Archive for December 2011
ပုဇွန်တောင် စက်ဆန်းတွင် မီးလောင်မှုကြီး တစ်ခုနဲ့အတူ ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားမှုသတင်း
Wednesday, December 28, 2011
Posted by Ye Kyaw Phyo
Tag :
(အထွေထွေ)
![]() |
ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ |

ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏ အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ် ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက် ၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။
နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး
သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င်စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။
၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ်
အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊
သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊
လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့
မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ
အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။
ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
From - ThitHtooLwin
ကြိုးစားလျက်.....!
(Yekyawphyo)
မိမိ Site မှာ Weather Gadget Box လှလှလေး ထည့်ပြီး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။
Saturday, December 24, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော် Web Development သမားတွေအတွက် လက်ဆောင်လေး တစ်ခုကိုပေးပါ့ရစေဗျာ။ကျွန်တော် အခုပေးမဲ့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက်လဲ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ဆောင်လေးပေါ့ဗျာ။သူငယ်ချင်းတွေ ရဲ့ Web Site လေးမှာ Weather Gadget Box လှလှလေး တစ်ခု ချိတ်ဆွဲအသုံးပြုချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။အဲ့ဒီ Weather Gadget လေးက နိုင်ငံအစုံ မြို့နယ် အစုံကို မိမိ စိတ်ကြိုက်လိုက်ရှာပြီး ရာသီဥတုအခြေအနေတွေကို ကြည့်လို့ရပါတယ်ဗျာ။အမြင်လေးမှာလဲ တော်တော်လေးကို ကြည့်လို့လှပါတယ်ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။ကျွန်တော့ ဆိုဒ်လေးမှာတော့ ချိတ်ထားတာ ကြာပါပြီ။ကျွန်တော့ကို ညီလေးတစ်ယောက်က အစ်ကို ဆိုဒ်မှာ ချိတ်ထားတဲ့ Weather Gadget လေးလိုချင်ပါတယ်လို့တောင်းဆိုထားတဲ့ အတွက် ကျွန်တော့ ခုလိုတင်ပေးလိုက်တာပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် အောက်က နည်းလေးအတိုင်း လုပ်သွားလိုက်ပေါ့ဗျာ။အရင်ဦးဆုံး www.blogger.com ကို Sign in ၀င်လိုက်ပါ။
1.Design
2.Edit Html
3.Add a Gadget
4.Html/Javascript ပြီးရင် ကျွန်တော်ပေးထားတဲ့ အောက်က Code လေးကို ကူးထည့်ပေးလိုက်ရုံပဲပေါ့။ပြီးရင် Save လိုက်ပါ။ဒါလေးပါပဲ ဗျာ။ကဲ ဘယ်လောက် လွယ်လိုက်လဲဗျာ။မသိသေးရင်တော့ ခက်နေကြတာပေါ့ဗျာ။လူတွေ ဟာ သိသွားရင်တော့ လွယ်သွားတာက ဓမ္မတာပဲ မဟုတ်လားဗျာ။
ကျွန်တော့ ဆိုဒ်လေးကို အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ Post လေးတွေက သူငယ်ချင်းတွေ အတွက် အသုံးတည့်တဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော် သိသလောက် တက်သလောက်လေး သူတစ်ပါးတွေကို ပြောပြလို့ သူတစ်ပါးအတွက် အသုံးတည့်ခဲ့မယ်ဆိုရင် ပျော်နေတက်တဲ့ သူတစ်ယောက်ပါဗျာ။
ကြိုးစားလျက်......!

မိမိ Blog Site မှာ Social Network Share Box လှလှလေးထည့်ပြီးသုံးချင်တဲ့ သူတွေ အတွက်ပါ။
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ Blogger သမားတွေ အတွက် မိမိ Blog Post လေးတွေရဲ့အောက်မှာ Social Network Share လုပ်တဲ့ Box လှလှလေး တစ်ခုထည့်ထားချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။ကျွန်တော့ IT Bank လေးမှာလဲ သုံးထားပါတယ်ဗျာ။Post တစ်ခုချင်းအလိုက်ပေါ့ဗျာ။Social Network လေးတွေက တော်တော်စုံပါတယ်ဗျာ။Print ထုတ်တဲ့ Function လေးလဲ ပါပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
မိမိ Blog Site လေးမှာ ထားချင်တယ်ဆိုရင်တော့ အောက်က နည်းလေး အတိုင်းသွားလိုက်ပေါ့ဗျာ။
www.blogger.com ကို Sign In ၀င်လိုက်ပါ။
1.Design
2.Edit Html
3.Ctrl+F ကိုနှိပ်ပြီး ပေါ်လာတဲ့ Search Box လေးမှာ အောက်မှာ ပေးထားတဲ့ Code လေးကို ရှာပါ။
4.Expand Widget Tamplates ဆိုတဲ့နေရာလေးကို အမှန်ခြစ်လေးပေးထားလိုက်ပါ။

<data:post.body/>
အဲ့ဒီ Code လေးကိုရှာလို့ တွေ့ပြီဆိုရင် ကျွန်တော်အောက်မှာ ပေးထားတဲ့ Code လေးကို Copy ယူပြီး အပေါ်ကကျွန်တော်တို့ရှာထားတဲ့ Code လေးရဲ့ အောက်မှာ ကူးထည့်ပေးလိုက်ရုံပါပဲဗျာ။
Internet ကနေ ဘာ Software မလိုဘဲ Audio, Video, Image, Other File တွေကို Format ချိန်းကြမယ်။
Friday, December 23, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ သူငယ်ချင်းတွေ ကို လက်ဆောင်ပေးချင်တာလေးကတော့ ကျွန်တော်တို့ ဓာတ်ပုံတွေ သီချင်းတွေ ဗီဒီယိုဖိုင်တွေ တခြားဖိုင်တွေ ကို အားလုံးကို ဘာ Software မှ သုံးစရာမလိုဘဲ Internet ကနေပဲ အခမဲ့ Format ပြောင်းကြရအောင်ဗျာ။အဲ့ဒီ Site လေးက တော်တော်လေးကိုစုံတဲ့ Format မျိုးစုံကို ပြောင်းပေးတဲ့အတွက် တော်တော် အသုံးပြုလို့အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီ မဟုတ်လား။အောက်က ပုံလေးအတိုင်းက မိမိ တို့ ပြောင်းချင်တဲ့ Format ကို Go နှိပ်ပြီးတော့သာ စိတ်ကြိုက်ပြောင်းကြပေတော့ပေါ့နော်။
http://www.online-convert.com
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အတွက် အသုံးပြုရတာ အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။
ကြိုးစားလျက်.......!

Windows7 သမားများအတွက် Start Button လေးမှာ မိမိ စိတ်ကြိုက် Animation ပုံလေးတွေချိန်းပြီး သုံးရအောင်ဗျာ။
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ Windows 7 အသုံးပြုတဲ့ သူတွေ အတွက် Start Button Animator ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော်တို့ က တစ်ခါတစ်ခါ ဒီ Computer ကြီးပဲ တစ်ချိန်လုံး ကြည့်နေရတာ ကြာတော့ ပျင်းကုန်ကြပြီပေါ့ဗျာ။ဒီတော့ တစ်ခါတစ်လေ ပျင်းရင် အပျင်းပြေလေး မိမိ Computer ကို အလှဆင်ပြီး ကလိကြပေါ့ဗျာ။မဟုတ်ဘူးလားဗျ။ကျွန်တော်လဲ ပျင်းရင် တစ်ခါတစ်လေ Computer မှာ အလှဆင်ဖို့ Funny Software လေးတွေ လိုက်ရှာတာပေါ့။ရှာတဲ့ အတိုင်းလေးတွေ့တော့ ကျွန်တော် အရမ်းသဘောကျတာနဲ့ ကျွန်တော့ IT Bank Site လေးကိုအားပေးတဲ့ သူငယ်ချင်းတွေလဲ သဘောကျလိမ့်မယ် ထင်လို့ ကျွန်တော်က ပြန်မျှဝေပေးလိုက်ပါတယ်နော်။လိုချင်ရင် အောက်မှာ Download ယူသွားလိုက်ပါနော်။ဖိုင်ဆိုဒ်လေးက 365.23 KB ပဲ ရှိတာမို့ အမြန်ဆုံးသာ Download ယူလိုက်ကြပါနော်။အောက်ကပုံလေး အတိုင်း မိမိ Computer ရဲ့ Start Menu လေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ပုံလေးတွေက သူငယ်ချင်းတွေ စိတ်ကြိုက်ပုံလေးတွေ ချိန်းလို့ရပါတယ်နော်။ဒါမဲ့ တစ်ခု သတိထားရမှာက သူငယ်ချင်းတွေ ချိန်းရမဲ့ ဓာတ်ပုံတွေရဲ့ Format က .gif ပုံဖြစ်ရပါမယ်ဗျာ။နောက် သတိထားရမှာက Windows 7 Only ဖြစ်ပါတယ်ဗျာ။Windows XP သမားတွေ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ဒါမဲ့ Windows XP သမားတွေအတွက် အဲ့ဒီလို Software လေးရလာရင်လဲ ကျွန်တော် ဆက်ဆက်တင်ပေးပါ့မယ်ဗျာ။XP သမားတွေ အားလုံး အားမငယ်ကျပါနဲ့ဗျာ။
အောက်က ပုံလေး ကတော့ မိမိတို့ ချိန်းချင်တဲ့ ပုံတွေကို ချိန်းလို့ရအောင် လုပ်ပေးတဲ့ နေရာလေးပေါ့ဗျာ။
ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး မိမိ ကွန်ပျူတာကို ကလိရင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ မျက်နှာကို မမြင်ရပေမဲ့ သူငယ်ချင်းတွေ မျက်နှာလေး ပျော်ရွှင်နေခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။

ကျွန်တော် အရင်တုန်းကတော့ Gtalk Password Viewer ဆိုပြီး Software လေးတစ်ခုတင်ပေးဖူးပါတယ်ဗျာ။ဒီတစ်ခါတော့ FireFox Password Viewer ဆိုပြီး Java Code လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော့ ဒီ Code လေးကို သူငယ်ချင်းတွေ အားလုံး ကောင်းတဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်ဗျာ။သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ နေရာမျိုးမှာတော့ အသုံးမပြုစေချင်ပါဘူးဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်အတွက်နဲ့ သူတစ်ပါးထိခိုက်နစ်နာခဲ့မယ် ဆိုရင်တော့ ကိုယ့်ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာလိမ့်မယ် ဆိုတဲ့ စကားပုံလေးကိုတော့ မမေ့ပါနဲ့လို့သတိပေးပါရစေဗျာ။ပြီးတော့ ကျွန်တော်ဟာ Hacker တစ်ယောက်လဲ မဟုတ်ပါဘူးဗျာ။Hacking လဲ စိတ်မ၀င်စားပါဘူးဗျာ။ဒါမဲ့ သိသင့်တယ်ထင်လို့ ကျွန်တော်လေ့လာထားသမျှလေး သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးရတာပါဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်ပေးပါ့မယ်ဗျာ။ကျွန်တော် နမူနာအနေနဲ့ FireFox က Gmail မှာ စမ်းပြထားပေးပါတယ်ဗျာ။တစ်ခုတော့ သတိပေးလိုက်မယ်နော်။Password ရိုက်ထားမှ ကြည့်လို့ရမှာနော်။အောက်က ပုံလေး အတိုင်း ကျွန်တော်တို့က အရင် Gmail ကို ၀င်လိုက်တယ်ပေါ့ဗျာ။ပြီးရင် Gmail ထဲကို လုံးဝမ၀င်သေးခင် Firefox ရဲ့ Address Bar မှာ ကျွန်တော် အောက်မှာ ပေးထားတဲ့ Code လေးကို Copy ကူးပြီး Paste ထည့်လိုက်ရင် ကျွန်တော်တို့ Logn In ၀င်ထားတုန်းကပေးထားတဲ့ Password နံပါတ်လေးတွေဟာ အောက်ဆုံးက ပုံလေး အတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ကျွန်တော် နမူနာ စမ်းထားတဲ့ ပုံလေးတွေ ကိုကြည့်လိုက်ရအောင်ဗျာ။
