Posted by : Ye Kyaw Phyo Tuesday, December 11, 2012

Fig ~ 1
Software Application များကို တစ်နေရာတည်းတွင် တွေ့ရှိနိုင်ရန်အတွက် AppeXpo 2013 ကိုကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူကပြောသည်။ လာမည့် ဇန်န၀ါရီလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ MICTDC ပင်မဆောင်တွင် ကျင်းပမည်ဖြစ်သည်။
Mobile ဆိုင်ရာ Application များ၊ PC/Laptop အတွက် Software Applicaiton များနှင့် လုံခြုံရေးဆိုင်ရာ Application များကို တင်သွင်းရောင်းချသူများ၊ ၎င်းတို့နှင့်ပတ်သက်သည့် သင်တန်းဖွင့်လှစ်သူများ၊ ဖန်တီးထုတ်လုပ်သူ (Developer) များကို တစ်နေရာတည်းတွင် စုဝေးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ Application ဈေးကွက်က ရှေ့မှာ ပိုကောင်းလာမယ့် အနေအထားမှာရှိတယ်။ ပြည်တွင်း၊ ပြည်ပလုပ်ငန်း အသစ်အသစ်တွေ ပေါ်ပေါ်လာနေတဲ့အတွက် သူတို့လိုအပ်နေတဲ့ ဈေးကွက်ပိုင်းဆိုင်ရာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပါ။” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ပြပွဲရက်များအတွင်း နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ကျောင်းသားလူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် အဓိကရည်ရွယ်ပြီး ပြခန်းစုစုပေါင်း ၃၁ ခန်းပါဝင်မည်ဟု သိရသည်။ “ မိမိရဲ့ Application နဲ့ပတ်သတ်ပြီး စင်ပေါ်မှာ သရုပ်ပြရှင်းလင်းနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြပွဲနှင့်ပတ်သက်၍ www.facebook.com/yangonheartz တွင် အသေးစိတ်ကြည့်ရှုနိုင်ကြောင်း လက်ရှိပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော Software ကုမ္ပဏီများ၊ နိုင်ငံတကာမှ Software များအား တင်သွင်းရောင်းချသူများနှင့် သီးခြားပါဝင်လိုသော Mobile ၊ Software Developer များပါဝင်ပြသနိုင်ကြောင်း သိရသည်။

Appexpo 2013 ပြပွဲနေရာ နဲ့ အချိန်

နေ့ရက် (Date) ~ 8.1.2013 - 9.1.2013
အချိန် (Start Time) ~ 9:00 AM - 5:00 PM
ပြပွဲကျင်းပမည့်နေရာ ~ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် သံလမ်း ဘတ်စ်ကား မှတ်တိုင် အနီး MICT Part ၀င်းအတွင်း MICTDC ခန်းမ ဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

By ~ (Internet Journal)
ကဲ.....ရန်ကုန်မှာ ရှိနေတဲ့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေလဲ အသုံးပြုစရာ Software လိုလို့ ဖြစ်စေ ဗဟုသုတ အနေနဲ့ လေ့လာလို၍ ဖြစ်စေ အဲ့ဒီ ပြပွဲလေးကို သွားဖြစ်အောင် သွားပြီး ဗဟုသုတလေးတွေ ရယူကြပါလို့ တိုက်တွန်းလိုက်ပါစေဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -