Posted by : Ye Kyaw Phyo
Tuesday, December 18, 2012
ကျွန်တော် နည်းပညာ Post တွေနဲ့ ကျန်းမာရေး Post တွေချည်းပဲ တင်နေရတာ နည်းနည်းလေး ညှီးငွေ့နေတာနဲ့ ကဗျာလေးတစ်ပုဒ်လောက် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးကို စိတ်အပြောင်းအလဲ လေး ဖြစ်သွားအောင် မျှဝေပေးပါရစေဗျာ။ဒီ ကဗျာလေးကို ကျွန်တော် သိသိခြင်း အရမ်းကို ကြိုက်သွားတာပဲဗျာ။အခုခေတ် ကျွန်တော်တို့လို လူငယ်လေးတွေ စကားနဲ့ ပြောမယ်ဆိုရင် ဒီ ကဗျာလေးက ကျွန်တော့နှလုံးသားကို လုံးဝ Heart ထိသွားမိတယ်ဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ကဗျာလေးက အမေနဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်မို့လို့ပါပဲ။ဒီ ကဗျာလေးကို ရေးသားထားတဲ့ ကဗျာဆရာ နာမည်ကတော့ ဆရာ သော်ဇင်အုန်း ပဲဖြစ်ပါတယ်ဗျာ။အဲ့ဒီ ကဗျာလေး နာမည်ကတော့ (အမေအို) ဖြစ်ပါတယ်ဗျာ။
``အမေ အို´´
ညဆိုတာနဲ့ အိပ်ပြစ်လိုက်ရမှာလား
သားလေးတွေ သမီးလေးတွေ ပြန်ငယ်သွားရင် ကောင်းမှာ
ပုံပြင်တွေ ပြောပြမယ် ကစားစရာတွေ ၀ယ်ပေးမယ်
တစ်ယောက် တစ်လှည့်လာတိုင်လှည့်ကြပါဦး..။
အမေ့မျက်နှာပြုံးလို့ ..... ဒါမင်းဖို့ ဒါမင်းဖို့
ချွေးခံအကျီင်္ အိတ်ကပ်ထဲက ထုတ်ပေးလိုက်မယ်
အားလုံး ........ အတူတူ။
ကဗျာဆရာ ~ (သော်ဇင်အုန်း)
![]() |
Fig ~ 1 |
ကဗျာလေးက အနည်းငယ် တိုပေမဲ့ အဲ့ဒီ ကဗျာလေးရဲ့ အဓိပ္ပာယ်က အရမ်းကို နက်ရှိုင်းလွန်းလှပါတယ်ဗျာ။ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးလေးလဲ ဒီ ကဗျာလေးကို ကျွန်တော့လိုပဲ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
Related Posts :
- Back to Home »
- (ကဗျာ) , (ရသ) , (အထွေထွေ) »
- ကဗျာဆရာ - သော်ဇင်အုန်းရဲ့ (အမေအို) ဆိုတဲ့ ကဗျာလေးပါ။