အပေါ်က ပုံလေးကတော့ ကျွန်တော် နမူနာ Gmail မှာ စမ်းထားတဲ့ပုံလေးပေါ့ဗျာ။အောက်က ပုံလေးကတော့ ကျွန်တော် ပေးထားတဲ့ JavaCode လေးကို Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး ကျွန်တော်တို့ ရိုက်ထားတဲ့ Password နံပါတ်တွေကို ဖော်ပြပေးတဲ့ Box သေးသေးတစ်ခု ကျလာမှာ ဖြစ်ပါတယ်ဗျာ။
အောက်က JavaCode လေးကို ကူးပြီး သင့် Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး Enter ခေါက်လိုက်တာနဲ့ မိမိရဲ့ Password ကို အပေါ်ကပုံလေး အတိုင်း Box လေးနဲ့ ပြမှာဖြစ်ပါတယ်ဗျာ။တစ်ခု သတိပေးလိုက်ပါ့မယ်။ပုံသေတော့ မမှတ်ကြနဲ့နော်။
ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အကျိုးရှိတဲ့ နေရာလေးတွေမှာ အသုံးပြုလို့ အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံကြိုးစားရကျိုးနပ်ပါပြီဗျာ။အောက်မှာ ကျွန်တော် ဒီ Java Code လေးအတွက်ကို Rar ချုံ့ပြီး ဖိုင်တစ်ခုအနေနဲ့ ယူသွားလို့ရအောင် အောက်မှာ Download Links လေးပေးထားပါတယ်ဗျာ။ယူသွားလိုက်ပါဦးနော်။
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
(သို့မဟုတ်)

Internet က စာတွေ ဓာတ်ပုံတွေကို မိမိစိတ်ကြိုက်ပြင်ပြီးမှ Print ထုတ်ချင်ကြတဲ့ သူတွေအတွက်ပါ။
Thursday, December 22, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ အသုံးများတဲ့ Mozilla FireFox မှာ မိမိလိုအပ်တဲ့ စာတွေ ဓာတ်ပုံတွေကို Print ထုပ်ဖို့ Pdf ဖိုင်တွေပြောင်းတာတို့ လုပ်တဲ့ အခါကျရင် မလိုအပ်တဲ့ ကြော်ငြာကဏ္ဍတွေ မလိုအပ်တဲ့ ဓာတ်ပုံတွေ စာသားတွေကို ဖြုတ်ပြီး မိမိလိုချင်တဲ့ နေရာလေးတွေ စာသားလေးတွေချည်း ကူးလို့လုပ်တဲ့ Firefox ရဲ့ Addons လေးတစ်ခုနဲ့ သူငယ်ချင်းတွေ ကို မိတ်ဆက်ပေးပါ့ရစေဗျာ။သူငယ်ချင်းတွေ လိုချင်ရင် ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေနဲ့ လည်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး မလုပ်တက်စရာမရှိအောင် အရှင်းလင်းဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။အမှားများ ပါနေခဲ့ရင်လဲ နားလည်ပေးကြပါလို့ တောင်းပန်ပါစေဗျာ။အရင်ဦးဆုံး အောက်က Link လေးကို Download ယူလိုက်ပါ။Download လုပ်နည်းလေးကိုလည်း ပုံလေးနဲ့ တကွ အရှင်းဆုံးလေးပြပေးထားပါတယ်ဗျာ။
(ဒီ Link လေးကို Click လိုက်ပါ။)
ပြီးရင် အောက်ကပုံလေး အတိုင်း Add To Firefox ဆိုတာလေး Click လိုက်ပါ။
ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်ပြီး တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Download ဆွဲနေတာ ဖြစ်တဲ့ အတွက် ခဏလေးစောင့်နေလိုက်ပါ။
ပြီးရင် Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပြန်ပွင့်လာရင် အောက်ကပုံလေး အတိုင်း မိမိ Firefox လေးမှာ Print Edit ဆိုတဲ့ Icon လေးနဲ့အတူ နေရာလေးတစ်ခုကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီမှာမှ မိမိ Print ချင်တဲ့ စာသားတွေကို ရွှေးပြီးယူပြီး မိမိမလိုချင်တဲ့ ဟာတွေကို Delete လုပ်ပြီး မိမိတို့ စိတ်ကြိုက် Print လို့ရသွားပြီပေါ့ ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် အရိုးရှင်းဆုံး နည်းလေးနဲ့ တကွ ပုံလေးတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးအတွက် အကျိုးရှိတဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။

Iphone, Ipad iOS များ နဲ့ Android OS သုံး Phone နဲ့ Tablet တွင် Blogger သမားများ Post တွေတင်လို့ရနေပါပြီ။
Saturday, December 17, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော်တို့ Blogger တွေ အတွက် Google က ပေးထားတဲ့ လက်ဆောင်လေးတစ်ခုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော်တို့ Blogger တွေမှာ Post တွေကို Iphone , Ipad iOS နှင့် Android တွေကနေတင်လို့ရသွားပါပြီဗျာ။သူငယ်ချင်းလို ချင်ရင်တော့ အောက်က Links လေးတွေကနေ ယူသွားလိုက်ပါဦးနော်။
Iphone နဲ့ Ipad iOS သမားတွေအတွက်ကတော့ (ဒီ မှာ Download ယူသွားလိုက်ပါနော်။)
Android Phone သမားတွေ အတွက်ကတော့ (ဒီ မှာ Download ယူသွားလိုက်ပါနော်။)
ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အသုံးပြုရတာ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်........!

ပိတ်ခံထားရတဲ့ Web Site တွေကို ဘာ Software မှ မလိုဘဲ ရိုးရှင်းသောနည်းလေးနဲ့ ကျော်ဖွင့်ကြမယ်။
Thursday, December 15, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျောင်းတွေမှာအင်တာနက်ရှိပြီး Facebook တို့ Gmail တို့ကို ပိတ်ထားတဲ့ အခါ ဖွင့်လို့ရအောင် လုပ်တဲ့ နည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။Facebook တို့ Gmail တို့ပိတ်ထားတာ ကြည့်လို့ရအောင် လုပ်တယ်ပဲထားဦး။တခြား ၀က်ဆိုဒ်တွေကော ကြည့်လို့မရဘူးလားလို့ မေးကြမှာ စိုးလို့ တခြားဝက်ဆိုဒ်တွေပါ ကျွန်တော်ပြောတဲ့ ဒီနည်းလေးနဲ့ ဖွင့်ပြီး အသုံးပြုလို့လဲ ရပါတယ်နော်။သူငယ်ချင်းတွေ မမေးခင် ကြိုပြောထားရတာလေ။လုပ်တဲ့ နည်းလေးကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်ဗျာ။ဒီ နည်းလေးက ဘာ Software မှကို မလိုတာနော်။ကျွန်တော် အောက်မှာပုံလေးနဲ့ကော စာလေးနဲ့ပါရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ စကြမယ်ဗျာ။မိမိ ကွန်ပျူတာရဲ့ Keyboard မှာ Windows+R ကိုနှိပ်ပြီး Run Box ခေါ်ပါ။ပြီးရင် အဲ့ဒီ Run Box လေးပေါ်လာရင် အဲ့ဒီထဲမှာ CMD လို့ရိုက်ပြီး Ok နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် CMD Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ Box လေး ထဲမှာ ကျွန်တော်တို့က စာလေးအနည်းငယ် ရိုက်ထည့်ရပါမယ်။ကျွန်တော် နမူနာအနေနဲ့ Facebook ကိုဖွင့်ပြပါ့မယ်။ping www.facebook.com လို့ရိုက်ပါ။ပြီးရင် Enter ခေါက်လိုက်ပါ။ping နဲ့ မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာနဲ့ကြားမှာ Space တစ်ခုခြားရပါမယ်။နောက်တစ်ခု ကျွန်တော်ပြောချင်တာကတော့ မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာဟာ မှန်ကန်ဖို့လိုအပ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့။ပြီးရင် မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာရဲ့ Ip Address နံပါတ်လေးတွေကို ကျလာပါလိမ့်မယ်။အဲ့ဒါလေးတွေကို ကျွန်တော်တို့က CMD Box လေးကို Right Click နှိပ်လိုက်ပါ။အောက်ကပုံလေး အတိုင်း Mark ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ။
ပြီးရင် ကျွန်တော်တို့က ခုန ဖော်ပြပေးထားတဲ့ IP Address နံပါတ်လေးတွေကို Select ပေးပြီး Ctrl+C တွဲနှိပ်လိုက်ပါ။Ctrl+C ဆိုတာကတော့ Copy ပေါ့ဗျာ။ဒါလေးကို တော့ အားလုံးသိပြီးကျလောက်ဖြစ်မှာပါဗျာ။အောက်ကပုံလေး အတိုင်း Select ပေးရမှာ ဖြစ်ပါတယ်ဗျာ။
ခုန ကျွန်တော်တို့ Copy လုပ်ထားတဲ့ IP Address နံပါတ်လေးတွေကို Web Browser တွေရဲ့ Address Bar မှာရိုက်ထည့်လိုက်ပါ။ခဏလေး စောင့်လိုက်ပါ။ဒါဆိုရင် မိမိ တို့ အသုံးပြုလိုတဲ့ Web Site တွေကို ဘာ Software မှ သုံးစရာမလိုလဲ အလွယ်တကူကြည့်ရှုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အဆင်ပြေပြေနဲ့ အသုံးပြုလို့ရကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာနဲ့ အသုံးတည့်ကြလိမ့်မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။

ဖွင့်လို့မရတဲ့ Web Site တွေကို Firefox မှာ Add Ons လေးတစ်ခုကို သုံးပြီးအလွယ် ဖွင့်ကြမယ်ဗျာ။
Wednesday, December 14, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါတော့ Mozilla Firefox အသုံးပြုတဲ့သူတွေ အတွက် လက်ဆောင်လေး တစ်ခုပေးပါရစေဗျာ။ဒီ Add-ons လေးကတော့ ကျွန်တော်တို့ Access has been denied ဖြစ်နေတဲ့ Web Site လေးတွေကို ဘာ Software မှ မလိုပဲ FireFox မှာပဲ Add Ons အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်ဗျာ။အသုံးပြုနည်းကို ကျွန်တော် ပုံနဲ့ကော စာလေးနဲ့ပါ ပြပေးထားလို့ သူငယ်ချင်းတွေအားလုံး အသုံးပြုရတာ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ဒီ Link လေးကို Click ပြီး Install လုပ်ပါ။
ဒီ Link လေးကို နှိပ်လိုက်ပါက အောက်ကပုံလေး အတိုင်း မိမိ Firefox မှာ Download လုပ်နေတာကို တွေ့ရမှာပါ။
အဲ့ဒီ Download လေးက ဘယ်လောက်မှ သိပ်မကြာပါဘူး။ခဏစောင့်လိုက်ပါ။Download လုပ်တာလေး ပြည့်သွားပြီဆိုတာနဲံ့ Restart Now ဆိုတဲ့ စာတန်းလေး အဲ့ဒီ နေရာမှာပဲ ပေါ်လာပါလိမ့်မယ်။အဲ့ဒီ Restart Now ဆိုတာလေးကို Click လိုက်ပါ။မိမိ Firefox လေး ခဏ ပိတ်သွားမှာ ဖြစ်ပါတယ်နော်။ပြန်လည်၍ ပွင့်လာပါက မိမိ Firefox ရဲ့ ညာဘက်ထောင့်လေးမှာ အောက်ကပုံလေး အတိုင်း P ဆိုတဲ့ အစိမ်းရောင် အ၀ိုင်းလေး တစ်ခုရောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
အဲ့ပုံ လေး အတိုင်းပေါ်လာပြီဆိုရင်တော့ မိမိ ဖွင့်လို့မရတဲ့ Web Site ရဲ့ Address ကို firefox ရဲ့ Address Bar မှာရိုက်ထည့်ပြီး အပေါ်ကပုံလေး အတိုင်း P ဆိုတဲ့စာလုံးလေးကို Right Click နှိပ်ပြီး Open Current Site By PhProxy ဆိုတဲ့ နေရာလေးကို Click လိုက်ပါက မိမိတို့ ဖွင့်မရတဲ့ Web Site တွေကို အလွယ်တကူပွင့်သွားပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သွားပါပြီဗျာ။

မိမိ Computer မှာ Christmas သစ်ပင်လေးတွေ အလှဆင်ရအောင်ဗျာ။(လုံးဝ အလန်းနော်။)
Sunday, December 11, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးအတွက် Christmas အတွက် အထူးလက်ဆောင်လေးတစ်ခုပေးပါရစေဗျာ။သူငယ်ချင်း မကြိုက်ရင် Comment တစ်ခုတောင်မပေးနဲ့ဗျာ။ကြိုက်ရင်တော့ Comment လေးတွေပေးခဲ့ကြပါလို့ တောင်းဆိုပါရစေဗျာ။ကျွန်တော့ အခုလက်ဆောင်လေးကို သူငယ်ချင်းတွေ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ ဆိုဒ်လေးမှာ Post တွေ မတင်ရတာ တော်တော်ကြာနေပါပြီဗျာ။အလုပ်တွေ မအားလို့မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် သူငယ်ချင်းတွေ အားလုံးကို တောင်းပန်ပါရစေဗျာ။ကျွန်တော် ဆိုဒ်လေးကို အမြဲအားပေးနေတဲ့ သူငယ်ချင်းတွေ အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ကျွန်တော် ပေရှည်နေမိပြီဗျာ။Sorry ပါဗျာ။သူငယ်ချင်းတွေ အားလုံး Christmas နေ့မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။Christmas နေ့ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ကိုယ့်ဘာသာ မဟုတ်ပေမဲ့ ခရစ်ယာန်ဘာသာတွေ အတွက်တော့ ရက်ထူးရက်မြတ်တစ်ခု ပါ။ဒါမဲ့ သူတို့ဘာသာအတွက် အထူးလက်ဆောင်ဆိုပေမဲ့ တခြားဘာသာတွေနဲ့ မဆိုင်ဘူးဆိုပေမဲ့ ကျွန်တော့လို ဗုဒ္ဓဘာသာဝင်တောင် သူတို့ဘာသာရဲ့ အမှတ်တရ Christmas လက်ဆောင်လေးကို လှလို့ သဘောကျမိတာတော့ အမှန်ပါဗျာ။သူငယ်ချင်းတို့လဲ သဘောကျလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ကျွန်တော် အခုပေးမဲ့ Software လေးကတော့ Christmas Trees လေးတွေပါ။မိမိ ကွန်ပျူတာ Destop မှာ Christmas Tree လေးတွေနဲ့ အလှဆင်ချင်ရင်တော့ ကျွန်တော် အောက်မှာ Download Links လေးတွေ ပေးထားပါတယ်ဗျာ။ဖိုင်ဆိုဒ်လေးတွေက သေးသေးလေးတွေ ဆိုတော့မြန်မာနိုင်ငံ Connection နဲ့ ဆိုရင် Download လုပ်ရတာ အရမ်းအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Style လေးတွေက မျိုးစုံဆိုတော့ လိုချင်ရင်တော့ အားလုံးသာ Download လုပ်သွားကြတော့ပေါ့။အားလုံး အလန်းလေးတွေနော်။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွပြပေးထားပါတယ်ဗျာ။ကဲ သူငယ်ချင်းအားလုံး ပုံလေးကြည့်ပြီးသဘောကျသွား ကြပြီမဟုတ်လား။အဲ့ဆိုရင်တော့ အမြန်ဆုံးသာ Download ယူသွားတော့ဗျာ။မိမိ ကွန်ပျူတာ Destop လေးမှာ Christmas သစ်ပင်လေးတွေက မီးရောင်စုံမှိတ်လိုက်ဖွင့်လိုက် လင်းလက်နေမှာဖြစ်ပါတယ်ဗျာ။
အော်...တစ်ခုပြောဖို့ မေ့သွားလို့ မိမိချစ်သူ ရဲ့ ကွန်ပျူတာမှာ မိမိချစ်သူမသိခင်လေး အဲ့ဒီ Software လေးထည့်ပြီး နောက်လို့ရတယ်နော်။
ကဲ သူငယ်ချင်းတွေ အားလုံး Marry Christmas မှာ ပျော်ရွှင်ကြပါစေနော်။Christmas မဟုတ်တဲ့ သူငယ်ချင်းတွေလဲ မိမိ Destop လေးမှာ အလှဆုံးလေး ဆင်ပြီး လန်းနိုင်သမျှ လန်းနိုင်ကြပါစေဗျာ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး။
Friday, December 9, 2011
Posted by Ye Kyaw Phyo
Tag :
(အထွေထွေ)
ကျွန်တော် ဒီ Post လေးကို မတင်ခင် ဓာတ်ပုံလေးတွေ ကြည့်ရင်းနဲ့တင် တော်တော်ကြီးကိုဝမ်းနည်းမိပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးလဲ ကြည့်ပြီး ခံစားကြည့်ပေးကြပါဦးဗျာ။တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....
ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....
ဝယ်သူစားသုံးနေကျဖောက်သည်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....
အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....
အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....
ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်....ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင် တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့ ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...
ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး..... မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့ အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....
ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး....မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း.....ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....
နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို အမေရိကန်ဒေါ်လာ (၇၀)နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....
ဘယ်နည်းမဆိုပါ.....နီဂုံးချုပ်ကြည့်မယ်ဆိုရင်တော့....ဇာတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့ ပင့်ကူ ဇာတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်.....
ဒီပုံ အတိုင်း သူတို့ စွပ်ပြုတ်လုပ်သောက်ကြတာလေ။မိုက်ရိုင်းလိုက်ကြတာ ဗျာ။
ကလေးလေး ကိုယ်ထဲမှာ ရှိတဲ့ မသန့်တာတွေ ကို ဖယ်ရှားဖို့ လုပ်နေကြတာလေ။
ဒီ ပုံထဲက အတိုင်း ကလေးလေး ကိုရေနွေးပွတ်ပွတ်ဆူတဲ့ အထဲကို ထည်ပြီး 8 နာရီကြာ ပြုတ်ကြတာလေ။ဘယ်လောက် စက်ဆုပ်ရွှံစရာကောင်းကြလဲ ဗျာ။
ဒီ ပုံလေးကတော့ သူတို့တရုတ်တွေရဲ့ ဆေးပေါင်းစုံနဲ့ ကလေးလေးကို စွပ်ပြုတ်လုပ်ဖို့ အတွက်ပြင်ဆင်နေတဲ့ ပုံလေးပါ။
ဒီပုံလေး ကတော့ ကလေးလေးကို ဓားနဲ့ ခွဲပြီး စွပ်ပြုတ်လုပ်ဖို့ အတွက်ပုံလေးပါ။
ဒီ ပုံလေးကတော့ ကလေးလေးကို အရက်နဲ့ သန့်စင်အောင် ဆေးနေတဲ့ ပုံလေးပါ။
ဒီ ပုံလေးဆို အနီးကပ်မြင်ရတဲ့ အတွက် သူငယ်ချင်းတွေ ရင်ထဲမှာ ဘယ်လို ခံစားရမလဲဗျာ။အပြစ်မရှိဘဲ ဖြူစင်တဲ့ ကလေးလေးတွေကို သူတို့ ဘာလို့ အဲ့လောက်လုပ်တယ်ဆိုတာ ကျွန်တော်ဖြင့်နားမလည်နိုင်ဘူးဗျာ။ကြင်နာတက်တဲ့ အသည်းနှလုံးမရှိလိုက်တဲ့ သူတွေဗျာ။
အပြစ်မရှိဘဲ ဖြူစင်ပြီး နူးညံ့လှတဲ့ ကလေးလေး တွေကို ကျွန်တော်တို့အနေနဲ့ ကြင်နာကြပါ သနားညှာတာကြပါ။လူသားချင်း စာနာကြပါလို့ ကျွန်တော်က ပြောပါရစေဗျာ။
From - The Seoul Times

Blog တစ်ခုကို စတင်ရေးသားမဲ့ သူတွေ သိထားသင့်တဲ့ အချက်လေးတွေပါ။
Tuesday, December 6, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ Blog စတင်ရေးသားတော့မယ်ဆိုရင် သိထားသင့်တာလေးတွေကို ကျွန်တော် သိသလောက်လေး
သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးပါရစေဗျာ။Blog စတင်ရေးတော့မယ်ဆိုရင်
1. ပထမဆုံး Title ဆိုတာ ရှိရပါမယ်။Blog တစ်ခုရေးမယ်ဆိုတဲ့ Title ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။Blog တစ်ခုဟာ Title ဆိုတာ မရှိရင် ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်ဖြစ်နေမှာပါ။
Title ဆိုတာ မိမိ ရေးသားချင်တဲ့ အကြောင်းအရာတစ်ခုခုရဲ့ ခေါင်းစဉ်ပါ။အဲ့ဒီ ခေါင်းစဉ်
က မိမိရေးတဲ့ အကြောင်းအရာတစ်ခုနဲ့ ကိုက်ညီမှုရှိရပါမယ်။ဥပမာ - ကိုယ်က ကဗျာအကြောင်းရေးပြီး နည်းပညာနဲ့ပတ်
သတ်တဲ့ ခေါင်းစဉ်တစ်ခု တင်မယ်ဆိုရင်လဲ မိမိ Blog ရဲ့ခေါင်းစဉ်ဟာ အဓိပ္ပာယ်မရှိဘဲ ဖတ်ချင်စိတ်ရှိကြမှာမဟုတ်ပါဘူး။ပြီးတော့ မိမိ
ပေးလိုက်တဲ့ ခေါင်းစဉ်က တခြားသူတွေ ကြည့်လိုက်တာနဲ့ မိမိရဲ့ Blog ကို ဖတ်ချင်စိတ်ပေါက်အောင် ပေးတက်ရပါမယ်။
2. ဒုတိယ ကတော့ မိမိ Blog ရဲ့ အကြောင်းအရာပါ။မိမိ Blog မှာ အင်္ဂလိပ်လို (သို့မဟုတ်) မြန်မာလို ရေးရပါမယ်။အင်္ဂလိပ်လို နဲ့
မြန်မာလိုလဲ ပေါင်းရေးလို့ရပါတယ်။ပေါင်းရေးတဲ့ အခါမှာလည်း သူ့နေရာနဲ့ သူ အင်္ဂလိပ်လိုကို ထည့်သွင်းရေးသားဖို့လိုအပ်ပါတယ်။
မြန်းဂလိပ်လို ရေးလို့မရပါဘူး။ဒီလိုရေးတာဟာ မိမိ Blog ကို စာဖတ်သူတွေ အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး မိမိ Blog ကို စိတ်
ဝင်စားတော့မှာ မဟုတ်ပါဘူး။နောက်ပြီး မိမိ Blog ကအကြောင်းအရာတွေကို သူ့နေရာနဲ့သူ Space ခြားသင့်တဲ့ နေရာမှာ ခြားရပါမယ်။
ဒါမှ မိမိ Blog ကိုစာဖတ်သူတွေ ရဲ့မြင်ကွင်းမှာ စာလုံးလေးတွေက ကြည့်လိုက်ရင်ရှင်းပြီး ဖတ်ချင်စိတ်ပေါက်မှာ ဖြစ်ပါတယ်။ပြီးတော့
မိမိရေးတဲ့ Blog ရဲ့ စာလုံးဆိုဒ်တွေက အကြီးလဲ မဖြစ်ရပါဘူး။သေးလေးတွေဆိုရင်လဲ မဖြစ်ပါဘူး။လူအများ မြင်သာထင်ရှားတဲ့ ဆိုဒ်ကို
ရွှေးပြီး အသုံးပြုရမှာဖြစ်ပါတယ်ဗျာ။ပြီးတော့ မိမိ Blog ရဲ့စာလုံးတွေကို အရောင်တောက်တောက်ကြီးတွေ မသုံးရပါဘူး။သူများအမြင်မှာ
မျက်စိအေးလောက်တဲ့ အရောင်ကိုသာအသုံးပြုသင့်ပါတယ်။စာလုံးပေါင်းသတ်ပုံများ မှန်ကန်ရပါမယ်။ပြီးတော့ မိမိ Blog ရဲ့ အကြောင်းအရာလေးဟာ
လူအများက စိတ်ဝင်စားပြီး ဖတ်ချင်စရာကောင်းလောက်အောင်အတက်နိုင်ဆုံး ရေးသားရပါမယ်။ဒါမှ မိမိ Blog ကို စာဖတ်သူတွေ အနေနဲ့ ဖတ်ရှုပြီး
မိမိ Blog ကိုအပြစ်ပြောစရာမရှိအောင် ရေးသင့်ပါတယ်။ဒါမှ မိမိရေးတဲ့ အကြောင်းအရာလေးဟာ ဆင်းလုံးချော မကောင်းခဲ့ရင်တောင် စာဖတ်သူတွေ အနေနဲ့
မိမိ Blog မှာ ရေးထားတာလေးတွေ စာလုံးအထားအသိုလေးတွေကို ကြည့်ပြီးသဘောကျ နှစ်ခြိုက်ကြမှာ အမှန်ဖြစ်ပါတယ်ဗျာ။ဒါမှလဲ မိမိရဲ့ Blog လေးကို
စာဖတ်သူတွေအနေနဲ့ 100% ကောင်းတယ်လို့ သတ်မှတ်မခံရရင်တောင် အနည်းဆုံး 70% လောက်အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။နောက်တစ်ခု
ကျွန်တော်သတိပေးချင်တာကတော့ မိမိ Blog ရေးတဲ့ အခါ ဓာတ်ပုံတွေနဲ့ပါ တွဲပြီးပြသရမယ့် အကြောင်းအရာမျိုးဆိုရင် ဓာတ်ပုံတွေနဲ့ အကြောင်းအရာကို
လိုက်ဖက်နိုင်လောက်တဲ့ စာသားတွေရဲ့ နေရာနားလောက်မှာရွှေးပြီး ထားသင့်ပါတယ်။
3. တတိယ ကတော့ Tags ဆိုတဲ့ စကားလုံးလေးပါပဲ။Tags ဆိုတာ မြန်မာလို အလွယ်ပြောရရင် ကဏ္ဍ ဆိုတဲ့ သဘောပါ။ကဏ္ဍ ဆိုတာ Blog တစ်ခုရေးရင်
ဘယ်လိုနေရာတွေမှာ အသုံးပြုလဲ ဆိုရင် ဥပမာ မိမိရေးတဲ့ Blog တစ်ခုဟာ နည်းပညာနဲ့ သက်ဆိုင်တယ်ဆိုရင် Tags ဆိုတဲ့ နေရာလေးမှာ နည်းပညာလို့ရေးရပါတယ်။ကဗျာ ဆိုရင် ကဗျာပေါ့။ဓာတ်ပုံတွေ ချည်းတင်ထားမယ်ဆိုရင်
ဓာတ်ပုံ ပေါ့။သူ့နေရာ နဲ့ ဆီလျှော်အောင် Tags လုပ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါမှ မိမိ Blog ကိုဖတ်ရှုသူတွေ အနေနဲ့ မိမိရေးတဲ့ နည်းပညာတွေချည်းလေ့လာချင်တယ်ဆိုရင် နည်းပညာဆိုတဲ့ Tags လေးကို နှိပ်လိုက်ရင် နည်းပညာနဲ့ သက်ဆိုင်ပြီးရေးထားတဲ့
အကြောင်းအရာ Blog တွေကျရောက်လာမှာ ဖြစ်ပါတယ်။မိမိ Blog ကို ဖတ်ရှုသူတွေ အနေနဲ့လဲ ဖတ်ရှုချင်တဲ့ Tags အလိုက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။Tags အလိုက်လေး ခွဲခြားထားပါက အများအမြင်မှာလဲ မိမိ Blog လေးတွေဟာ သပ်သပ်ရပ်ရပ်
နဲ့ တည်ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်ဗျာ။
ကဲ ဒီလောက်ဆိုရင်တော့ မိမိတို့တွေ အနေနဲ့ Blog တစ်ခုကို စတင်ရေးသားရင် ဘယ်လိုစပြီး ရေးရမလဲ။ဘယ်လို အောင်မြင်အောင်ရေးသားသင့်တယ်ဆိုတာ ကိုအခြေခံအားဖြင့်သိလောက်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
သူငယ်ချင်းတွေ အတွက် အကျိုးပြုသော Blog လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော့ Blog လေးမှာ အမှားများပါနေခဲ့ရင် ခွင့်လွှတ်ပေးကြပါဗျာ။ကျွန်တော် သိသလောက်တက်သလောက်
ခံစားတက်သလောက်လေး သူငယ်ချင်းတွေ အတွက်ရေးပေးထားတာလေးပါဗျာ။သူငယ်ချင်းတွေ အားလုံး အောင်မြင်ကျော်ကြားတဲ့ Blogger တွေဖြစ်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဒီ Post လေးဟာကျွန်တော့ရဲ့ ကိုယ်ပိုင် Post လေးဖြစ်လို့ လွှတ်လပ်စွာကူးယူဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်နာမည်လေးတော့ ထည့်ပေးပါလို့တောင်းဆိုပါရစေဗျာ။

Blog Site က Links တွေကို Mouse ထောက်လိုက်ရင် Rain Bow Style Colour များပြောင်းအောင်လုပ်တဲ့ Code လေးပါ။
Sunday, December 4, 2011
Posted by Ye Kyaw Phyo
ကျွန်တော် အခု တင်မဲ့ Post လေးကတော့ ကျွန်တော်တို့ Blog Links တွေကို Mouse ထောက်လိုက်ရင် Colour လေးတွေ မျိုးစုံပြောင်းသွားအောင် ပြုလုပ်ပေးတဲ့ RainBow Links Style လို့ခေါ်တဲ့ Code လေးတွေနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော့ကို ညီလေး တစ်ယောက်ကလဲ အဲ့ဒီ Code လေးလိုချင်တယ်လို့ အကူအညီတောင်းထားတာလေးလဲ ရှိလို့ ကျွန်တော် တင်ပေးလိုက်တာပါ။ကျွန်တော် ဆိုဒ်မှာ အသုံးပြုထားသလို Links တိုင်းလိုလိုလေးမှာ Mouse ထောက်လိုက်ရင် အရောင်မျိုးစုံ ပြောင်းနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အရင်ဦးဆုံး လုပ်ရမှာက www.blogger.com ကို Signin ၀င်ပါ။
1.Design
2.Edit Html
3.Ctrl+F ကို နှိပ်ပါ။
ကို အမှန်ခြစ်လေး ပေးထားပါ။
Ctrl+F ကိုနှိပ်လိုက်တာနဲ့ ကျလာတဲ့ Search Box လေးမှာ </head> ကို ရိုက်ထည့်ပြီး ရှာပါ။တွေ့ရင် </head> ဆိုတဲ့ စာလုံးရဲ့ အောက်မှာ ကျွန်တော် အောက်မှာ ပေးထားတဲ့ Code လေးတွေကို ကူးထည့်လိုက်ပါဗျာ။
ပြီးရင်တော့ Save Template Buttom ကို Click လိုက်ပေါ့။ကဲ ဒါဆိုရင် သူငယ်ချင်းတွေရဲ့ Blog Site လေးဟာ RainBow အရောင်လေးတွေ ပြောင်းတဲ့ Link လေးတွေ ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေသွားခဲ့မယ် ဆိုရင် ကျွန်တော်ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ အတွက် ကျွန်တော် ကျေနပ်မိပါတယ်ဗျာ။

ကျွန်တော် ဒီ တစ်ခါတော့ Angry Birds ရိုးရိုး လေး တစ်ခုကို လက်ဆောင် ပေးပါရစေဗျာ။ကျွန်တော် ပထမ Post လေးမှာတုန်းက Angry Birds Seasons ဆိုတဲ့ Version Game လေးကို တင်ပေးထားပါတယ်။အခု လဲ နောက်တစ်မျိုးတင်ပေးထားပါတယ်ဗျာ။ဒီ Game လေးလဲ ဆော့လို့ ကောင်းလို့ ကျွန်တော် သူငယ်ချင်းတွေ အတွက် တင်ပေးထားပါတယ်ဗျာ။အောက်မှာ Download ယူလိုက်ပါဦးနော်။
(ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
(ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ဒီ တစ်ခါ တော့ အခု တစ်လော နာမည်ကြီး ရေပန်းစားနေတဲ့ Angry Birds Game လေး တစ်မျိုးကို သူငယ်ချင်းတွေ အတွက် ကျွန်တော်က လက်ဆောင်လေးပေးပါရစေဗျာ။ကွန်ပျူတာ အသုံးပြုရင်း စိတ်ညစ်နေတဲ့ အချိန်လေး ဖြစ်ဖြစ် အလုပ်အားတဲ့ အချိန်လေး ဖြစ်ဖြစ် အပျင်းပြေလေး ဆော့ကစားရင်း သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။ဆော့ရတာလဲ တော်တော်လေး လွယ်ပါတယ်ဗျာ။Game ရဲ့ ရုပ်ထွက်အားလေးကလဲ အရမ်းကောင်းမွန်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ လိုချင်တယ် ဆိုရင်တော့ ကျွန်တော် အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။
ကျွန်တော် အခု ပေးတဲ့ Angry Birds Game လေးက Seasons ဖြစ်ပါတယ်ဗျာ။Rio တို့ ရိုးရိုး Angry Birds တို့လဲ ရှိပါသေးတယ်ဗျာ။ကျွန်တော် ဆက်ပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်။ဒီ Game လေးက PC Game လေးဖြစ်ပါတယ်ဗျာ။File Size လေးက 28.0 MB ပဲ ရှိလို့ အမြန်ဆုံး မှာ ယူလိုက်ကြပါတော့ဗျာ။
(ဒီ Link လေးကို နှိပ်ပြီး Download ရယူပါနော်။)
ကျွန်တော့ ဆိုဒ်လေးကို အမြဲတမ်း အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။