ်လာရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။ ဘက်တီးရီးယားကြောင့်လည်ချောင်းနာရင် နောက်ပိုင်းမှာ နှလုံးလေးဘက်နာ (Rheumatic fever) ဖြစ်တတ်လို့ ဘက်တီးရီးယားကြောင့်လည်ချောင်းနာတယ်ဆိုတာကိုသိသိချင်းပဲ ပိုးသတ်ဆေးသုံးပြီးကုသရပါမယ်။

လည်ချောင်းနာတာပာာ အောက်ပါအကြောင်းတွေကြောင့် ပိုပြီးဖြစ်တတ်ပါတယ်။
၁။ လည်ချောင်းနာခြင်းပာာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ကလေးတွေမှာလည်ချောင်းနာရင်တော့ ဘက်တီးရီးယားပိုဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်သူတွေ၊ ဆေးရွက်ကြီးသုံးစွဲသူတွေ။
၃။ ဓါတ်မတည့်တဲ့ရောဂါရှိတဲ့သူတွေ။
၎။ ခဏခဏ နှာစီးနေတတ်တဲ့သူတွေ။
၅။ ကိုယ်ခံအားမကောင်းတဲ့သူတွေ (HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါဝေဒနာရှင်တွေ၊ Steroid ပါတဲ့ဆေးသောက်နေရသူတွေ၊ စိတ်ဖိစီးနေတဲ့သူတွေ၊ ကင်ဆာဆေးတွေသောက်နေရတဲ့သူတွေ)

လည်ချောင်းနာပြီဆိုရင် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen, Diclofenac, Naproxen, Mefenamic acid, Meloxicam) အဲဒါတွေအကုန်လုံးသောက်လို့ရပါတယ် (အကိုက်အခဲပျောက်ဆေးအကုန်လုံးက အစာအိမ်ကိုထိတတ်လို့ ချင့်ချိန်ပြီးသောက်ပါ။ နာတိုင်းသောက်နေရင်တော့ သိပ်မကြာခင် အစာအိမ်ဖြစ်ပြီး သွေးအန်ပါလိမ့်မယ်။ သောက်တဲ့အခါလည်း အစာအိမ်ဆေး Omeprazole အုပ်စုတစ်မျိုးမျိုးနဲ့တွဲသောက်ပါ)။ အနာသက်သာအောင် Steroid ပါတဲ့ဆေးတွေကိုလည်းသောက်လို့ရပါတယ် (Dexamethasone)၊ တစ်ခုရှိတာက Steroid ပါတဲ့ဆေးတွေကိုသောက်ရင် ကြာရှည်စွဲသောက်တာမျိုးမလုပ်ပါနဲ့။ ငုံဆေးတွေကတော့ ခဏတဖြုတ်ပဲသက်သာတတ်ပါတယ်။ ငုံထားတုန်းခဏပဲသက်သာပြီး အရှိန်ပြယ်သွားရင် ပြန်နာနေတတ်ပါတယ်။ အဲဒါအပြင် Lozenges ပါတဲ့ငုံဆေးပြားတွေက ပိုပြီးဆိုးတတ်လို့ မသုံးတာကောင်းပါတယ်။ ဆားရည်နွေးနွေးငုံပေးလို့ရပါတယ်။ ပိုးသတ်ဆေးသောက်မယ်ဆိုရင်တော့ Roxithromycin 300mg တစ်နေ့တစ်ကြိမ် ၁၀ရက် သို့မပာုတ် Erythromycin 500mg တစ်နေ့ ၂ ကြိမ် ၁၀ရက် သောက်လို့ရပါတယ်။ ၃ ရက် ၄ ရက်လောက်သောက်ပြီးသွားချိန်မှာ သက်သာသွားပါလိမ့်မယ်။ ဒါပေမယ့် ဆေးကိုမရပ်လိုက်ပါနဲ့ ဆက်သောက်ပါ။ ရောဂါသက်သာသွားပေမယ့် ပိုးမသေသေးတဲ့အတွက်ဆက်သောက်ဖို့လိုပါတယ်။ ဘက်တီးရီးယားပိုးဆိုတာသေချာမှသာ ဒီလိုမျိုးသောက်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်နာနေတာကိုပဲ ဘက်တီးရီးယားမ၀င်အောင်ကြိုတင်ကာကွယ်ထားချင်တာဆိုရင်တော့ အဲလောက်အကြာကြီးမလိုပါဘူး။ အကောင်းဆုံးကတော့ ပိုးသတ်ဆေးသောက်မယ်ဆိုရင် သောက်သင့်တဲ့ပမာဏနဲ့ရက်ကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကျွန်တော့ IT Bank Site လေးကိုလာလည်ရင်း စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာရေး ဆိုင်ရာ ဗဟုသုတလေးလဲရ IT ဗဟုသုတလေးတွေလဲ ရကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
From ~ (Dr.Thurein Hlaing Win)
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
Fig - 1

အခု တစ်လော ကျွန်တော်တို့ပတ်ဝန်းကျင်နားမှာ  စိတ်ဝင်စားစရာ ကောင်းပြီး ကြောက်စရာကောင်းတဲ့ ရောဂါ တစ်မျိုး ကိုသူငယ်ချင်းတို့ လဲ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။အဲ့ဒီ ရောဂါကတော့ Hepatitis B Virus(HBV) လို့ ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး အကြောင်းလေးပါပဲ။ဒီ ရောဂါလေးကို ကျွန်တော် ဖတ်ထားမိသလောက်လေး ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေလဲ ကျန်းမာရေး ဗဟုသုတ အနေနဲ့ကော မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင်လဲ ကျွန်တော် က ဖတ်ထားရတဲ့ ၀က်ဆိုဒ်လေး တစ်ခုမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
အသည်းရောင်အသားဝါဘီပိုးအကြောင်းကို တော်တော်များများကြားဖူးပြီးလောက်ပါတယ်။ အခုနောက်ပိုင်းမှာ အတော်လေးကို ဒုက္ခပေးလာတဲ့ ရောဂါပိုးပါ။ တစ်ဦးကတစ်ဦးကူးစက်နှုန်းအရမ်းများပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံနေရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နာမည်လောက်ကိုပဲကြားဖူးနေကြပြီး သေသေချာချာရေရေလည်လည်သိပ်မသိကြသေးတဲ့အတွက် ဖတ်ဖူးမိသလောက်လေး ဝေမျှပေးလိုက်ပါတယ်။

ဒီရောဂါပိုးပာာ တကမ္ဘာလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခပေးနေတဲ့ရောဂါပိုးပါ။ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ၁ပုံပာာ ကူးစက်ခံကြရပြီး လူသန်းပေါင်း ၃၅၀လောက်ပာာ တစ်သက်လုံးဒီရောဂါပိုးနဲ့နေထိုင်သွားရပါတယ်။ ဒီရောဂါပိုးပာာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေပါတယ်။ အခုနောက်ပိုင်းမှာတော့ Antiviral ဆေးဝါများနဲ့ ဘီပိုးကိုကုသလို့ရနေပါပြီ။ ဘီပိုးကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပြီဆိုရင်တော့ အသည်းအစားထိုးကုသနည်းကသာ အသက်ရှင်ဖို့အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

Virus အကြောင်း
ဒီပိုးပာာ hepadnavirus ဖြစ်ပါတယ်။ အများအားဖြင့်တော့ပိုးအများစုပာာ အပြင်မှာသိပ်မနေနိုင်ပေမယ့် ဒီဘီပိုးကတော့ အတော်လေးကိုခံနိုင်ရည်ရှိပါတယ်။ ဘီပိုးပာာ -20 C မှာဆိုရင် ၁၅နှစ်နေနိုင်ပြီး -80 C မှာဆိုရင် ၂နှစ်နေနိုင်ပါတယ်။ အပြင်အပူချိန်နဲ့ဆိုရင် ၆လထိနေနိုင်ပြီး 44 C မှာဆိုရင်တော့ ၇ရက်နေနိုင်ပါတယ်။ (C ဆိုတာတွေက ဆဲလ်စီးယပ်စ်ကိုရည်ညွှန်းပါတယ်) အသည်းရောင်အသားဝါရောဂါပိုးတွေပာာ RNA virus တွေဖြစ်ကြပေမယ့် ဘီပိုးကတော့ DNA virus ဖြစ်ပါတယ်။ ဘီပိုးရှိမရှိစစ်ဆေးမယ်ဆိုရင် အများအားဖြင့်သုံးတာကတော့ HBsAg ကိုပဲစစ်ပါတယ်။ အဲဒါက ဘီပိုးရဲ့ အပြင်နံရံမှာဖုံးအုပ်ထားတာပါ။ အဲလိုစစ်လို့ HBsAg reactive ဖြစ်နေတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ HBeAg ကိုစစ်ပါတယ်။ အဲဒါကတော့ဘီပိုးရဲ့အတွင်းအလယ်ဗပိာုမှာရှိတာပါ။ HBsAg reactive ဖြစ်နေတယ်ဆိုတာက ဘီပိုးကူးစက်ခံထားရတယ်ဆိုတာကိုပဲပြပါတယ်။ HBeAg positive ဆိုတာကတော့ ဘီပိုးပာာပွားနေတယ်ဆိုတာကိုပြပါတယ်။

ဘယ်လိုကူးတတ်လဲ။
ဘီပိုးပာာ လူတစ်ယောက်ကနေ တစ်ယောက်ကိုအောက်ပါနည်းလမ်းများနဲ့ကူးစက်ပါတယ်။
1. Sexual (လိင်မှတဆင့် ကူးစက်ခြင်း။ အဓိကကူးစက်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲ အကုန်လုံး ကူးစက်နိုင်ပါတယ်။)
2. Percutaneous (ဆေးထိုးအပ်မျှဝေသုံးစွဲတဲ့သူတွေ အထူးသဖြင့် ဆေးသမားတွေ၊ ဆေးမင်ကြောင်ထိုးတဲ့သူတွေ၊ ဘလိတ်ဓါး သွားပွတ်တံစသည်တို့ကို မျှဝေသုံးစွဲတဲ့သူတွေ၊)
3. Perinatal (မိခင်မှကလေးသို့ ကူးစက်ခြင်း၊ ရိုးရိုးမွေးတာရော၊ ခွဲမွေးတာရော ကူးစက်နှုန်းတူညီပါတယ်။ မကွာခြားပါဘူး။ မိခင်မှကလေးသို့ကူးစက်နှုန်းပာာ ၉၀ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ ဒါပေမယ့် မွေးမွေးခြင်းကလေးကို ကာကွယ်ဆေးထိုးနှံပေးရင်တော့ ရောဂါပိုးကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။)
4. Horizontal (ဘီပိုးပာာ ခန္ဒာကိုအပြင်ဘက်မှာ အချိန်အကြာကြီးအသက်ရှင်နိုင်တဲ့အတွက် တစ်ယောက်ကနေတစ်ယောက်ကို ကြားခံပစ္စည်းတွေကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။ ဥပမာ ကလေးတွေဆိုရင် အရုပ်ကနေတဆင့်တောင်ကူးစက်နိုင်ပါတယ်။ မသိသာတဲ့အနာလေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်တောင်ဖြစ်နေမှန်းမသိတဲ့အနာကနေတဆင့် ဘီပိုးကူးစက်နိုင်ပါတယ်။)
5. Transfusion (သွေးသွင်းခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။ အခုနောက်ပိုင်းတော့သွေးအလှူရှင်တွေကို ဘီပိုးရှိမရှိပါ ထည့်စစ်တဲ့အတွက် သွေးသွင်းတာကနေတဆင့်ကူးစက်တာကတော့ အတော်လေးလျော့နည်းသွားပါတယ်။)
6. Nosocomial infection (လူနာကနေ ဆေးဝန်ထမ်း၊ ဆေးဝန်ထမ်းကနေလူနာ အပြန်အလှန်ကူးစက်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ အပ်စူးရာကနေကူးစက်ပါတယ်။)
7. Organ transplantation (ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရာမှတဆင့်ကူးစက်ခြင်း)

ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ။
ဘီပိုးပာာ ကနေဒါ၊ အနောက်ဥရောပ၊ သြစတေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေမှာဖြစ်ပွားနှုန်းအရမ်းနည်းပါတယ်။ ဂျပန်၊ တောင်အမေရိက၊ မြေထဲပင်လယ်ဒေသ၊ ဗပိာုအာရှဒေသတွေမှာတော့ အလယ်အလတ်ဖြစ်ပွားနှုန်းရှိပြီး အရှေ့တောင်အာရှ၊ အာဖရိက၊ တရုတ်၊ အင်ဒိုစတဲ့ နိုင်ငံတွေမှာတော့ ဖြစ်ပွားနှုန်းအလွန်မြင့်ပါတယ်။ (မကောင်းတာဆိုလို့ကတော့ အဲဒီ အရှေ့တောင်အာရှက ထိပ်ဆုံးကြီးပဲ။) လူမည်းတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ယောကျာ်းနဲ့မိန်းမဆိုရင် ယောက်ျားတွေမှာပိုပြီးဖြစ်ပါတယ်။

ဘာတွေဖြစ်လာမှာလဲ။
Acute phase။ ။ပိုးကူးစက်ခံရပြီး ၁လကနေ ၆လအတွင်းမှာဖြစ်ပွားပါတယ်။ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့
အောက်ပါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ကိုယ်ပူခြင်း၊ ညောင်းညာကိုက်ခဲပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အစားအသောက်ပျက်သွားခြင်း၊ ၀မ်းဗိုက်ညာဘက် အထက်နားတွင်အောင့်ခြင်း တို့ဖြစ်ပါတယ်။ ဘီပိုးပာာ ရောဂါကူးစက်ပြီးနောက်ပိုင်းအဲလိုမျိုး သာမန်ဖျားနာတာနဲ့ သိပ်မသဲကွဲတဲ့လက္ခဏာတွေပြတတ်သလို ပြင်းထန်တဲ့လက္ခဏာတွေလည်းရှိပါတယ်။ သတိလစ်မေ့မြောသွားတာ၊ Hepatic encephalopathy လို့ခေါ်တဲ့အူကြောင်ကြောင်သတိမရှိတာတွေ၊ အိပ်စက်တဲ့ပုံစံပျက်သွားတာ စတာတွေလည်းဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အသည်းကောင်းမကောင်းစစ်တဲ့ ALT, AST စတာတွေကိုစစ်ကြည့်ရင် တက်နေတာကိုတွေ့ရပါလိ့မ်မယ်။ ဘီပိုးပာာ ကူးစက်ခံရတဲ့သူတိုင်းမှာ တစ်သက်လုံးရောဂါမပျောက်တော့ဘဲရှိသွားတာမပာုတ်ပါဘူး။ ဘီပိုးလူတစ်ယောက်ကိုကူးစက်ခံရပြီး ပျောက်မပျောက်ဆိုတာပာာ အဲဒီလူကူးစက်ခံရတဲ့ အသက်အရွယ်ပေါ်မူတည်ပါတယ်။ အသက်ငယ်ငယ်မှာကူးစက်ခံရလေ ပျောက်ကင်းနိုင်ချေနည်းလေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူမှာ ဘီပိုးကူးစက်ခံရရင် နာတာရှည်ဖြစ်ဖို့က ၁၀၀မှာ ၅ယောက်လောက်ပဲရှိပါတယ်။ အမကနေကလေးကိုကူးစက်ခဲ့တာဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၉၀လောက်ရှိပြီး အသက် ၁နှစ်ကနေ ၅နှစ်ကြားမှာကူးစက်ခံခဲ့ရရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၂၀ကနေ ၅၀ထိရှိပါတယ်။ ဘီပိုးကူးစက်ခံရသူတွေမှာ အပြင်းအထန်အသည်းရောင်ပြီး သေလောက်အောင်ဖြစ်တာကတော့ အတော်လေးကိုရှားပါတယ်။
Chronic phase။ ။ဘီပိုးကူးစက်ခံရပြီး သူ့အလိုလိုပျောက်ကင်းမသွားဘူးဆိုရင်တော့ နာတာရှည် (Chronic phase) ကိုဝင်သွားပါတယ်။ နာတာရှည်ဘီပိုးရှိသူတွေမှာ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဘယ်အချိန်တွေမှာရောဂါလက္ခဏာပြလာတာလဲဆိုတော့ အသည်းတဖြည်းဖြည်းပျက်ဆီးလာပြီး အသည်းခြောက်လာရင် ရောဂါလက္ခဏာတွေစပြလာပါတယ်။ အသည်းပျက်ဆီးလာပြီး အသည်းခြောက်လာပြီဆိုရင်တော့ ဘေလုံးကြီးလာတာ၊ ရေဖြဉ်းစွဲလာတာ၊ ဖောလာတာ၊ ခန္ဒာကိုယ်နေရာအနှံ့အပြားမှာ အနီစက်တွေဖြစ်လာတာ၊ ဝှေးစေ့သေးသွားတာ၊ အသားဝါလာတာ၊ ရင်သားတွေစူထွက်လာတာ စတာတွေဖြစ်လာပါတယ်။ ဒီအချိန်မှာသွေးစစ်ကြည့်ရင် ALT ကပုံမှန်ထက် အဆ၅၀လောက်တက်နေတတ်ပါတယ်။ Chronic phase ကိုရောက်သွားတဲ့လူတိုင်းပာာ ဒီလိုမျိုးအသည်းခြောက်တာတွေ၊ အသည်းကင်ဆာဖြစ်တာတွေ ဖြစ်တာမပာုတ်ပါဘူး။ ဘီပိုးနာတာရှည်ရှိနေတဲ့သူတစ်ယောက်အသည်းခြောက်မခြောက်ဆိုတာက ပိုးပွားတဲ့နှုန်းတွေ၊ ခန္ဒာကိုယ်ကတုံ့ပြန်ပုံတွေ၊ အသက်အရွယ်၊ လိင်၊ တခြားအသည်းကိုပျက်ဆီးစေတဲ့အပြုအမူတွေ ဥပမာ အရက်သောက်သုံးခြင်း စတာတွေရှိမရှိပေါ်မှာမူတည်ပါတယ်။ Chronic phase ထဲကိုဝင်သွားတဲ့သူတွေမှာလည်း ဘီပိုးလုံးဝပျောက်သွားတာဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အရမ်းကိုနည်းလွန်းပါတယ်။
နာတာရှည်ဘီပိုးရှိသူတွေမှာ အသည်းခြောက်မခြောက်ဆိုတာပာာ အောက်ပါအချက်တွေပေါ်မှာမူတည်နေပါတယ်။
၁။ပိုးပွားနှုန်း (ပိုးပွားနှုန်းမြင့်နေတဲ့သူတွေ အသည်းခြောက်ဖို့ပိုမြန်ပါတယ်။ ပိုးပွားနေမနေကို သိနိုင်တာက HBeAg ကိုစစ်ကြည့်လို့ရပါတယ်။ HBeAg positive ဖြစ်နေရင် ပိုးပွားနေတာကိုပြပါတယ်။)
၂။အရက်သောက်သုံးခြင်း (အရက်သောက်သုံးခြင်းပာာ ဘီပိုးရှိသူတွေမှာအသည်းခြောက်ဖို့ ပိုမိုမြန်ဆန်စေပါတယ်။)
၃။စီပိုးပါတွဲရှိနေခြင်း။ (Hepatitis C coinfection)
၎။ဒီပိုးတွဲရှိနေခြင်း (Hepatitis D coinfection)

