Archive for January 2013
Game ဆော့တဲ့ အခါ Full Screen အပြည့်မဖြစ်ဘဲ Small Screen မြင်ကွင်းသေးသေးလေး ဖြစ်နေလို့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ သူတွေအတွက်ပါ။
Wednesday, January 30, 2013
Posted by Ye Kyaw Phyo
အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ Computer တွေမှာ Game ဆော့တဲ့ အခါ Full Screen မဖြစ်ဘဲ
Small Screen ကြီး တစ်ခါတစ်ရံဖြစ်တက်ပါတယ်။အဲ့ဒီအခါ Game ဆော့ရတာ အာရုံနောက်သလို မိမိ မျက်လုံးလဲ Screen သေးသေးလေးကို
အကြာကြီး အားစိုက်ပြီး ကြည့်နေရတာဖြစ်တဲ့ အတွက်မျက်လုံးတွေ ညောင်းပြီး မိမိမျက်စိ ထိခိုက်နိုင်ပါတယ်။အဲ့ဒီလို Small Screen
ကြီးမဖြစ်ပဲ Full Screen ပဲပြန်ဖြစ်အောင် ဘယ်လိုလုပ်ရသလဲဆိုရင် ကျွန်တော် Windows OS အမျိုးအစားအလိုက် အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။
1.အရင်ဦးဆုံး ကျွန်တော် Windows XP ကိုစတင်ရှင်းပြပါ့မယ်ဗျာ။
မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ နောက်ဆုံးစာကြောင်းဖြစ်တဲ့ Properties ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Setting ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution ဆိုတဲ့နေရာမှာ 1024 x 768 (Or Higher)
ကို Select ရွေးပေးပြီး OK ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ
ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။(မှတ်ချက် ~ မိမိ ဆော့တဲ့ Game အမျိုးအစားပေါ်မူတည်ပြီးကျွန်တော် အပေါ်နည်းလမ်းလေးအတိုင်း Full Screen
အပြည့်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ Game တွေလဲရှိတက်ပါတယ်။အဲ့ဒီအခါကျွန်တော်တို့ကနောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာကို
ဦးနှောက်သုံးရပါတော့မယ်။အဲ့ဒါကတော့ မိမိဆော့ကစားတဲ့ Game ရဲ့ Options , Setting တို့ကနေလဲ ၀င်ရောက်ချိန်ညှိပြီး Full Screen ဖြစ်အောင်ပြုလုပ်ကစားနိုင်
ပါသေးတယ်ဗျာ။)
For Windows XP Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Properties>>Setting Tab>>Adjust Your Screen Resolution>>1024 x 768 (Or Higher)>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change
2.ဒုတိယ ကတော့ ကျွန်တော် Windows Vista အကြောင်းရှင်းပြမှာဖြစ်ပါတယ်။
မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ နောက်ဆုံးစာကြောင်းဖြစ်တဲ့ Personalize ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Display Setting ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution ဆိုတဲ့နေရာမှာ 1024 x 768 (Or Higher)
ကို Select ရွေးပေးပြီး Apply နှိပ် OK ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ

For Windows Vista Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Personalize>>Display Setting Tab>>Adjust Your Screen Resolution>>1024 x 768 (Or Higher)>>Apply>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change
3.တတိယ ကတော့ ကျွန်တော် Windows 7 နဲ့ အခု 2013 မှာထွက်လာတဲ့ Windows 8 အကြောင်းရှင်းပြမှာဖြစ်ပါတယ်။
မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Screen Resolution ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Resolution ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution နေရာမှာ 1024 x 768 (Recommended)

For Windows 7 / 8 Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Screen Resolution>>Display Setting Resolution>>Adjust Your Screen Resolution>>1024 x 768 (Recommended)>>Apply>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change
4.စတုတ္ထ ကတော့ ကျွန်တော် Apple Mac တွေအကြောင်းရှင်းပြမှာဖြစ်ပါတယ်။
မိမိ MAC ရဲ့ Start Bar Apple Icon Menu ကိုဖွင့်လိုက်ပါ။ပြီးရင် System Preferences ကိုရွေးပြီး Click လိုက်ပါ။အဲ့ဒီမှာ Display Icon ကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးသွားရင်တော့
Display Tab နေရာမှာ ရှိတဲ့ Adjust Your Screen Resolution ကို 1024 x 768 (Or Higher) ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ

For Apple MAC OS Full Screen Resolution Problem
Toturiols (1)
MAC Start Bar Apple Menu>>System Perferences>>Display Icon Tab>>Adjust Your Screen Resolution 1024 x 768 (Recommended)>>Select Change>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change
ကဲ........ဒီလောက်ဆိုရင် ကျွန်တော် IT Bank ကစာဖတ်ပရိတ်သတ်ကြီးတွေ ကျွန်တော့ရဲ့ ဒီ Post လေးကို စိတ်ဝင်စားကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကတော့
တစ်ချို့ သိပြီးသားသူတွေလဲ ရှိကြမှာပါ။မသိသေးတဲ့ သူတွေအတွက်ကတော့ အကျိုးရှိတဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် မျက်လုံးအညောင်းခံ ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော့ ဒီ Post လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download သွားယူလိုက်ပါနော်။
http://welcometoitbank.blogspot.com
IT Bank Admin(YeKyawPhyo)
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို အစဉ် ဦးထိပ်ထားလျက်....!

မိမိ Blog တွေ Web Site တွေမှာ Music Player ဒီဇိုင်းလန်းလန်းလေးထည့်သွင်းပြီး အသုံးပြုချင်တဲ့သူတွေအတွက်ပါ။
Tuesday, January 29, 2013
Posted by Ye Kyaw Phyo
Fig ~ 1 |
Fig ~ 2 |
Fig ~ 3 |
Fig ~ 4 |
Fig ~ 5 |
Fig ~ 6 |
Fig ~ 7 |
ပြီးသွားရင်တော့ အလယ်က Embed ဆိုတဲ့ နေရာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Use Free (With Watermark) နဲ့ Next နဲ့ ရှိပါတယ်။Next ကို သုံးမယ်ဆိုရင်တော့ Premium membership အနေနဲ့ ပိုက်ဆံပေးပြီး အသုံးပြုရမှာဖြစ်သလို Use Free ကို သုံးမယ်ဆိုရင်တော့ အလကားသုံးရမှာပေါ့ဗျာ။အောက်က ပုံလေးအတိုင်းရောက်သွားမှာ ဖြစ်ပါတယ်ဗျာ။
Fig ~ 8 |
1.Blogger Dashboard
2.Layout
3.Add A Gadget
4.Html/Javascript တို့တွင် Paste ကူးထည့်ပြီး Save လိုက်ယုံပါပဲ။ပြီးရင် မိမိ Blog , Web Site တွေကိုဖွင့်ကြည့်လိုက်ပါ။ကျွန်တော့ Blog လေးမှာ ဆင်ထားတဲ့ အတိုင်း သီချင်းတွေ မိမိထည့်သွင်းထားသလောက် အဆက်မပြတ်လာနေမှာဖြစ်ပါတယ်ဗျာ။ဒါဆိုရင် မိမိ Blog , Web Site လေးကို လာလည်ရင်း ဂီတသံစဉ်လန်းလန်းလေးတွေနဲ့ မိမိရဲ့ စာဖတ်ပရိတ်သတ်တွေကို လာလည်ချင်လာအောင် နည်းလမ်းတစ်မျိုးနဲ့ စွဲဆောင်နိုင်မှာဖြစ်ပါတယ်ဗျာ။ကဲ.........ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ နဲ့ ကျွန်တော့လိုပဲ Web Development သမားတွေ Blogger သမားလေးတွေအားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကို ကျွန်တော် အချိန်ကုန်ခံ မျက်လုံးအညောင်းခံပြီး သေချာရှင်းပြပေးထားပါတယ်ဗျာ။စာဖတ်ပရိတ်သတ်တွေ အားလုံးလဲ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကို ကူးယူချင်ရင် လွှတ်လပ်စွာကူးယူနိုင်ပါတယ်ဗျာ။ဒါပေမဲ့ Post ပိုင်ရှင်မူရင်း ကျွန်တော့ IT Bank Site လေးကိုတော့ ပြန်လည် ဖော်ပြပေးကြလို့တော့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်ဗျာ.။
ကြိုးစားလျက်.......!
(Yekyawphyo)
(အမေ)
ဘ၀မှာဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီရိယ
စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်..
အမေပေးတဲ့ အသိလေးနဲ့  ငါလူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ
ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို သရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း
ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ.....!
စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို
လိမ့်ချင်ရာလိမ့်ခဲ့ကြမှာပါ
လက်ချောင်းညီညာမှုမရှိတဲ့ လူ့လောကထဲမှာ
အပျံသင်စငှက်တစ်ကောင်လိုလည်း
ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့
စိတ်ညစ်လို့အမေ့ကိုတမ်းတ လွမ်းခဲ့မိပါတယ် အမေ။
အဲ့ဒီ နောက်တော့ အသိတစ်ချက်ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်း
မနက်ဖြန်အတွက် ဘ၀အသစ်ကို အုတ်မြစ်ရနိုင်ခဲ့တယ်လေ။
အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
သားကို နားလည်ပေးပါနော်။
သား သိလိုက်ပြီ (အမေ) (ဘ၀)ဆိုတာကို
အမေပေးတဲ့ အသိလေးကို တစ်ကျော့ပြန် ပြန်ကျက်ပြီး
(လု၊လူ၊လူး) ဆိုတဲ့ လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပါပြီ အမေ
သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
အမေ ရေ သားအတွက် အမေဟာ ဘယ်သူဖြစ်နေပါစေ အမေဟာ အမေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ အမေဟာ သားကို မမွေးခင် သားရဲ့ ကိုယ်လုံးလေး ကို ကိုးလလုံးလုံးအလေးခံပြီး သွယ်ပေးထားရတယ်လေ။ပြီးတော့ အမေ သားကို မမွေးခင်ပဋိသန္ဓေ ရှိတယ်ဆိုကတည်းက အမေစားချင် တဲ့ အစားအစာတွေ အချဉ်အစပ်တွေ ကောင်းကောင်းမစားခဲ့ရဘူးလေ။ငါ ဒီဟာတွေကို စားရင် ငါ့ ဗိုက်ထဲက သားလေး သမီးလေး များ တစ်ခုခုဖြစ်နေမလားဆိုပြီး စိုးရိမ်နေတာကို အမေ့ရဲ့ မေတ္တာကို သားလေး ရခဲ့ပါတယ်။အမေ့ဗိုက်ထဲမှာ သားကို ပဋိသန္ဒေယူတယ်ဆိုကတည်းက သင်္ချီုင်းဂုန်းကို ကိုး ကြိမ် တိတိ မျက်စောင်းထိုးခဲ့ရသေးတယ်နော်။ပြီးတော့ သားကို လူ့လောက ထဲကို သားမမြင်ဘူးတာတွေ မသိတာတွေ ကို သင်ကြားပြသပေးပြီး ဆွဲခေါ်ပေးခဲ့တဲ့ ``မေမေ´´ ရေ သားလေး ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အမေ ရေ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ လို့ပြောပါရစေ။သားအတွက် အမေဟာလေ ဘာသာခြားရယ်လို့ မရှိပါဘူး အမေ အမေမှန်ရင်လေ သားအတွက်တော့ အမေဟာ အမေပါပဲ။အမေ ဟာလေ ကျွန်တော့ မျက်စိထဲမှာ မိန်းမရွှင်ဖြစ်နေပါစေ အမေဟာ အမေပါပဲ။အမေဟာ ဘယ်လောက်ထိ စိတ်ဓာတ်မကောင်းပါစေ သားအတွက်တော့အမေဟာ အမေပါပဲ။အမေမှာ နူနာရောဂါ စွဲကပ်နေပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ။လူတွေ က အမေ့ကို ဘယ်လောက်ထိ မကောင်းပြောပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ အမေရယ်။အမေ မေတ္တာဟာ သားအတွက်တော့ စမ်းရေထက်မက အေးမြလှပါတယ် အမေရယ်။ဘာပဲ ဖြစ်ဖြစ် အမေ မေတ္တာကို စာဖွဲ့ရင် လောက်မှာတောင် မဟုတ်ပါဘူး အမေရယ်။ဘာပဲ ဖြစ်ဖြစ် သား ဒီ Post လေးတင်ရင်း အမေကို သား လက်အုပ်မြင့်မိုး ရှိခိုး ကန်တော့ပါတယ် အမေရယ် သားကို လူပုံအလယ်မှာ လူတွေကြားထဲ ၀င်ဆံ့နိုင်အောင် မွေးထုတ်ပေးခဲ့ပြီး သား ဒီအရွယ်ထိရောက်အောင် ပညာတွေသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့လေ။အမေ့ မေတ္တာ အေးအေးမြမြလဲ သားရခဲ့ပါတယ်။ကျေးဇူးလဲ တင်လို့မဆုံးပါဘူး အမေရယ်။သား အရမ်းပျော်တယ် အမေ ဒီနေ့မှာကျရောက်တဲ့ အမေများနေ့မှာ အမေ့အတွက် အမှတ်တရ Post လေးတစ်ခုကို သားရင်ထဲကနေ မှတ်မှတ်ရရ တင်ပြနိုင်ခဲ့လို့လေ။
မေမေ့ ရဲ့ အချစ်ဆုံးသားလေး
(Yekyawphyo)
CDMA & GSM , GSM & CDMA {Prepaid Changing} Phone Bill လွှဲခြင်း
Thursday, January 24, 2013
Posted by Ye Kyaw Phyo
![]() |
Fig ~ 1 |
ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းတွေ GSM နဲ့ CDMA ဖုန်းတွေကို Prepaid System ဖြင့် ဖုန်းတစ်လုံးနဲ့ တစ်လုံး ငွေလွှဲနိုင်တဲ့ အကြောင်းလေးပေါ့ဗျာ။မသိသေးတဲ့ သူတွေအတွက်ပါ။
GSM & CDMA ( Prepaid ) ငွေလွှဲခြင်း
ကျွန်တော်တို့က GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone Bill လွှဲတဲ့ Code ကတော့ *123* ဆိုတာလူတိုင်း သိလောက်ကြမှာဖြစ်ပါတယ်။
*123*Pin No*phone no # then call
(ဥပမာ- *123*217675393302988839*092003 747#) ပြီးလျှင် call လိုက်ပါ။မရှင်းသေးရင် ကျွန်တော်အသေးစိတ်ပြောပြမယ်ဗျာ။ကျွန်တော်တို့ ဖုန်းတွေ ငွေဖြည့်ဖို့အတွက် *123* ကိုတော့ GSM Phone ကိုင်တဲ့ သူတွေတိုင်းသိမှာပါ။အဲ့ဒီ အနောက်က Pin Number ဆိုတာကတော့ ကျွန်တော်တို့ ဖုန်းငွေဖြည့်ကဒ် {5000 , 10000} တွေရဲ့ အနောက်မှာပါတဲ့ ခဲခြစ်ရတဲ့ Pin Number ကိုရိုက်ထည့်ပေးပြီး * ကိုပါတစ်ခါ ထပ်ပြီးရိုက်ထည့်ပေးရမှာပါ။ပြီးသွားရင်တော့ ကျွန်တော်တို့ ငွေလွှဲပေးမဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပြီးနောက်မှာ # ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်ဗျာ။
CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*091045 019#) ပြီးလျှင် call လိုက်ပါ။မရှင်းသေးရင် ကျွန်တော်အသေးစိတ်ထပ်ပြီး ပြောပြမယ်ဗျာ။ကျွန်တော်တို့ CDMA ဖုန်းတွေ ငွေဖြည့်ဖို့အတွက် *166* ကိုတော့ CDMA Phone ကိုင်တဲ့သူတွေသိမှာပါ။အဲ့ဒီ အနောက်က Pin Number ဆိုတာကတော့ ကျွန်တော်တို့ ဖုန်းငွေဖြည့်ကဒ် {5000 , 10000} တွေရဲ့ အနောက်မှာပါတဲ့ ခဲခြစ်ရတဲ့ Pin Number ကိုရိုက်ထည့်ပေးပြီး * ကိုပါတစ်ခါ ထပ်ပြီးရိုက်ထည့်ပေးရမှာပါ။ပြီးသွားရင်တော့ ကျွန်တော်တို့ ငွေလွှဲပေးမဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပြီးနောက်မှာ # ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်ဗျာ။ဒါလေးပါပဲ.....လွယ်လွယ်လေးပါဗျာ။ကဲ.......ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက် အစဉ်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Yatanarpon Call Center Facebook Page က ကူးယူထားပြီး စာသားများအနည်းငယ် ပြန်ပြီး Edit လုပ်ပေးထားပြီး စာဖတ်ပရိတ်သတ်တွေ အစဉ်ပြေစွာဖတ်ရှုနိုင်အောင် ပြန်လည်ပြင်ဆင်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)
အမျိုးသားများ စိတ်ဖြေခြင်း (Masturbation) - (For Lazy)
Tuesday, January 22, 2013
Posted by Ye Kyaw Phyo
![]() |
Fig ~ 1 |
ပြဿနာ(၁)
ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော် မင်္ဂလာဆောင်ပြီးပါပြီ။
ကျွန်တော့ သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။
ပြဿနာ(၂)
ဆရာ ကျွန်တော် အသက် (၁၈) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း Sexy ကျတဲ့မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ဟုတ်ပါသလား ဆရာ။
စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်း သည့် အကျိုးများမှာ-
၁။သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း
လေ့လာမှုအမျိုး မျိုးက သုက်လွှတ် ခြင်းက သုက်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။
၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း
စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်း သောအိပ်ဆေး မရှိသေး ပေ။
၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း
စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှု လျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။
၎။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း
၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်း အမှန်က စိတ်ဖြေခြင်း များများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘောပင် ဖြစ်လေသည်။
ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံ သူများတွင် သက်ရောက်မှုရှိ လာပါက ရှောင်ကြဉ် သင့်ပါသည်။
ဖိုးသောကြာ
Ref: MNT
Health Updates Journal
Vol-2,No-3
ကြိုးစားလျက်.....!
(Yekyawphyo)
ခန္ဓာကိုယ် အတွင်းမှာရှိနေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားစေနိုင်သည့် အစားအစာ(10) မျိုး
Posted by Ye Kyaw Phyo
![]() |
Fig ~ 1 |
(၁) အသီးအနှံတွေဟာ သင့်ခန္ဓာကိုယ်မှ အဆိပ်တောက်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။
ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျှောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။
(၂) အစိမ်းရောင်အစာများ
ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင်ရေညှိ၊ ဘာလီ၊ ကိုက်လန်ရွက်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။အဲဒီအရွက်တွေမှာ အစာချက်နိုင်တဲ့ ကလိုရိုဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက်နေတဲ့အဆိပ်ဓာတ်တွေ ပါဝင်တဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။
(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး
ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီနိုင်ပါတယ်။နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။
(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။ဒါကြောင့် တစ်ချို့လူတွေကတော့ ကြက်သွန်ဖြူနဲ့ ပျားရည်စစ်စစ်တွေကို စိမ်ပြီး စားသုံးကြတာမျိုးတွေရှိပါတယ်။
(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။
(၆) လက်ဖက်ရည်ကြမ်း
ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။
(၇) ပဲစေ့ အမျိုးမျိုး
အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။
(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)
ကြက်သွ န်နီ၊ မုန်လာဥနီ၊ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။
(၉) အစေ့နှင့် အခွံမာသီးများ
ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ်ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။ဒါကြောင့် ထမင်းစားပြီးတဲ့ အချိန်မျိုးတွေမှာဆို သီဟိုဠ်စေ့ကို အနည်းငယ်စားသုံးသင့်ပါတယ်။ပိုပြီး စားသုံးမိရင်တော့ ကိုယ့်ကိုကိုယ် ဒုက္ခပြန်ပေးပြီး ခေါင်းမူးတက်တာမျိုးတွေ ဖြစ်တက်ပါတယ်။
(၁ဝ) အိုမီဂါ ၃ အဆီ
ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။
ကဲ.........ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်တွေ အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး တစ်ခု တိုးသွားပြီပေါ့ဗျာ။ကျွန်တော် ဒီ Post လေးကို မြ၀တီ ကျန်းမာရေးကဏ္ဍ မှနေကူးယူဖော်ပြပြီး စာသားအနည်းငယ် ပြန်ပြီး ပြင်ဆင်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
![]() |
Fig ~ 1 |
သင့်ရင်သား ကျန်းမာစေရန် စားသင့်သည်များ
အိုမီဂါ - ၉
နှလုံး ကျန်းမာရေး အတွက် အိုမီဂါ-၃ အဆီ စားသင့်တယ် ဆိုတာ သိထားကြပေမယ့် အိုမီဂါ-၉ အဆီကို စားသုံးဖို့ လိုတယ်ဆိုတာ သင်သိချင်မှ သိပါ လိမ့်မယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေ အရ အိုမီဂါ-၉ က ကင်ဆာဆဲလ် တွေကို သေစေနိုင်ပြီး ရင်သား ကင်ဆာ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ပိုမို ထက်မြက် စေပါတယ်။ အိုမီဂါ -၉ ဆိုတာ အိုလိအက်စစ် (Oleic Acid) ဖြစ်ပြီး ဗန်ဒါစေ့၊ ထောပတ်သီးနဲ့ သံလွင်ဆီတို့တွေမှာ ပါဝင်ကြပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အဲ့ဒီ သုံးမျိုးက ဖေါဖေါသိသိကို ရရှိနေတာဖြစ်ပါတယ်။ပြောင်းလဲမှု အဆင့်ဆင့် မပြုလုပ်မီ ပထမဆုံး ကြိတ်ယူ ရရှိလာတဲ့ သံလွင်ဆီမှာ ဖိုက်တိုကမ်မီကယ်တွေ ပါဝင်တာကြောင့် Free radicals တွေကို ဟန့်တား ပေးပါတယ်။ တစ်နေ့ကို အိုမီဂါ-၉ အဆီ အနည်းဆုံး စားသင့်တဲ့ ပမာဏက ထောပတ်သီး တစ်လုံးရဲ့ ငါးပုံတစ်ပုံ၊ ဗန်ဒါစေ့ တစ်အောင်စ၊ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းကိုနေ့စဉ်စားသုံးပေးပါ။
အပိုဆောင်း ရနိုင်သော အကျိုးတရား
သုတေသီ တွေက အိုမီဂါ - ၉ မှာ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် ဗိုက်မှာရှိတဲ့ အဆီတွေ လျော့ကျ စေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်ဆေး မတိုးတာကို လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေကို ပါ လျော့နည်းစေ တယ်လို့ ပြောပါတယ်။
ဖလေဗိုနွိုက်
အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှု လျှော့ချပေးနိုင်တဲ့ အာနိသင်အပြင် ကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကိုလည်း လျှော့ချပေး ပါတယ်။ ဖလေဗိုနွိုက် တွေက Free radicals ကို ဖယ်ရှားပေးပြီး ဆဲလ်နံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ် ပေးပါတယ်။ လက်ဖက်စိမ်း၊ စပျစ်သီးနဲ့ ချောကလက် အညိုမှာ ဖလေဗိုနွိုက်တွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် သင်စားတဲ့ အစားအသောက်တွေထဲမှာ ဖလေဗိုနွိုက် ပါဝင်အောင် စားပေးပါ။
အပိုဆောင်း ရနိုင်သော အကျိုးတရား
ဖလေဗိုနွိုက်က သွေးကြောနံရံတွေကို ပျော့ပျောင်း စေပြီး သွေးကြောတွင်း သွေးခဲ ဖြစ်ပေါ်မှုနှုန်း လျော့နည်းစေခြင်းဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
ဗီတာမင်အေ
လတ်တလော တွေ့ရှိချက်အရ ဗီတာမင်အေက ရင်သား ကင်ဆာ ရောဂါနဲ့ ဆက်စပ်မှု ရှိနိုင် တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဗီတာမင်အေက အင်တီ အောက်ဆီးဒင့် ဖြစ်တာကြောင့် Free Radicals တွေရဲ့ ဖျက်ဆီးမှုကနေ ကာကွယ် ပေးတာကြောင့်လို့ လေ့လာသူ တွေက ကောက်ချက်ချ ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ စိမ်းနဲ့ ဟင်းနုနယ်ရွက်၊ လိမ္မော်ရောင် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီးတွေမှာ ဗီတာမင်အေ ပေါများစွာ ပါဝင်နိုင်ပါတယ်။ မိန်းကလေး တစ်ယောက်က တစ်နေ့ကို ဗီတာမင်အေ ၇၀၀-၉၀၀ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဗီတာမင်အေက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ပိုလျှံနေပါက အသည်းထဲမှာ သိုလှောင် သိမ်းဆည်း ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ကာလကြာရှည်စွာနဲ့ ပမာဏ များများ ရောက်ရှိနေ ပါက ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဗီတာမင်အေ ရရှိဖို့ ဆေးသောက်မယ့် အစား အစားအစာကနေ ရအောင် ယူသင့်ပါတယ်။
ပိုဆောင်း ရနိုင်သော အကျိုးတရား
ဗီတာမင်အေက သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းထား ပေးပါတယ်။
ဖောလိတ်
ဖောလိတ်က ဒီအင်န်အေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်တွေ ကြီးထွားဖို့လည်း လိုအပ်ပါတယ်။ သဘာဝ အစားအစာတွေ ကနေ ရယူစားသုံးပါက ခန္ဓာကိုယ်ထဲမှာ လွန်ကဲ သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲညွန့်နဲ့ အချဉ်ဓာတ် ပါဝင်တဲ့ အသီးတွေကနေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်လောက် လိုအပ်ပြီး ၁၀၀၀ မီလီဂရမ်ထက် ကျော်လွန်ပါက အန္တရာယ် ရှိနိုင်ပါတယ်။
အပိုဆောင်း ရနိုင်သော အကျိုးတရား
ခန္ဓာကိုယ်မှာ သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် ဖောလိတ် လိုအပ်ပါတယ်။
လိုင်ကိုဖင်း
လိုင်ကိုဖင်းက ရင်သား ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တား နိုင်ပါတယ်။ ဖရဲသီး၊ ကညွတ်၊ မာလာကာသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေ ကနေ ရယူ နိုင်ပါတယ်။ ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက အစိမ်းထက် လိုင်ကိုဖင်းဓာတ်ကို ပိုမိုရရှိနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်တာကြောင့် ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက သံလွင်ဆီ ထည့်ချက်ပြီး တစ်ပတ် နှစ်ကြိမ် စားပေးပါ။
အပိုဆောင်း ရနိုင်သော အကျိုးတရား
လိုင်ကိုဖင်းက အဆုတ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။
ဗီတာမင်ဒီ
ရင်သား ကင်ဆာရောဂါ ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီ ချို့တဲ့ နေတတ်ပါတယ်။ လေ့လာမှုအရ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ၅၃ ရာခိုင်နှုန်းက ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရ ပါတယ်။ ဗီတာမင်ဒီကို ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဥအမျိုးမျိုးကနေ ရယူနိုင်ပါတယ်။
အပိုဆောင်း ရနိုင်သော အကျိုးတရား
ခန္ဓာကိုယ် အတွက် ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏအတိုင်း ရှိနေပါက ရင်သား ကင်ဆာတင် မကပါဘူး။ အားလုံးသော ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်ပြီး အရွယ် မတိုင်မီ သေဆုံးနိုင်ခြေလည်း လျော့နည်း စေနိုင်ပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
GOOD HEALTH
ကျွန်တော် ဒီ Post လေးကို Aye Chan Mon Facebook Media မှကူးယူထားပြီး စာသားအနည်းငယ်ပြင်ဆင်ပြီး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အဆင်ပြေအောင်ဖတ်ရှုနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်ဗျာ။ကဲ......ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
Web Development ကိုစတင်လေ့လာနေတဲ့ သူတွေအတွက် Web Toturials တွေအစုံအလင်နဲ့ လေ့လာလို့ကောင်းတဲ့ Web Development ရွှေအိုးကြီးတစ်လုံးပေးနေပြီဗျို့။
Thursday, January 17, 2013
Posted by Ye Kyaw Phyo
ကျွန်တော်လဲ Post တွေတောင် IT Bank Site လေးမှာမတင်ဖြစ်တာကြာသွားတယ်ဗျာ။မတင်ဖြစ်တာလဲ ကျွန်တော် Facebook က ကျွန်တော့ Group လေးဖြစ်တဲ့ Myanmar IT Knowledge Organization Group လေးမှာ ပြဿနာလေးတွေ တစ်ချို့ဖြေရှင်းပေးနေရတာနဲ့ မအားတာနဲ့ မတင်ဖြစ်တာပါဗျာ။ဒါမဲ့ ကျွန်တော့ကို ပျော်စရာကောင်းအောင် စာတွေရေးချင်လောက်အောင် တွန်းအားတွေပေးခဲ့တဲ့ ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် IT Bank ရဲ့ Facebook Fan Page လေးက Like 200 ဘာလိုလိုနဲ့ ပြည့်သွားခဲ့ပါတယ်။ကျွန်တော့ IT Bank Site လေးကို ကျွန်တော် မထင်ပါဘူး။အဲ့လို IT Bank Site လေးကို အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ 200 လောက်ရှိလိမ့်မယ်လို့ တကယ်ကို မထင်ခဲ့မိတာပါဗျာ။ကျွန်တော် ကျေနပ်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော် အပင်ပန်းခံ အချိန်ကုန်ခံ မျက်လုံးညောင်းခံပြီး ရေးရကျိုး မျှဝေရကျိုးလဲ နပ်သွားတာပေါ့ဗျာ။ကျွန်တော် အခုတင်မဲ့ Post ရဲ့ လိုရင်းကို မရောက်ဖူးဖြစ်သွားတယ်ဗျာ။သည်းခံပေးကြပါနော်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီနေ့ အရမ်းကို ပျော်လွန်းလို့ပါဗျာ။အခု ကျွန်တော် တင်မဲ့ Post လေးကတော့ Web Development သမားတွေအတွက် ပညာရွှေအိုးကြီး လို့တောင် ခေါ်လို့ရတဲ့ Web Development နဲ့ ပတ်သတ်တဲ့ နည်းပညာ Tutorials တွေကို အခြေခံကနေ စပြီး လေ့ကျင့်သင်ကြားပေးနေတဲ့ W3 Schools.com ရဲ့ Offline Version လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Web Site လေးဟာ ဆိုရင် ကျွန်တော်တို့ Web Development ကိုစတင်လေ့လာနေတဲ့ သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ Web Site ကောင်းတစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်ဗျာ။ဒါပေမဲ့ အဲ့ဒီ Web Site ကို Internet ရှိမှ ဖတ်လို့ရ လေ့လာလို့ရတာလားလို့ မသိတဲ့ သူတွေဆိုရင် မေးကောင်း မေးနိုင် တွေးကောင်း တွေးနိုင်မှာပါ။အဲ့ဒီ အတွက် မပူပါနဲ့ ကျွန်တော်က Internet မရှိလဲ Offline အနေနဲ့ ဖတ်ရှုလေ့လာနိုင်အောင် နည်းလမ်းလေး တစ်မျိုးသုံးပြီး အပင်ပန်းခံပြီး စီစဉ်ပေးထားပါတယ်ဗျာ။အဲ့ဒီ Web Tutorials တွေကို ကျွန်တော် 2012 ခုနစ်အထိ Update လုပ်ပေးထားပါတယ်ဗျာ။2013 Update တော့ မလုပ်ပေးရသေးပါဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့ ဆီမှာ Connection နှေးနေလို့ ဖြစ်ပါတယ်ဗျာ။ကဲ.......Web Development ကိုလေ့လာနေတဲ့ သူတွေ လိုချင်သပ ဆိုရင်တော့ ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။ကျွန်တော် အသုံးပြုပုံ အသေးစိတ်ကိုတော့ မရှင်းပြတော့ပါဘူး။Download ဆွဲလို့ရလာတဲ့ RAR ဖိုင်ကို Right Click ထောက် Extract Here ဆိုတဲ့ စာတန်းလေးကို နှိပ်ပြီး RAR ဖိုင်ကို ဖြည်ချလိုက်ပါ။ပြီးရင် အဲ့ဒီ File ထဲမှာ www.w3schools.com ဆိုတဲ့ File လေးကိုတွေ့ရင် Click လိုက်ပါဗျာ။ဒါဆိုရင် ကိုယ့် PC မှာရှိတဲ့ Internet Browser တစ်ခုခုနဲ့ Run ပြီးပွင့်လာပါလိမ့်မယ်။ဒါဆိုရင် ကျွန်တော်တို့ Offline Version အနေနဲ့ မြင်နိုင် လေ့လာနိုင်သွားမှာ ဖြစ်ပါတယ်ဗျာ။အောက်က Download Link လေးမှာ သွားရောက် Download ယူလိုက်ပါဦးနော်။File Size ~ 37.6 MB ပဲရှိတာကြောင့် အမြန်ဆုံး Download ရယူ လေ့လာပြီး အောင်မြင်တဲ့ Web Developer သမားတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးပါတယ်ဗျာ။
ကဲ......ဒီလောက်ဆိုရင် ကျွန်တော် IT Bank ကစာဖတ်ပရိတ်သတ်တွေက ကျွန်တော့ကို ပျော်ရွှင်အောင် စာတွေရေးနိုင်အောင် တွန်းအားတွေပေးတဲ့ အမြဲအားပေးနေတဲ့ စာဖတ်ပရိတ်သတ်ကြီးအတွက် ကျွန်တော် ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးတဲ့ လက်ဆောင်လေးကို စာဖတ်ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ကျွန်တော့ Web Site လေးကို ကြိုက်ရင် တခြား စာဖတ်ပရိတ်သတ်တွေကိုလဲ ထပ်မံဖိတ်ခေါ်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
Internet ရှိရုံဖြင့် PC နဲ့ Android Phone/Tablet တွေကနေ သီချင်းအလန်းလေးတွေ နားထောင်နိုင်တဲ့ Radio Application လေးပါ။
Tuesday, January 8, 2013
Posted by Ye Kyaw Phyo
Fig ~ 1 |
ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။
အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။
အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။
![]() |
Fig ~ 2 |
ကြိုးစားလျက်.......!
(Yekyawphyo)
Android ဖုန်းပိုင်ရှင်တွေ အတွက် Beautiful Quick Setting Software
Monday, January 7, 2013
Posted by Ye Kyaw Phyo
Tag :
(Android),
(Software)

အခုပေးမယ့် Beautiful Quick Setting ဆော့ဝဲလေးက Android ဖုန်းပိုင်ရှင်တွေအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ။ Android ရဲ့ အလိုအပ်ဆုံး function တွေကိုစုစည်းပေးထားပြီး ဒီဇိုင်းကလည်း အရမ်းလန်းပါတယ်။ Wifi အဖွင့်အပိတ် ၊ 3G Data On/OFF ၊ Silent mode ၊ Aeroplane mode စတဲ့ အသုံးဝင် function လေးတွေကို တစ်ချက်နှိပ်ရုံနဲ့အကုန်ဖော်ပြပေးမှာပါ။ ဒီဆော့ဝဲလေးကို Google Play မှာ ၁ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store Website မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။ http://myanmarmobileapp.com/?p=20808
Source by :http://myanmarmobileapp.com/
![]() |
Fig ~ 1 |
အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....
Vitamin C
Vitamin C ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုအတွင်းသို့ လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ သစ်သီးဝလံများ၊အစပ် အရသာရှိတဲ့ ငရုတ်သီးစိမ်း၊Broccoli ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာဆိုရင် Vitamin C ဓာတ် အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ လိင်အဂါင်္ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုးနိုင်စွမ်းလဲ ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။
Magnesium
Magnesium ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ Magnesium ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။Magnesium ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။
အမျှင် (Fibre)
သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီး ကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
ဒီ အချက်တွေဟာ ကျွန်တော်တို့ အမျိုးသားတွေ အားလုံး အတွက် အရေးကြီးဆုံး ကျန်းမာရေး အသိ ပညာဗဟုသုတ တစ်ခုဖြစ်လို့ ကျွန်တော့ IT Bank စာဖတ်ပရိသတ်တွေထဲက ယောကျာ်းလေးတွေ အားလုံး လေ့လာသင့် ဖတ်ရှုသင့်တဲ့ Post လေး တစ်ခုလို့လဲ ကျွန်တော့ အနေနဲ့ မြင်မိပါတယ်ဗျာ။
(From ~ Myawady Online News Health Tag)
ကြိုးစားလျက်......!
(YeKyawPhyo)
Youtube , Online Video File တွေကို Online ကနေပဲ အမြန်ဆုံးနည်းနဲ့ Mp3 ပြောင်းချင်တဲ့ သူတွေအတွက်ပါ။
Posted by Ye Kyaw Phyo
![]() |
Fig ~ 1 |
အဲ့ဒီ Web Site Link ကို ရောက်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Mp3 Convert ပြောင်းမဲ့ Youtube က Web Site Link တစ်ခုခုကို Copy ရယူပြီး ခုနက ကျွန်တော်ပေးထားတဲ့ Web Site Link ရဲ့အောက်နားက Convert an online video file to MP3 ဆိုတဲ့ စာကြောင်းလေးရဲ့ အောက်က နေရာလေးထဲသို့ Paste ကူးထည့်ပြီး Convert Video ဆိုတဲ့ Button လေးကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 2 |
ခဏစောင့်ပေးလိုက်ပါ။Youtube ကနေ Mp3 File ပြောင်းနေတာ ဖြစ်တဲ့ အတွက်ပါ။100% ပြည့်သွားရင်တော့ အောက်က ပုံလေး အတိုင်း Download လုပ်ဖို့ Click here to download your converted file ဆိုပြီး Download Link ပေးနေပါပြီဗျာ။
Fig ~ 3 |
ကျွန်တော် ကတော့ One Direction - Kiss You Lyric ဆိုတဲ့ Video လေးကို နမူနာ အနေနဲ့ စမ်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ နားထောင်ချင်တယ် ဆိုရင်တော့ အောက်က Link လေးမှာ တစ်ပါတည်း နားထောင်နိုင်ပါတယ်ဗျာ။
ကဲ.......ဒီ လောက်ဆိုရင်တော့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို လာလည်ရင်း လိုအပ်တာတွေ ရှိနေသေးရင်လဲ ဝေဖန်အကြံပေးနိုင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)