Posted by : Ye Kyaw Phyo Thursday, September 29, 2011

Massage (1)
အိပ်မက်အဟောင်းတွေ ၀ယ်တယ်။
အသစ်တွေနဲ့ အလိုက်ပေးလဲတယ်။
မျှော်လင့်ချက်တွေရောင်းတယ်။
ပျော်ရွှင်ခြင်းတွေ အလကားပေးတယ်။
ဝမ်းနည်းခြင်းတွေ အလှူခံတယ်။
အချစ်လား........?
ဆောရီး... ဒါလေးကတော့ Not for Sale!

Massage (2)
There is only 1 way 2 say 3 words 4 you.
That's "I love you".


Massage (3)
ဘဝဖော်ဆိုတာ...
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

Massage (4)
ခွင့်လွှတ်သည်းခံခြင်းတွေဆိုတာ အချစ်မှာ မရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဖက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Massage (5)
အပြုံးတစ်ခုသည် သင့်ရုပ်ကို ပိုမိုလှပလာစေနိုင်သော
ငွေမကုန်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။

Massage (6)
ခေါင်းငုံ့ မနေပါနဲ့... ညစ်ပတ်နေတဲ့ ရွှံ့နွံတွေပဲ မြင်ရမှာပေါ့...။
ခေါင်းမော့လိုက်မှ... ကောင်းကင်ပေါ်က တလက်လက်တောက်ပနေတဲ့
ကြယ်လေးတွေကို မြင်ရလိမ့်မယ်။

Massage (7)
စိတ်ကူးယဉ်တာ ပိုက်ဆံမပေးရပေမယ့်
အဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့တော့
ပိုက်ဆံပေးရတယ်။

Massage (8)
U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။
U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။
U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။
U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။

Massage (9)
မင်းကိုလွမ်းတိုင်းသာ
သေနတ်တစ်ချက်ပစ်ရရင် 
အခုအချိန်ဆို တတိယကမ္ဘာစစ်တောင် ဖြစ်နေလောက်ပြီ....။

Massage (10)
မဆုံနိုင်အောင် ဘယ်လောက်ပဲ ဝေးပါစေ...
တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။
   ကဲ သူငယ်ချင်းတွေ သဘောကျရင် နောက်ထပ် Post လေးတွေကိုလဲ ဆက်လက်ဖတ်ရှုအားပေးသွားပါဦးလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေနော်။
                                                                                                                                          ကြိုးစားလျက်.......!
 (Yekyawphyo)

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -