Posted by : Ye Kyaw Phyo Saturday, December 1, 2012

အခု တစ်လော ကျွန်တော် တစ်ချို့ Software လေးတွေ ရှာရင်း ကျွန်တော့ Laptop လေးထဲက Dictionary Software လေးတော်တော်များများ ပြန်ရှာတွေ့နေပါတယ်။အခု လဲ Ayar Unicode Group က ထုတ်လုပ်ထားတာ ကြာပြီ ဖြစ်တဲ့ Ayar Myanmar Unicode Dictionary လေးနဲ့ ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါရစေဗျာ။မနေ့ကတော့ ကျွန်တော် ရွှေရိုး အဘိဓာန်လေး အကြောင်းကို Post တင်ပေးခဲ့ပြီးပါပြီ။အခု Ayar Myanmar Unicode Dictionary လေးကို လိုချင်တဲ့ သူများ ရှိရင် ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးနဲ့ ဖော်ပြထားပါတယ်ဗျာ။Download Link ပါ တစ်ပါတည်းပေးထားပါသေးတယ်ဗျာ။လိုချင်ရင် အောက်မှာ သွားယူလိုက်ပါဦးနော်။တစ်ခု သတိပေးချင်တာကတော့ ဒီ Software လေးရဲ့ ထူးခြားချက်ကတော့ တခြား Software တွေကို Install လုပ်စရာမလိုဘဲ Click နှစ်ချက် နှိပ်လိုက်ရုံဖြင့် ကိုယ့်သိချင်တဲ့ စကားလုံးကို တန်းပြီး ရှာဖွေပေးနိုင်အောင် ပြုလုပ်ဖန်တီးပေးထားတဲ့ Portable Software လေးတစ်မျိုးလဲ ဖြစ်ပါတယ်ဗျာ။
Fig ~ 1
မိမိ စက်မှာ Unicode Font ရှိထားမှ မြန်မာလို အဆင်ပြေစွာ ဖတ်ရှုနိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။Ayar Unicode အဖွဲ့နဲ့ Ayar Unicode အဖွဲ့ရဲ့ အကျိုးပြုပုံတွေ အသေးစိတ်လေ့လာကြည့်ရှုလိုတယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားရောက် လေ့လာလို့ ရပါတယ်ဗျာ။

Ayar Myanmar Unicode Group (ဧရာမြန်မာ ယူနီကုတ် အဖွဲ့)

ဒီအောက်က Link လေးကတော့ Ayar Myanmar Unicode Dictionary Download ရယူနိုင်တဲ့ Web Site Link လေးပါ။ဒီ Software လေးကို ရေးသားသူတွေကတော့ Ma Zar Zar Wint, Ko Kyaw Khaing, Ko Sai Khan Tun တို့ ဖြစ်ပြီး Programmer ကတော့ Ko Soe Min ဖြစ်ပါတယ်ဗျာ။

Ayar Myanmar Unicode Dictionary Download Page


ကဲ........ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေရဲ့ PC တွေ Laptop တွေမှာ Dictionary တွေ စုံသလောက်ရှိသွားပြီပေါ့နော်။ကိုယ် မသိတဲ့ English စကားလုံးတွေများ ရှိခဲ့ရင် ကျွန်တော် ပေးတဲ့ Dictionary လေးတွေမှာ ရိုက်ပြီးတော့ သာရှာပေတော့ဗျာ။

ကြိုးစားလျက်.......!
  (Yekyawphyo)

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -