Archive for December 2012


ကျွန်တော့ IT Bank Site ကို လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး Happy New Year ပါနော်။2013 နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ကျွန်တော်က စာဖတ်ပရိတ်သတ်ကြီး လက်ဆောင်လေးတစ်ခု ပေးချင်တယ်ဗျာ။အဲ့ဒါလေးက ဘာလဲဆိုတော့ ကျွန်တော်တို့ Happy World တို့ ကစားကွင်းတွေမှာ အကြွေစေ့ တစ်စေ့ကို 100 ပေးဝယ်ပြီး ဆော့ရတဲ့ အကြွေစေ့ကို ကျွန်တော်တို့က Android OS သုံးဖုန်းတွေကနေ ပိုက်ဆံပေးစရာမလိုဘဲ ကစားချင်တဲ့ သူတွေအတွက် Application လေးတစ်ခု လက်ဆောင်ပေးချင်တယ်ဗျာ။ဘယ်လိုလဲဗျ။စကားသံလေးနဲ့ တင် ဆော့ချင်သွားပြီ မဟုတ်လားဗျ။ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ဒီ Software လေးကို Download ဆွဲပြီးတော့သာ သုံးကြည့်ပေတော့ဗျာ။အောက်မှာတော့ ကျွန်တော် Screen Short လေးရိုက်ပြီး နမူနာဓာတ်ပုံလေးတွေ တင်ပေးထားပါတယ်ဗျာ။
Fig ~ 1
Fig ~ 2
Fig ~ 3
ကဲ.....ဓာတ်ပုံလေးတွေ ကြည့်ပြီး သဘောကျသွားပြီ မဟုတ်လားဗျ။မသိရင် ကျွန်တော်တို့ အပြင်မှာ တကယ့် အကြွေစေ့ထည့်ပြီး ကစားနေရသလိုပါပဲ။အရုပ်တွေ အကြွေစေ့တွေကို ရအောင်ထည့်ပြီး ယူလို့ရပါတယ်ဗျာ။ဂိမ်းထဲမှာ ပြောတာနော် အပြင်မှာ ရချင်ရင်တော့ Happy World မှာသာသွားဆော့နော်။ဘာပဲ ဖြစ်ဖြစ် အပျင်းပြေပေါ့ဗျာ ဟုတ်ဘူးလား။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။

Coin Dozer .Apk Download Page

ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
ကျွန်တော် အခု တစ်လော Phone နဲ့ ပတ်သတ်တဲ့ နည်းပညာလေးတွေ ချည်းပဲ တင်ဖြစ်နေတယ်ဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ အခုက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Phone တွေက အခုလာမဲ့ 2013 1 လပိုင်းကနေစပြီး မြန်မာကျပ်ငွေ တစ်သိန်းတန် 3G ဖုန်းတွေ စတင်ရောင်းချမှာဆိုတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူတိုင်းနီးပါးလောက် Mobile Phone ကို 100% ရာခိုင်နှုန်းမှာ 70% ရာခိုင်နှုန်းလောက် ကိုင်နိုင်ကျတော့မှာလဲ ဖြစ်ပါတယ်။လိုင်းကောင်းတာ မကောင်းတာတော့ MPT ရဲ့ ကဏ္ဍပေါ့ဗျာ။ဒါကျတော့ ကျွန်တော်တို့ IT သမားတွေလဲ မကယ်နိုင်တဲ့ နည်းပညာတစ်ခုပေါ့ဗျာ။ဒါတွေ ထားလိုက်ပါတော့ဗျာ။ကျွန်တော်က ဖုန်းတွေ ဈေးကျမယ် လူတိုင်းနီးပါးလောက် ကိုင်နိုင်လာတဲ့ ပြီးတော့ ဖုန်းတွေရဲ့ နည်းပညာတွေ အခုတစ်လော ကျွန်တော်တင်ဖြစ်နေတဲ့ ပတ်သတ်လို့ နည်းနည်းလေကြောရှည်လိုက်တဲ့ သဘောပါဗျာ။အခု စတော့မယ်နော်။အယ်.....တစ်နေ့ကဗျ။ကျွန်တော့ ညီလေးတစ်ယောက်က 10 တန်းအောင်ပြီးတာမကြာသေးဘူး။သူက ရေကြောင်းပညာတက္ကသိုလ် တက်ချင်တယ်ဆိုလို့ သူ့အမေတွေက လိုက်အပ်ပေး ဘာညာ အစအဆုံး လိုက်လုပ်ပေးတာပေါ့ဗျာ။သားလေး ကလဲ တစ်ဦးတည်းသော သားလေးလဲ ဖြစ်တော့ အမေက စိတ်မချလို့ အစအဆုံးလိုက်လုပ်ပေးရတာပေါ့ဗျာ။ကျောင်းစတက်တဲ့ နေ့လဲ ကျရော အဲ့မှာ စတွေ့တာပဲ။သူ့ ကျောင်းဝတ်စုံ လည်ကတိုင်ကို မစည်းတက်ဘူးဖြစ်နေတယ်။အဲ့ဒါနဲ့ ကျွန်တော်လဲ ရောက်သွားရော ကျွန်တော့ကို မေးတယ်ဗျ။ကျွန်တော်လဲ စည်းတော့ စည်းတက်တယ် သိပ်မစည်းတက်ဘူး ကျွန်တော် စည်းပေးလိုက်တာ သူ့အတွက် ပုံစံမကျဘူးဖြစ်နေတာပေါ့။အဲ့ဒါနဲ့ မင်း ဖုန်းမှာ Internet ချိတ်ထားလားဆိုတော့ ချိတ်ထားတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ကျောင်းအမှီ ကျွန်တော့ရဲ့ ဆရာ Google Page ကြီးကို အသုံးပြုရပါတော့တယ်ဗျာ။အဲ့မှာ ကျွန်တော်လဲ လည်ကတိုင်စည်းတဲ့နည်း ရှာလိုက်တာ Software လေးတစ်ခု တွေ့လိုက်တယ်ဗျ။အဲ့ဒါကတော့ Easy Tie ဆိုတဲ့ လည်ကတိုင် စည်းနည်း Software လေးကို သွားတွေ့တော့တာပဲဗျာ။အဲ့ဒါနဲ့ ကျွန်တော်လဲ Screen Short တွေဘာတွေ သွားလဲ ကြည့်လိုက်ရော တော်တော်လေး ကြိုက်သွားတာနဲ့ Download ဆွဲထားလိုက်တယ်ဗျာ။Download လဲရသွားရော သူ့ဖုန်းထဲထည့်ပြီး Software လေးကို Install လုပ်ကြည့်လိုက်တော့ အဆင်ပြေတယ်။အဲ့ဒါနဲ့ Application လေးကိုဖွင့်ကြည့်လိုက်ရော အထဲမှာ လည်ကတိုင် စည်းနည်းတော်တော် စုံစုံလင်လင်ကိုဖော်ပြထားတာပဲဗျ။အဲ့ဒါနဲ့ ကျွန်တော်လဲ မင်း အဲ့ထဲက ပုံတွေသာ ကြည့်ပြီး စည်းပေတော့ ဆိုပြီး စည်းခိုင်းလိုက်တယ်ဗျာ။အဲ့ထဲက အတိုင်း လည်ကတိုင် ကျွန်တော်တို့ ဗမာ အခေါ်ဆိုရင်တော့ ကြောင်ရှာသီးပေါ့ဗျာ စည်းလဲ စည်းလိုက် ဆရာသမားက တော်တော်ကို အဆင်ပြေသွားတယ်ဗျာ။ကျွန်တော့ ညီနဲ့ တော်တော်ကို ကြည့်ကောင်းပြီး တော်တော်ကို လိုက်ပါတယ်။တော်တော် ဖြောင့်တယ်ဗျာ။အယ်....ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေထဲမှာ ကောင်မလေးတွေ ရှိရင်ပြောနော်။ကျွန်တော့ ညီလေးနဲ့ မိတ်ဆက်ပေးမယ် သိလား။ကျွန်တော့ ညီက တော်တော်ဖြောင့်တယ်နော်။ညီမို့လို့ ပြောတာ ဟုတ်ဘူး တကယ်ချောတာဗျ။ကျွန်တော့ IT Bank Site က သူငယ်ချင်းတွေလဲ လည်ကတိုင် မစီးတက်သေးရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပဲဗျာ။အော်....လည်ကတိုင် စည်းနည်းလို့သာပြောတာဗျ။မိန်းကလေးတွေ ယောကျာ်းလေးတွေ အတွက် ဖဲပြားလေး စည်းတဲ့ နည်းပါ ပါသေးတယ်ဗျာ။လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော့ အောက်မှာ Screen Short ဓာတ်ပုံလေးနဲ့ အတူ ဟိုးအောက်ဆုံးမှာ Download Link လေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။

Fig ~ 1
Fig ~ 2
 ကဲ......ဘယ်လိုလဲ ဗျ။ကြိုက်သွားကြပြီလားဗျ။ပွဲတွေ တက်စရာရှိလို့လဲ ဖြစ်ဖြစ် ကျောင်းတက်ရရင်ဖြစ်ဖြစ် ကိုယ့်ဝတ်တဲ့ ၀တ်စုံက လည်ကတိုင် စည်းရတဲ့ ၀တ်စုံရွေးချယ်ခဲ့ရင် ဘာမှ စိတ်ပူစရာမလိုဘဲ မစည်းတက်သေးရင် ဒီ Software လေးကို ကိုယ့်ဖုန်းထဲမှာ ထည့်ပြီး အသုံးပြုလိုက်ယုံရင် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်ဗျာ။ကျွန်တော်တို့ Google Play မှာဆိုရင် ပိုက်ဆံပေးပြီး ၀ယ်သုံးရတာပါ။ကျွန်တော့ IT Bank လေးမှာတော့ Free ပေးပါတယ်ဗျာ။File Size က သိပ်လဲ မကြီးတော့ အမြန်ဆုံး Download လေးသာဆွဲလိုက်ပေတော့ဗျာ။

Easy Tie .Apk Download Page

အပေါ်က Link လေးကို Download ယူလိုက်ပါနော်။ကဲ...ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကျောင်းတက်ဖို့ ပွဲတက်ဖို့ ကိုလည်ကတိုင်ကို Style ကျကျနဲ့ စည်းပြီး Style ရှိရှိ လန်းနိုင်ကြပါစေဗျာ။တကယ်တော့ လူတစ်ယောက် Star ဖြစ်ဖို့က Style ရှိမှ Star ဖြစ်ကြတာကိုးဗျ ဟုတ်ဘူးလားနော်။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် အခု မြန်မာနိုင်ငံမှာရှိနေတဲ့ ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေကို Internet မလိုအပ်ဘဲ နိုင်ငံခြားသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်တဲ့  နည်းလေးကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့လို အသုံးပြုရဖို့ ဘာတွေ လိုအပ်သလဲဆိုတာကို ကျွန်တော် တစ်ဆင့်ချင်းရှင်းပြပေးပါ့မယ်ဗျာ။

Fig ~ 1


(က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို )
၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။
( ဥပမာ 1234567890# )
မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး အဲ့ဒီ နံပါတ်ရဲ့ အနောက်တွင် “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )
(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို )
Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )
PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။
ကျွန်တော် အောက်မှာ ခေါ်ဆိုနိုင်တဲ့ နိုင်ငံတွေနဲ့ ဈေးနှုန်းတွေ တွေကိုအသေးစိတ် ရေးသားပေးထားပါတယ်ဗျာ။

Singapore ၁၂ ကျပ်/မိနစ်
Malaysia ၂၄ ကျပ်/မိနစ်
Philippines ၁၂၇ ကျပ်/မိနစ်
Indonesia ၆၅ ကျပ်/မိနစ်
Thailand ၂၅ ကျပ်/မိနစ်
USA ၁၂ ကျပ်/မိနစ်
UK ၂၀ ကျပ်/မိနစ်
Australia ၁၉ ကျပ်/မိနစ်
Norway ၂၂ ကျပ်/မိနစ်
Newzealand ၂၀ ကျပ်/မိနစ်
Japan ၂၅ ကျပ်/မိနစ်
China ၁၁ ကျပ်/မိနစ်
Hongkong ၁၂ ကျပ်/မိနစ်
Taiwan ၁၂ ကျပ်/မိနစ်
South Korea ၃၉ကျပ်/မိနစ်
UAE ၂၁၂ ကျပ်/မိနစ်
Qatar၂၁၂ ကျပ်/မိနစ်
Saudi Arabia ၂၂၉ ကျပ်/မိနစ်
India ၂၅ကျပ်/မိနစ်
တို့အပြင် အခြား နိုင်ငံပေါင်းများစွာကိုလည်း ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်ဆို နိုင်ပါသည်။

By ~ Myanmar Mobile App Store
 ကဲ....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီလို သုံးကြည့်လိုက်တော့ ဘာပဲ ဖြစ်ဖြစ် သာမာန် Phone တွေထက် စာရင် ဒီလိုလေးအသုံးပြုတာက ဈေးသက်သက်သာသာနဲ့ အသုံးပြုရတာပေါ့ဗျာ။ဟုတ်ဘူးလား။ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ Site လေးကို လာလည်ပြီး လေ့လာပေးဖို့ ဖိတ်ခေါ်ပေးပါဦးဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Android တွေနဲ့ ပတ်သတ်တဲ့ Post လေးတစ်ခုပေါ့ဗျာ။ကျွန်တော်တို့ Android Phone တွေမှာ သီချင်းတွေ နားထောင်လို့ရအောင် Music Player ဆိုပြီးပါ ပါတယ်။အဲ့လို Music Player တွေအများကြီးထဲမှာမှ Style လန်းလန်းလေးနဲ့ အသုံးပြုလို့ကောင်းတဲ့ Player လေးတစ်ခုနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Music Player လေးရဲ့ ထူးခြားချက်က ကျွန်တော်တို့ သီချင်းတွေ နားထောင်တဲ့ အခါ Music Player တော်တော်များများက တစ်ပုဒ်ပြီး တစ်ပုဒ် Auto သွားနေပါတယ်။ဒါမဲ့ အဲ့လို သွားနေတဲ့ သီချင်းတွေထဲမှာ ကိုယ်မကြိုက်တဲ့ သီချင်းတွေလဲ ရောပါလာမယ်။နောက်တစ်ပုဒ် ကျော်သွားချင်တယ်ဆိုပါစို့။အဲ့ဒီ အခါ မိမိ Phone ရဲ့ Touch Screen ကို လက်ဖြင့်နှိပ်စရာမလိုဘဲ Phone ရဲ့ မျက်နှာပြင် Touch Screen ကိုထိစရာမလိုဘဲ မိမိ လက်ကို Phone Screen ရှေ့သို့ ဖြတ်သွားယုံဖြင့် မိမိ ကျော်ပြီး နားထောင်လိုတဲ့ သီချင်းကို ရောက်ရှိပြီး အဆင်ပြေစွာနားထောင်လို့ရမှာပါ။ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်တော်တို့ ကစားကွင်းတွေမှာ သွားကရင် ခလုတ်တွေနှိပ်စရာ မလိုပဲ လူရဲ့ ခန္ဓာကိုယ် အမူအရာနဲ့ အလုပ်လုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ပြီးတော့ ဘောင်းဘီ အိတ် လွယ်အိတ်ထဲတို့တွင် ထည့်ထားခြင်းဖြင့် မိမိ နားထောင်လိုတဲ့ သီချင်းကို ဘောင်းဘီအိတ် လွယ်အိတ်တို့ကို တစ်ချက်ထိ ခြင်းဖြင့်လဲ နားထောင်လို့ရပါတယ်။ကျွန်တော်တော့ ဒီလောက်ပဲ ရှင်းပြတော့မယ်ဗျာ။အပြည့်အစုံကို သိချင်တယ်ဆိုရင်တော့ အောက်က ဓာတ်ပုံလေးကို ကြည့်ပြီး ဟိုးအောက်ဆုံးနားမှာ ရှိနေတဲ့ Download လုပ်ရန် Link မှာ Download ဆွဲပြီး အသုံးပြုကြပေါ့ဗျာ။

Fig ~ 1

Fig ~ 2
ဒုတိယမြောက် ပုံမှာ အသုံးပြုပုံတွေကို အနည်းငယ်ပြပေးထားပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒါဆိုရင် အမြန်ဆုံး Download ရယူလိုက်ရအောင်လားဗျာ။အောက်က Link မှာ သွားယူလိုက်ပါနော်။

Sensor Music Player Version 2.29.2 Apk File Download Page

ကဲ..... Mobile နဲ့ပတ်သတ်တာတွေ စိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီးတွေအားလုံး ကျွန်တော် ပေးတဲ့ Software လေးကို ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေကြပါစေနော်။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် ဒီတစ်ခါ ပြောပြမဲ့ Post လေးကတော့ Mobile နဲ့ ပတ်သတ်တဲ့ Post ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော့ Web Site ရဲ့ CBox မှာ မဖြူဖြူ က Phone တွေမှာ ကိုယ့်အသံကို တခြား အသံတစ်ခုအနေဖြင့် ချိန်းပြီး အသုံးပြုလို့ရတဲ့ Application လေးရှိရင်တင်ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် မရမက လိုက်ရှာပြီး Voice Changer လေးတင်ပေးလိုက်ပါတယ်ဗျာ။Voice Changer က ဘယ်လို အသုံးပြုရတယ်ဆိုတာတော့ ကျွန်တော် အသေးစိတ်မရှင်းပြတော့ပါဘူးဗျာ။အောက်မှာ ပေးထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီးတော့သာ အသုံးပြုပေတော့ဗျာ။

Fig ~ 1
Fig ~ 2
အဲ့ဒီ ပုံလေး အတိုင်း အသုံးပြုပုံတွေ ကြည့်ပြီးပြီ ဆိုရင်တော့ Download လုပ်ဖို့ အောက်မှာ ကျွန်တော်  Link 2 ခုအဆင့်သင့် ပေးထားပါတယ်ဗျာ။လိုချင်ရင် အောက်မှာ ယူလိုက်ပါဦးနော်။တစ်ခု ကတော့ Android OS သုံး Phone တွေအတွက် အသုံးပြုလို့ရပြီး နောက်တစ်ခု ကတော့ Iphone iOS သုံးတဲ့ Phone တွေ အတွက် အသုံးပြုတဲ့ Download Link လေးပါ။ကျွန်တော် နှစ်ခု ခွဲပြီး သေချာ တင်ပေးထားပါတယ်ဗျာ။

Best Voice Changer Apk File Download Page (Android)

Voice Changer Plus IPone File Download Page (IPone iOS)

ကဲ......သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။ကျွန်တော့ Web Site လေးမှာ ရှိနေတဲ့ Software တွေ Download လုပ်စရာတွေ အားလုံး Download လုပ်လို့မရတာတွေ Download Link တွေ သေနေခဲ့ရင် Comment ပေးထားပေးပါ။ကျွန်တော် အချိန်အားတဲ့ အခါ Update Link တွေ ပြန်တင်ပေးပါ့မယ်ဗျာ။လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။နောက်လဲ လာလည်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျွန်တော် အကြိုက်ဆုံး သုံးနေကျ Firefox လေးရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Firefox Error လေးပါ။အဲ့ဒီ Error လေးကလဲ ကျွန်တော့လိုပဲ ကြုံတွေ့နေရတဲ့ သူငယ်ချင်းတွေလဲ ဖြစ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဲ့ဒီ Error လေးကတော့ Firefox အတွင်းမှာတော့ မြန်မာလိုတွေတော့ ဖတ်လို့ရပါတယ်။Tab Bar တွေ Bookmark တွေ နေရာမှာ မြန်မာလို မပေါ်တာ မြန်မာလို စာရိုက်လို့မရပဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။အဲ့ဒီ Error ကြောင့် ကျွန်တော်ကိုယ်တိုင် လဲ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ကျွန်တော့လို အဲ့ဒီလို စိတ်အနှောင့်အယှက် မဖြစ်ရအောင် သူငယ်ချင်းတွေ အတွက်ကျွန်တော်က ပြောပြပေးသွားပါ့မယ်ဗျာ။အခု လောက်ဆို တစ်ချို့သူငယ်ချင်းတွေရဲ့ Firefox လေးမှာ ကျွန်တော် ပြောသလို Error လေးတွေ တက်နေလောက်ပြီးပေါ့နော်။ကျွန်တော် အရှင်းဆုံးပြမယ်ဗျာ။အောက်က ပုံလေး အတိုင်း ဖြစ်နေတယ်ဆိုပါစို့။
Fig - 1
အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ Version အမြင့်တွေကိုမှ နှစ်သက်ကြတဲ့ စိတ်ဝင်စားကြတဲ့ ကျွန်တော်တို့ လူတွေရဲ့  အပြစ်တွေပါပဲ။ကျွန်တော် ကိုယ်တိုင်လဲ လက်တွေ့ကြုံခဲ့ရတာမို့ ကျွန်တော့ ဆိုဒ်လေးရဲ့ စာဖတ်ပရိတ်သတ်တွေ ကို ကျွန်တော် ဆရာစားမချန်ရှင်းပြပေးပါ့မယ်ဗျာ။အခုကျွန်တော် ဒီ Post ကို ပြန်ပြီး Update လုပ်တဲ့ အချိန်မှာ Firefox 18.0 ဟာနောက်ဆုံး Beta အနေနဲ့ထွက်ရှိထားတာဖြစ်ပါတယ်.။အဲ့ဒီ နောက်ဆုံးထွက် Version ဟာ ကျွန်တော် အပေါ်မှာ ပြထားတဲ့ ပုံလေး အတိုင်း Error  တက်နေပါတယ်။အဲ့ဒီ Firefox 18.0 Beta ကို Download လုပ်ပြီး စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Link ကို သွားလိုက်ပါနော်။

 Mozilla Firefox 18.0 Beta Download Link

အပေါ်မှာ ပြထားတဲ့ ပုံလေး အတိုင်း ကိုယ့် Firefox ကြီးအဲ့လို ဖြစ်နေလို့ ဖြစ်သွားလို့ စိတ်မညစ်ပါနဲ့နော်။အဲ့ဒီ Version ထက်နှိမ့်တဲ့ Version 12.0.1 ကို Download လုပ်ပြီး ကိုယ့် PC မှာ Install ပြန်လုပ်ပေးရုံပါပဲ။Install လုပ်နည်းကိုတော့ ကျွန်တော် မပြောတော့ပါဘူး။စာဖတ်ပရိတ်သတ်တွေ သိထားပြီးသား ဖြစ်လိမ့်မယ်လို့လဲ ထင်ပါတယ်။အဲ့ဒီ Firefox Version 12.0.1 ကို Download လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော် အောက်မှာ ပေးထားတဲ့ Link လေးကို သွားပြီး Download ယူလိုက်ပါနော်။

Mozilla Firefox 12.0 Download Link

အဲ့ဒီ Version ကို Download လုပ်ပြီး Install ပြန်လုပ်ပြီးတဲ့ အခါမှာတော့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း သင့် Firefox မှာ မြန်မာလိုလေးတွေ ပြန်မြင်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
Fig - 2
တကယ်လို့ ကျွန်တော်တို့က Firefox ကို Version အမြင့်ကိုမှ အသုံးပြုချင်တယ်။Version အမြင့်သုံးလိုက်ရင် အဲ့ဒီ အပေါ်မှာ ကျွန်တော် ပြထားတဲ့ အတုံးလေးတွေပဲ ပေါ်ပေါ်နေတယ် ဆိုပါစို့။အဲ့ဒီ အတွက် စိတ်မပူပါနဲ့ဗျ။ကျွန်တော် မှာ ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေး တစ်ခု  ကျွန်တော်တစ်နေ့က စဉ်းစားရင်း ကိုယ်ဘာသာ ကလိကြည့်လိုက်တာ အဆင်ပြေသွားတယ်ဗျာ။အဲ့ဒါနဲ့ ဒီ Post လေးကို နောက်တစ်ကြိမ်ထပ်ပြီး Update လုပ်ပေးလိုက်ပါတယ်ဗျာ။အဲ့ဒါကတော့ ကျွန်တော်တို့ စက်မှာ အသုံးပြုထားတဲ့ ZawGyi Font ရဲ့ Version ကို ထပ်ပြီး မြင့်တင်ပေးလိုက်ရင် အဆင်ပြေသွားပါပြီဗျာ။ZawGyi Font ရဲ့ နောက်ဆုံး ထွက် Version ကို Download ယူချင်တယ်ဆိုရင်တော့ အောက်က မူရင်း Web Site Link လေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။ကျွန်တော့ Web Site ရဲ့ ညာဘက် Slide Bar မှာ ရှိတဲ့ ZAWGYI FONT DOWNLOAD မှာ လဲ ရယူနိုင်ပါသေးတယ်ဗျာ။အဲ့ဒီမှာကတော့ Version အမြင့်ကော Font ရော Keyboard Layout ကော မိမိ စက်နဲ့ ကိုက်ညီမဲ့ 32 Bits , 64 Bits ကောနှစ်မျိုးလုံး ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

