Posted by : Ye Kyaw Phyo
Thursday, September 29, 2011
Massage (1)
အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ
1500 ပေးရပါမယ်။
Massage (2)
သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။
Massage (3)
ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Facebook နဲ့ Chat မယ်.....
VZO နဲ့ Chat မယ်….
Massage (4)
ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့
မင်းဘာသာမင်း
အဌာရသ ၁၈ ရပ်ကို
မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်…
အထာရယ် သဘောမပေါက်လို့ကတော့
ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။
Massage (5)
စကြာဝဠာကြီး
ပျက်စီးသွားမယ်ဆိုရင်တောင်
မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ
ကျန်ရစ်နေခဲ့ပါလိမ့်မယ်ကွာ....။
Massage (6)
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်။
Massage (7)
နိုင်ငံတော်အလံ ပြောင်းသွားပြီ…
မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်…
ဒါပေမယ့်…မင်းကိုချစ်တဲ့
ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
Massage (8)
ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။
Massage (9)
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။
Massage (10)
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။
အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။
ကဲ သူငယ်ချင်းတွေအားလုံး ကြိုက်ကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။သဘောကျရင် ယူသွားလိုက်ကျနော်။ကျွန်တော်က တော့ အရမ်းသဘောကျပါတယ်ဗျာ။နောက်ထပ် ဆက်ရန်တွေ အများကြီးရှိပါသေးတယ်ဗျာ။ဆက်လက် အားပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)

Related Posts :
- Back to Home »
- (Gtalk CustomMassage) , (ရသ) , (အထွေထွေ) »
- Gtalk Custom Massage အလန်းများစုစည်းမှု (2)