Posted by : Ye Kyaw Phyo
Monday, August 20, 2012
ဒီ တစ်ခါတော့ ကျွန်တော့ IT Bank ရဲ့ Cbox မှာ aungkowin21@gmail.com တောင်းဆိုထားတဲ့ ဓာတ်ပုံကနေ ခဲခြစ် ပန်းချီပြောင်းပေးနိုင်တဲ့ Pencil sketch Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။အဲ့ဒီ Software လေးဟာ ဓာတ်ပုံကနေ မိမိ စိတ်ကြိုက် ခဲခြစ်ပန်းချီ ရအောင် ပြီးတော့ မိမိ ဓာတ်ပုံ အကြည်ကနေ မှုန်ဝါးဝါးလေး ဖြစ်သွားအောင် စတဲ့ Effect ကောင်းကောင်းလေးတွေ တော်တော်များများ သုံးလို့ရပါတယ်။ပြီးတော့ ဒီ Software ရဲ့ ကောင်းကွက် တစ်ခုက Install လုပ်စရာမလိုတဲ့ Protable Software လေး ဖြစ်တဲ့ အတွက် အလွယ်တကူ USB Stick လေးထဲ ထည့်သွားပြီး အသုံးပြုလို့ကောင်းတဲ့ ပေါ့ပါးတဲ့ Software လေးတစ်ခုဆိုရင်လဲ မမှားပါဘူးဗျာ။ကျွန်တော် ဒီ Software အသုံးပြုပုံ အစအဆုံးကတော့ သိပ်မရေးတော့ဘူးဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့မှာ အချိန်သိပ်မရလို့ပါ။ပြီးတော့ ဒီ Software လေးက သိပ်ပြီးလဲ မရှုပ်ပါဘူး။ဘာ Serial Number မှလဲ မလိုပါဘူး။ကျွန်တော့ ပုံကို အောက်မှာ အစမ်းသုံးပြထားပါတယ်။Software ကိုပဲ ကြည့်နော်။ဓာတ်ပုံထဲက လူကို ကြည့်နဲ့နော်။ဓာတ်ပုံထဲက လူက သိပ်မလန်းဘူးဗျ။
ကဲ........ဘယ်လိုလဲ သူငယ်ချင်းတွေ ကြိုက်သွားပြီ မဟုတ်လား။ကြိုက်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။အောက်က Link လေး 2 ခုမှာ Download သွားယူလိုက်ပါနော်။
Mediafire Download Page (1)
Dropbox Download Page (2)
သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။အော်.........ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကို လမ်းညွှန်ပေးပါဦးနော်။ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်နော်။
ကြိုးစားလျက်.....!
(Yekyawphyo)
Fig - 1 |
Mediafire Download Page (1)
Dropbox Download Page (2)
သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။အော်.........ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကို လမ်းညွှန်ပေးပါဦးနော်။ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်နော်။
ကြိုးစားလျက်.....!
(Yekyawphyo)
Related Posts :
- Back to Home »
- (Download Zone) , (Graphic Design) , (Photoshop) , (Protable) , (Software) »
- ဓာတ်ပုံကနေ ခဲခြစ်ပန်းချီသို့ ပြောင်းလဲ ပေးနိုင်တဲ့ Pencil Sketch Protable Software လေးပါ။