Android OS, iOS, PC/Laptop တို့မှာ Free Phone/Video,Free SMS/Voice,Free File Sharing/Photo/Video/Music Share ပြုလုပ်ပေးနိုင်တဲ့ AireTalk App Software လေးပါ။
Posted by : Ye Kyaw Phyo
Wednesday, October 3, 2012
Viber , Skype , Pfingo , Tango အစရှိတဲ့ Free Communications App တွေရှိသလို
ပိုက်ဆံနဲ့ ပေးပြီး သုံးရတဲ့ Skype , Pfingo တို့လို့ App Software တွေလဲ အများကြီး ရှိနေပါတယ်။
အဲ့ဒီ Software တွေထဲကမှ အခုတစ်လောက် လူသုံးအများဆုံးဖြစ်နေတဲ့ Viber နဲ့ Tango ဟာဆိုရင်
သူဟာလေးနဲ့ သူတော့ အဆင်ပြေပြေအသုံးပြုလို့ ရပါတယ်။ဒါမဲ့ သူတို့မှာ App တစ်ခုချင်းစီရဲ့ အားနည်းချက် အားသာချက်လေးတွေ ရှိနေကြပါတယ်။ဒါကို ကျွန်တော်တို့တွေကလဲ အဆင်ပြေပြေနဲ့ အသုံးပြုနေကြသလို Technician သမားတွေကလဲ Software တွေကို အသုံးပြုရတာ ဒီထက်ကောင်းအောင် ကြိုးစားထုတ်လုပ်နေကြပါတယ်။အဲ့ဒါ ဘာဖြစ်လို့လဲ ဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေဟာ အတောမသတ်နိုင်အောင် လောဘစိတ်များဟာ အများကြီးမဟုတ်ရင်တောင်
အနည်းငယ်စီ ရှိနေကြမှာ သေချာပါတယ်။အခုလဲဖုန်းနဲ့ PC မှာအသုံးပြုလို့ရတဲ့ Viber , Tango တို့ထက်ကောင်းတဲ့ AireTalk လို့ခေါ်တဲ့ Free All In One Communications App Software လေးနဲ့ ကျွန်တော် မိတ်ဆက်ပေးပါရစေဗျာ။အခု ပြောပြမဲ့ App Software လေးကတော့
Viber နဲ့ Tango တို့ထက် သာပါတယ်။ကျွန်တော်တို့ သုံးနေကြတဲ့ Viber ဆိုရင် Free Phone Call/Free SMS ပဲရတာပါ။သူ့ထက် သာသွားတဲ့ Tango ဆိုတဲ့ App ဟာဆိုရင်လဲ Free Phone Call/Free SMS/Free Video Call အစရှိတာတွေကို အသုံးပြုလို့ ရပါသေးတယ်။အခု ကျွန်တော် မိတ်ဆက်ပေးတဲ့ AireTalk ဆိုတဲ့ App ဟာဆိုရင်တော့ Internet (Or) Wifi ရှိရုံဖြင့် Internet Bandwidth အများကြီးရှိစရာ မလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။AireTalk App Software မှာပါဝင်တဲ့ Feature တွေကအောက်ပါ အတိုင်းဖြစ်ပါတယ်ဗျာ။
1.Free Phone Call/Video Call
2.SMS/MMS/Voice Massage
3.Walkie - Talkie
4.Gif Animation/Photo Transfers
5.File Sharing/Music/Videos
6.Location Sharing အစရှိသည်တို့ ပြုလုပ် အသုံးပြုနိုင်ပါတယ်။
အောက်မှာ ကျွန်တော် ဓာတ်ပုံတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်ဗျာ။
Free Register Account နဲ့ရယူ အသုံးပြုနိုင်သလို Facebook Account နဲ့လည်းဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။Android OS သုံး Phone/Tablet တွေ အပြင် PC/Laptop
Apple ထုတ်ကုန်တွေ ဖြစ်တဲ့ iOS သုံး Phone တွေ IDevices တွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။တစ်ခု သတိထားရမှာကတော့ Viber တို့ Tango တို့လိုပဲ AireTalk
App Software ထည့်သွင်းထားတဲ့ Mobile/PC/Laptop/Tablet တွေအချင်းချင်းမှာပဲ ဆက်သွယ်ပြောဆို နိုင်မှာဖြစ်ပါတယ်။ကိုယ်သုံးတာ အဆင်ပြေတယ်ဆိုရင်တော့ ဖြင့်
မိမိ သူငယ်ချင်းကိုလဲ ဒီ Software လေးသုံးဖို့ တိုက်တွန်းချင်တယ်ဆိုရင်တော့ အောက်က Web Site Link လေးကိုသာ ညွှန်းပေးလိုက်ပါ။
AireTalk Offical Web Site Page ~ http://www.airetalk.com
Google Play ကနေ Download လုပ်ချင်တဲ့ သူတွေ အတွက်ကတော့ ~ https://play.google.com/store/apps/details?id=com.pingshow.amper ပါ။
iTunes Apple Store ကနေ Download လုပ်ချင်တဲ့ သူတွေ အတွက်ကတော့ ~ http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22 ပါ။
PC/Laptop ကနေ Download လုပ်ချင်တဲ့ သူတွေ အတွက်ကတော့ ~ http://www.airetalk.com/ ပါ။
ကဲ......ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank Site ရဲ့ စာဖတ်ပရိသတ်တွေ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ဗျာ။ကျွန်တော် လဲ အခု တစ်လောက် အလုပ်တွေမအားတာနဲ့ ကျွန်တော် Web Site မှာ Post တင်ဖို့ လစ်ဟင်းသွားခဲ့ပါတယ်ဗျာ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျွန်တော် အနူးအညွှတ်တောင်းပန်ပါရစေဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)

Fig ~ 1 |
Fig ~ 2 |

Related Posts :
- Back to Home »
- (Android) , (Download Zone) , (iOS) , (Phone Knowledge) , (Software) , (Windows) »
- Android OS, iOS, PC/Laptop တို့မှာ Free Phone/Video,Free SMS/Voice,Free File Sharing/Photo/Video/Music Share ပြုလုပ်ပေးနိုင်တဲ့ AireTalk App Software လေးပါ။
အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ အားပေးလျှက်ပါဗျာ
ReplyDelete