Archive for March 2012
Mp3 သီချင်းတွေကို Cutter လုပ်ပြီးမိမိ ကိုယ်တိုင် Ringtone ပြုလုပ်နိုင်တဲ့ Protable Mp3 Direct Cutter Software လေးပါ။
Saturday, March 31, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ သူငယ်ချင်းတွေ အတွက် ကျွန်တော် Mp3 သီချင်းတွေကိုမိမိကြိုက်တဲ့ စာသားနေရာကနေ Cut လုပ်ပြီး Phone တွေထဲ ထည့်ပြီး Ringtone တစ်ခု အနေနဲ့Cutter လုပ်ချင်တဲ့ သူတွေ အတွက် Portable Software လေးပေါ့ဗျာ။အသုံးပြုချင်တဲ့ သူတွေအတွက်တော့ ကျွန်တော် အောက်မှာ Download လုပ်ဖို့ ပေးထားပါတယ်ဗျာ။ဒီ Software လေးက Protable လေးဆိုတော့ Install လုပ်စရာမလိုပဲ Double Click လေးပေးလိုက်ယုံဖြင့် အသုံးပြုလို့ ရသွားမှာဖြစ်ပါတယ်ဗျာ။Serial Number တို့ Crack တို့ Patch File တို့ မလိုအပ်တာကြောင့် စိတ်ချလက်ချအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ.......ဘယ်လောက် အဆင်ပြေလိုက်လဲ ဗျာ။လိုချင်ရင်တော့ ကျွန်တော် ကပေးဖို့ အဆင်သင့်ပါပဲနော်။File Size လေးကလဲ 1.33 MB လောက်လေးပဲ ရှိတဲ့ အတွက် Download လုပ်ရတာလဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်တို့ Blogger သမားတွေက သူငယ်ချင်းတွေ ဆီက ပီတီလေး စားပြီး အားရှိနေရတာပါဗျာ။သူငယ်ချင်းတွေ သဘောကြရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို မိတ်ဆက်ပေးပါဦးနော်။
ကြိုးစားလျက်.......!
(Yekyawphyo)

Android သုံး Phone နဲ့ Tablet အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားတဲ့ E-Book လေးပါ။
Posted by Ye Kyaw Phyo
ကျွန်တော် နေမကောင်းတာ 1 ပတ် ကျော်ကျော်လောက် ရှိပါတယ်ဗျာ။နေအရမ်းမကောင်းလို့ ဖြစ်နေလို့ပါဗျာ။ကျွန်တော် ထတောင်မထနိုင်ဘူးဗျာ။ပြီးတော့ ကျွန်တော့ ၀က်ဆိုဒ်လေး နဲ့ လဲ ဝေးနေတာ တော်တော် ကြာပါပြီ။ကျွန်တော့ ၀က်ဆိုဒ်လေး အတွက် Post တွေ မတင်နိုင်ဖြစ်ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးကစာဖတ်ပရိတ်သတ်တွေအားလုံးကို ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။အခု ကျွန်တော် နေလဲ နည်းနည်း ပြန်ကောင်းလာပြီ ဖြစ်တဲ့ အတွက် ကျွန်တော့ IT Bank လေးကို အရင်လိုလေးပဲ Post တွေ အမြဲတမ်း နီးပါးလောက် တင်ပေးပါ့မယ်ဗျာ။ကျွန်တော် ဒီလ ဆို ကျွန်တော် တင်နိုင်တဲ့ Post လေးတွေက ဒီ Post နဲ့ ဆို 4 ခုမြောက်ပဲ တင်နိုင်ခဲ့ပါတယ်။အဲ့ဒီ အတွက် ကျွန်တော် IT Bank ဆိုဒ်လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေ အတွက် စိတ်မကောင်းတော်တော် ဖြစ်မိပါတယ်ဗျာ။အခု တော့ ကျွန်တော် တင်ပေးမဲ့ Post လေးကတော့ ဆရာ ကိုဝင်းဟိန်း ရေးသားထားတဲ့ ကျွန်တော်တို့ အခုခေတ် Phone တွေနဲ့ Tablet တွေမှာ အသုံးများတဲ့ Android Application အကြောင်းကို စုံစုံလင်လင်ရေးသားထားတဲ့ E-book လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။အဲ့ဒီ စာအုပ်လေး အကြောင်းကိုတော့ ကျွန်တော် မပြောတော့ပါဘူး။သူငယ်ချင်းတွေ စိတ်ဝင်စားသဘောကျမယ်ဆိုရင် အောက်မှာ အဆင်သင့်လေး Download လုပ်လိုက်ရုံပါပဲ။အောက်မှာ Download သွားယူလိုက်ပါနော်။
(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော် ပေးတဲ့ လက်ဆောင်လေး ကို သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အတွက် Post တွေ ပျက်ကွက်ခဲ့တဲ့ အတွက်လဲ ကျွန်တော် အနူးအညွှတ် ဒီ Post လေးနဲ့ တောင်းပန်ပါရစေဗျာ။သူငယ်ချင်းတွေ အတွက် အသုံးဝင်ခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
Connection နှေးနေတဲ့ အချိန် Mail ဖတ်လို့မရသေးရင် Preview အနေနဲ့ ဖတ်ကြမယ်။
Friday, March 16, 2012
Posted by Ye Kyaw Phyo
Tag :
(Gmail Knowledge),
(နည်းပညာ)
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ အားလုံးရဲ့ Inbox Mail က Mail တွေကို Connection နှေးနေတဲ့ အချိန်ဖွင့်ဖတ်လို့ မရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်ရင် Mail တစ်စောင်စောင် ကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်လို့ရအောင် လုပ်တဲ့ နည်းလေးပါဗျာ။ဒီ နည်းလေးလဲ တစ်ချို့သူတွေ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ကျွန်တော် က တော့ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်တော့ ကျွန်တော်သိထားသလောက်လေး ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီနည်းလေး ကို သိထားတော့ ကြာပါပြီဗျာ။ကျွန်တော့ ကို Gtalk က သူငယ်ချင်းတွေက မေးလို့ ဒီ Post လေးကို ရေးပြီး တင်ပေးလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးနဲ့ပါ ရှင်းပြထားတဲ့ အတွက် နားမလည်စရာတော့ အကြောင်းမရှိလောက်ပါဘူးဗျာ။တကယ်လို့ နားမလည်ရင်လဲ ဒီ Post လေးရဲ့ အောက်မှာ Comment ပေးထားခဲ့လို့ရပါတယ်နော်။ကျွန်တော် ပြန်ဖြေပေးပါ့မယ်ဗျာ။ကဲ......စကြရအောင်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက
www.gmail.com ကို Sign In ၀င်လိုက်ပါ။ပြီးရင် Mail Setting ကို သွားလိုက်ပါ။Mail ရဲ့ ဘယ်ဘက်ထောင့် က စက်သွားပုံ နေရာလေးကို Click ပြီး Setting ကို Click လိုက်ပါ။Mail Setting ကို ဘယ်လိုသွားရမှန်းမသိသေးရင် အောက်က ပုံလေးမှာ သွားကြည့်လိုက်ပါနော်။
Mail Setting ကို ပွင့်သွားပြီးရင်တော့ Labs ဆိုတဲ့ Tab လေးကို Click လိုက်ပါ။ပြီးရင် Massage Sneak Peek ဆိုတာလေးကို တွေ့အောင်ရှာပါ။မတွေ့ရင်လဲ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးကို ကြည့်ပြီး ရှာလိုက်ပေါ့ဗျာ။
အဲ့ဒီ ပုံလေး အတိုင်းတွေ့ပြီဆိုရင်တော့ Disable နေရာလေးကို အလိုအလျောက်ရွေးထားတာ တွေ့ရပါလိမ့်မယ်။အဲ့ဒီ အခါ အရေးကြီးဆုံးနဲ့ သတိထားရမှာက ကျွန်တော်တို့က အဲ့ဒီ အမှတ်ရွေးထားတာကို Enable အဖြစ်သို့ ပြောင်းပေးရပါမယ်။ပြောင်းပေးပြီးရင်တော့ ကျွန်တော်တို့က ထုံးစံ အတိုင်း Save Changes ဆိုတာလေးကို နှိပ်လိုက်ယုံပါပဲဗျာ။

ပြီးရင် တော့ မိမိတို့ Inbox Mail မှာရှိတဲ့ Mail တစ်ခုခုကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်ကြည့်လိုက်ပေါ့ဗျာ။ခုန က Connection နှေးနေလို့ ဖတ်လိုမရသေးတဲ့ Mail ကို Preview အနေနဲ့ ဖတ်ရှုလို့ ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံစံမျိုးလေးပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။
ကဲ ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေ ဘယ်လိုလဲဗျ။ကြိုက်ရဲ့လားလို့ ကြိုက်ရင်တော့ Comment လေးတွေ ပေးခဲ့ပါဦးနော်။ဒါမှ မဟုတ်လဲဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)
Connection ကျနေလို့ ဓာတ်ပုံတွေ ပို့လို့မရရင် Google Mail ကနေပဲ လျင်မြန်စွာ Mail ပို့ကြမယ်။
Thursday, March 15, 2012
Posted by Ye Kyaw Phyo
Tag :
(Gmail Knowledge),
(နည်းပညာ)
ကျွန်တော် ဒီ တစ်ခါပြောပြမဲ့ Post လေးကတော့ Mail ပို့တဲ့ အခါ ဓာတ်ပုံတွေကို Attach File အနေနဲ့ တွဲစရာမလိုပဲ လျင်မြန်စွာ ပို့တဲ့ နည်းလေးပေါ့ဗျာ။တကယ်လဲ မြန်ပါတယ်ဗျာ။Connection မကောင်းတဲ့ အချိန်ဆိုရင်တောင် ဓာတ်ပုံကို ပို့ဖို့တောင် Retry ဖြစ်ဖြစ်နေလို့ စိတ်မညစ်ရတော့ဘူးပေါ့ဗျာ။အခု နည်းလေးကတော့ လွယ်ပါတယ်ဗျာ။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေနဲ့ ကော စာလေးတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။အရင်ဦး ဆုံးလုပ်ရမှာကတော့....
www.gmail.com ကို Sign In ၀င်လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း စက်သွားပုံစံလေးကို Click ပြီး Setting ကို နှိပ်လိုက်ပါ။
ပြီးသွားရင်တော့ ဘာလုပ်ရမလဲ ဆိုတာ ဆက်ပြောပါ့မယ်။အောက်က ပုံလေး အတိုင်း Labs ဆိုတဲ့ Tab လေးကို သွားလိုက်ပါ။
ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းလေး Labs ဆိုတာလေးကို ရောက်သွားရင်တော့ ကျွန်တော် အောက်မှာ ပေးထားတဲ့ စာလေး နဲ့ ပုံလေး ကို ကြည့်ပြီး ရှာလိုက်ပါဗျာ။
အဲ့ဒီပုံလေး မှာက Enable ဆိုတာကို ကျွန်တော်က ချိန်းပြီးသားမို့လို့ပါ။သူငယ်ချင်းတွေရဲ့ Mail Setting မှာတော့ စစဦးဆုံး ပြမှာကတော့ Disable ဆိုတဲ့ နေရာလေးမှာ အပြာရောင် Mark လေးပြနေပါလိမ့်မယ်။အဲ့ဒီ အခါ ကျွန်တော် အပေါ်ကပုံလေး အတိုင်း Enable ဆိုတာလေးကို Mark ပေးလိုက်ပါ။ဒါလေးပါပဲ ဗျာ။ပြီးရင်တော့ ကျွန်တော်တို့က ထုံးစံ အတိုင်း Save Changes လိုက်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်းပေါ့။
ပြီးရင် တော့ မိမိ ရဲ့ Compose Mail ကို ပြန်သွားလိုက်ပါ။အရင်တုန်းက Mail ပို့တဲ့ Emoji နေရာရဲ့ ဘေးနားလေးမှာ Image ပုံစံလေး ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ကိုက ပို့ချင်ရင် အဲ့ဒီ ပုံလေးကို Click ပြီး မိမိ ပို့ချင်တဲ့ ဓာတ်ပုံကို စတင်ပြီး Upload လုပ်ပြီး ပို့နိုင်ပါပြီဗျာ။ပုံတွေ တော်တော်များများ ပို့လို့ရပါတယ်ဗျာ။Upload လုပ်တာလဲ မြန်ပါတယ်ဗျာ။ဒီနည်းလေး ကို တစ်ချို့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ကျွန်တော်လဲ သိပြီးတာ ကြာပါပြီ။မသိသေးတဲ့ သူတွေအတွက်တော့ ဒီ နည်းလေးကို မေးတဲ့ သူတွေလဲ များတာနဲ့ ကျွန်တော် အတက်နိုင်ဆုံး စာဖတ်သူတွေ အနေနဲ့ နားလည်လွယ်အောင် အလွယ်ဆုံး ရှင်းပြပေးထားပါတယ်ဗျာ။သမုဒ္ဓရာ ရေဆိုတာ တစ်ယောက်တည်း သောက်လို့ မကုန်ဘူးဆိုတဲ့ စကားပုံလဲ ရှိသေးတာပဲလေဗျာ။မဟုတ်ဘူးလား။ကဲ...မြန်မာနိုင်ငံမှာ သုံးနေတဲ့ သူငယ်ချင်းတွေ အားလုံးလဲ မိမိ ဓာတ်ပုံကို သူငယ်ချင်းတွေ ဆီ ဖြစ်ဖြစ် ချစ်သူ ဆီ ဖြစ်ဖြစ် ပို့ချင်တဲ့ သူတွေ အတွက် လွယ်ကူလျင်မြန်ဆုံး နည်းလေးကို ကျွန်တော်ပြောပြလိုက်ပါတယ်ဗျာ။ကျွန်တော်လဲ Connection ကျရင် အဲ့ဒီ နည်းလေးနဲ့ ပို့တာပဲလေ။အဲ့လောက် ဆိုရင် IT Bank Site လေးကို တည်ထောင်တဲ့ ကျွန်တော်ဟာ ဘယ်နိုင်ငံသားလဲ ဆိုတာ သိလောက်ကြမှာပေါ့နော်။ကျွန်တော့ ဆိုဒ်လေးကို လာလည်အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အားလုံးကိုလဲ ကျွန်တော် အတက်နိုင်ဆုံး စာနဲ့ ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် နားမလည်စရာ အကြောင်းတော့ မရှိလောက်ပါဘူးနော်။နားမလည်ရင်လဲ အားမနာကြပါနဲ့ဗျာ။ဒီ Post လေးရဲ့ အောက်မှာ Comment ပေးနိုင်ပါတယ်နော်။မသိလို့နားမလည်လို့ မေးတဲ့ သူတွေ ကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် နားလည်သလောက် တက်သလောက် မှတ်သလောက်လေး ပြန်လည် ရှင်းပြပါ့မယ်ဗျာ။ကျွန်တော် ကိုယ် ကျွန်တော် တော်တယ် တက်တယ်လို့ ကိုယ်ရည်သွေးတယ်လို့လဲ မထင်စေချင်ဘူးဗျာ။ကျွန်တော် ထက်တော်တဲ့ သူတွေ အများကြီးရှိပါတယ်ဗျာ။အဲ့ဒီ သူတွေနဲ့ ယှဉ်ရင်တောင် ကျွန်တော်ဟာ ဘာမှ မဟုတ်တဲ့ တစ်ယောက်နေရာမှာပဲ ရှိပါတယ်ဗျာ။ဒါမဲ့ ကျွန်တော် သိသလောက် မှတ်သလောက်လေးက စာဖတ်ပရိတ်သတ်တွေကို ပြောပြပေးလို့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ ဗဟုသုတ နဲ့ အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ ဆိုဒ်လေးကို သဘောကျရင်လဲ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်........!

မိမိ ဆီပို့တဲ့ Mail တွေကို ကျေးဇူးတင်ကြောင်း လူမရှိပေမဲ့ Auto Reply Massage လေးထားပြီးအသုံးပြုချင်တဲ့ သူတွေအတွက်ပါ။
Wednesday, March 14, 2012
Posted by Ye Kyaw Phyo
Tag :
(Gmail Knowledge),
(နည်းပညာ)
ဒီ တစ်ခါတော့ ကျွန်တော့ အရင်ဦးဆုံး တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ပဲ စပါရစေဗျာ။စာဖတ်သူတို့ ဘာလဲ ဆိုပြီး အနည်းငယ် တွေးကောင်းတွေးသွားနိုင်ပါတယ်ဗျာ။အဲ့ဒါက ဘာလဲ ဆိုတော့ ကျွန်တော့ IT Bank Site လေးကို ပစ်ထားတာ နည်းနည်းကြာသွားပါတယ်ဗျာ။ကြာသွားတယ်ဆိုတာလဲ ကျွန်တော် စာရေးပျင်းလို့လဲ မဟုတ်ပါဘူး။အပျင်းထူ နေတာလဲ မဟုတ်ပါဘူး။ကျွန်တော် အလုပ်တွေ များနေတာနဲ့ Post တွေ မတင်ဖြစ် ဖြစ်နေတာပါဗျာ။အဲ့ဒါ အတွက် ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်သူတွေ အားလုံးကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါရစေဗျာ။တစ်ချို့မှာ ကျွန်တော့ ကို မေးလ် ပို့ပြီး လာပြောကြပါတယ်။ကျွန်တော့ကို အပျင်းထူနေတာလားတဲ့ လေ။မဟုတ်ပါဘူး။ကျွန်တော် အလုပ်မအားလို့ပါဗျာ။အဲ့ဒါ လေးကို နားလည်ပေးနိုင်ကြရင် ကောင်းမှာပဲဗျာ။ကျွန်တော့ ဒီ IT Bank Site လေးကို ကိုယ့်ဝါသနာ အရ အချိန်ကုန်ခံ ငွေကုန်ခံပြီး ရေးထားတာပဲ ဗျာ။မရေးချင်ပဲ ရှိပါ့မလားဗျာ။ပြီးတော့ ကျွန်တော် နေ့တိုင်းလိုလို ကျွန်တော့ ၀က်ဆိုဒ်လေးနဲ့ ကျွန်တော့ ၀က်ဆိုဒ်ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို လွမ်းနေမိတာတော့ တကယ်အမှန်ပါဗျာ။ကိုယ့် ၀က်ဆိုဒ်မှာ Post အသစ်လေးတွေ မတင်ဖြစ်လို့ စိတ်မကောင်းလဲ ဖြစ်မိပါတယ်ဗျာ။မတင်ဖြစ်ဘူး ဆိုတာလဲ ခုနက ကျွန်တော် အပေါ်မှာ ပြောခဲ့သလို တကယ် အလုပ်မအားလို့ပါဗျာ။ကျွန်တော် စကားပြောရှည်မိနေပြီဗျာ။Sorry...နော့်။ကျွန်တော် အခုတင်ပြပေးမဲ့ Post လေးကတော့ သိပြီးသားသူတွေလဲတော်တော်များများ ရှိနေလောက်မှာပါ။ကျွန်တော်လဲ ဒီ နည်းလေးကို သိနေတာ ကြာပါပြီ။ ဒါမဲ့ တစ်ချို့မသိသေးတဲ့ သူတွေလဲ ရှိကြပါတယ်ဗျာ။ပြီးတော့ ကျွန်တော့ကို Mail ပို့ပြီးမေးထားတာလဲ ရှိပါတယ်။အဲ့ဒါကြောင့် မို့ ကျွန်တော် သိတဲ့ ပညာလေးကို သူငယ်ချင်းတွေလဲ သိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးတွေ နဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် ကျွန်တော့ Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ နားလည်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ကဲ...စကြမယ်ဗျာ။ဒီနည်းလေး အကြောင်းကို အရင်ပြောပြပါ့မယ်။သူများ Mail က ကိုယ့်စီ ကိုယ် Mail တစ်ဆောင် ပို့လိုက်တယ် ဆိုပါစို့။ကိုယ်က Online မှာလဲ မရှိဘူး။သူပို့လိုက်တဲ့ Mail ကို ကိုယ်က လက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ကို ကိုယ့်က ရေးပြီး ပို့စရာမလိုဘဲ Auto အလိုအလျောက် ပြန်လည်ဖြေကြားပေးနိုင်တဲ့ စနစ်တစ်ခုပေါ့ဗျာ။သူငယ်ချင်းတွေ စိတ်ဝင်စားရင် ကျွန်တော် အောက်မှာ ရှင်းပြပေးထားပါတယ်ဗျာ။အဲ့ဒီ အဆင့်လေးတွေ အတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရုံပါပဲ။လုပ်တဲ့ နည်းလမ်းလေးက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလေး တစ်ခုပါဗျာ။ကလိ ကြည့်လိုက်ပေါ့နော့။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက.........
www.gmail.com
Gmail Login Page မှာ Sign In ၀င်လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း စက်သွားပုံစံလေးကို လိုက်ရှာပြီး Setting ဆိုတာလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ။
ပြီးရင် Mail Setting ကို ရောက်သွားပါလိမ့်မယ်။General ဆိုတဲ့ Tabs လေးကို တွေ့ရင် Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
အဲ့ဒီ ပုံလေး အတိုင်း စာမျက်နှာကို ရောက်သွားပြီးရင်တော့ Vacation responder: ဆိုတဲ့ စာလေး လေးကို တွေ့ရအောင် ရှာလိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံမျိုးလေး မှာပေါ့ဗျာ။
အဲ့ဒီမှာ ကျွန်တော် ပြောချင်တာကတော့ Vacation responder on ဆိုတဲ့ နေရာလေးမှာ အပြာရောင် Mark လေးတစ်ခုပေးထားပါ။ပြီးရင် Date နေရာမှာတော့ ဒီအတိုင်းလေးပဲ ထားပါ။ဘာမှ မလုပ်လိုက်ပါနဲ့။ပြီးရင် Subject ဆိုတဲ့နေရာလေးမှာ ကိုယ့်ရေးချင်တဲ့ စာသားတစ်ခုခု သုံးပေါ့။အကောင်းဆုံးကတော့ ကိုယ့်က Reply ပြန်မှာဆိုတော့ စာသား လှလှလေးလဲ ဖြစ်ရမယ် စာသားတစ်ခုခုကို ခေါင်းစဉ်အနေနဲ့ ယူသုံးပေါ့ ဟုတ်ဘူးလား။Massage မှာ ကျတော့ ကိုယ် Reply ပြန်ချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါ့မယ်။ကိုယ့်ကို Mail ပို့ပေးတဲ့ သူက စိတ်ကျေနပ်အောင်ပေါ့ဗျာ။နောက်တစ်ခါလဲ ကိုယ့်ကို ထူးထူးဆန်းဆန်း Mail လေးတွေ ပို့ပေးချင်လာအောင်ပေါ့ဗျာ။ပြီးရင်တော့ အောက်ကပုံလေးမှာ ပြထားတဲ့ အတိုင်း Save Changes နဲ့ Cancel ဆိုရင် Save Changes ပေါ့ဗျာ။
ကဲ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ပြီးသွားရင်တော့ စမ်းကြည့်ကြပေါ့ဗျာ။အဆင်ပြေမှာပါ။ကျွန်တော့ သူငယ်ချင်းတွေနားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်ဗျာ။