ကာကွယ်ဆေးအကြောင်း။
ဘီပိုးပာာ အရမ်းကူးစက်လွယ်လွယ်ပါတယ်။ သူရဲ့ကူးစက်နှုန်းက စီပိုးထက်ဆိုရင် ၁၀ဆ၊ HIV ပိုးထက်ဆိုရင် အဆ၁၀၀ပိုပြီးကူးစက်ပါတယ်။ ဥပမာ HIV ပိုးကူးစက်ဖို့ သွေးပမာဏ 1ml လိုမယ်ဆိုရင် ဘီပိုးကူးစက်ဖို့အတွက်သွေးပမာဏ 0.01ml သာလိုအပ်ပါတယ်။ အရမ်းကူးစက်လွယ်ပေမယ့် ကာကွယ်ဆေးတွေရှိလာတဲ့အတွက်ကြောင့် မကူးစက်ရသေးဘူးဆိုရင်တော့ ကာကွယ်နိုင်ပါတယ်။ ဆေးကကာကွယ်ဆေးသာဖြစ်ပြီး ကူးစက်ပြီးတဲ့သူတွေမှာတော့ ဘာမှမထူးပါ။ ကာကွယ်ဆေးကိုထိုးမယ်ဆိုရင် သုံးခါထိုးနှံရမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ပြီးရင် တစ်လအကြာမှာတစ်ကြိမ်နဲ့၊ ခြောက်လအကြာမှာတစ်ကြိမ်ထိုးနှံရပါတယ်။ ပြီးရင်ပြန်ပြီး Antibody စစ်ရပါတယ်။ မပေါ်သေးရင်ထပ်ထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးသွားရင် ၅နှစ်ကနေ ၇နှစ်ထိခံပါတယ်။ အများအားဖြင့်တော့ ၅နှစ်ပြီးရင်ထပ်ထိုးရပါတယ်။

ကုသမှုများ။
အခုနောက်ပိုင်းမှာတော့ ဘီပိုးကိုကုသတဲ့နည်းလမ်းတွေပေါ်နေပြီဖြစ်ပါတယ်။ ဘီပိုးရှိတဲ့သူတိုင်းပာာ ကုသမှုခံယူစရာမလိုပါ။ အောက်ပါအချက်တွေရှိတဲ့သူတွေသာ ကုသမှုခံယူစရာလိုပါတယ်။ HBV DNA level > 20,000IU/ml (10,000,00 copies/ml), ALT ၃လကနေ၆လထိတက်နေတဲ့သူတွေ၊ အထက်မှာဖြော်ပခဲ့တဲ့အသည်းရောဂါတွေခံစားနေရတဲ့သူတွေ။
အခုလောလောဆယ်မှာတော့ interferon alfa (IFN-a), lamivudine, telbivudine, adefovir, entecavir, and tenofovir စတဲ့ဆေးဝါးတွေရှိပါတယ်။ ကုသမှုပေးတဲ့သူပေါ်မှာမူတည်ပြီး ဆေးသုံးစွဲတာလည်းကွာခြားပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး
ကွာခြားပါတယ်။ အသည်းခြောက်တာအရမ်းဆိုးရွားနေပြီဖြစ်တဲ့သူတွေအတွက်တော့ အသည်းအစားထိုးခြင်းနည်းလမ်းနဲ့သာ အသက်ရှင်နိုင်ပါတယ်။ကဲ......ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ ရပြီး လူ့ဘ၀မှာ ကျန်းကျန်းမာမာနဲ့ သက်တန်းစေ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
From ~ လူတိုင်းသိသင့်သော ဆေးပညာ
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)

ကျွန်တော် ဒီ တစ်ခါတော့ ကျန်းမာရေး Post လေးလဲ ဖြစ် တက်သစ်စလူငယ်လေးတွေ အတွက် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော် ဒီ Post လေးကို (လူတိုင်းသိသင့်သော ဆေးပညာ) ဆိုတဲ့ Web Site လေးကနေ ကူးယူထားတာ ဖြစ်ပါတယ်ဗျာ။လူငယ်ဆိုတဲ့ သဘာဝဟာ သူများလုပ်တဲ့အရာ ဆန်းဆန်းပြားပြားဆိုရင် လိုက်ပြီး စမ်းသပ်ချင်ကြပါတယ်။အဲ့ဒီလို စမ်းသပ်ကြလို့လဲ တစ်ချို့ လူငယ်လေးတွေဟာ သူတို့ဘ၀လေးတွေ ပျက်သွားခဲ့ရပါတယ်။ဒါကိုလဲ ကျွန်တော် ပတ်ဝန်းကျင်နားလေးတွေမှာ ကြုံတွေ့ခဲ့ရပါတယ်။သိပ်မကြာသေးတဲ့အချိန်တုန်းက ကျနော်ဂျာနယ်တစ်စောင်မှာ လူငယ်တွေ Tramadol ဆေးစွဲနေတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဖတ်လိုက်ရပါတယ်။ ဂျာနယ်ကတော့ ထမရောလို့သုံးထားပါတယ်။ အမှန်က ထရမဒေါ (Tramadol) ပါ။ မူးယစ်အနွယ်ဝင်ဆေးတစ်မျိုးပါ။ မူးယစ်ဆေးအပျော့စားလေးပါ။ ကင်ဆာရောဂါဝေဒနာရှင်တွေ၊ နာကျင်မှုဒဏ်ကိုအပြင်းအထန်ခံစားနေရတဲ့ဝေဒနာရှင်တွေ၊ စိတ်ကျရောဂါခံစားနေရသူတွေမှာ သုံးတာဖြစ်ပါတယ်။ ဆိုးကျိုးတွေအနေနဲ့ မူးဝေ၊ ပျို့အန်၊ ချွေးထွက်၊ ယားယံ၊ ၀မ်းချုပ်တာတွေဖြစ်စေပါတယ်။ ဗပာုသုတအနေနဲ့ထပ်ဖြည့်ပြောရရင် မူးယစ်ဆေးသုံးသူတွေပာာ ကာလကြာရှည်အသုံးပြုလာတဲ့အခါမှာ မူးယစ်ဆေးတွေကိုယဉ်ပါးလာပြီး သုံးလို့သုံးထားမှန်းမသိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲဆေးသုံးတဲ့သက်တမ်းဝါရင့်နေပါစေ၊ ဆေးသုံးထားမှန်း ဘယ်တော့မှလိမ်လို့မရတဲ့ အချက်၂ချက်ရှိပါတယ်။ တစ်ခုကတော့ မျက်စိသူငယ်အိမ်ကျဉ်းနေတာဖြစ်ပြီး နောက်တစ်ခုကတော့ ၀မ်းချုပ်တာဖြစ်ပါတယ်။ အဲဒီ၂မျိုးကတော့ ဆေးသုံးသက်တမ်းဘယ်လောက်ပဲကြာပါစေ။ မပြောင်းလဲပါဘူး။ မယဉ်ပါးပါဘူး။

အထက်မှာဖြော်ပထားတဲ့ Tramadol ဆေးကိုလူငယ်တွေအများဆုံးအသုံးပြုရတဲ့အကြောင်းရင်းကတော့ မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ထုံးစံအတိုင်း ဇိမ်ရှိတာ၊ မအိပ်ချင်တာ၊ အလုပ်လုပ်လို့ကောင်းတာ စတာတွေကြောင့်ဖြစ်ပါတယ်။ ကျနော့်ပတ်ဝန်းကျင်မှာတောင် အဲဒီဆေးကိုတချို့လူငယ်လေးတွေ မအိပ်ချင်ဘဲ အချိန်ကြာကြာအလုပ်လုပ်လို့ရတယ်ဆိုပြီး အသုံးပြုနေတာတွေ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ထုံးစံအတိုင်း မသုံးရမနေနိုင်တာတွေဖြစ်လာပါတယ်။ ဆေးမသုံးရရင် ဂနာမငြိမ်ဖြစ်လာတာ၊ ညဘက်အိပ်မပျော်တာ၊ ရင်တွေတုန်ပြီး ချွေးစေးတွေထွက်နေတာ၊ နှာစေးတာ၊ နှာချေတာ စတာတွေဖြစ်လာပါတယ်။

အရင်းစစ်ရရင်တော့ ရွှေသမင်ဘယ်ကထွက်ဆိုတာမျိုးဖြစ်နေပါတယ်။ ဒီဆေးတွေလိုမျိုး မူးယစ်အနွယ်ဝင်ဆေးမျိုးမဆိုထားနဲ့ ဒိုင်ယာဇီပင်လိုမျိုးအိပ်ဆေးကိုတောင်မှ ဆရာဝန်ဆေးစာမပါဘဲရောင်းချခွင့်မရှိပါဘူး။ လူငယ်တွေလက်ထဲကို ဒီလိုဆေးမျိုးတွေလွယ်လွယ်ကူကူနဲ့ ရောက်နေတာပာာ ဘယ်သူ့ဆီမှာတာဝန်ရှိမလဲဆိုတာစဉ်းစားကြည့်ကြပါ။ ကျနော့်အမြင်ကတော့ ဒီဆေးတွေကိုလွယ်လွယ်ကူကူရောင်းပေးနေတာပာာ မူးယစ်ဆေးရောင်းနေတာနဲ့ဘာမှမခြားနားပါဘူး။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ ၀ိသမလောဘသားတွေကြောင့် လူငယ်တွေပိုပြီးလမ်းမှားရောက်ရပါတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုကြည့်ကြည့်ပါ။ အရက်၊ ဘီယာမှာပြီဆိုရင် နိုင်ငံခြားမှာလိုမျိုးအသက်ပြည့်မပြည့် ဘယ်သူကများအရေးလုပ်မေးနေတာမြင်ဖူးပါသလဲ။ ကိုယ့်ဆိုင်ကအရက်ရောင်းရပြီးရော ရောင်းနေတာပါပဲ။ ဆေးလိပ် ကွမ်းယာဆိုလည်းဒီအတိုင်းပါပဲ။ အသက်၁၈နှစ်အောင်မရောင်းရဆိုပြီး ကလေးအရွယ်တွေဆေးလိပ်သောက်၊ ကွမ်းစားနေတာတွေအများကြီးပါ။ ကိုယ့်သားအရွယ်၊ ကိုယ့်တူအရွယ်၊ ကိုယ့်ညီအရွယ်လေးတွေကို တားမြစ်ဖို့တော့မစဉ်းစား၊ ကိုယ်ပိုက်ဆံရရင်ပြီးရောဆိုတာမျိုးတွေအရမ်းကြောက်ဖို့ကောင်းပါတယ်။ တာဝန်ယူတတ်တဲ့စိတ်၊ နိုင်ငံကြီးသားပီသတဲ့စိတ်တွေနဲ့ နိုင်ငံတွေကိုအမှတ်ပေးရင်တော့ မြန်မာနိုင်ငံ ဘိတ်ဆုံးဒုတိယဖြစ်လောက်တယ် (ဘိတ်ဆုံးကတော့ တရုတ်ဖြစ်မှာ)။ ဒါတွေကိုအသေအချာကြီးကြပ်ထိန်းသိမ်းသင့်နေပါပြီ။ လူငယ်တွေဘက်ကလည်း ဘာမပာုတ်တာလေးတွေနဲ့ ကိုယ့်ဘ၀ကိုအနစ်မွန်းမခံပါနဲ့။ စဉ်းစားကြည့်ပါ။ လူတစ်ယောက်ပုံမှန်လိုအပ်တဲ့အိပ်ချိန်ကို မအိပ်ဘဲအလုပ်လုပ်နိုင်နေတယ်ဆိုမှတော့ တစ်ခုခုလွဲနေလို့ပေါ့။ ဒီလိုဆေးမျိုးပာာ ရေရှည်အတွက်ကောင်းနိုင်ပါ့မလား။ လူငယ်ဆိုတဲ့ဘ၀ပာာ တက်လမ်းတွေနဲ့ အညွန့်တလူလူတက်နေတာပါ။အဲလိုအချိန်မှာမူးယစ်ဆေးကြောင့် အနစ်မွန်းခံမယ်ဆိုရင် ဘ၀တစ်သက်တာလုံးသူများတံတွေးခွက်ထဲမှာပဲ နေသွားရပါလိမ့်မယ်။ သူများအခိုင်းအစေခံဘ၀နဲ့ ရေစုန်မျောသွားရပါလိမ့်မယ်။ ကိုယ့်ဘ၀ကို နှမြောရင် ကိုယ့်ကိုကိုယ်ချစ်ရင် မူးယစ်အနွယ်ဝင်တွေကို တတ်နိုင်သမျှသာရှောင်ရှားပေးကြပါလို့ သတိပေးလိုက်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော့ IT Bank ရဲ့ Cbox မှာ aungkowin21@gmail.com တောင်းဆိုထားတဲ့ ဓာတ်ပုံကနေ ခဲခြစ် ပန်းချီပြောင်းပေးနိုင်တဲ့ Pencil sketch Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။အဲ့ဒီ Software လေးဟာ ဓာတ်ပုံကနေ မိမိ စိတ်ကြိုက် ခဲခြစ်ပန်းချီ ရအောင် ပြီးတော့ မိမိ ဓာတ်ပုံ အကြည်ကနေ မှုန်ဝါးဝါးလေး ဖြစ်သွားအောင် စတဲ့ Effect ကောင်းကောင်းလေးတွေ တော်တော်များများ သုံးလို့ရပါတယ်။ပြီးတော့ ဒီ Software ရဲ့ ကောင်းကွက် တစ်ခုက Install လုပ်စရာမလိုတဲ့ Protable Software လေး ဖြစ်တဲ့ အတွက် အလွယ်တကူ USB Stick လေးထဲ ထည့်သွားပြီး အသုံးပြုလို့ကောင်းတဲ့ ပေါ့ပါးတဲ့ Software လေးတစ်ခုဆိုရင်လဲ မမှားပါဘူးဗျာ။ကျွန်တော် ဒီ Software အသုံးပြုပုံ အစအဆုံးကတော့ သိပ်မရေးတော့ဘူးဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့မှာ အချိန်သိပ်မရလို့ပါ။ပြီးတော့ ဒီ Software လေးက သိပ်ပြီးလဲ မရှုပ်ပါဘူး။ဘာ Serial Number မှလဲ မလိုပါဘူး။ကျွန်တော့ ပုံကို အောက်မှာ အစမ်းသုံးပြထားပါတယ်။Software ကိုပဲ ကြည့်နော်။ဓာတ်ပုံထဲက လူကို ကြည့်နဲ့နော်။ဓာတ်ပုံထဲက လူက သိပ်မလန်းဘူးဗျ။
Fig - 1
ကဲ........ဘယ်လိုလဲ သူငယ်ချင်းတွေ ကြိုက်သွားပြီ မဟုတ်လား။ကြိုက်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။အောက်က Link လေး 2 ခုမှာ Download သွားယူလိုက်ပါနော်။

Mediafire Download Page (1)

Dropbox Download Page (2)

သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။အော်.........ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကို လမ်းညွှန်ပေးပါဦးနော်။ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်နော်။
                                                                                                                                       ကြိုးစားလျက်.....!
                                                                                                                                        (Yekyawphyo)

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျွန်တော့ကို Facebook က Myanmar IT Knowledge Organization Group လေးမှာ Ko Ko Aung မေးထားတဲ့ မေးခွန်းလေးကို ဖြေပေးရင်း ကျွန်တော့် IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်လဲ ကျွန်တော် လေ့လာထားသလောက်လေး ရှင်းပြပေးပါ့မယ်ဗျာ။ကိုယ့် PC မှာ ZawGyi Font ရော Keyboard ရော ရှိပါတယ်။ရှိရဲ့ သားနဲ့ မြန်မာလို ရိုက်လို့ မရဘူးဖြစ်နေပါတယ်။Ctrl+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။Alt+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။မြန်မာလို ရိုက်ရတာ အဆင်မပြေလို့ စိတ်ညစ်နေပါတယ်ဆိုတဲ့ သူတွေ အတွက်ပေါ့ဗျာ။အရင် ဦးဆုံး ကျွန်တော် လုပ်ပေးရမှာက Destop Start Bar ရဲ့ ညာဘက်ထောင့်စွန်းမှာ ရှိတဲ့  နာရီတွေ နေ့ရက်တွေ ပြတဲ့နေရာလေးမှာ Keyboard ပုံစံ Icon လေးကို တွေ့အောင် ရှာလိုက်ပါ။ပြီးရင် အဲ့ဒီ Keyboard ပုံစံ Icon လေးကို တွေ့ရင် Right Click ထောက်ပြီး Setting ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်မှာ ပုံနဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။ကြည့်လိုက်ပါဦး။
Fig - 1
Fig - 1
Setting ကို Click ပြီးသွားတဲ့ အခါမှာတော့ Text Services and Input Languages ဆိုတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ အခါ General ဆိုတဲ့ Tab မှာ Default input language ဆိုတဲ့နေရာမှာ ကျွန်တော်တို့က English (Unuted States) - US ကို ပုံသေပြောင်းပေးထားရမှာပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ပြင်ပေးရမှာ ဖြစ်ပါတယ်ဗျာ။
Fig - 2
Fig - 2
အဲ့ပေါ်က ပုံလေး အတိုင်းဖြစ်နေတယ်ဆိုရင်တော့ ဘာမှ လုပ်စရာမလိုအပ်ဘဲ နောက် Tab တစ်ခု ဖြစ်တဲ့ General ဆိုတဲ့ Tabs ရဲ့ ဘေးက Language Bar ဆိုတဲ့ Tabs ကိုသွားလိုက်ပါ။အဲ့ဒီ မှာ တစ်ခု သတိထားရမှာက Language Bar ဆိုတဲ့နေရာလေးမှာ Docked In The Taskbar ဆိုတဲ့နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင် အောက်မှာ ရှိနေတဲ့ စာကြောင်း အရှည်ကြီး 3 ခုထဲက အောက်ဆုံး စာကြောင်းဖြစ်တဲ့ Show Text Labels On The Language Bar ဆိုတဲ့နေရာလေးကို အမှန်ဖြစ် ဖြည့်ပေးလိုက်ပါ။ပြီးရင် Apply , Ok ပေါ့။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 3
Fig - 3
မပြီးသေးဘူး ဗျ။ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်  2 ခု ရှိပါသေးတယ်။အဲ့ဒါက Language Bar ဆိုတဲ့ Tab ရဲ့ နောက်က Advanced Key Settings ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အဲ့ဒီနေရာမှာ သတိထားရမှာ တစ်ခုက Press The CAPS LOCK Key ဆိုတဲ့ နေရာလေးမှာ Mark ပေးထားလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 4
Fig - 4
အပေါ်က ပုံလေး အတိုင်း လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်နားလေးမှာရှိတဲ့ Change Key Sequence ... ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အဲ့ဒီ မှာ Switch Input Language နဲ့ Switch Keyboard Layout ဆိုတဲ့လေး နှစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။အဲ့ဒီ မှာ ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက Ctrl+Shift နှိပ်လဲ မြန်မာလို့ ရိုက်လို့ မရ Alt+Shift နှိပ်လဲ ရိုက်လို့ မရလို့ သူတွေ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ပြင်ပေးရပါမယ်။Switch Input Language ဆိုတဲ့နေရာလေးရဲ့ အောက်မှာ 3 ကြောင်းမြောက်ဖြစ်တဲ့ Left Alt+Shift ဆိုတဲ့နေရာလေးကို Mark ရွေးပေးလိုက်ပါ။ပြီးရင် Switch Keyboard Layout ဆိုတဲ့ နေရာလေးရဲ့ အောက်မှာ ရှိတဲ့ 2 ကြောင်းမြောက်နေရာလေးက Ctrl+Shift ဆိုတဲ့ နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင်တော့ OK>Apply>Ok ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။သွားကြည့်လိုက်ပါဦးနော်။
Fig - 5
Fig - 5
ကဲ.....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ ၀က်ဆိုဒ်လေးကို လက်တို့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်....!
                                                                                                                                          (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -