Archive for September 2011
Gtalk Password အမဲရောင်အလုံးလေးများအားဖော်ကြည့်ခြင်း။
Friday, September 30, 2011
Posted by Ye Kyaw Phyo
ကျွန်တော်တို. Password တွေရိုက်တဲ့အခါမှာအမဲရောင်အလံုးတွေပေါ်တာ
အာလုံးသိပါလိမ့်မယ်။ယခုတင်ပြမှာက အဒီစာလံုးတွေကိုဖတ်လို့ရအောင်လုပ်
ပေးမယ် Software လေးပါ။ယူပြီး ပါက Zip File ကိုဖြည်ရပါလိမ့်မယ်။ဖြည်ပြီးပါက သော့ပုံကို ကလစ်နှိပ်ပါ။
အသုံးပြုလို.ရပါပြီ။မိမိကြည့်လိုသော Password ပေါ်သို. လက်ပုံပေါ်ရှိစက်ကွင်း
နှင့်ချိန်ထားပါ။ပြီးလျှင် လက်ပုံကိုကလစ်နှိပ်ပါက Pwd မှာဖော်ပြပါလိမ့်မည်။ကျွန်တော် အပေါ်မှာ ဓာတ်ပုံနဲ့တကွပြသပေးထားပါတယ်ဗျာ။အဆင်ပြေရင် သူငယ်ချင်းတွေ လဲလက်တို့လိုက်ပါဦးနော်။
ခုလို Download ယူသွားတာ ကျေးဇူးတင်ပါတယ်နော်။
ကြိုးစားလျက်........!
(Yekyawphyo)

Files တွေမှာ Virus ရှိတာသိချင်ရင်တော့ ဒီဆိုဒ်လေးမှာ သွားစစ်လိုက်ပါနော်။
Posted by Ye Kyaw Phyo
Tag :
(နည်းပညာ)
ကဲ ကျွန်တော်တို့တွေက Files တွေ Software တွေ ကို အင်တာနက်ကနေ Download ယူလိုက် တခြား ကွန်ပျူတာ မှာ Memory Stick တွေထိုးလိုက်နဲ့ Files တွေက Virus တွေပါလာတာကို ကျွန်တော် တို့တွေက သာမန်မျက်လုံးနဲ့လဲ မမြင်နိုင်ကြပါဘူးဗျာ။ပြီးတော့ ကွန်ပျူတာတွေမှာ သုံးတဲ့ Anti Virus Software တွေကလဲ သေချာအောင် မစစ်ဆေးပေးပါဘူးဗျာ။ဒီတော့ မိမိ လိုချင်တဲ့ ဖိုင်ဟာ Virus တွေရှိလား မရှိလားဆိုတာ သေချာအောင် ကျွန်တော် ပြောတဲ့ နေရာလေးမှာ စစ်ဆေးပြီးမှ သယ်ယူသွားကြပါလို့ တောင်းဆိုပါရစေဗျာ။စစ်ပုံ စစ်နည်းလေးကလဲ လွယ်ပါတယ်ဗျာ။ကျွန်တော် မပြောတော့ပါဘူးဗျာ။ကျွန်တော် အချိန် လဲ သိပ်မရလို့ပါ။အောက် က ဆိုဒ်လေးမှာ သွားစစ်လိုက်ပါနော်။
ဒီ Site လေးမှာ Virus သွားစစ်လိုက်ပါနော်။
သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)
ဒီ Site လေးမှာ Virus သွားစစ်လိုက်ပါနော်။
သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)
Start Bar လေးမှာ သက်တန့်ရောင် ပြောင်းအောင် လုပ်တဲ့ Software လေးပါ။
Thursday, September 29, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါ သူငယ်ချင်းတွေ ကွန်ပျူတာရဲ့ Start Bar လေးနဲ့ Windows Box လေးမှာ ကာလာ လေးတွေ Auto အရောင် ပြောင်းအောင် လုပ်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အောက်မှာ ကျွန်တော် ပုံနဲ့ တကွပြထားပါတယ်ဗျာ။အဲ့ပုံ လေးတွေ အတိုင်း မိမိ ကွန်ပျူတာလေး ကိုအလှ ဆင်ချင် ရင်တော့ အောက်မှာ Download သွားယူပေးပါနော်။
ကျွန်တော် တစ်ခုတော့ တောင်းပန်ပါရစေဗျာ။သူရဲ့ အလုပ်လုပ်ပုံ က Windows 7 Only ဖြစ်ပါတယ်ဗျာ။အဲ့ဒီ အတွက် Windows XP သမားတွေအတွက် စိတ်မကောင်းပါဘူးဗျာ။ပြောနေ ကြာတယ်ဗျာ။အောက်မှာ ယူသွားလိုက်ပါနော်။
ဒီ မှာ Download ယူသွားလိုက်ပါနော်။
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်ပြေရင် တခြား သူငယ်ချင်းတွေ လဲ ကျွန်တော့ဆိုဒ်လေးကို ဖိတ်ခေါ်ပေးပါဦးနော်။

Massage (1)
လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"
Massage (2)
နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား။
နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား။
Massage (3)
ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။
ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။
မှန်မှန်ရေးပါ ရည်းစားစာ။
မိဘစကား ဘေးမှာထား။
ဆရာစကား ဘေးချိတ်ထား။
ချစ်သူစကား တန်ဖိုးထား။
Massage (4)
Life is short!
Break the rules!
Forgive quickly!
Kiss slowly!
Love truly!
Laugh uncontrollably!
And never regret anything that made you smile.
Massage (5)
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့
အနာတရနဲ့ ဒဏ်ရာတွေ မပေးမိပါစေနဲ့။
Massage (6)
အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။
ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။
ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။
Massage (7)
ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ
ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို
စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ
အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
Massage (8)
လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် စကားလုံးတွေ အများကြီးလိုအပ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘ၀ကိုတော့ စကားတစ်ခွန်းတည်းနဲ့ ပျက်စီးစေနိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
Massage (9)
သတိရခြင်းဆိုတာ….
လွတ်လပ်တယ်…၊ တိကျသေချာတယ်…၊ သိုဝှက်ဟန်ဆောင်မှု ကင်းတယ်…၊ ကျယ်ဝန်းတယ်…၊ နက်ရှိုင်းတယ်…၊ အနှောင့်အယှက် ကင်းတယ်…၊ လုံခြုံတယ်…၊ အချက်အလက် ပြည့်စုံတယ်…။
ဒါပေမယ့်…. အထီးကျန်ဆန်တယ်…၊ ၀မ်းနည်းစရာကောင်းတယ်…၊ မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်…။
အဆိုးဆုံးကတော့… တစ်ဖက်သတ်ဆန်တယ်။
Massage (10)
၅၀ % က နင့်ကိုမယုံတာ၊
၃၀ % က ငါ့ကိုယ်ငါမယုံတာ၊
၂၀ % က ငါ့စိတ်နဲ့ နှိုင်းနေတာ...။
ကဲ သူငယ်ချင်းတွေ သဘောကျရင် နောက်ထပ် POst လေးကို ဆက်လက်ဖတ်ရှုအားပေးကြပါလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

မင်းအတွက်တော့
ငါ့နေရာက
အစားထိုးတာလွယ်ပေမယ့်
ငါ့အတွက်တော့
မင်းနေရာမှာ
မင်းတစ်ယောက်ပဲ အမြဲရှိနေတယ်။
Massage (2)
ငါ့ကောင်းကင်မှာ ထွန်းလင်းဖို့အတွက်
လမင်းရယ်၊ ကြယ်ရယ် မလိုပါဘူး။
နင်ရှိနေရင် ရပြီ။
Massage (3)
ဂျာမနီရေဘ၀ဲ....
မင်းကို ငါမကျေနပ်ဘူးကွ။
မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။
မင်း မြန်မာနိုင်ငံ ရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။
ငါ့အမေက ပင်လယ်စာ မညှီအောင် ချက်တတ်တယ်ကွ။
Massage (4)
ဆန္ဒတွေရှိသည်။
မျှော်လင့်ချက်တော့ မရှိပါ။
သို့သော်... သူ့ကို အလွန်ချစ်ပါသည်။
Massage (5)
တချို့ကတော့ ပြောတာပဲ...
အချစ်ဆိုတာ...
နံပြားဖုတ်နေတဲ့ ကုလားကြီးလက်က
အမွှေးတွေနဲ့ တူတယ်တဲ့။
Massage (6)
ပညာရှိအမျက် အပြင်မထွက်ရတဲ့။
စကားစုလေးက လွယ်သလောက် လိုက်နာဖို့တော့ ခက်ပါတယ်။
သင်ရော လုပ်ကြည့်ပြီးပြီလား....။
Massage (7)
မသိမသာ အပြောင်းအလဲတွေကို
ဂရုစိုက်မိမယ်ဆိုရင် တကယ်ပြောင်းလဲလာမယ့်
အပြောင်းအလဲကြီးမှာ ခံနိုင်ရည် ရှိနိုင်ပါတယ်။
Massage (8)
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်တုတွေ ဖြစ်လာပါတယ်။
ဒါကြောင့် သင့်ဘ၀မှာ နာကျင်ခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုး တက်လာလေပါပဲ။
Massage (9)
ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။
ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။
ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...
ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့။
Massage (10)
ငါ့ဒဏ်ရာတွေကို မင်းရဲ့အလင်းရောင်နဲ့ မတောက်ပချင်တာကတော့ အမှန်ပါ ကြယ်စင်ရယ်...။
နင်ငိုမှ ငါစိုမယ်ဆိုရင်တော့ စိတ်ချပါ ငါတစ်သက်လုံး အစိုမခံတော့ဘူး။
ကဲ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။နောက် Post တွေကိုလဲ အားပေးသွားပါဦးနော်။
ကြိုးစားလျက်......!

အိပ်မက်အဟောင်းတွေ ၀ယ်တယ်။
အသစ်တွေနဲ့ အလိုက်ပေးလဲတယ်။
မျှော်လင့်ချက်တွေရောင်းတယ်။
ပျော်ရွှင်ခြင်းတွေ အလကားပေးတယ်။
ဝမ်းနည်းခြင်းတွေ အလှူခံတယ်။
အချစ်လား........?
ဆောရီး... ဒါလေးကတော့ Not for Sale!
Massage (2)
There is only 1 way 2 say 3 words 4 you.
That's "I love you".
Massage (3)
ဘဝဖော်ဆိုတာ...
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။
Massage (4)
ခွင့်လွှတ်သည်းခံခြင်းတွေဆိုတာ အချစ်မှာ မရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဖက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Massage (5)
အပြုံးတစ်ခုသည် သင့်ရုပ်ကို ပိုမိုလှပလာစေနိုင်သော
ငွေမကုန်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
Massage (6)
ခေါင်းငုံ့ မနေပါနဲ့... ညစ်ပတ်နေတဲ့ ရွှံ့နွံတွေပဲ မြင်ရမှာပေါ့...။
ခေါင်းမော့လိုက်မှ... ကောင်းကင်ပေါ်က တလက်လက်တောက်ပနေတဲ့
ကြယ်လေးတွေကို မြင်ရလိမ့်မယ်။
Massage (7)
စိတ်ကူးယဉ်တာ ပိုက်ဆံမပေးရပေမယ့်
အဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့တော့
ပိုက်ဆံပေးရတယ်။
Massage (8)
U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။
U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။
U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။
U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။

မင်းကိုလွမ်းတိုင်းသာ
သေနတ်တစ်ချက်ပစ်ရရင်
အခုအချိန်ဆို တတိယကမ္ဘာစစ်တောင် ဖြစ်နေလောက်ပြီ....။
Massage (10)
မဆုံနိုင်အောင် ဘယ်လောက်ပဲ ဝေးပါစေ...
တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။
တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။
ကဲ သူငယ်ချင်းတွေ သဘောကျရင် နောက်ထပ် Post လေးတွေကိုလဲ ဆက်လက်ဖတ်ရှုအားပေးသွားပါဦးလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေနော်။
ကြိုးစားလျက်.......!
(Yekyawphyo)Massage (1)
ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင် တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....:P
Massage (2)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။
Massage (3)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။
Massage (4)
တကယ်ဆိုရင်.....
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။
Massage (5)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။
Massage (6)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။
Massage (7)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။
Massage (8)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့
အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း
ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။
Massage (9)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို
တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင်
မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။
Massage (10)
A အေးဆေးတဲ့ ငါ့ရဲ့ ဘ၀ထဲ
B ဘီယာမူးနေတဲ့ အချစ်ဆူးတွေကြောင့်
C စီနေအောင် ဒဏ်ရာရတာ
D ဒီ ကောင်လေး/ကောင်မလေး ကြောင့်ပေါ့
နောက်ဆို ရှောင်မှ.....!
ကဲ ကျွန်တော့ ဒီ Post လေးတွေကို ဖတ်ပြီး သူငယ်ချင်းတို့ အနေနဲ့ ဟားတိုက်မရယ်ရင်တောင်မှ ပြုံးမိမှာသေချာပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ်ဗျာ သူငယ်ချင်းတို. ပျော်ရွှင်ရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်ဗျာ။နောက် Post တွေ ကိုဆက်လက်ဖတ်ရှုအားပေးကြပါလို့ တောင်းဆိုပါရစေဗျာ။

အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ
1500 ပေးရပါမယ်။
Massage (2)
သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။
Massage (3)
ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Facebook နဲ့ Chat မယ်.....
VZO နဲ့ Chat မယ်….
Massage (4)
ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့
မင်းဘာသာမင်း
အဌာရသ ၁၈ ရပ်ကို
မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်…
အထာရယ် သဘောမပေါက်လို့ကတော့
ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။
Massage (5)
စကြာဝဠာကြီး
ပျက်စီးသွားမယ်ဆိုရင်တောင်
မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ
ကျန်ရစ်နေခဲ့ပါလိမ့်မယ်ကွာ....။
Massage (6)
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်။
Massage (7)
နိုင်ငံတော်အလံ ပြောင်းသွားပြီ…
မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်…
ဒါပေမယ့်…မင်းကိုချစ်တဲ့
ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
Massage (8)
ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။
Massage (9)
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။
Massage (10)
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။
အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။
ကဲ သူငယ်ချင်းတွေအားလုံး ကြိုက်ကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။သဘောကျရင် ယူသွားလိုက်ကျနော်။ကျွန်တော်က တော့ အရမ်းသဘောကျပါတယ်ဗျာ။နောက်ထပ် ဆက်ရန်တွေ အများကြီးရှိပါသေးတယ်ဗျာ။ဆက်လက် အားပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။

ဒီ တစ်ခါ ကျွန်တော် အကြိုက်ဆုံး Gtalk Custom Massage အလန်းလေးတွေ စုစည်းပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။
Massage (1)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသည့်
သူငယ်ချင်းများ အလိုရှိပါသည်။
Massage (2)
(တစ်) ယောက်တည်းကိုပဲ ချစ်တယ်။
(နှစ်) ယောက်မရှိတဲ့ အချစ်မျိုးနဲ့ပေါ့။
(သုံး) နေကျစကား မဟုတ်ဘူးနော်။
(လေး) လေးနက်နက်နဲ့ကို ချစ်တာပါကွာ။
(ငါး) ဆူမြောက်ဘုရား ပွင့်တဲ့အထိလည်း ချစ်နေဦးမှာပါ။
(ခြောက်) ကပ်နေတဲ့ ကိုယ့်ဘ၀ထဲမှာ
(ခုနစ်) ရက်ပတ်လုံး လွမ်းနေရလို့
(ရှစ်) ခိုးတဲ့ အချိန်လေးမှာတောင် သတိရမိနေပါတယ်
(ကိုး) ကွယ်တာကလည်း အချစ်မှ အချစ်တစ်ခုတည်းပါ။
(တစ်ဆယ်) တစ်ဆယ်ကမ္ဘာ ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါကွာ။
Massage (3)
အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ
အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ အိပ်စက်ခြင်းကို
ရောက်သလို သူ့မျက်နှာကို အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။
Massage (4)
သင်ဟာ ငြိမ်းချမ်းနေတယ်။
ပျော်ရွှင်နေတယ်။
ကြည်လင်ရွှင်လန်းနေတယ်။
ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင်
သင်ဟာ အောင်မြင်နေတဲ့သူပါ။
Massage (5)
မြင်တိုင်း လာလာ Add ကြပြီး မေးတော့ မဖြေချင်ကြဘူး။
ဘယ်သူလဲလို့ မေးရင် လူလေ လူလေနဲ့
ဒီမှာဟေ့ကောင်..... ဘယ်တိရစ္ဆာန်မှ Online မတက်ဘူးကွ။
မေးတာ မကျေနပ်ရင် Block သာလုပ်လိုက် ၀မ်းမနည်းဘူး။
လူပါးလာမဝနဲ့။
Massage (6)
ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။
Massage (7)
သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။
Massage (8)
အကြောင်းမညီညွတ်လို့ နှာခေါင်းဆီဆွတ်ကာ
ဘောင်းဘီချွတ်ပြီး ဒီစကားကို ပြောလိုက်ပါတယ်။
စိတ်မဆိုးပါနဲ့.....ရင်လဲ ခုန်မသွားပါနဲ့.....ဖင်လဲတုန်မသွားပါနဲ့
မင်းကို ကိုယ် ခင်ချင်ပါတယ်။
Massage (9)
အဆင်ပြေလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။
စိတ်ချမ်းသာလို့ အဆင်ပြေနေတာ။
Massage (10)
Inter Net Connection တွေကောင်းတဲ့နေ့ကျမှ
မင်းကို ချစ်တယ်လို့ ရဲရဲကြီးဖွင့်ပြောပါ့မယ်နော်
ခုတော့ Connection ကောင်းတဲ့အထိစောင့်ပေးပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး ဒီနေ့တော့ ဒီလောက်ပါပဲဗျာ။နောက်နေ့တွေ ကျွန်တော် ဒီလို Custom Massage အလန်းလေးတွေ ထပ်တင်ပေးပါ့မယ်ဗျာ။သူငယ်ချင်းတွေ ဖတ်ဖူးပြီးသားဆိုရင်လဲထပ်ပြီးအားပေးသွားပါဦးဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေနော်။
ကြိုးစားလျက်.....!

သူငယ်ချင်းတစ်ယောက်ဆီက ပုံလေးတွေရလို. မျှဝေခံစားကြည်.တာ။ ဒီပုံလေးတွေကြည်.ပြီးစိတ်မကောင်းဖြစ်မိတယ်။ ဘယ်မှာလဲ လုပ်ငန်းခွင်လုံခြုံမှု?? ဘယ်မှာလဲ အခွင်.အရေး?? ဘယ်မှာလဲ လုံခြုံရေးခါးပတ်??? ပြုတ်ကျလိုက်လို.ကတော့..... ဟူး.....မလွယ်တဲ.ဘဝ အထွေထွေ......။ သင်ကောဘယ်လိုခံစားရပါသလဲ.....? ဒီဟာလေးကို ပထမတော့ကျွန်တော့ မတင်ပဲနေမလို့ပါပဲ။ဗဟုသုတအနေနဲ့ ကော လေ့လာလို့ရအောင်ကောတင်ပြပေးထားလိုက်တာပါ။နိုင်ငံခြားသွားသူများ သတိထားစေချင်တယ်ဗျာ။အမြဲသတိ ၀ီရီယလေးတွေထားစေချင်လို့ပါ။

ကြိုးစားလျက်.......!
(Yekyawphyo)

ကြိုးစားလျက်.......!
(Yekyawphyo)
နှုတ်ဆက်သူ့မဲ့
ပြန်ခဲ့တစ်ရက်
တစ်သက်မမေ့
လွမ်းငွေ.တွေနဲ့ပေါ့။
ခဏတစ်ဖြုတ်
ရုတ်တရက်ပဲဖြစ်ဖြစ်
ချစ်သူ.မျက်နှာ
မရွှင်သာလျှင်
ရင်မှာလှိုင်းခတ်
ကိုယ်မနေတက်တော့ဘူးကွယ်။
မျက်ရည်မကျပေမဲ့
သက်သေပြနိုင်တယ် ချစ်သူ
လက်မောင်းသွေးဖောက်
ကိုယ်သောက်ချင်သောက်ရ
ဘုရားမှာကျိန်ပြ
ကိုယ်မလိမ်ရပါဘူးကွာ
မင်းကို ချစ်တာ
ဒီ ရင်ထဲကပါ။
အနေဝေးပေမယ့်
ဖြေဆေးအဖြစ်နဲ့
ချစ်သူရဲ. စာတွေကိုဖတ်
ရေကိုမြင်ပြီး ရေငတ်သူလိုပါပဲကွာ။
အသည်းထဲက
တစ်ဆစ်ဆစ်နာကျင်
စားရင်လဲ သတိရ
သွားသတိရနဲ့
နေမသိ ထိုင်မသာ
ညတာတွေ ရှည်လွန်းတယ်။
တစ်ခါတစ်လေ
သူငယ်ချင်းများနဲ.
ဟေးလားဝါးတိုက်
ရယ်မောခိုက်ပင်
ဝင်လာအတွေး
မင်းအကြောင်းလေး ပြောမိတော့
ဘေးကလူတွေက ပိုလွန်းတယ်တဲ့....။
မပိုတဲ့အပြင်လိုနေတဲ့
အကြင်နာတွေက
အစဉ်သာတွေးပြီးရင်မှာဆွေး၍
ဝေးရမှာကြောက်တယ်။
♥ညီမလေးရယ်♥
ရင်ဝယ်စိုးထိတ်
စိတ်ထဲကမျှော်နေတာ
နီးရ မဲ့ရက်ကဘယ်အချိန်ခါပေါ့။
ဒီ Program လေးလဲ ယူသွားပါဦးဗျ။
ပြန်ခဲ့တစ်ရက်
တစ်သက်မမေ့
လွမ်းငွေ.တွေနဲ့ပေါ့။
ခဏတစ်ဖြုတ်
ရုတ်တရက်ပဲဖြစ်ဖြစ်
ချစ်သူ.မျက်နှာ
မရွှင်သာလျှင်
ရင်မှာလှိုင်းခတ်
ကိုယ်မနေတက်တော့ဘူးကွယ်။
မျက်ရည်မကျပေမဲ့
သက်သေပြနိုင်တယ် ချစ်သူ
လက်မောင်းသွေးဖောက်
ကိုယ်သောက်ချင်သောက်ရ
ဘုရားမှာကျိန်ပြ
ကိုယ်မလိမ်ရပါဘူးကွာ
မင်းကို ချစ်တာ
ဒီ ရင်ထဲကပါ။
အနေဝေးပေမယ့်
ဖြေဆေးအဖြစ်နဲ့
ချစ်သူရဲ. စာတွေကိုဖတ်
ရေကိုမြင်ပြီး ရေငတ်သူလိုပါပဲကွာ။
အသည်းထဲက
တစ်ဆစ်ဆစ်နာကျင်
စားရင်လဲ သတိရ
သွားသတိရနဲ့
နေမသိ ထိုင်မသာ
ညတာတွေ ရှည်လွန်းတယ်။
တစ်ခါတစ်လေ
သူငယ်ချင်းများနဲ.
ဟေးလားဝါးတိုက်
ရယ်မောခိုက်ပင်
ဝင်လာအတွေး
မင်းအကြောင်းလေး ပြောမိတော့
ဘေးကလူတွေက ပိုလွန်းတယ်တဲ့....။
မပိုတဲ့အပြင်လိုနေတဲ့
အကြင်နာတွေက
အစဉ်သာတွေးပြီးရင်မှာဆွေး၍
ဝေးရမှာကြောက်တယ်။
♥ညီမလေးရယ်♥
ရင်ဝယ်စိုးထိတ်
စိတ်ထဲကမျှော်နေတာ
နီးရ မဲ့ရက်ကဘယ်အချိန်ခါပေါ့။
ဒီ Program လေးလဲ ယူသွားပါဦးဗျ။
ညီမလေး ရှိသော ကိုကိုများအတွက် ဒီ ကဗျာလေး ဖတ်ပြီးရင် အပေါ်က Program လေးလဲ Download ယူသွားပါလို့ပြောပါရစေဗျာ။ညီမလေး နဲ့ လုံးဝအဆင်ပြေသွားမှာ သေချာပါတယ်ဗျာ။အဲ့ဒီ Program လေးက ကိုကိုတွေအတွက် အကူအညီပေးလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ကျွန်တော်တော့ မပြောတော့ဘူးဗျာ။စမ်းကြည့်လို့ အဆင်ပြေသွားမှ ကျွန်တော့ကို ကျေးဇူးတင်ဗျာ။ဟုတ်ပြီလား။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo) (အမေ)
ဘ၀မှာဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီရိယ
စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်..
အမေပေးတဲ့ အသိလေးနဲ့  ငါလူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ
ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို သရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း
ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ.....!
စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို
လိမ့်ချင်ရာလိမ့်ခဲ့ကြမှာပါ
လက်ချောင်းညီညာမှုမရှိတဲ့ လူ့လောကထဲမှာ
အပျံသင်စငှက်တစ်ကောင်လိုလည်း
ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့
စိတ်ညစ်လို့အမေ့ကိုတမ်းတ လွမ်းခဲ့မိပါတယ် အမေ။
အဲ့ဒီ နောက်တော့ အသိတစ်ချက်ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်း
အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
လူ့ဘ၀ကြီးထဲကို ခေါ်ဆောင်အသက်သွင်းပေးတဲ့အမေရေ
သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

မနက်ဖြန်အတွက် ဘ၀အသစ်ကို အုတ်မြစ်ရနိုင်ခဲ့တယ်လေ။
အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
သားကို နားလည်ပေးပါနော်။
သား သိလိုက်ပြီ (အမေ) (ဘ၀)ဆိုတာကို
အမေပေးတဲ့ အသိလေးကို တစ်ကျော့ပြန် ပြန်ကျက်ပြီး
(လု၊လူ၊လူး) ဆိုတဲ့ လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပါပြီ အမေ
သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
နှင်းဆီပန်းလေးတွေရဲ့ အရောင်အသွေးနဲ့အဓိပ္ပာယ်လေးတွေပါ။လူတွေ ဟာအချစ်နဲ့ပတ်သတ်လာရင် စိတ်ကူးယဉ်တက်ကျပါတယ်။ဒါဟာ လူ့သဘာဝဆိုတော့ မဆန်းတော့ပါဘူးဗျာ။ခုလဲ နှင်းဆီပန်းလေးတွေ အကြောင်းဆိုတော့ စိတ်ဝင်စားရင် ဖတ်ကြည့်လိုက်ပါနော်။
နှင်းဆီနီ......မင်းကိုချစ်တယ်
နှင်းဆီပန်ရောင်............ပြီးပြည့်စုံသော ပျော်ရွှင်မှု။ အပြုံးတောက်ပမှု၊ ကိုယ်ကိုယုံကြည်ပါ။
နှင်းဆီဖြူ...............ထာဝရအချစ်၊ဖြူစင်မှု၊သန့်ရှင်မှု၊လျှို့ဝှက်မှု၊တိတ်ဆိတ်ခြင်း။
နှင်းဆီဝါ.................ခင်မင်မှု၊မနာလိုမှု၊ကိုယ်ဟာမထိုက်တန်သူပါ။
နှင်းဆီနက်................မင်းကိုစွဲလမ်းမိနေတယ်။
နှင်ဆီလိမ္မော်..............မင်းဟာကိုရဲ့ တိတ်တခိုးချစ်သူးပါ။
နှင်းဆီအဖြူနှင့်အနီရောင်.............ခွဲခြားလိုမရဘူး။အတူတကွ။
နှင်းဆီဆူးမဲ့..............................မြင်မြင်ချင်းအချစ်
နှင်းဆီဖူး................လှပနုပျိုခြင်၊အချစ်ကြောင့်အပြစ်ကင်းသောနှလုံးသာ။
နှင်းဆီဖူးအနီ.............ရှင်းသန့်ခြင်၊နှစ်လိုဖွယ်ကောင်းခြင်။
နှင်းဆီဖူးအဖြူ............မိန်းမသားအဖြစ်။
ပွင့်အာနေသော နှင်းဆီနီတစ်ပွင့်.............မင်းကိုကိုယ်ချစ်တယ်၊မင်းကိုကိုယ်ချစ်နေတုန်းပဲ။

ကျွန်တော် ဗဟုသုတ အနေနဲ့ အမေစုရဲ့ Noble ဆုတံဆိပ်များအကြောင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ လဲ ဗဟုသုတ အနေနဲ့ သိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်ဗျာ။အောက်မှာ ကြည့်သွားလိုက်ပါဗျာ။ကဲ ..... ဘယ်လောက်တော်လိုက်လဲဗျာ။ဆုတွေများ 94 ဆုတောင်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo)
(No.) | Daw Aung San Suu Kyi's International Awards, Honors and Appointments |
1. | 1990 Honorary Fellow St Hugh's College, Oxford, UK |
2. | 1990 Rafto Prize Thorolf Rafto Foundation,Norway |
3. | 1991 Sakharov Prize for Freedomof ThoughtEuropean Parliament |
4. | 1991 Nobel Peace Prize Nobel Foundation, Norway |
5. | 1991 Honorary Member International PEN - Norwegian Center |
6. | 1991 Humanities Human Rights Award ,US |
7. | 1991 Honorary Member PEN, Canada |
8. | 1992 Marisa Bellisario Prize Marisa Bellisario Foundation,Italy |
9. | 1992 Annual Award International Human Rights LawGroup, USA |
10. | 1992 Honorary President London School of EconomicsStudents' Union, UK |
11. | 1992 Honorary Member PEN, UK |
12. | 1992 Honorary Life Member University of London Union, UK |
13. | 1992 Honorary ProfessionalFellowshipLaw and Society Trust, Sri Lanka |
14. | 1992 International Simon Bolivar Prize,UNESCO |
15. | 1992 Prix Litteraire des Droits de Nouveaux Droits de l'Homme,France |
16. | 1992 Honorary Member World Commission on Culture andDevelopment - UNESCO |
17. | 1993 Member Academie Universelle desCultures, France |
18. | 1993 Rose Prize Labor Movement's InternationalForum, Denmark |
19. | 1993 Victor Jara InternationalHuman Rights AwardCenter for Human Rights andConstitutional Law, US |
20. | 1993 Member of the AdvisoryBoardFrancois-Xavier Bagnoud Centerfor Health and Human Rights, US |
21. | 1993 Honorary Doctorate of Law University of Toronto, Canada |
22. | 1993 Freedom of the City City of Giugliano, Italy |
23. | 1993 Bremen Solidarity Prize City of Bremen, Germany |
24. | 1993 Jawaharlal Nehru Award for International Understanding,India |
25. | 1993 Premio Mujer Progresista Federacion Mujeres Progresistas,Spain |
26. | 1994 Honorary Doctorate Free University of Brussels,Belgium |
27. | 1994 Honorary Advisor Forum of Democratic Leaders in the Asia-Pacific |
28. | 1995 Freedom of the City Aversa, Italy |
29. | 1995 Liberal International Prize for Freedom Britanints Liberal Democracy Party, UK |
30. | 1995 Honorary Doctorate of Laws Queen's University, Canada |
31. | 1995 Thakore Visiting ScholarAwardSimon Fraser University, Canada |
32. | 1995 Honorary Doctorate of CivilLawUniversity of Oxford, UK |
33. | 1995 IRC Freedom Award International Rescue Committee |
34. | 1996 Order of Australia, Australia |
35. | 1996 Asia Human Rights Award Federation of Human Rights ofAsia, Japan |
36. | 1996 W. Averell HarrimanDemocracy AwardNational Democratic Institute,US |
37. | 1996 Rajiv Gandhi Memorial Award Art and Culture Foundation, India |
38. | 1996 Empty Chair Award Women of the Year Lunch, UK |
39. | 1997 Honorary Doctorate of Legal Sciences Charles University, Czech Republic |
40. | 1997 Honorary Doctorate of Letters Sydney University of Technology,Australia |
41. | 1997 Honorary Doctorate ofLettersCalifornia Chapman University,USA |
42. | 1997 Honorary Doctorate of Law University of Natal, South Africa |
43. | 1997 Honorary Doctorate of Law American University, US |
44. | 1997 Distinguished Alumni Award Delhi University, India |
45. | 1997 Honorary Citizenship City of Rome, Italy |
46. | Honorary Doctorate of Letters Glasgow University (UK) |
47. | 1997 Woman of the Year Award Pearl S. Buck Foundation, US |
48. | 1997 International Award St. Angela's Peace and Justice Group, Republic of Ireland |
49. | 1997 Profiles in Courage Award Kennedy Society of Denmark,Denmark |
50. | 1998 Honorary Doctorate of Law Cambridge University, UK |
51. | 1998 Freedom of the City Oxford, UK |
52. | 1998 Honorary Doctorate of Laws University of Wales, UK |
53. | 1998 Honorary Doctorate of Laws University of Bristol, UK |
54. | 1998 Honorary Doctorate of Laws University of Melbourne,Australia |
55. | 1998 Honorary Degree Catholic University of Louvain,Belgium |
56. | 1998 Honorary Degree University of Bath, UK |
57. | 1998 Honorary Degree University of Bath, UK |
58. | 1999 Freedom Award International Republican Institute, US |
59. | 1999 Freedom of the City of Dublin City of Dublin, Republic of Ireland |
60. | 2000 CAW Nelson Mandela HumanRights AwardCanadian Auto Workers, Canada |
61. | 2000 Presidential Medal of Freedom US |
62. | 2001 Collage United NationsAwardRichard Hillinger, Germany |
63. | 2001 International Social Welfare Prize University of Southern California, US |
64. | 2002 UNESCO-Madanjeet SinghPrize for the Promotion ofTolerance and Non-ViolenceUNESCO |
65. | 2002 Al Neuharth Free Spirit ofthe Year AwardFreedom Forum, US |
66. | 2003 MTV Humanitarian Award MTV Europe, UK |
67. | 2004 Gwangju Human Rights Award May 18, Memory Foundation,South Korea |
68. | 2004 Honorary Doctorate of Laws Memorial University ofNewfoundland, Canada |
69. | 2004 Honorary Doctorate inPolitics, Philosophy, andEconomicsRangsit University, Thailand |
70. | 2005 Outstanding Women inBuddhism AwardOutstanding Women in BuddhismAward Committee |
71. | 2005 Honorary Doctorate inPolitical ScienceThammasat University, Thailand |
72. | Freedom of the City Award The City Council of Edinburgh, Scotland |
73. | 2005 Freedom of the City Galway, Republic of Ireland |
74. | 2005 Honorary Membership UNISON, UK |
75. | 2005 Olof Palme Prize Olof Palme Foundation, Sweden |
76. | 2006 Freedom from Fear Award Franklin and Eleanor RooseveltInstitute, US |
77. | Netaji Subhas Chandra Bose International Deshprem Award, India |
78. | 2007 Honorary Doctorate of Law University of Cape Town, SouthAfrica |
79. | 2007 Freedom of the City Glasgow, UK |
80. | 2007 Honorary citizenship, Canada |
81. | 2007 Rome for Peace andHumanitarian ActionCity of Rome, Italy |
82. | 2008 Abogados de Atocha Prize Abogados de Atocha Foundation,Spain |
83. | 2008 Honorary Doctorate ofLettersColgate University, US |
84. | 2008 Congressional Gold Medal, US |
85. | 2008 Freedom of Dundee City of Dundee, UK |
86. | 2008 Catalonia International Prize Generalitat de Catalunya, Spain |
87. | 2008 Honorary Membership Club of Madrid, Spain |
88. | 2009 Trumpet of ConscienceAwardRealizing the Dream, US |
89. | 2009 Mahatma GandhiInternational Award forPeace and JusticeMahatma Gandhi Foundation,South Africa |
90. | 2009 Democracy and Peace Award Of Japanese Diet Members' League, Japan |
91. | 2009 “Ambassador of Conscience” Award ,Amnesty International and the Irish rock band U2 announced the award in Dublin, Ireland |
92. | 2009 Honorary Fellowship by Liverpool John Moores University ,UK |
93. | 2009 Award an Honorary degree by the University of Ulster,UK |
94. | 2011 Chatham House Prize by the Think-Tank of UK |
လူငယ် နှင့် ကျောင်းသားရေးရာဌာန NLD(LA)JB မှ ပြန်လည်မှတ်တမ်းတင်ပါသည်။ |
(Yekyawphyo)
ရုရှားစစ်တပ်
အစ္စရေးစစ်တပ်
အိန္ဒိယစစ်တပ်
အမေရိကန်စစ်တပ်
ဘရာဇီးစစ်တပ်
ကိုးရီးယားစစ်တပ်
တရုပ်စစ်တပ်

ဒီအနီရောင်ဝတ်စုံလေးတွေနဲ.ဖိနပ်ဖြူလေးတွေဝတ်ထားတဲ. တရုတ်စစ်တပ်မှ မမလေးများက မိတ်ကပ်အဖွေးသားနဲ.ပါ။
သူတို.ကို မော်ဒန် ကျန်းရျောင်ဖေး နဲ. ကျောက်နား တို.က ဦးဆောင်ပါတယ်။ (ဓာတ်ပုံ - အေပီ)
2009: The China Armies Gals in red miniskirts, white go-go boots, perky white berets and make up.
They were led by models Zhang Xiaofei and Zhao Na. -- PHOTO: AP
နောက်ဆုံးနဲ.အကောင်းဆုံးကတော့..........
ပါကစ္စတန်စစ်တပ်

ဒီတစ်ခါတော့ သူငယ်ချင်းတွေ နည်းပညာချည်း ဖတ်နေရတာ ပျင်းနေမှာ စိုးလို့ကျွန်တော်က အသစ်အဆန်းလေး အနေနဲ့ စက္ကူလေးတွေကို ဖြတ်ညှပ်ကပ်လေး လုပ်ပြီး မိမိတို့စိတ်တိုင်းကျ ပုံဖော်ကြည့်ကြအောင်လို့ ကျွန်တော်က နမူနာဓာတ်ပုံလေးတွေ တစ်ချို့ တင်ပေးထားပါတယ်ဗျာ။

ကြိုးစားလျက်........!
(Yekyawphyo)

(Yekyawphyo)