http://www.alpha.com.mm/alphazawgyi2008/index.html

ကဲ..........သူငယ်ချင်းတွေရဲ့ Firefox လေး ဟိုးအပေါ် Fig ~ 2 ကပုံမျိုးလေး မြင်ရသွားတဲ့ အခါမှာတော့ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မလဲဗျာ။အရင်လို စိတ်အနှောင့်အယှက်လေးလဲ မဖြစ်တော့ဘူး။အချိန်ကုန်လဲ သက်သာတယ်။စိတ်လဲ မညစ်ရတော့ဘူးပေါ့ဗျာ။ဟုတ်ဘူးလား။ဒါဆို ကျွန်တော်တို့က Firefox ကို Version အမြင့်လဲ သုံးလို့ရသွားပြီ။ပြီးတော့ မြန်မာလိုတွေလဲ ကောင်းကောင်း မြင်ရသွားပြီးဆိုတော့ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲဗျာ။ကျွန်တော့ တုန်းကလဲ အဲ့လို ဖြစ်ခဲ့ရပါတယ်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အဲ့လိုဖြစ်နေခဲ့ရင်လဲ မဖြစ်တော့အောင် အဲ့လို Error နဲ့ မကြုံတွေ့ရသေးရင်လဲ ကြိုတင်ကာကွယ်နိုင်သွားအောင် ကျွန်တော်က ရှင်းပြပေးလိုက်ပါတယ်နော်။IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                          ကြိုးစားလျက်......!
                                                                                                           (Yekyawphyo)
ကျွန်တော် နည်းပညာ Post တွေနဲ့ ကျန်းမာရေး Post တွေချည်းပဲ တင်နေရတာ နည်းနည်းလေး ညှီးငွေ့နေတာနဲ့ ကဗျာလေးတစ်ပုဒ်လောက် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးကို စိတ်အပြောင်းအလဲ လေး ဖြစ်သွားအောင် မျှဝေပေးပါရစေဗျာ။ဒီ ကဗျာလေးကို ကျွန်တော် သိသိခြင်း အရမ်းကို ကြိုက်သွားတာပဲဗျာ။အခုခေတ် ကျွန်တော်တို့လို လူငယ်လေးတွေ စကားနဲ့ ပြောမယ်ဆိုရင် ဒီ ကဗျာလေးက ကျွန်တော့နှလုံးသားကို လုံးဝ Heart ထိသွားမိတယ်ဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ကဗျာလေးက အမေနဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်မို့လို့ပါပဲ။ဒီ ကဗျာလေးကို ရေးသားထားတဲ့ ကဗျာဆရာ နာမည်ကတော့ ဆရာ သော်ဇင်အုန်း ပဲဖြစ်ပါတယ်ဗျာ။အဲ့ဒီ ကဗျာလေး နာမည်ကတော့ (အမေအို) ဖြစ်ပါတယ်ဗျာ။

``အမေ အို´´
ညဆိုတာနဲ့ အိပ်ပြစ်လိုက်ရမှာလား
သားလေးတွေ သမီးလေးတွေ ပြန်ငယ်သွားရင် ကောင်းမှာ
ပုံပြင်တွေ ပြောပြမယ် ကစားစရာတွေ ၀ယ်ပေးမယ်
တစ်ယောက် တစ်လှည့်လာတိုင်လှည့်ကြပါဦး..။
အမေ့မျက်နှာပြုံးလို့ ..... ဒါမင်းဖို့ ဒါမင်းဖို့
ချွေးခံအကျီင်္ အိတ်ကပ်ထဲက ထုတ်ပေးလိုက်မယ်
အားလုံး ........ အတူတူ။
ကဗျာဆရာ ~ (သော်ဇင်အုန်း)

Fig ~ 1
ကဗျာလေးက အနည်းငယ် တိုပေမဲ့ အဲ့ဒီ ကဗျာလေးရဲ့ အဓိပ္ပာယ်က အရမ်းကို နက်ရှိုင်းလွန်းလှပါတယ်ဗျာ။ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးလေးလဲ ဒီ ကဗျာလေးကို ကျွန်တော့လိုပဲ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
အခု ကျွန်တော် ပြောချင်တဲ့ Post လေးကတော့ ကျွန်တော်တို့ Computer အသုံးပြုပြီးလို့ ပိတ်တဲ့ အခါ Shutdown ချပြီး ပိတ်ကျတာများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေကိုယ်က အရေးကြီးနေတဲ့ အချိန်တွေကျရင် Computer ကိုပိတ်ချင်တယ်။Shutdown Time က နှေးနေတယ်ဗျာ။မြန်မြန်လေး Shutdown ကျသွားချင်တယ်ဆိုရင် ကျွန်တော့ ပေးတဲ့ ဒီ နည်းလမ်းလေးက အရမ်းရိုးရှင်းပြီး အသုံးပြုရတာ မြန်ဆန်လွန်းလှပါတယ်။ဘာ Software တွေမှလဲ အသုံးပြုစရာလဲ မလိုပါဘူး။ကဲ......နည်းလမ်းလေး စကြရအောင်လားဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ ပထမဦးဆုံး ပြုလုပ်ရမဲ့

နံပါတ် 1 အချက်ကတော့ Keyboard က Shortcut နှစ်ခုဖြစ်တဲ့ Windows + R ကို နှိပ်လိုက်ပါ။

နံပါတ် 2 အချက်ကတော့ Run Box မှာ regedit ဆိုပြီး စာလေးရိုက်လိုက်ပါ။

နံပါတ် 3 အချက်ကတော့ Registry Editor ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။

နံပါတ် 4 အချက်ကတော့ HKEY_LOCAL_MACHINE ကို Click လိုက်ပါ။

နံပါတ် 5 အချက်ကတော့ SYSTEM ကို Click လိုက်ပါ။

နံပါတ် 6 အချက်ကတော့ Current Control Set ကို Click လိုက်ပါ။

နံပါတ် 7 အချက်ကတော့ Control ကို Click တစ်ချက်နှိပ်လိုက်ပါ။

နံပါတ် 8 အချက်ကတော့ Control ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ စာကြောင်း 9 ကြောင်းမြောက်မှာ ရှိနေတဲ့ WaitToKillServiceTimeout ဆိုတဲ့ စာတန်းလေးကို Click တစ်ချက် ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ကို ရွှေးလိုက်ပါ။ပြီးရင် WaitToKillServiceTimeout ရဲ့ စာကြောင်းအောက်က Value Data နေရာမှာ 1200 , 1000 စတဲ့ နံပါတ်တွေ က ရှိနေပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီ Value Data နေရာမှာ ကျွန်တော်တို့က 1200 တို့ 1000 တို့ အစား 150 , 200 လို့ပေးထားလိုက်ပါ။ပြီးရင် မိမိ Computer ကို Shutdown ပြန်ချကြည့်ပါ။အရင် Shutdown Time ထက် ပိုမြန်ဆန် သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Value Data မထည့်တက်ရင် ကျွန်တော် အောက်မှာ ဓာတ်ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးနော်။

Fig ~ 1
ကဲ........ဒီလောက်ဆိုရင် ကိုယ့် Computer ရဲ့ Shutdown Time ကို မြန်ဆန်အောင် ပြုလုပ်ပြီး ကိုယ့် ဘ၀ရဲ့ အချိန်တစ်ပိုင်းတစ်စလေးကို ပိုလျှံအောင် ပြုလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
Software Application များကို တစ်နေရာတည်းတွင် တွေ့ရှိနိုင်ရန်အတွက် AppeXpo 2013 ကိုကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူကပြောသည်။ လာမည့် ဇန်န၀ါရီလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ MICTDC ပင်မဆောင်တွင် ကျင်းပမည်ဖြစ်သည်။
Mobile ဆိုင်ရာ Application များ၊ PC/Laptop အတွက် Software Applicaiton များနှင့် လုံခြုံရေးဆိုင်ရာ Application များကို တင်သွင်းရောင်းချသူများ၊ ၎င်းတို့နှင့်ပတ်သက်သည့် သင်တန်းဖွင့်လှစ်သူများ၊ ဖန်တီးထုတ်လုပ်သူ (Developer) များကို တစ်နေရာတည်းတွင် စုဝေးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ Application ဈေးကွက်က ရှေ့မှာ ပိုကောင်းလာမယ့် အနေအထားမှာရှိတယ်။ ပြည်တွင်း၊ ပြည်ပလုပ်ငန်း အသစ်အသစ်တွေ ပေါ်ပေါ်လာနေတဲ့အတွက် သူတို့လိုအပ်နေတဲ့ ဈေးကွက်ပိုင်းဆိုင်ရာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပါ။” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ပြပွဲရက်များအတွင်း နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ကျောင်းသားလူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် အဓိကရည်ရွယ်ပြီး ပြခန်းစုစုပေါင်း ၃၁ ခန်းပါဝင်မည်ဟု သိရသည်။ “ မိမိရဲ့ Application နဲ့ပတ်သတ်ပြီး စင်ပေါ်မှာ သရုပ်ပြရှင်းလင်းနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြပွဲနှင့်ပတ်သက်၍ www.facebook.com/yangonheartz တွင် အသေးစိတ်ကြည့်ရှုနိုင်ကြောင်း လက်ရှိပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော Software ကုမ္ပဏီများ၊ နိုင်ငံတကာမှ Software များအား တင်သွင်းရောင်းချသူများနှင့် သီးခြားပါဝင်လိုသော Mobile ၊ Software Developer များပါဝင်ပြသနိုင်ကြောင်း သိရသည်။

Appexpo 2013 ပြပွဲနေရာ နဲ့ အချိန်

နေ့ရက် (Date) ~ 8.1.2013 - 9.1.2013
အချိန် (Start Time) ~ 9:00 AM - 5:00 PM
ပြပွဲကျင်းပမည့်နေရာ ~ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် သံလမ်း ဘတ်စ်ကား မှတ်တိုင် အနီး MICT Part ၀င်းအတွင်း MICTDC ခန်းမ ဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

By ~ (Internet Journal)
ကဲ.....ရန်ကုန်မှာ ရှိနေတဲ့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေလဲ အသုံးပြုစရာ Software လိုလို့ ဖြစ်စေ ဗဟုသုတ အနေနဲ့ လေ့လာလို၍ ဖြစ်စေ အဲ့ဒီ ပြပွဲလေးကို သွားဖြစ်အောင် သွားပြီး ဗဟုသုတလေးတွေ ရယူကြပါလို့ တိုက်တွန်းလိုက်ပါစေဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေမှာ Model လေးတွေ ဖြစ်ချင်တဲ့ မိန်းကလေးတွေ ယောကျာ်းလေးတွေ အနည်းငယ်လောက်တော့ ပါကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။တကယ်တော့ Model ဆိုတာက ခန္ဓာကိုယ် အချိုးအစားဟာ အလွန် အင်မတန် ပြေပြစ်ပြီး အပြစ်ပြောစရာ မရှိအောင် လှပလွန်း ကြည့်ကောင်းလွန်းတဲ့ သူတွေကို Model လို့သိထားကြတာလေ မဟုတ်ဘူးလားဗျ။ Model ခန္ဓာကိုယ် အချိုးအစားဖြစ်စေမဲ့ ကဏ္ဍထဲမှာ အရေးကြီးဆုံးတစ်ခု အပါအ၀င်ဖြစ်တဲ့ ကျစ်လျစ်သွယ်လျပြီး လှပတဲ့ ပေါင်တံလေးတွေ ဖြစ်စေချင်တဲ့ Model ကိုကို မမ တွေအတွက် အဲ့ဒီလို ဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ပြုလုပ်ရမယ် ဆိုတာကို ကျွန်တော် ပြောပြပါ့မယ်ဗျာ။
ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။

(၁) Firming Cream လိမ်းပါ
ပေါင်တံ ကျစ်လျစ်ကာ တင်းရင်းလှပသွားစေမယ့် Firming ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ Firming ခရင်မ်ကို ရွေးချယ်ရာမှာ ကဖင်းဓာတ်နဲ့ Hyaluronic acid တို့ ပါဝင်တဲ့ အမျိုးအစားဟာ ပေါင်က အဆီပိုတွေကို ရှစ်နာရီကျော်ကြာတဲ့အထိ ဖုံးကွယ်ထားနိုင်ပါတယ်လို့ နယူးယောက်ခ် တက္ကသိုလ်က ပါမောက္ခဒေးက ရှင်းပြပါတယ်။

(၂) ပေါင်တံကို နှိပ်နယ်ပေးပါ
ပေါင်တံကို နှိပ်နယ်ပေးတာကြောင့် အရေပြားတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ချောမွတ်တင်းရင်းတဲ့ ပေါင်တံအလှကို ရရှိစေပါတယ်။ နှိပ်ရမယ့်နည်းက အရင်ဆုံး ပေါင်အတွင်းသားနေရာကို လက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်ပေးပါ။ ပြီးရင် လက်ချောင်းတွေကို ရှေ့ကို တန်းတန်းဆန့်ပြီး ခန္ဓာကိုယ်ကို သုံးပြီး စက်ဝိုင်းပုံအတိုင်း လှည့်လည်ဖိနှိပ်ပေးပါ။အပေါ်မှာ ကျွန်တော် ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။

(၃) ဆောင့်ကြောင့်ထိုင်ပါ
ပေါင်ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်လေလေ၊ အဆီတွေက လျော့ကျလေလေ ဖြစ်တတ်ပါတယ်” လို့ နစ်ကိုးကဒ်မင်းရဲ့ နည်းပြစတုန်းက ရှင်းပြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ပေါင်တံကျစ်လျစ် သွယ်လျစေပါတယ်။ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်ကာ တင်ပါးကို နောက်ပစ်ရင်း ဒူးကွေး ထိုင်ချပါ။ တစ်နေ့ ၁၅ ကြိမ်လောက်နဲ့ တစ်ပတ်မှာ သုံးရက်လောက် လေ့ကျင့်ပေးပါ။
ကဲ.....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site လေးမှာ Model ဖြစ်ချင်ကြတဲ့ ကိုကို တွေ မမ တွေ အတွက် ဒီ ကျန်းမာရေး ဗဟုသုတလေးက တစ်ဖက်တလမ်းကနေ ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို www.yatanarpon.com.mm ရဲ့ ကျန်းမာရေး ကဏ္ဍ ကနေ ကူးယူဖော်ပြပြီး ကျွန်တော့ စာသားလေးတွေ အနည်းငယ် ပြန်ပြင်ဆင်ပြီး စာဖတ်သူတွေ အဆင်ပြေအောင် ကျွန်တော် ဖြည့်ထည့်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
ဟတ်....ချိုး.....ဟတ်.....ဟတ်.....ချိုး ကျွန်တော် အခု ဒီ Post ကို စတင်ရေးနေတဲ့ အချိန် ကျွန်တော် ကိုယ်တိုင်လဲ နှာချီပြီး နေမကောင်းချင်သလို ဖြစ်နေပါတယ်။ဘယ်လိုဖြစ်တာလဲဆိုရင်တော့ ဆောင်းရာသီရဲ့ ရာသီ အကူးအပြောင်းဖြစ်တဲ့ အချိန်နဲ့သွားတိုက်ဆိုင်ပြီး အအေးမိသွားတာပါ။အဲ့ဒီလို ရာသီ အကူးအပြောင်းတွေမှာ အအေးမမိအောင် ဘယ်လို ကာကွယ်သင့်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေကို ကျန်းမာရေး အသိပညာလေး မျှဝေပေးပါရစေဗျာ။အမှားအယွင်းလေးတွေများ ရှိနေခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါဗျာ။
အဲ့ဒီ အအေးမိခြင်းကို ကျွန်တော်တို့ ဆောင်းတွင်းနဲ့ မိုးတွင်း တို့တွေမှာ အများဆုံးအဖြစ်များကြပါတယ်။အဲ့ဒီ အအေးမိခြင်းက ကလေး မှ စ လူငယ် လူကြီးတွေ အဆုံး ဖြစ်လေ့ဖြစ်ထရှိပါတယ်။အဲ့ဒီလို အအေးမိလာရင် ကျွန်တော်တို့တွေ ခံစားလာရမဲ့ အချက်တွေကတော့ နှာချေမယ်၊ လည်ချောင်း(အာခေါင်) မှာ မသက်မသာနဲ့ နာလာ မယ်၊ နှာရည် ကျမယ်၊ ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲ၊ဇက်ကြောတွေ တက်လာမယ် မအီမသာ ဖြစ်တာ တွေ ဖြစ်လာပြီဆိုရင် အအေးမိပြီး ဖျားတော့ မယ့်ဆိုရင် ဒါဟာလေထုထဲမှာ ရှိတဲ့ ကျွန်တော်တို့ကို ဒုက္ခပေးမဲ့အမျိုးမျိုး သော ဗိုင်းရပ်စ် ပိုးတွေဟာ အသက်ရှူု လမ်းကြောင်းအပေါ် ပိုင်းကို ၀င်ရောက်ကူးစက်ရာကနေ ဖြစ်ပေါ် လာတဲ့ ရောဂါလက္ခဏာ စုတွေပါပဲ။အဲ့ဒီလို  အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော် လောက် ရှိပြီး ဖြစ်ဖြစ်သမျှသော အအေးမိ ဖျားနာခြင်း တွေရဲ့ (ရေမြေ ရာသီဥတုပေါ် မူတည်ပြီး) ၁၀ ရာနှုန်းကနေ ၄၀ ရာနှုန်းအထိ ဖြစ်စေတဲ့ အဓိကတရားခံကတော့ ရိုင်နိုဗိုင်းရပ်စ်ဖြစ်ပြီး၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးက ၂၀ ရာခိုင်နှုန်း လောက် ကို ဖြစ်စေနိုင်ကာ ကလေးငယ်တွေမှာ ပိုအဖြစ်များတဲ့ Respiratory Syncytial Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကတော့ အအေးမိခြင်း တွေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ကို ဖြစ်စေနိုင်ပါတယ်။အအေးမိဖျားနာခြင်းရဲ့ အဓိက အကြောင်း ရင်းကတော့ ဗိုင်းရပ်စ်ပိုးဟာ လေထုထဲကနေ တစ်ဆင့် ကူးစက်တာဖြစ်သလို၊ မသန့်ရှင်း တဲ့ လက်တွေကနေတစ်ဆင့် ကူးစက်ခံရတာ ဖြစ်ပြီး အဲသလိုဖြစ်စေတဲ့ အကြောင်းရင်း ကတော့ ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်ပြီး အပင်ပန်းလွန်ထားခြင်း၊ အိပ်ရေးပျက် ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ထား ခြင်း၊ အသီးအရွက် သစ်သီးဝလံ လုံးဝမစား ခြင်း၊ ကိုယ်ခံအားကျစေတဲ့ ဆေးတွေကို ရောဂါ ကြောင့် မှီဝဲနေရခြင်းကြောင့်ဖြစ်ပါတယ် လို့ ကျန်းမာရေး ဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာသီဟသစ်ကလဲ အခုလို ရှင်းပြပေးခဲ့ပါသေးတယ်။
အအေးမိဖျားနာခြင်းဟာ ဘာဆေးမှ မသောက်ဘဲ နားနေလိုက်ရင် အလိုလို ပျောက် သွားနိုင်တဲ့ရောဂါမျိုး ဖြစ်ပေမယ့် ဆေးခန်း အပြရဆုံး ရောဂါနဲ့ အလုပ်အပျက်ရဆုံး အကြောင်းတရားလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ "ဒီရာသီတုပ်ကွေးကြောင့် ဆရာဝန် တွေရဲ့ ဆေးခန်းတွေမှာတောင် လူနာတွေနဲ့ အပြည့် ပါပဲ" လို့ သူက ပြောပါတယ်။
တုပ်ကွေးမိခြင်းအတွက် အရေးကြီးဆုံး ကုသမှုကတော့အိပ်ရာထဲမှာ အနားယူခြင်း ပါပဲ။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့အတွက် ပါရာစီတမောပါတဲ့ ဆေးတွေကို သောက်ပြီး အဆင်ပြေစေနိုင် သလို နားနေတဲ့အချိန်မှာ ရေနွေးကြမ်း၊ ကွမ်းရွတ်ပြုတ်ရည်၊ နို့ပူပူ စတဲ့ အရည် တွေကို များများ သောက်ပေးခြင်းဖြင့် မြန်မြန် နေကောင်း စေနိုင်ပါတယ်လို့ ဒေါက်တာသီဟ သစ်က ပြောပါတယ်။
"ဗိုက်တာမင်စီ သောက်ပေးတာ အအေးမိ ခြင်းကို ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပြီး၊ ကလေးငယ်တွေအတွက်ဆိုရင်တော့ ပါတာ စီတမောနဲ့ ဗိုက်တာမင်စီတို့ကို ကလေး အထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ တိုက်ရပါမယ်။ ကိုယ်သဘောနဲ့ကိုယ် တိုက် တာ မကောင်းပါဘူး" လို့သူက ပြောပါ တယ်။
ဘာမှပြင်းထန်တဲ့ ဝေဒနာ တစ်စုံတစ်ရာ မရှိဘဲ၊ ဆရာဝန်ညွှန်ကြားတာလည်း မဟုတ်ဘဲ ကိုယ်သဘောနဲ့ကိုယ်တော့ ပဋိဇီဝဆေး ခေါ်ပိုးသတ်ဆေးတွေကို မသောက်သင့် ပါဘူး။ ပဋိဇီဝဆေးက ဘက်တီရီးယားကိုပဲ သတ်နိုင်ပြီး ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်လို့ သောက်ရင် မထူးခြားဘဲ လူကိုပိုပင်ပန်းနိုင် စေပါတယ်လို့ သိရပါတယ်။
"အများအားဖြင့် အဖျားဟာ ခုနစ်ရက် ကျော်သွားမှ ပဋိဇီဝဆေးသောက်သင့်တယ် လို့ အကြမ်းဖျင်းမှတ်ထားရပါမယ်။ အသက်ရှူ ကျပ်ခြင်း၊ ကိုယ်ပေါ်မှာ သွေးခြေဥတဲ့ အကွက်များထွက်ခြင်း၊ သတိမေ့မောခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင်တော့ မဖြစ်မနေ ဆရာဝန် ကို ပြသဖို့လိုပါတယ်" လို့ ဒေါက်တာ သီဟသစ်က ဆိုပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသောနည်းလည်း ဖြစ်တာ ကြောင့် တုပ်ကွေးမကူးနိုင်အောင် မိမိ ကိုယ်မိမိ ကာကွယ် တတ်ဖို့လိုသလို မိမိမှ ကနေတစ်ဆင့် သူတစ်ပါးကို မကူးစက်နိုင်အောင် ကာကွယ်တတ်ဖို့ လိုပါ တယ်။ အဲဒါကြောင့် လူတိုင်း ဗိုင်းရပ်စ် ပိုး ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် လူအသိ နည်းတဲ့နည်းလမ်းတစ်ခုကို ပါမောက္ခ ရဲမြင့်ကျော်က အခုလိုပြောပါတယ်။
"လူတွေက ချောင်းဆိုးရင် လက်ကိုင် ပ၀ါ အုပ်ဆိုးရမယ်၊ နှာခေါင်းစည်းတတ် ရမယ်ဆိုတာ သိပေမယ့် လူအများ အသိ နည်းနေတဲ့ အချက်က လေထဲကနေ တစ်ဆင့် ကူးတာဖြစ်ပေမယ့် ချောင်းဆိုး လိုက်လို့ ထွက်လာတဲ့ ဗိုင်းရပ်တွေက စားပွဲတို့၊ ပစ္စည်းတွေတို့မှာ တင်ကျန်နေ ခဲ့ကြတော့ ချောင်းဆိုးတဲ့သူနဲ့ကတော့ ကိုယ်ကအဝေးကြီးပေမယ့် အဲ့ဒီပစ္စည်း တွေကိုကိုင်မိရင် ဗိုင်းရပ်စ်ပိုးကူးစက်နိုင် တယ်။ ဒါကြောင့် လက်ဆေးဖို့လိုအပ်တယ်။ ပုံမှန် ဆပ်ပြာနဲ့ဆေးဖို့၊ လက် ခဏခဏဆေးရင် ကာကွယ်ပြီးသားဖြစ် သွားပါတယ်" လို့ သူက ဆိုပါတယ်။ရောဂါပိုးကူးစက်ခံနိုင်ရခြေ အများ ဆုံးရှိတဲ့သူတွေကတော့ ကိုယ်ခံအား နည်းတဲ့ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါ တယ်လို့လည်း ၎င်းက ပြောပါတယ်။ "မြန်မာပြည်မှာတော့ တုပ်ကွေးရိုးရိုး ကြောင့် လူသေတာတော့ မတွေ့ဘူးသေးဘူး။ ဘာကြောင့် လဲ ဆိုတော့ သူက ခဏတစ်ဖြုတ်ပဲဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ" လို့ ၎င်းက ဆိုပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ နာတာရှည်ရောဂါတစ်ခု ရှိတဲ့သူတွေကတော့ သူများထက် ပြင်း ထန်နိုင်လို့ သတိထား သင့်ပါတယ်လို့ ပါမောက္ခ ရဲမြင့်ကျော်က ဆိုပါတယ်။
အဲ့ဒီ အအေးမိခြင်းကို ကာကွယ်ပေးနိုင်တဲ့ တခြားသော နည်းလမ်းကောင်းလေးတွေလဲ ရှိပါသေးတယ်။အဲ့ဒါလေးတွေကတော့
ကိုယ်ခန္ဓာမှာ ရှိနေတဲ့ သွေးဖြူဆဲလ်များအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။
မက်ဆာချူးဆက် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သူ အများစုဟာ မလုပ်တဲ့သူတွေထက် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ၂၅ ရာခိုင်နှုန်း နည်းပါးကြောင်း သိရပါတယ်။ အားကစားဟာ ကိုယ်ခံအား စနစ်ကို အားကောင်း စေတဲ့ အပြင် ခန္ဓာကိုယ်ကနေ သွေးဖြူဆဲလ် ထုတ်လုပ်မှုကိုပါ တိုးပွား စေတာကြောင့် ဖြစ်ပါတယ်။ အားကစားလုပ်တာကြောင့် အအေးမိဝေဒနာ ကင်းဝေးတာနဲ့ တကယ်လို့ အအေးမိဝေဒနာ ရခဲ့ရင်တောင် ခဏနဲ့ ပျောက်ကင်းသက်သာတဲ့ အကျိုး ကျေးဇူးတွေ ရရှိစေပါတယ်။ဒါကြောင့် ကျွန်တော်တို့က ဆောင်းရာသီ မနက်စောစောတွေမှာ လေကောင်းလေသန့်ရရှိတဲ့နေရာ မျိုးတွေမှာ မိမိ စိတ်ကြိုက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
 ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ လေ့လာမှုတွေ အရလည်း ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ စားပေးရင် အအေးမိဝေဒနာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လဲ သိရပါတယ်။ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံတွေကို ဆက်ပြိး လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link လေးမှာ သွားပြီး လေ့လာလို့ ရပါတယ်ဗျာ။ကဲ.......ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ကျန်းမာရေး ဗဟုသုတလေးတွေ ရရှိသွားပြီလို့ ယူဆပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံးလဲ စိတ်ကျန်းမာ ကိုယ်ချမ်းသာ လိုအင်ဆန္ဒများ ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
 (Yekyawphyo)
Fig ~ 1
ကျွန်တော် အခု ပြောပြမဲ့ Post လေးကလဲ Facebook က ကျွန်တော့ Group လေးမှာ ညီလေးတစ်ယောက်က SQL Injection Attrack လုပ်လို့ရတဲ့ အကြောင်းကို မြန်မာလို ဘာသာပြန်ပေးထားတဲ့ E-Book လေးလိုချင်တယ်လို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော့ Facebook က Group လေးမှာတော့ Download Link လေးအဲ့ညီလေးကို ပေးပြီးပါပြီ။ဒါပေမဲ့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေလဲ ဗဟုသုတ အနေနဲ့လေ့လာလို့ ရအောင် အပင်ပန်းခံပြီး ရေးပေးထားတဲ့ ကို (BRB) ရဲ့ E-Book လေးကိုလဲ ကျွန်တော်က ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။အဲ့ဒီ E-Book လေးထဲမှာ ဘာတွေ ရေးထားတယ် ဘာအကြောင်းကို ရေးထားတယ်ဆိုတာကိုတော့ Web Development အကြောင်းသိတဲ့  သူတွေကတော့ မစမ်းပေမဲ့ မသိသေးတဲ့ သူတွေ အတွက်ကတော့ အမြန်ဆုံး Download ဆွဲပြီးတော့သာ လေ့လာကြည့်ပေတော့ပေါ့ဗျာ။ဒါပေမဲ့ ဒီစာအုပ်လေးထဲမှာ ပါတဲ့ နည်းလေးတွေကို ကောင်းတဲ့ နေရာမှာပဲ အသုံးပြုစေချင်ပါတယ်ဗျာ။မကောင်းတဲ့ နေရာ အကျိုးမရှိတဲ့နေရာမှာတော့ အသုံးမပြုစေချင်ပါဘူးဗျာ။Download လုပ်ချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။

SQL Injection Attack Myanmar Version EBook Download Page By Box.com

ကဲ.....သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။ကျွန်တော် စကားလက်ဆောင်ပေးချင်ပါတယ်။အဲ့ဒီ စကားလေးကတော့ (မကောင်းမှု ဟူသည် စိတ်ကွယ်ရာ မရှိ၊ကိုယ် ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်) ဆိုတဲ့ စကားလေးပါပဲ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ အခုတစ်လော ရေပန်းစားနေတဲ့ Windows 8 အကြောင်းလေးပေါ့။ကျွန်တော့ Facebook Group မှာ ညီလေး တစ်ယောက်က Windows 8 ကို အခွေဝယ်လာပါတယ်။ဒါပေမဲ့ အဲ့ဒီ အခွေမှာ Windows Activator မပါလာဘူးလို့ပြောပါတယ်။အမှန် တကယ်ဆိုရင် Software အခွေရောင်းတဲ့ ဆိုင်တွေက Windows Setup File နဲ့ တွဲပြီး Windows Activator တို့ Windows Serial Key တို့ ထည့်ပေးသင့်ပါတယ်။အခုက Windows Activator မပါပဲ ဒီအတိုင်း Setup File ပဲ ထည့်ပြီး ရောင်းလိုက်ပါတယ်။အဲ့ဒီ Windows Activator ကိုကျတော့ သက်သက် နောက်အခွေတစ်ခွေ လုပ်ပြီး တစ်ခွေ 500 ကျပ်နှုန်းနဲ့ ရောင်းပါသတဲ့ဗျာ။ဒါပေမဲ့ ကျွန်တော်တို့လို နည်းပညာကိုလေ့လာနေတဲ့  နည်းသမားတွေ အတွက်တော့ မကြိုက်တဲ့လုပ်ရပ်တစ်ခုပေါ့ဗျာ။ကျွန်တော်တို့တွေတောင် Software တွေကို Online ပေါ်ကနေ Free ပေးနေရတာပဲဗျာ။အဲ့လို မလုပ်သင့်ဘူးလေ။ဒါပေမဲ့ တစ်ဖက်ကို တွေးကြည့်ပြန်တော့လဲ စီးပွားရေးသမားတွေပဲ စီးပွားရေးဆန်ဆန် လုပ်တာ သူတို့အဖို့ကျတော့ မမှားပြန်ဘူးဗျာ။ကဲ....ပါဗျာ။ဒါတွေ ထားလိုက်ပါတော့ ကျွန်တော်ကတော့ ရှု့ထောင့် နှစ်ဖက်ကနေဖြည့်ပြီး တွေးကြည့်ပေးထားတာပါ။ကျွန်တော်ကတော့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေအတွက် Windows 8 အပါအ၀င် Win 7 , Win Vista , Win XP , Etc...... အစရှိတာတွေ အတွက် Windows အားလုံးရဲ့ Activator တွေကို စုစည်းပေးထားတဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။Windows Activator တွေကတော့ Internet မှာ အများကြီးရှိပါတယ်။အဲ့ဒီ အများကြီးထဲကမှ ကျွန်တော် ကြိုက်တဲ့ Activator လေး လက်ဆောင်ပေးပါရစေဗျာ။လိုချင်ရင် အောက်မှာ Download သွားယူလိုက်ပါဦးနော်။File Size လေးကလဲ 45.1 MB ပဲရှိတဲ့ အတွက် Download ယူလို့အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

Windows 8 + All Windows Versions Activator Download Page By Box.com

အသုံးပြုပုံကိုတော့ ကျွန်တော်  Post အရမ်းကြီး ရှည်သွားမှာစိုးလို့ မပြောတော့ပါဘူး။အသုံးပြုပုံကလဲ တကယ်ဆို ရိုးရိုးရှင်းရှင်းလေးရယ်ပါ။ကဲ.....စမ်းပြီး သုံးကြည့်ကြပေါ့ဗျာ။အဆင်ပြေရင်လဲ ကျွန်တော့ IT Bank လေးကို မသိသေးတဲ့ သူတွေကို မျှဝေပေးဦးပေါ့ဗျာ။အဆင်မပြေရင်လဲ Comment မှတ်ချက်လေးပေးပြီး ကျွန်တော့ကို ဝေဖန်အကြံပေးကြပါဦးဗျာ။ကျွန်တော့ IT Bank လေးကို အခုလိုလာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ Computer ကို စတင်လေ့လာသူတွေ အဖို့ အထောက်အကူပြုပေးနိုင်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Software လေးကတော့ Myanmar Typing Tutor လေးပါပဲ။အဲ့ဒီ Software လေးက စက်ကို မလေးစေပဲ ပေါ့ပါပြီး လေ့ကျင့်လို့ကောင်းတဲ့ Software လေးတစ်ခုဆိုလဲ မမှားပါဘူး။ကဲ........ဗျာ။လေ့ကျင့်ဖို့ သင်ခန်းစာအခန်းပေါင်းကလဲ 50 ကျော်ပါတယ်ဗျာ။ကျွန်တော်ဆက်ပြီး လေရှည်မနေတော့ဘူးဗျာ။အောက်မှာ ဓာတ်ပုံလေးနဲ့ကော Download လုပ်ဖို့ Link လေးပါ ပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။
Fig ~ 1

Whizzo Typing Tutor Download Page By Box.com

အပေါ်က Link လေးမှာ Download ယူပြီး မိမိ စက်မှာ Install လုပ်ပြီး ကိုယ့် အိမ်မှာ ရှိတဲ့ သားသား မီးမီး လေးတွေအတွက် Typing လေ့ကျင့်ခိုင်းရင် IT နယ်ပယ်ထဲမှာ တစ်ချိန်ကျရင် ကျွန်တော်တို့ထက် တော်တဲ့ အနာဂတ် သူရဲကောင်းလေးတွေ အဖြစ် မွေးထုတ်ပေးဖို့ ခြေလှမ်း အစပျိုးပေးကြပါစို့လားဗျာ။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော် IT Bank စာဖတ်ပရိတ်သတ်တွေ အတွက် ဘာ Software လေးတွေ ပေးရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုပဲ စဉ်းစားမိလိုက်တယ်ဗျ။အဲ့ဒါကတော့ ကျွန်တော်တို့ Google Chrome ရဲ့ New Tab Style ပုံစံလန်းလန်းလေးကို ကျွန်တော်တို့ PC/Laptop တွေရဲ့ File Browser တွေမှာ အသုံးပြုချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။ဘယ်လိုပုံစံလေးလဲ ဆိုတာကိုတော့ ကျွန်တော် အောက်မှာ ဓာတ်ပုံလေးနဲ့ တကွပြပေးထားပါတယ်ဗျာ။
Fig ~ 1
ကဲ........ဘယ်လိုလဲ သူငယ်ချင်းတို့ရာ ကြိုက်သွားကြပြီ မဟုတ်ဘူး။ကြိုက်သွားရင်တော့ ကျွန်တော်က ပေးဖို့ Ready ပဲဗျာ။ဘာ Serial , ဘာ Keygen မှ မလိုအပ်တဲ့ အတွက် အလွယ်တကူအသုံးပြုလို့ရပါတယ်ဗျာ။အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။

Download Page By Box.com

သူငယ်ချင်းအားလုံး ကျွန်တော်ပေးတဲ့ Software လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site မျှဝေပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.....!
 (Yekyawphyo)
အခု တစ်လော ကျွန်တော် တစ်ချို့ Software လေးတွေ ရှာရင်း ကျွန်တော့ Laptop လေးထဲက Dictionary Software လေးတော်တော်များများ ပြန်ရှာတွေ့နေပါတယ်။အခု လဲ Ayar Unicode Group က ထုတ်လုပ်ထားတာ ကြာပြီ ဖြစ်တဲ့ Ayar Myanmar Unicode Dictionary လေးနဲ့ ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါရစေဗျာ။မနေ့ကတော့ ကျွန်တော် ရွှေရိုး အဘိဓာန်လေး အကြောင်းကို Post တင်ပေးခဲ့ပြီးပါပြီ။အခု Ayar Myanmar Unicode Dictionary လေးကို လိုချင်တဲ့ သူများ ရှိရင် ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးနဲ့ ဖော်ပြထားပါတယ်ဗျာ။Download Link ပါ တစ်ပါတည်းပေးထားပါသေးတယ်ဗျာ။လိုချင်ရင် အောက်မှာ သွားယူလိုက်ပါဦးနော်။တစ်ခု သတိပေးချင်တာကတော့ ဒီ Software လေးရဲ့ ထူးခြားချက်ကတော့ တခြား Software တွေကို Install လုပ်စရာမလိုဘဲ Click နှစ်ချက် နှိပ်လိုက်ရုံဖြင့် ကိုယ့်သိချင်တဲ့ စကားလုံးကို တန်းပြီး ရှာဖွေပေးနိုင်အောင် ပြုလုပ်ဖန်တီးပေးထားတဲ့ Portable Software လေးတစ်မျိုးလဲ ဖြစ်ပါတယ်ဗျာ။
Fig ~ 1
မိမိ စက်မှာ Unicode Font ရှိထားမှ မြန်မာလို အဆင်ပြေစွာ ဖတ်ရှုနိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။Ayar Unicode အဖွဲ့နဲ့ Ayar Unicode အဖွဲ့ရဲ့ အကျိုးပြုပုံတွေ အသေးစိတ်လေ့လာကြည့်ရှုလိုတယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားရောက် လေ့လာလို့ ရပါတယ်ဗျာ။

Ayar Myanmar Unicode Group (ဧရာမြန်မာ ယူနီကုတ် အဖွဲ့)

ဒီအောက်က Link လေးကတော့ Ayar Myanmar Unicode Dictionary Download ရယူနိုင်တဲ့ Web Site Link လေးပါ။ဒီ Software လေးကို ရေးသားသူတွေကတော့ Ma Zar Zar Wint, Ko Kyaw Khaing, Ko Sai Khan Tun တို့ ဖြစ်ပြီး Programmer ကတော့ Ko Soe Min ဖြစ်ပါတယ်ဗျာ။

Ayar Myanmar Unicode Dictionary Download Page


ကဲ........ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေရဲ့ PC တွေ Laptop တွေမှာ Dictionary တွေ စုံသလောက်ရှိသွားပြီပေါ့နော်။ကိုယ် မသိတဲ့ English စကားလုံးတွေများ ရှိခဲ့ရင် ကျွန်တော် ပေးတဲ့ Dictionary လေးတွေမှာ ရိုက်ပြီးတော့ သာရှာပေတော့ဗျာ။

ကြိုးစားလျက်.......!
  (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -