Archive for November 2011
ဒီ တစ်ခါတော့ ကျွန်တော်က သူငယ်ချင်းတွေ နည်းပညာချည်းလေ့လာနေရတာ ပျင်းနေကြပြီပေါ့ဗျာ။တစ်ခါတစ်လေကျတော့ လဲ ကျွန်တော်တို့ တွေရဲ့ ဦးနှောက်လေးကို ဆေးတဲ့ အနေနဲ့ ပျော်စရာရွှင်စရာ ဟာသလေးတွေကို ကျွန်တော်ကရေးပြီး သူငယ်ချင်းတွေ အတွက် လက်ဆောင်လေးပေးပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
``အခန်းမကျော်အောင်´´
၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”
“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
..............
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”
“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”
............................................
ဧည့်နှင်နည်း
“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”
“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”
...........................................
ရိုက်မှာစိုးလို့
“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”
“ဟင့်အင်း၊ သားကြောက်တယ် မေမေ”
“ဘာဖြစ်လို့လဲ”
“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
.....................................................................
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျား သားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
................................................................................................
ယုံကြည်လာသူ
“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”
...................................
သမက်ရဲ့ စေတနာ
“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
....................................................
ပေါက်ကရ မပြောနဲု့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသာကိုပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”

မိထားတဲ့သူက
“ဟဲလို.. ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”
“ဘယ်တစ်ယောက်လဲ”
“အလုပ်ခံရတဲ့သူ”
..........................................................................................
သဘာဝ
“မင်းက င့ါကို အရူးလုပ်နေတာလား”
“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
..........................................................................
ထိုင်ခုံမရှိလို့
“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”
“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”
................................................
မေမေ မှာထားလို့
“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”
“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)

Gtalk Account အဟောင်းထဲမှ သူငယ်ချင်းတွေကို Account အသစ်ထဲသို့ ပြောင်းထည့်တဲ့ နည်းလေးပါ။
Sunday, November 27, 2011
Posted by Ye Kyaw Phyo
ဒီ တစ်ခါတော့ ကျွန်တော်က Gtalk အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတစ်ခုလေး ပြောပြပါရစေဗျာ။ကျွန်တော်တို့ Gtalk အသုံးပြုနေကြတဲ့ သူတော်တော်များများဟာ Gtalk Account ကို 1 ထက်မက ရှိတက်ကြပါတယ်။တစ်ချို့ ဆို 6 ၊ 7 ခုလောက်တောင် ရှိတက်ပါတယ်။ဒါကတော့ ပြဿနာမရှိပါဘူး။တစ်ချို့တွေ က VIP Account ဆိုပြီး ထားထားကြပါတယ်။အဲ့ဒီလို ထားထားတဲ့ သူတွေကျတော့လဲ။မိမိ Account လေးက ပြဿနာ တစ်စုံတစ်ခု ကြောင့် Lock ကျသွားတာတို့ သူများ Hack ခံထိတာတို့ ကျရင် မိမိ Account ထဲမှာ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံး ကို ဆုံးရှုံးလိုက်ရရင် ကိုယ်လဲ စိတ်မကောင်းဖြစ်မိမှာသေချာပါပဲ။အဲ့တော့ Gmail Account နောက်တစ်ခု ရှိတဲ့ သူတွေ အတွက်တော့ ကျွန်တော် အခု ပြောတဲ့ နည်းလေးက သူငယ်ချင်းတွေ အတွက် အကူအညီပေးပါလိမ့်မယ်ဗျာ။ပြီးတော့ Account အဟောင်းထဲက သူငယ်ချင်းတွေကို Account အသစ်ထဲကို ရိုက်ထည့်နေစရာမလိုပဲ ရောက်ရှိနေအောင်လုပ်တဲ့ နည်းလေးပေါ့ဗျာ။မိမိ ရဲ့ Account ထဲက လူတွေကို မိမိ ရဲ့ VIP Account ထဲသို့ ပြောင်းသုံးချင်ရင်တော့ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ဆောင် သွားလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေ နဲ့ ပြပေးထားပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
အရင်းဆုံး www.gmail.com ကို အရင်ဝင်လိုက်ပါ။မိမိ Gmail Account ရဲ့ ဘယ်ဘက်ထောင့်လေးက Contacts ဆိုတာလေးကို တွေ့အောင်ရှာပါ။ပြီးရင် Click လိုက်ပါ။
ခဏစောင့်လိုက်ပါ။ဒါဆိုရင် မိမိ Gtalk က သူငယ်ချင်းရဲ့ Account နာမည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ပြီးတော့ မိမိ Gtalk Account ထဲမှာ သူငယ်ချင်းတွေ ဘယ်နှစ်ယောက်တောင်ရှိလဲ ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်ဗျာ။More ဆိုတဲ့ Tab လေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ။အောက်ကပုံ အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
အဲ့ဒီ ထဲကမှ Export ဆိုတဲ့ စာတန်းလေးကို တွေ့ပြီဆိုရင်တော့ Click လိုက်ပါ။အောက်ကပုံ အတိုင်းဆက်ပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။
အပေါ်ပုံက အတိုင်း တွေ့ပြီဆိုရင် Export ဆိုတာကို Click လိုက်ပါ။ခဏစောင့်နေလိုက်ပါ။Download လုပ်ဖို့ Box လေးကျလာပါလိမ့်မယ်။
အပေါ်က ပုံလေး အတိုင်းပါဗျာ။Save File ကို အမှတ်ပေးထားရပါမယ်။ပြီးရင် Ok ပေါ့။Download ဆွဲနေမှာ ဖြစ်ပါတယ်။ပြီးရင် မိမိ Download လုပ်ထားတဲ့ ဖိုင်ပတ်လမ်း အတိုင်း မိမိ Save ထားတဲ့ ဖိုင်ကို သွားပြီးရှာထားပါ။ပြီးရင် မိမိ ရဲ့ Gmail Account ကို Sign out နဲ့ အပြီးထွက်လိုက်ပါ။ပြီးရင် မိမိ တို့ရဲ့ VIP Account လို့ သတ်မှတ်ထားတဲ့ Account ကို ခုန ဖွင့်ထားတဲ့ တဲ့ Gmail စာမျက်နှာမှာ ပြန်ပြီး Sign In ၀င်လိုက်ပါ။
ကျွန်တော် ပြောထားတဲ့ အပေါ်က အဆင့် အတိုင်းသွားလိုက်ပါ။More ကိုရှာပြီး ခုန ကျွန်တော်တို့ ပြောတဲ့ Expot ရဲ့ အပေါ်က Import ကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
Browse ဆိုတာလေးကို Click လိုက်ပါကခုန ကျွန်တော်တို့ Download လုပ်ထားတဲ့ ဖိုင်လေးကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Click လိုက်ပါ။ပြီးရင် Import ကို Click လိုက်ပါ။ အောက်ကပုံလေး အတိုင်းဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
ဒီ အဆင့်တွေ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ခဏစောင့်လိုက်ပါ။ မိမိ ရဲ့ VIP Gmail Account လို့ သတ်မှတ်ထားတဲ့ Account ရဲ့ Contacts မှာ အရင် Gmail Account က သူငယ်ချင်းတွေရဲ့ Account တွေ ရောက်ရှိနေတာကို တွေ့မှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်ပြေမပြေခဲ့ရင်လဲ CBox မှာ Comments ပေးထားခဲ့လို့ရပါတယ်ဗျာ။IT Bank Site လေးကို အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်ဗျာ။
ကြိုးစားလျက်......!

ဒီ တစ်ခါတော့ ကျွန်တော်တို့ Blogger သမားတွေနဲ့ Web Developer သမားများ အတွက် Choose Font ဆိုတာလေးကို ကျွန်တော်က လက်ဆောင်ပေးပါ့မယ်ဗျာ။သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စားလိမ့်မယ်လို့လဲ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank လေးက ZawGyi Font နဲ့ ရေးထားတဲ့ အတွက် မိမိ စက်မှာ ZawGyi Font ရှိမယ်ဆိုရင် မြင်ရမှာပါ။ဒါမဲ့ Unicode အသုံးပြုတဲ့ သူတွေ အတွက်ကကော ဖတ်လို့မရတော့ဘူးတဲ့လား။ဒါဆိုရင် ကျွန်တော့ ဆိုဒ်လေးကို အားပေးတဲ့ သူငယ်ချင်းတွေ အားလုံး အခက်တွေ့သွားမှာပေါ့မဟုတ်ဘူးလား။အဲ့လို အခက်မတွေ့ ရအောင် ကျွန်တော့ ဆိုဒ်လေးမှာ ချိတ်ဆွဲထားပါတယ်ဗျာ။ပြီးတော့ ကျွန်တော့ကို အစ်ကို တစ်ယောက်ကလဲ သူ့ဆိုဒ်လေးမှာလဲ အဲ့လို မျိုးလေး ချိတ်ဆွဲထားချင်ပါတယ်လို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော်က ဒီနည်းလေးကို သူငယ်ချင်းတွေရဲ့ ဆိုဒ်လေးမှာလဲ ချိတ်ဆွဲထားပြီး အသုံးပြုလို့ရအောင် ကျွန်တော်အောက်မှာ Code လေးပေးထားပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပါ။
1.Add A Gadget
2.Html/Javascript ရွှေးပြီး ကျွန်တော်ပေးထားတဲ့ Code လေးကို ကူးထည့်ပေးလိုက်ရုံပါပဲဗျာ။
3.Save ပေါ့။
ကဲ ဒါဆိုရင်တော့ ကျွန်တော့ IT Bank လေးကို ကြည့်နေကြတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။1.Add A Gadget
2.Html/Javascript ရွှေးပြီး ကျွန်တော်ပေးထားတဲ့ Code လေးကို ကူးထည့်ပေးလိုက်ရုံပါပဲဗျာ။
3.Save ပေါ့။
ကြိုးစားလျက်.....!
(Yekyawphyo)
မိမိ Computer မှာ မလိုအပ်တဲ့ Software တွေ ကို ဖြုတ်ချင်တာတွေ ဖြုတ်လို့မရတာတွေကို အလွယ်တကူ ဖြုတ်ကြမယ်။
Posted by Ye Kyaw Phyo
ဒီ တစ်ခါတော့ ကျွန်တော်က ကွန်ပျူတာတွေမှာ တစ်ချို့ Software တွေကို မိမိ ကွန်ပျူတာမှာ Run ပြီး Delete လုပ်လို့မရတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြမဲ့ နည်းလေးက ဘာ Software မှ မလိုဘဲ ပြန်ဖြုတ်နည်းလေးကို ကျွန်တော်ပြောပြပေးသွားပါ့မယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။လုပ်နည်း လေးက လွယ်လွယ်လေးပါ.. လုပ်ကြည့် လိုက်ပါဗျာ.......
၁။ Start ⇒ Run ⇒ regedit ဟု ရိုက်ထည့်ပြီး OK လိုက်ပါ။
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start ⇒ Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ သုံးလို့ အကျိုးရှိခဲ့ မယ်ဆိုရင် ကျွန်တော် က ပျော်နေတက်တဲ့ သူတစ်ယောက်ပါဗျာ။

CMD Box လေးတွေကို မိမိ စိတ်ကြိုက် Colour မျိုးစုံနဲ့ ချိန်းသုံးကြည့်ရအောင်ဗျာ။
Posted by Ye Kyaw Phyo
Tag :
(Hardware),
(နည်းပညာ)
ကျွန်တော် အလုပ်တွေ မအားတာကော Connection တွေမရတာအတွက်ကော ကျွန်တော့ IT Bank လေးကို Post မတင်ဖြစ်တာတော်တော်ကြာပါပြီ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးကို အားပေးကြတဲ့ သူငယ်ချင်းတွေ အစ်ကို အစ်မ တွေ အားလုံးကို ဒီ Post လေးနဲ့ အတူ အနူးအညွှတ်လေးတောင်းပန်ပါရစေဗျာ။ကျွန်တော် တို့ ကွန်ပျူတာ တွေမှာ တစ်ခုခု လုပ်လို့မရတာတို့ ဘာတို့ ကျရင် Run Box လေးက အကူအညီပေးပါတယ်။အဲ့ဒီ Run Box လေးကို ကျွန်တော်တို့က မိမိ စိတ်ကြိုက် အရောင်လေးတွေ ထားပြီးသုံးကြရအောင်ဗျာ။အသုံးပြုပုံလေးတွေကို ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွပြသပေးထားပါတယ်ဗျာ။
Windows+R > CMD > Box Right Click > Properties
ဓာတ်ပုံ ကို မမြင်ရရင် Click နှိပ်၍ကြည့်ပါ။အောက်ကပုံကို ဆက်လက်ကြည့်ပါ။
Colors Tab လေးကို Click ပြီး Screen Background ဆိုတာလေးကို Mark လေးပေးလိုက်ပါက CMD Box ရဲ့ မူလ အနက်ရောင် Background နေရာမှာ မိမိ စိတ်ကြိုက် အရောင်ကို ချိန်းပြီးသုံးလို့ ရပါတယ်။Screen Text လေးကို Mark ပေးလိုက်ပါက CMD Box လေးက Text စာသားလေးတွေကို မိမိ စိတ်ကြိုက် အရောင်ကို ထပ်ချိန်းလို့ ရပါတယ်ဗျာ။ပြီးရင် Ok ပေါ့။ဒါဆိုရင် အောက်က ပုံလေးတွေ အတိုင်းမိမိတို့ စိတ်ကြိုက် အရောင်လေးတွေနဲ့ CMD Box လေးတွေမှာ အသုံးပြုလို့ ရသွားပါပြီဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ Post လေးတွေကို လွတ်လပ်စွာ ကူးယူနိုင်ခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်ရဲ့ နာမည်လေးတော့ ထည့်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။

Gmail Account အသစ်ဖွင့်နည်းနှင့် Account Lock ကျသွားတဲ့သူတွေ အတွက် ပြန်ရယူတဲ့နည်းလေးပါ။
Sunday, November 20, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက် Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့ Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးက Gmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။
မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။
အပေါ်က အတိုင်းလုပ်လို့ ပြီးသွားပါက မိမိ ဖုန်းကို ဖွင့်ထားပါ။ခဏ စောင့်နေပေးပါ။ဒါဆိုရင် Google ကနေ မိမိ ဖုန်းကို Voice Call Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါကျရင် မိမိ ဖုန်းကို ကိုင်လိုက်ပါ။အင်္ဂလိပ်လို Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ မိမိအနေနဲ့ သူပြောတာတွေကို သေချာ မှတ်သားရမှာ ဖြစ်ပါတယ်။လွယ်လွယ်လေးပါပဲ။အင်္ဂလိပ်လို ပြောနေတဲ့ ကြားက သချာင်္ဂဏန်း တွေ ပြောလာပါလိမ့်မယ်။အဲ့ဒီ အခါ အဲ့ဒီ သချာင်္ဂဏန်း နံပါတ်လေးတွေကို စာရွှက်လေးနဲ့ ဖြစ်ဖြစ် မှတ်ပြီး အပေါ်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ``Verification Code´´ ဆိုတဲ့ နေရာမှာ ခုန ကျွန်တော်တို့တွေ မှတ်ထားတဲ့ Code လေးကို ရိုက်ထည့်ပြီးတာနဲ့ ``Verify´´ ဆိုတာလေးကို Click လိုက်ပါ။ဒါဆို ရင် ကျွန်တော် တို့တွေ လုပ်ရမဲ့ အဆင့်တွေ အားလုံးပြီးဆုံးသွားလို့ အောင်မြင်တဲ့ ပန်းတိုင် ကို ရောက်သွားပါပြီဗျာ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတွေ ရဲ့ မျက်နှာလေးမှာ ပျော်ရွှင်မှုများစွာနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။

Hardware အကြောင်း မြန်မာလို ဘာသာပြန်ထားတဲ့ EBook လေးပါ။
Tuesday, November 15, 2011
Posted by Ye Kyaw Phyo
ဒီ တစ်ခါတော့ ကျွန်တော်တို့အသုံးပြုနေကြတဲ့ ကွန်ပျူတာ အတွင်းမှာ ဘာပစ္စည်းတွေ ပါတယ်။ဘယ်လို ခေါ်တာလဲ ဆိုတာ ကို သုံးသာသုံးနေကြတာ စုံစုံလင်လင်သိတဲ့ သူတွေ နည်းလိမ့်မယ်လို့ထင်ပါတယ်ဗျာ။စုံစုံလင်လင် နဲ့ ကွန်ပျူတာရဲ့ Hardware အကြောင်းကို သိချင်တဲ့ သူတွေ အတွက်ကော ကွန်ပျူတာ အကြောင်းကို အခြေခံ (Basic) ကနေစပြီးသိချင်တဲ့ သူတွေ အတွက်ကျွန်တော်က မြန်မာလို ဘာသာပြန်ရေးသားထားတဲ့ EBook လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။သူငယ်ချင်းတွေ လိုချင်ရင် ကျွန်တော်အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။
(ဒီ မှာ Download ယူသွားလိုက်ပါဦးနော်။)
သူငယ်ချင်းတွေ အားလုံး ကွန်ပျူတာပညာကို အခြေခံမှ စပြီး လေ့လာနိုင်ကြပြီး အောင်မြင်တဲ့ ကွန်ပျူတာ ပညာရှင်ကြီးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.......!

အင်ဂျင်နီယာ သမားများနဲ့ အခြား Design သမားအတွက် AutoCAD အကြောင်း မြန်မာလို ဘာသာပြန်ရေးသားထားတဲ့ EBook လေးနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါရစေဗျာ။သူငယ်ချင်းတွေ လိုချင်ရင်တော့ ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။အင်ဂျင်နီယာ သမားများ GTU တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ တွေ အတွက်တော့ တော်တော်အဆင်ပြေပြီး အသုံးတည့်တဲ့ EBook လေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။
(ဒီ မှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိအဆင်ပြေမယ်ဆိုရင် ကျွန်တော် နောက်တင်မဲ့ Post လေး အတွက် အားဆေးတစ်ခွက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
(ဒီ မှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိအဆင်ပြေမယ်ဆိုရင် ကျွန်တော် နောက်တင်မဲ့ Post လေး အတွက် အားဆေးတစ်ခွက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
ဒီ တစ်ခါ တော့ ကိုယ်ပိုင် Web Site ရေးနေတဲ့ သူတွေ အတွက် CSS အကြောင်းကို မြန်မာလို ဘာသာပြန် သင်ကြားပေးထားတဲ့ ကိုစေတန်ဂေါ့စ် ရဲ့ EBook လေးနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော့ လိုပဲ Web Site အကြောင်းကို လေ့လာနေတဲ့ သူငယ်ချင်းတွေ အားလုံးလဲ စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ကျွန်တော် Download Link လေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။
(ဒီ မှာ Download ယူသွားလိုက်ပါဦးနော်။)
Download Link များသေနေခဲ့ရင် CBox မှာ ရေးထားခဲ့ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အဆင်ပြေကြပါလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အောင်မြင်တဲ့ Web Developer သမားများဖြစ်နိုင်ကြပါစေဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
(ဒီ မှာ Download ယူသွားလိုက်ပါဦးနော်။)
Download Link များသေနေခဲ့ရင် CBox မှာ ရေးထားခဲ့ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အဆင်ပြေကြပါလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အောင်မြင်တဲ့ Web Developer သမားများဖြစ်နိုင်ကြပါစေဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
(ဒီ မှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး လုပ်ငန်းဆောင်တာ များအားလုံး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်လဲ အလုပ်တွေ မအားတာနဲ့ Post တွေ မတင်ဖြစ်တာတောင်ကြာပြီ။ခုတော့ မအား အားအောင်ကြိုးစားပြီး တင်ပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)