Archive for March 2013

Fig ~ 1
Fig ~ 2

အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ နည်းပညာဆိုင်ရာ Post လေးကတော့ ကျွန်တော်တို့ Mobile Phone(Smart Phone) ထဲကနေ မိမိ Facebook Wall ပေါ်ကို မိမိတင်ချင်တဲ့ စာသားတွေ Status တွေကို Internet မလိုအပ်ဘဲ Offline အနေနဲ့ SMS  စနစ်ကိုအသုံးပြုပြီး တင်ချင်တဲ့ သူတွေအတွက် MMstatus(Myanmar Status) ဆိုတဲ့ Mobile Service တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Mobile Service ကို ဘယ်လို အသုံးပြုရတယ်။ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ရှင်းပြပါ့မယ်ဗျာ။အဲ့ဒီ MMstatus SMS စနစ်သုံး Mobile Service ကိုစတင်လိုက်တဲ့ Company ကတော့ M188 Mobile Application Services Center မှ March မတ်လ 12 ရက်နေ့မှာ စတင်ကာ ဖန်တီးပြုလုပ်လိုက်တာ ဖြစ်ပါတယ်။မိမိတို့ Mobile Phone ကနေတစ်ဆင့် Offline အနေနဲ့ မိမိ Facebook Account ပေါ်သို့ တင်လိုသော Status များကို ဘယ်နေရာ၊ ဘယ်အချိန် မိမိစိတ်ကြိုက်တင်နိုင်မည်ဖြစ်ပြီး SMS (18880) သို့ မိမိတင်လိုသောစာသားများကို ပေးပို့ပြီး အလွယ်တကူ Offline မှနေ Update ပြုလုပ်ပေးနိုင်ပါတယ်။SMS ပေးပို့ပြီး မိမိရဲ့ Facebook Status တင်တဲ့ အခါမှာလဲ SMS Server အနေနဲ့ပေးပို့သူရဲ့ Password ကို Save မှတ်ထားမှာ မဟုတ်ပါဘူး။ဒီ စနစ်မှာအသုံးပြုရာတွင်လဲ အတွက် Mobile Phone ဘယ်ဖုန်းမဆို အသုံးပြုလို့ရပါတယ်လို့ M188 Mobile Application Services Center မှ Assistabt Manger ကိုရဲမြတ်အောင် က ပြောပါတယ်။Facebook မှ Notification များကိုလည်း SMS စနစ်ဖြင့် အခမဲ့ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒီ SMS စနစ်သုံး MMStatus ၀န်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ Mobile Phone ထဲမှာ ထည့်သွင်းထားတဲ့ Phone Bill ထဲကမှ တစ်ရက်ကို 35 ကျပ်နှုတ်မှာ ဖြစ်ပါတယ်။အခု လက်ရှိအချိန်မှာတော့ MMstatus ကို အခမဲ့ တစ်လ အသုံးပြုခွင့်ပေးထားပါတယ်။SMS စနစ်သုံး MMstatus(Myanmar Status) နဲ့ပတ်သတ်ပြီး အချက်အလက်နဲ့ မေးခွန်းတွေကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

Compatibility

မေးဘယ်ဖုန်းတွေက mmStatus သုံးလို့ မလဲ
ဖြေဘယ်ဖုန်းအမျိုးစားမဆို SMS ပို့နိုင်/လက်ခံ နိုင်တယ်ဆိုရင် mmStatus ကို အသုံးပြုလို့ရပါတယ်။


မေးSmart Phone ရှိနေပြီးသားဆို ဘာလို့ ဒီ service ကို သုံးမှာလဲ
ဖြေmmStatus ဟာ SMS ကိုပဲ အသုံးပြုတဲ့အတွက် အင်တာနက် မရှိတဲ့နေရာတွေမှာလဲ အသုံးပြု နိုင်ပါတယ်။ နောက်ပြီး notification တွေအတွက် အ၀င် SMS က အခမဲ့ဖြစ်ပါတယ်။



Pricing

မေးအသုံးပြုခက ဘယ်လောက်လဲ? ပို့သမျှ SMS ခတွေကို ပေးရမှာလား
ဖြေ
Service အသုံးပြုခက တစ်နေ့ကို ၃၅ ကျပ်ပါ။ တစ်နေ့ကို ကြိုက်သလောက် mmStatus update တွေ တင်ခွင့်ရှိပါတယ်။ ဖုန်းပေါ်ကနေ ပို့ခကတော့ မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်း မြန်မာ့ဆက်သွယ်ရေးက ကောက်ခံပါလိမ့်မယ်။ Notification တွေအတွက် အ၀င် SMS ကတော့ အခမဲ့ဖြစ်ပါတယ်။


မေးဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုခ ကောက်မှာလဲ
ဖြေအသုံးပြုသူရဲ့ ဖုန်းထဲက credit ကို နေ့စဉ် ၃၅ ကျပ်စီ ဖြတ်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ အသုံးမပြု ချင်တော့ရင် 18880 ကို STOP MMFB ဆိုပြီး ပို့လိုက်ပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။


မေးService ကို ယူထားပြီး mmStatus ကနေတဆင့် Facebook Status ကို update မလုပ်ရင်လဲ အသုံးပြုခ ကောက်မှာလား
ဖြေဟုတ်ကဲ့။ တစ်နေ့ကို ၃၅ ကျပ်နှုန်းနဲ့ ပုံမှန်ကောက်ခံသွားမှာပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။



Error

မေးService ကို ယူထားပြီးပါပြီ ဒါပေမယ့် SMS တစ်စောင်မှ ၀င်မလာဘူး။ ဘာကြောင့်လဲ
ဖြေ
အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေး တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အသုံးပြုသူရဲ့ ဖုန်း SMS ဟာ ပြည့်နေတဲ့အတွက် SMS အသစ်တွေ မ၀င်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။



Security

မေး“Cannot register due to security issue” ဆိုတဲ့ SMS ၀င်လာပါတယ်။ ဘာလုပ်ရမလဲ
ဖြေအသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေးတာကြာင့် ဖြစ်နိုင်ပါတယ်။ သင့်ရဲ့  Facebook account ကို ဒီ page မှတဆင့် ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် www.mmstatus.com/wap မှတဆင့် ၀င်လိုက်ပါ။ သင်ရဲ့ login အချက်အလက်တွေကို ဖြည့်ပြီးတဲ့ အခါမှာ ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။  အကယ်လို့ ဖုန်းမှတဆင့် အကူအညီ လိုအပ်ပါက 012399188 သို့ ဆက်သွယ်နိုင်ပါတယ်။



How to’s

မေးmmStatus နဲ့ Facebook account ကို register လုပ်ပြီးသွားပါပြီ။ အခု status ကို ဘယ်လိုမျိုးတင်ရမလဲ
ဖြေ18880 ကို SMS ပို့လိုက်ရုံပါပဲ။ ပေးပို့ရမယ့် ပုံစံကတော့ WALL လို့ရိုက်ပါ ပြီးရင် Space (နေရာလွတ်) တစ်ချက်ထားပါ၊ ပြီးရင် တင်ချင်တဲ့ စာသားကိုရေးပါ။ ပြီးတဲ့အခါမှာတော့ 18880 ကို ပို့လိုက်ပါ။ဥပမာ WALL What a beautiful day လို့ 18880 ကိုပို့လိုက်ရင် သင့်ရဲ့ status ကို What a beautiful day လို့ mmStatus က တင်ပေးလိုက်မှာဖြစ်ပါတယ်။


မေးmmStatus service က Facebook မှာ Status တင်တာအပြင် တခြား ဘာ ၀န်ဆောင် မှုတွေ ပေးသေးလဲ
ဖြေmmStatus က သင့်ရဲ့ Facebook အသိမိတ်ဆွေများရဲ့  News Feed ကို လဲ SMS မှတဆင့် သင့်ဆီကို ပို့ပေးနိုင်ပါတယ်။ အဲဒီ service ကို ယူချင်တယ်ဆိုရင် 18880 ကို FEED လို့စာရိုက်ပြီး ပို့ပေးလိုက်ပါ။



Help

မေးအခုအထိ mmStatus က ဘယ်လို အလုပ်လုပ်သလဲ နားမလည်သေးဘူး။ ကူညီပါဦး
ဖြေmmStatus ရဲ့ Hotline ဖြစ်တဲ့ 012399188 ကိုဆက်ပြီး သင်တို့ သိလိုတဲ့ အကူအညီ များကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ mmStatus ရဲ့ Facebook Page နဲ့ www.mmstatus.com မှာ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။

SMS စနစ်သုံး MMstatus(Myanmar Status) ရဲ့ အချက်အလက်တွေကို လေ့လာပြီး အသုံးချင်တယ်ဆိုရင်တော့........
MMstatus ရဲ့ Facebook Fan Page ဖြစ်တဲ့ ~ https://www.facebook.com/mmfstatus
MMstatus ရဲ့ Offical Web Page ဖြစ်တဲ့ ~ http://www.mmstatus.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။
MMstatus ကိုအသုံးပြုသူ အနေဖြင့် Facebook ပေါ်တွင် Status များအား Update ပြုလုပ်ချင်ပါကမိမိ Mobile Phone များမှတစ်ဆင့် မိမိတင်လိုသော် Status ကို MMStatus Server (18880) သို့အရင်ဦးဆုံး SMS ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။MMstatus Server (18880)  မှာ မိမိပေးပို့လိုက်တဲ့ SMS ကိုလက်ခံရယူကာ Facebook ပေါ်သို့ Update တင်ပေးမှာဖြစ်ပါတယ်။အသုံးပြုခကတော့ တစ်နေ့ကို မြန်မာကျပ်ငွေ 35 ကျပ်တည်းဖြင့် မိမိ စိတ်ကြိုက် MMstatus ကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်က ကြော်ငြာပေးသလို ဖြစ်သွားတယ်နော်။ထားပါတော့ဗျာ..။ဒီ SMS Service လေးက Internet မလိုလဲ အသုံးပြုလို့ရတာဖြစ်တာကြောင့် ကျွန်တော့ IT Bank စာဖတ်ပရိတ်တွေထဲက မြန်မာနိုင်ငံမှာနေထိုင်တဲ့ Mobile Phone အသုံးပြုသူတွေအားလုံးအတွက် ပျော်စရာသတင်းကောင်းလေး ပါးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (YeKyawPhyo)
Fig ~ 1

ကျွန်တော် ဒီ တစ်ခါတော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေ အတွက် ကျန်းမာရေးနဲ့ သတ်ဆိုင်တဲ့ ဗဟုသုတလေး တစ်ခုနဲ့ ကျွန်တော် လေ့လာထားသလောက်လေး မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တို့  နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ကျွန်တော်တို့ လူသားတွေ တစ်နေ့လုံး အလုပ်ခွင်မှာ တက်တက်ကြွကြွနဲ့ အလုပ်တွေကို ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက ကျွန်တော်တို့ လူသားတွေအတွက် အားဖြည့်လောင်စာ တစ်မျိုး ပါပဲ။အာဟာရ ပြည့်ဝပြီး အရသာရှိတဲ့ နံနက်စာက ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကိုကောင်းစွာ ပေးစွမ်း နိုင်ပါတယ်။ကျွန်တော်တို့က တစ်ခါတစ်လေ အလုပ်ချိန်မမှီတော့တာတို့ ဗိုက်မဆာလို့ နံနက်စာ မစားမိတာမျိုးဆိုရင်တော့ တစ်နေကုန်ရင်ခံ သွားပြီး နေ့လယ်စာပါ စားမဝင် နိုင်တာမျိုး ရင်ပြည့်သွားတာမျိုးတို့ ဖြစ်တတ်ပါတယ်။ဒါမှမ ဟုတ် နေ့လယ်စာကို ပိုစားမိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။တကယ်တော့ ကျွန်တော်တို့လူသားတွေဟာ နံနက်စောစော အချိန်မှာ လူတစ်ယောက် အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ဒါမှလဲ ကျွန်တော်တို့ လူသားတွေအတွက် တစ်နေကုန်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွလန်းဆန်းစွာနဲ့ လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်။နံနက် အိပ်ရာ ထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝ နာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာ နိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့် အစာအိမ်ကို ဒုက္ခပေးနိုင် သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ အတွက် တက်ကြွလန်းဆန်းမှုတွေ မရှိတော့ဘဲ စိတ်ထဲမှာ ထုံထိုင်းစေပြီး တစ်နေတာရဲ့ လုပ်ဆောင်မှုတွေကိုလည်း နှေးကွေး စေပါတယ်။နံနက်စာ မစားလို့ နေ့လယ်စာကို ပိုစားမိ ပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်တို့ လူသားတွေဟာ နံနက်စာကိုသာ ကောင်းကောင်း အချိန်မှန်မှန်နဲ့ စားထားခဲ့မယ်ဆိုရင် သင့် တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင် သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင် တာတွေကို ခွန်အား အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံးပေးရ ပါမယ်။သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေ လိမ္မော်သီးတွေ ကို ဖျော်ရည် ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့် ပါတယ်။မစားရင်တော့ ကိုယ့် ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့က နံနက်စာ စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြောင်းလဲ သင့်ပါပြီ။နံနက်စာက ကျွန်တော်တို့လူသားတွေရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ် ဆိုရင် ဒီနေ့ပဲ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရွေးချယ်လိုက်ကြရအောင်ဗျာ။တကယ်ဆိုရင် ကျွန်တော်တို့က နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ အပူတွေ သောက်မယ့်အစား နံနက်စောစော စီးစီးမှာ ရင်ကို အေးမြပြီး လန်းဆန်းစေတဲ့ သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာပြီး နုပျို စေပါတယ်။ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်(Vitamin) နဲ့ သတ္တုဓာတ်(Zinc) တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင်အေ(Vitamin A) က သင့်အမြင်(မျက်လုံး) ကို ကြည်လင်စေပြီး အသားအရေ လှပ စေပါတယ်။ ဗီတာမင်ဘီ(Vitamin B) အုပ်စုက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်သျှုးတွေကို အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရှိ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ(Vitamin C) က ခန္ဓာကိုယ် အတွက် သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ် စေတာကြောင့် ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံဖြစ်ပေါ်တက်တဲ့ အနာများကို အကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ(Vitamin D) က အရိုးနဲ့ သွားတွေကို သန်မာ စေပါတယ်။ ဗီတာမင်အီး(Vitamin E) က အိုမင်း ရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ေ ပ်ါမှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့က နံနက်စာကို ဖျော်ရည် တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ဗီတာမင် ဓာတ်တွေကို ရရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘ၀ ကို သင့်ရွှေးချယ်မှုကနေ ဆုံးဖြတ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အနေနဲ့လဲ အာဟာရပြည့်ဝပြီး ကောင်းမွန်တဲ့ နံနက်စာကို ရွေးချယ်ပြီး ကျန်းမာသော ဘ၀လမ်းခရီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးထဲက စာသား တစ်ချို့တွေကို မြ၀တီ Web Portal မှ ကူးယူထားပြီး တစ်ချို့စာသား တွေကိုတော့ အနည်းငယ် ပြင်ဆင်ထားပါတယ်ဗျာ။
ကြိုးစားလျက်......!
 (YeKyawPhyo)
Fig ~ 1

ဒီ တစ်ခါ ကျွန်တော် ပေးချင်တဲ့ Software လေးကတော့ SmartTweak ဆိုတဲ့ Update Driver Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ PC/Laptop တွေ Windows အသစ်တင်ပြီးပြီးဆိုရင် ပြဿနာဖြစ်တက်တဲ့ Windows မှာ လိုအပ်တဲ့ Driver တောင်းတဲ့ ပြဿနာတွေကို Internet ရှိရုံဖြင့် လျင်မြန်စွာ Scan စစ်ပြီး Internet ပေါ်ကနေ Download ယူဖြေရှင်းပေးနိုင်တဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးကို ကျွန်တော့ Facebook က အဖွဲ့မှာ Member တစ်ဦးက တောင်းဆိုလို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်ပါ မျှဝေပေးလိုက်ပါတယ်ဗျာ။အရမ်းကောင်းတဲ့ Software လေးပေါ့ဗျာ။ပြီးတော့ အဲ့ဒီ Software လေးက Date Out သွားတဲ့ Driver တွေကိုလဲ Internet ရှိယုံဖြင့် Update ပြုလုပ်ပေးပါတယ်ဗျာ။ကျွန်တော် ဒီ Software လေးကို Keygen ပါ ထည့်သွင်းပေးထားပါတယ်ဗျာ။တစ်ခုတော့ သတိပေးချင်တယ်ဗျ။သူ့ပေးထားတဲ့ Keygen က ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Opterating System Type ဖြစ်တဲ့ 32 Bits/64 Bits စတဲ့ နေရာမှာလဲ Key ဖြည့်တဲ့နေရာမှာ လိုအပ်ပါသေးတယ်။ကျွန်တော်တို့က 32 Bits အတွက် Key ကို ယူလိုက်ပြီး ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type က 64 Bits ဆိုရင်လဲ Key ဖြည့်ရာတွင် အသုံးမ၀င်ပါဘူး။အဲ့တော့ ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type ကို ကြည့်ပြီး Key ထည့်သွင်းပေးရမှာဖြစ်ပါတယ်။Opterating System Type မကြည့်တက်ဘူးဆိုရင်တော့ Keyboard က Windows + Pause Break ကိုတွဲနှိပ်လိုက်ပါ။အောက်က ပုံအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။အနီရောင် ၀ိုင်းပြထားတဲ့ နေရာကို ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။
Fig ~ 2
Keygen ရဲ့ အလုပ်လုပ်ပုံကို အောက်မှာ ပုံလေးနဲ့ ထပ်ပြထားပါသေးတယ်ဗျာ။
Fig ~ 3

အပေါ်မှာ ပြထားတဲ့ ပုံလေးအတိုင်း ကိုယ့် ကွန်ပျူတာနဲ့ System နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးပြီး Generate License \ Activate ကိုနှိပ်လိုက်ပါ။ဒါဆိုရင် Full Version အနေနဲ့ အသုံးပြုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။
အောက်က Link ပေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။


ကဲ.......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
Fig ~ 1
ကျွန်တော် အခု တစ်လော နေမကောင်းဖြစ်သွားလို့ Post တွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားတယ်ဗျာ။အခုမှ နည်းနည်း သက်သာတာနဲ့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေအတွက် ဘာ Post တွေရေးပြီး ဘာ Software ကောင်းကောင်းလေးတွေ ပေးရင်ကောင်းမလဲလို့ စဉ်းစားရင်းကနေ ကျွန်တော့ Laptop ထဲကို မွှေလိုက်တာ ကွန်ပျူတာ အဘိဓာန်ဆိုတဲ့ Software လေးသွားတွေ့တာနဲ့ ကျွန်တော့ စာဖတ်ပရိတ်သတ်တွေကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ကိုယ်မသိတဲ့ စကားလုံး အခေါ်အဝေါ် အသုံးအနှုန်းတွေ မြန်မာလိုရှင်းပြထားတဲ့ Portable Freeware Dictionary လေးတစ်ခု ဖြစ်ပါတယ်ဗျာ။ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာ အသုံးပြုနေတဲ့ အချိန်မှာ ကိုယ်မသိတဲ့ စကားလုံး အသုံးအနှုန်းတွေကို ဒီ Dictionary လေးထဲ ရှာလိုက်ရင်ဖြင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေရဲ့ အခက်အခဲ တစ်စုံတစ်ရာကို ဖြေရှင်းပေးနိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။
Fig ~ 2

Install ပြုလုပ်ရာမှာလဲ အဆင့်ဆင့် သွားစရာမလိုအပ်ပဲ Double Click လေး တစ်ချက် နှိပ်လိုက်ယုံဖြင့် အလွယ်တကူဖြင့် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်တဲ့ Software လေးမို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေကို မျှဝေလိုက်ခြင်းဖြစ်ပါတယ်ဗျာ။အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။File Size က 786.6 KB ပဲ ရှိတာမို့လို့ အမြန်ဆုံးသာ Download ဆွဲပြီး ဆောင်ထားလိုက်ကြပေတော့ဗျာ။


Programmer ~ Zay Yar

Designer ~ ဒီဇိုင်နာ နဂါး

Company ~ အသောကပညာဒါန ကွန်ပျူတာ

ကြိုးစားလျက်......!
 (YeKyawPhyo)
http://ghostarea.net
ဒီ တစ်ခါ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တာကတော့ Computer IT နည်းပညာတွေနဲ့ ဆက်စပ်လေ့ရှိတဲ့ Hacking သတင်းတွေနဲ့ Hacking နည်းပညာတွေကို ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ ပထဦးဆုံး မြန်မာနိုင်ငံလူငယ်လေးများ (Ghost Area) မှစုစည်းရေးသားထားတဲ့ မဂ္ဂဇင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ မဂ္ဂဇင်းလေး ဖတ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူငယ် IT သမားလေးတွေကို လိုအပ်တာတွေ ရှိနေသေးရင် ဝေဖန်အကြံပေးပြီး အားပေးကြပါဦးလို့ ကျွန်တော်က အထူးမေတ္တာရပ်ခံချင်ပါတယ်ဗျာ။အဲ့ဒီ မဂ္ဂဇင်းလေးထဲမှာ Hacking နည်းပညာတွေ Hacking နဲ့ပတ်သတ်တဲ့ သတင်းတွေ Hacking အခြေခံ နည်းပညာ အတိုအထွာလေးတွေ စတဲ့ Hacking နဲ့ ပတ်သတ်တဲ့ နည်းပညာတွေကို စုစည်းပေးထားတဲ့ မြန်မာလို ဘာသာပြန်ပေးထားတဲ့ မဂ္ဂဇင်းစာအုပ်လေးကို အဆင်ပြေစွာ ဖတ်ရှုနိုင်အောင်လို့ အောက်မှာ Download Link နဲ့တကွ ကျွန်တော်က ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။Hacking အကြောင်း စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည်ဖြစ်စေ Internet အသုံးပြုတက်သူတစ်ဦးအနေဖြင့် ဗဟုသုတအနေဖြင့် သိသင့်သိထိုက်တဲ့ လေ့လာစရာ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်လိမ့်မယ် ကျွန်တော်အနေနဲ့ မြင်မိပါတယ်။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးရဲ့ အမြင်ကကော.......ဘယ်လိုပါလဲ။


 ကြိုးစားလျက်.......!
   (Yekyawphyo)
Fig ~ 1
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော်တို့ Computer သမားတွေ အကြိုက် Special Keyboard Shortcut Key တွေနဲ့ Characters တွေ အကြောင်း အသုံးပြုပုံတွေကို မသိသေးတဲ့သူတွေ လေ့လာနိုင်အောင် ရေးသားထားတဲ့ E-Book လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒီ E-Book လေးထဲကအတိုင်း Shortcut Key တွေလေ့လာလို့ရသွားရင် ပိုင်သွားရင်တော့ ကွန်ပျူတာအကြောင်းလေ့လာတဲ့ နေရာမှာ တစ်စိတ်တစ်ပိုင်း ခက်ခဲမှုတွေမရှိတော့ဘဲ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ကိုယ်လိုချင်တဲ့နေရာတွေကို လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော်တော့ အရှည်ကြီး ရေးမနေတော့ပါဘူး။စာဖတ်ပရိတ်သတ်တွေ အနေနဲ့ လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားရောက် Download ရယူနိုင်ပါတယ်ဗျာ။


ဒီ.......စာအုပ်လေးကတော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက် အထောက်အကူပြုတဲ့ စာအုပ်လေးတစ်အုပ် ဖြစ်လိမ့်မယ်လို့လဲ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာဖြင့် အလုပ်အကိုင်များ အဆင်ပြေကြပြီး စာမေးပွဲတွေလဲ အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
  (Yekyawphyo)

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -