Posted by : Ye Kyaw Phyo
Thursday, September 29, 2011
Massage (1)
ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင် တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....:P
Massage (2)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။
Massage (3)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။
Massage (4)
တကယ်ဆိုရင်.....
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။
Massage (5)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။
Massage (6)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။
Massage (7)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။
Massage (8)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့
အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း
ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။
Massage (9)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို
တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင်
မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။
Massage (10)
A အေးဆေးတဲ့ ငါ့ရဲ့ ဘ၀ထဲ
B ဘီယာမူးနေတဲ့ အချစ်ဆူးတွေကြောင့်
C စီနေအောင် ဒဏ်ရာရတာ
D ဒီ ကောင်လေး/ကောင်မလေး ကြောင့်ပေါ့
နောက်ဆို ရှောင်မှ.....!
ကဲ ကျွန်တော့ ဒီ Post လေးတွေကို ဖတ်ပြီး သူငယ်ချင်းတို့ အနေနဲ့ ဟားတိုက်မရယ်ရင်တောင်မှ ပြုံးမိမှာသေချာပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ်ဗျာ သူငယ်ချင်းတို. ပျော်ရွှင်ရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်ဗျာ။နောက် Post တွေ ကိုဆက်လက်ဖတ်ရှုအားပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)

Related Posts :
- Back to Home »
- (Gtalk CustomMassage) , (ရသ) , (အထွေထွေ) »
- Gtalk Custom Massage အလန်းများစုစည်းမှု (3)