Posted by : Ye Kyaw Phyo
Monday, December 10, 2012
![]() |
Fig ~ 1 |
အဲ့ဒီ အအေးမိခြင်းကို ကျွန်တော်တို့ ဆောင်းတွင်းနဲ့ မိုးတွင်း တို့တွေမှာ အများဆုံးအဖြစ်များကြပါတယ်။အဲ့ဒီ အအေးမိခြင်းက ကလေး မှ စ လူငယ် လူကြီးတွေ အဆုံး ဖြစ်လေ့ဖြစ်ထရှိပါတယ်။အဲ့ဒီလို အအေးမိလာရင် ကျွန်တော်တို့တွေ ခံစားလာရမဲ့ အချက်တွေကတော့ နှာချေမယ်၊ လည်ချောင်း(အာခေါင်) မှာ မသက်မသာနဲ့ နာလာ မယ်၊ နှာရည် ကျမယ်၊ ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲ၊ဇက်ကြောတွေ တက်လာမယ် မအီမသာ ဖြစ်တာ တွေ ဖြစ်လာပြီဆိုရင် အအေးမိပြီး ဖျားတော့ မယ့်ဆိုရင် ဒါဟာလေထုထဲမှာ ရှိတဲ့ ကျွန်တော်တို့ကို ဒုက္ခပေးမဲ့အမျိုးမျိုး သော ဗိုင်းရပ်စ် ပိုးတွေဟာ အသက်ရှူု လမ်းကြောင်းအပေါ် ပိုင်းကို ၀င်ရောက်ကူးစက်ရာကနေ ဖြစ်ပေါ် လာတဲ့ ရောဂါလက္ခဏာ စုတွေပါပဲ။အဲ့ဒီလို အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော် လောက် ရှိပြီး ဖြစ်ဖြစ်သမျှသော အအေးမိ ဖျားနာခြင်း တွေရဲ့ (ရေမြေ ရာသီဥတုပေါ် မူတည်ပြီး) ၁၀ ရာနှုန်းကနေ ၄၀ ရာနှုန်းအထိ ဖြစ်စေတဲ့ အဓိကတရားခံကတော့ ရိုင်နိုဗိုင်းရပ်စ်ဖြစ်ပြီး၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးက ၂၀ ရာခိုင်နှုန်း လောက် ကို ဖြစ်စေနိုင်ကာ ကလေးငယ်တွေမှာ ပိုအဖြစ်များတဲ့ Respiratory Syncytial Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကတော့ အအေးမိခြင်း တွေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ကို ဖြစ်စေနိုင်ပါတယ်။အအေးမိဖျားနာခြင်းရဲ့ အဓိက အကြောင်း ရင်းကတော့ ဗိုင်းရပ်စ်ပိုးဟာ လေထုထဲကနေ တစ်ဆင့် ကူးစက်တာဖြစ်သလို၊ မသန့်ရှင်း တဲ့ လက်တွေကနေတစ်ဆင့် ကူးစက်ခံရတာ ဖြစ်ပြီး အဲသလိုဖြစ်စေတဲ့ အကြောင်းရင်း ကတော့ ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်ပြီး အပင်ပန်းလွန်ထားခြင်း၊ အိပ်ရေးပျက် ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ထား ခြင်း၊ အသီးအရွက် သစ်သီးဝလံ လုံးဝမစား ခြင်း၊ ကိုယ်ခံအားကျစေတဲ့ ဆေးတွေကို ရောဂါ ကြောင့် မှီဝဲနေရခြင်းကြောင့်ဖြစ်ပါတယ် လို့ ကျန်းမာရေး ဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာသီဟသစ်ကလဲ အခုလို ရှင်းပြပေးခဲ့ပါသေးတယ်။
အအေးမိဖျားနာခြင်းဟာ ဘာဆေးမှ မသောက်ဘဲ နားနေလိုက်ရင် အလိုလို ပျောက် သွားနိုင်တဲ့ရောဂါမျိုး ဖြစ်ပေမယ့် ဆေးခန်း အပြရဆုံး ရောဂါနဲ့ အလုပ်အပျက်ရဆုံး အကြောင်းတရားလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ "ဒီရာသီတုပ်ကွေးကြောင့် ဆရာဝန် တွေရဲ့ ဆေးခန်းတွေမှာတောင် လူနာတွေနဲ့ အပြည့် ပါပဲ" လို့ သူက ပြောပါတယ်။
တုပ်ကွေးမိခြင်းအတွက် အရေးကြီးဆုံး ကုသမှုကတော့အိပ်ရာထဲမှာ အနားယူခြင်း ပါပဲ။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့အတွက် ပါရာစီတမောပါတဲ့ ဆေးတွေကို သောက်ပြီး အဆင်ပြေစေနိုင် သလို နားနေတဲ့အချိန်မှာ ရေနွေးကြမ်း၊ ကွမ်းရွတ်ပြုတ်ရည်၊ နို့ပူပူ စတဲ့ အရည် တွေကို များများ သောက်ပေးခြင်းဖြင့် မြန်မြန် နေကောင်း စေနိုင်ပါတယ်လို့ ဒေါက်တာသီဟ သစ်က ပြောပါတယ်။
"ဗိုက်တာမင်စီ သောက်ပေးတာ အအေးမိ ခြင်းကို ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပြီး၊ ကလေးငယ်တွေအတွက်ဆိုရင်တော့ ပါတာ စီတမောနဲ့ ဗိုက်တာမင်စီတို့ကို ကလေး အထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ တိုက်ရပါမယ်။ ကိုယ်သဘောနဲ့ကိုယ် တိုက် တာ မကောင်းပါဘူး" လို့သူက ပြောပါ တယ်။
ဘာမှပြင်းထန်တဲ့ ဝေဒနာ တစ်စုံတစ်ရာ မရှိဘဲ၊ ဆရာဝန်ညွှန်ကြားတာလည်း မဟုတ်ဘဲ ကိုယ်သဘောနဲ့ကိုယ်တော့ ပဋိဇီဝဆေး ခေါ်ပိုးသတ်ဆေးတွေကို မသောက်သင့် ပါဘူး။ ပဋိဇီဝဆေးက ဘက်တီရီးယားကိုပဲ သတ်နိုင်ပြီး ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်လို့ သောက်ရင် မထူးခြားဘဲ လူကိုပိုပင်ပန်းနိုင် စေပါတယ်လို့ သိရပါတယ်။
"အများအားဖြင့် အဖျားဟာ ခုနစ်ရက် ကျော်သွားမှ ပဋိဇီဝဆေးသောက်သင့်တယ် လို့ အကြမ်းဖျင်းမှတ်ထားရပါမယ်။ အသက်ရှူ ကျပ်ခြင်း၊ ကိုယ်ပေါ်မှာ သွေးခြေဥတဲ့ အကွက်များထွက်ခြင်း၊ သတိမေ့မောခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင်တော့ မဖြစ်မနေ ဆရာဝန် ကို ပြသဖို့လိုပါတယ်" လို့ ဒေါက်တာ သီဟသစ်က ဆိုပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသောနည်းလည်း ဖြစ်တာ ကြောင့် တုပ်ကွေးမကူးနိုင်အောင် မိမိ ကိုယ်မိမိ ကာကွယ် တတ်ဖို့လိုသလို မိမိမှ ကနေတစ်ဆင့် သူတစ်ပါးကို မကူးစက်နိုင်အောင် ကာကွယ်တတ်ဖို့ လိုပါ တယ်။ အဲဒါကြောင့် လူတိုင်း ဗိုင်းရပ်စ် ပိုး ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် လူအသိ နည်းတဲ့နည်းလမ်းတစ်ခုကို ပါမောက္ခ ရဲမြင့်ကျော်က အခုလိုပြောပါတယ်။
"လူတွေက ချောင်းဆိုးရင် လက်ကိုင် ပ၀ါ အုပ်ဆိုးရမယ်၊ နှာခေါင်းစည်းတတ် ရမယ်ဆိုတာ သိပေမယ့် လူအများ အသိ နည်းနေတဲ့ အချက်က လေထဲကနေ တစ်ဆင့် ကူးတာဖြစ်ပေမယ့် ချောင်းဆိုး လိုက်လို့ ထွက်လာတဲ့ ဗိုင်းရပ်တွေက စားပွဲတို့၊ ပစ္စည်းတွေတို့မှာ တင်ကျန်နေ ခဲ့ကြတော့ ချောင်းဆိုးတဲ့သူနဲ့ကတော့ ကိုယ်ကအဝေးကြီးပေမယ့် အဲ့ဒီပစ္စည်း တွေကိုကိုင်မိရင် ဗိုင်းရပ်စ်ပိုးကူးစက်နိုင် တယ်။ ဒါကြောင့် လက်ဆေးဖို့လိုအပ်တယ်။ ပုံမှန် ဆပ်ပြာနဲ့ဆေးဖို့၊ လက် ခဏခဏဆေးရင် ကာကွယ်ပြီးသားဖြစ် သွားပါတယ်" လို့ သူက ဆိုပါတယ်။ရောဂါပိုးကူးစက်ခံနိုင်ရခြေ အများ ဆုံးရှိတဲ့သူတွေကတော့ ကိုယ်ခံအား နည်းတဲ့ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါ တယ်လို့လည်း ၎င်းက ပြောပါတယ်။ "မြန်မာပြည်မှာတော့ တုပ်ကွေးရိုးရိုး ကြောင့် လူသေတာတော့ မတွေ့ဘူးသေးဘူး။ ဘာကြောင့် လဲ ဆိုတော့ သူက ခဏတစ်ဖြုတ်ပဲဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ" လို့ ၎င်းက ဆိုပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ နာတာရှည်ရောဂါတစ်ခု ရှိတဲ့သူတွေကတော့ သူများထက် ပြင်း ထန်နိုင်လို့ သတိထား သင့်ပါတယ်လို့ ပါမောက္ခ ရဲမြင့်ကျော်က ဆိုပါတယ်။
အဲ့ဒီ အအေးမိခြင်းကို ကာကွယ်ပေးနိုင်တဲ့ တခြားသော နည်းလမ်းကောင်းလေးတွေလဲ ရှိပါသေးတယ်။အဲ့ဒါလေးတွေကတော့
ကိုယ်ခန္ဓာမှာ ရှိနေတဲ့ သွေးဖြူဆဲလ်များအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။
မက်ဆာချူးဆက် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သူ အများစုဟာ မလုပ်တဲ့သူတွေထက် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ၂၅ ရာခိုင်နှုန်း နည်းပါးကြောင်း သိရပါတယ်။ အားကစားဟာ ကိုယ်ခံအား စနစ်ကို အားကောင်း စေတဲ့ အပြင် ခန္ဓာကိုယ်ကနေ သွေးဖြူဆဲလ် ထုတ်လုပ်မှုကိုပါ တိုးပွား စေတာကြောင့် ဖြစ်ပါတယ်။ အားကစားလုပ်တာကြောင့် အအေးမိဝေဒနာ ကင်းဝေးတာနဲ့ တကယ်လို့ အအေးမိဝေဒနာ ရခဲ့ရင်တောင် ခဏနဲ့ ပျောက်ကင်းသက်သာတဲ့ အကျိုး ကျေးဇူးတွေ ရရှိစေပါတယ်။ဒါကြောင့် ကျွန်တော်တို့က ဆောင်းရာသီ မနက်စောစောတွေမှာ လေကောင်းလေသန့်ရရှိတဲ့နေရာ မျိုးတွေမှာ မိမိ စိတ်ကြိုက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ လေ့လာမှုတွေ အရလည်း ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ စားပေးရင် အအေးမိဝေဒနာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လဲ သိရပါတယ်။ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံတွေကို ဆက်ပြိး လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link လေးမှာ သွားပြီး လေ့လာလို့ ရပါတယ်ဗျာ။ကဲ.......ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ကျန်းမာရေး ဗဟုသုတလေးတွေ ရရှိသွားပြီလို့ ယူဆပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံးလဲ စိတ်ကျန်းမာ ကိုယ်ချမ်းသာ လိုအင်ဆန္ဒများ ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
Related Posts :
- Back to Home »
- (ကျန်းမာရေး) , (ဗဟုသုတ) , (အထွေထွေ) »
- အအေးမိခြင်း(Common Cold) ဖြစ်ရခြင်း အကြောင်းအရင်းနဲ့ကာကွယ်ရန် အချက်အလက်များ