Android Phone နဲ့ Tablet သမားတွေ အတွက် Touch ကိုနှိပ်စရာမလိုဘဲ သီချင်းတွေနားထောင်နိုင်တဲ့ Sensor Music Player Application လေးပါ။
Posted by : Ye Kyaw Phyo
Saturday, December 29, 2012
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Android တွေနဲ့ ပတ်သတ်တဲ့ Post လေးတစ်ခုပေါ့ဗျာ။ကျွန်တော်တို့ Android Phone တွေမှာ သီချင်းတွေ နားထောင်လို့ရအောင် Music Player ဆိုပြီးပါ ပါတယ်။အဲ့လို Music Player တွေအများကြီးထဲမှာမှ Style လန်းလန်းလေးနဲ့ အသုံးပြုလို့ကောင်းတဲ့ Player လေးတစ်ခုနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Music Player လေးရဲ့ ထူးခြားချက်က ကျွန်တော်တို့ သီချင်းတွေ နားထောင်တဲ့ အခါ Music Player တော်တော်များများက တစ်ပုဒ်ပြီး တစ်ပုဒ် Auto သွားနေပါတယ်။ဒါမဲ့ အဲ့လို သွားနေတဲ့ သီချင်းတွေထဲမှာ ကိုယ်မကြိုက်တဲ့ သီချင်းတွေလဲ ရောပါလာမယ်။နောက်တစ်ပုဒ် ကျော်သွားချင်တယ်ဆိုပါစို့။အဲ့ဒီ အခါ မိမိ Phone ရဲ့ Touch Screen ကို လက်ဖြင့်နှိပ်စရာမလိုဘဲ Phone ရဲ့ မျက်နှာပြင် Touch Screen ကိုထိစရာမလိုဘဲ မိမိ လက်ကို Phone Screen ရှေ့သို့ ဖြတ်သွားယုံဖြင့် မိမိ ကျော်ပြီး နားထောင်လိုတဲ့ သီချင်းကို ရောက်ရှိပြီး အဆင်ပြေစွာနားထောင်လို့ရမှာပါ။ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်တော်တို့ ကစားကွင်းတွေမှာ သွားကရင် ခလုတ်တွေနှိပ်စရာ မလိုပဲ လူရဲ့ ခန္ဓာကိုယ် အမူအရာနဲ့ အလုပ်လုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ပြီးတော့ ဘောင်းဘီ အိတ် လွယ်အိတ်ထဲတို့တွင် ထည့်ထားခြင်းဖြင့် မိမိ နားထောင်လိုတဲ့ သီချင်းကို ဘောင်းဘီအိတ် လွယ်အိတ်တို့ကို တစ်ချက်ထိ ခြင်းဖြင့်လဲ နားထောင်လို့ရပါတယ်။ကျွန်တော်တော့ ဒီလောက်ပဲ ရှင်းပြတော့မယ်ဗျာ။အပြည့်အစုံကို သိချင်တယ်ဆိုရင်တော့ အောက်က ဓာတ်ပုံလေးကို ကြည့်ပြီး ဟိုးအောက်ဆုံးနားမှာ ရှိနေတဲ့ Download လုပ်ရန် Link မှာ Download ဆွဲပြီး အသုံးပြုကြပေါ့ဗျာ။
ဒုတိယမြောက် ပုံမှာ အသုံးပြုပုံတွေကို အနည်းငယ်ပြပေးထားပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒါဆိုရင် အမြန်ဆုံး Download ရယူလိုက်ရအောင်လားဗျာ။အောက်က Link မှာ သွားယူလိုက်ပါနော်။
Sensor Music Player Version 2.29.2 Apk File Download Page
ကဲ..... Mobile နဲ့ပတ်သတ်တာတွေ စိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီးတွေအားလုံး ကျွန်တော် ပေးတဲ့ Software လေးကို ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေကြပါစေနော်။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
(Yekyawphyo)
![]() |
Fig ~ 1 |
Fig ~ 2 |
Sensor Music Player Version 2.29.2 Apk File Download Page
ကဲ..... Mobile နဲ့ပတ်သတ်တာတွေ စိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီးတွေအားလုံး ကျွန်တော် ပေးတဲ့ Software လေးကို ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေကြပါစေနော်။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
(Yekyawphyo)
Related Posts :
- Back to Home »
- (Android) , (Audio) , (Download Zone) , (Phone Knowledge) , (Software) »
- Android Phone နဲ့ Tablet သမားတွေ အတွက် Touch ကိုနှိပ်စရာမလိုဘဲ သီချင်းတွေနားထောင်နိုင်တဲ့ Sensor Music Player Application လေးပါ။