Showing posts with label (ကျန်းမာရေး). Show all posts

IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့ IT Bank Site က သင်္ကြန်မှာ ကဲမယ်ဆိုတဲ့ စာဖတ်ပရိတ်သတ်တွေ အတွက် နွေရဲ့ နေရောင်နွေးနွေးလေး နဲ့ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးအကြောင်းလေး ကျွန်တော် လေ့လာထားသလောက်ဖတ်ရှုထားသလောက်လေး စာဖတ်ပရိတ်သတ်တွေကို မျှဝေပေးပါ့ရစေဗျာ။ကျွန်တော်ကတော့ သင်္ကြန်မှာ မကဲပါဘူး။ဘုန်းကြီးဝတ်မှာ ဆိုတော့ ကျွန်တော့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ကော ကျန်းမာရေးအရကော သတိပေးတဲ့ အနေနဲ့ပါ။
ခရမ်းလွန်ရောင်ခြည် သတိပေးချက်

ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါး ကျရောက်နေကြောင်း “ရင်ထဲက အမွေ” သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။
Ultraviolet  Ray ဟုခေါ်သည့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြန်မာနိုင်ငံတွင် မြင့်တက်နေသည့်အတွက် အထူးသတိထား သွားလာကြဖို့ ၊ အထူးသဖြင့် သင်္ကြန်ကာလအတွင်း အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးခဲ့သည်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁)အထက် ကျော်နေသောကြောင့် သတ်မှတ်စိုးရိမ် ညွှန်းကိန်းအထက်သို့ ရောက်ရှိနေတာဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။
"မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"
သင်္ကြန်ကာလ ဧပြီလအတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ပိုများမယ်လို့ ယူဆရပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ဖို့ ဦးထုပ် အဝိုင်းကြီးကြီးဆောင်းဖို့ ၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်များ လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးခဲ့သည်။
ကမ္ဘာ့လေထုအထက်မှာရှိနေတဲ့ အိုဇုန်းလွှာ ပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်းလည်း သိရသည်။
  အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် သုတ်ပိုးသေတဲ့ ရောဂါများအထိ သက်ရောက်နိုင်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိ ကျရောက်ခဲ့ပြီး ကော့သောင်းမြို့တွင် ၁၃ ဒသမ ၂၊ ထားဝယ်မြို့တွင် ၁၃ ဒသမ ၂၊ ပုသိမ်မြို့တွင် ၁၃ ဒသမ ၁၊ နေပြည်တော်တွင် ၁၁ ဒသမ ၇၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၈၊ ဘားအံမြို့တွင် ၁၂ ဒသမ ၈၊ လွိုင်ကော် ၁၂ ဒသမ ၄ ၊ တောင်ကြီးတွင် ၁၂ ဒသမ ၀ အထိ အသီးသီး ကျရောက်ခဲ့သည်။

“မနှစ်က မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက အဆင့် ၁၀၊ ၁၁ ပဲရှိတယ်။ ဒီနှစ်မှာ ၁၃ အထိ ရှိလာတယ် ဆိုတော့ ပိုများလာတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နီးပါး ကျရောက်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။

“နေကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်က စွမ်းအင်မြင့်တဲ့အတွက် လူတွေနဲ့ထိရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို အန္တရာယ်ရှိသော ရောင်ခြည်များလို့လည်း ခေါ်တယ်။ ဒါတွေကို လူသားတွေဆီ မရောက်အောင် သဘာဝတရားက လေထုထဲမှာ ကာကွယ်ပေးထားတာ ရှိတယ်။ အဲဒါက အိုဇုန်းလွှာပဲ။ ကမ္ဘာမှာ ဓာတ်ငွေ့ထုတ်လုပ်မှု များလာတဲ့အတွက် အိုဇုန်းလွှာက ပေါက်သွားပြီ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို တိုက်ရိုက်ထိလာပြီ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို တိုင်းတာရာတွင် သုညမှ ၃ အထိကို အနိမ့်စား၊ အဆင့် ၄ မှ ၇ အထိကို အသင့်အတင့်၊ ၈နှင့် အထက်ကို အန္တရာယ်ရှိ အဆင့်အဖြစ် သတ်မှတ်ထားသည်။

“ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်က မွန်းတည့်ချိန်ပေါ့။ တစ်နေ့လုံး မဟုတ်ပါဘူး။ မွန်းတည့်ချိန်ကို ရှေ့တစ်နာရီ နောက်တစ်ရီဆိုတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ၂ နာရီလောက် အထိကို နေပူထဲသွားလာတာတွေ သတိပြုပါ။ အကာအကွယ်မဲ့ မသွားပါနဲ့။ ထီး၊ နေကာမျက်မှန်၊ အင်္ကျီ ထူထူ စတာတွေကို ၀တ်ဆင်သင့်ပါတယ်၊ အညွှန်းကိန်း ၉ အထက် အဆင့်က အမြင်အာရုံ ချို့ယွင်းတာတွေ၊ အရေပြားဆိုင်ရာ ပြဿနာတွေ သတိပြုသင့်တယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ဒါကြောင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို တစ်ခု သတိပေးချင်တာကတော့ သင်္ကြန်မှာ ကဲမယ်ဆိုရင်လဲ ဦးထုပ် ၊ အနွေးထည်လက်ရှည်ထူထူ တို့ဝတ်ဆင်ထားသင့်ပါတယ်။သင်္ကြန် အချိန်အခါ မဟုတ်လဲ နွေရာသီမှာ ကိစ္စတစ်ခုခုကြောင့် အပြင်သွားရတယ်ဆိုရင်ပဲ ဦးထုတ်၊ ထီးတို့ကို ယူသွားသင့်ပါတယ်။နေရောင်ခြည် ကာကွယ်နိုင်တဲ့ အကာအကွယ်တစ်ခုခု ယူသွားပါလို့ ကျွန်တော် အထူးအကြံပေးချင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကျပြီး နှစ်သစ်မှာ ဘေးအန္တရာယ်တွေ ကင်းရှင်းစွာဖြင့် နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Online ပေါ်က Web Site တွေကနေ အနည်းငယ်ကူးယူဖော်ပြပေးထားတာဖြစ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
  (YeKyawPhyo)
Fig ~ 1

ကျွန်တော် ဒီ တစ်ခါတော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေ အတွက် ကျန်းမာရေးနဲ့ သတ်ဆိုင်တဲ့ ဗဟုသုတလေး တစ်ခုနဲ့ ကျွန်တော် လေ့လာထားသလောက်လေး မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တို့  နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ကျွန်တော်တို့ လူသားတွေ တစ်နေ့လုံး အလုပ်ခွင်မှာ တက်တက်ကြွကြွနဲ့ အလုပ်တွေကို ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက ကျွန်တော်တို့ လူသားတွေအတွက် အားဖြည့်လောင်စာ တစ်မျိုး ပါပဲ။အာဟာရ ပြည့်ဝပြီး အရသာရှိတဲ့ နံနက်စာက ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကိုကောင်းစွာ ပေးစွမ်း နိုင်ပါတယ်။ကျွန်တော်တို့က တစ်ခါတစ်လေ အလုပ်ချိန်မမှီတော့တာတို့ ဗိုက်မဆာလို့ နံနက်စာ မစားမိတာမျိုးဆိုရင်တော့ တစ်နေကုန်ရင်ခံ သွားပြီး နေ့လယ်စာပါ စားမဝင် နိုင်တာမျိုး ရင်ပြည့်သွားတာမျိုးတို့ ဖြစ်တတ်ပါတယ်။ဒါမှမ ဟုတ် နေ့လယ်စာကို ပိုစားမိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။တကယ်တော့ ကျွန်တော်တို့လူသားတွေဟာ နံနက်စောစော အချိန်မှာ လူတစ်ယောက် အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ဒါမှလဲ ကျွန်တော်တို့ လူသားတွေအတွက် တစ်နေကုန်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွလန်းဆန်းစွာနဲ့ လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်။နံနက် အိပ်ရာ ထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝ နာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာ နိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့် အစာအိမ်ကို ဒုက္ခပေးနိုင် သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ အတွက် တက်ကြွလန်းဆန်းမှုတွေ မရှိတော့ဘဲ စိတ်ထဲမှာ ထုံထိုင်းစေပြီး တစ်နေတာရဲ့ လုပ်ဆောင်မှုတွေကိုလည်း နှေးကွေး စေပါတယ်။နံနက်စာ မစားလို့ နေ့လယ်စာကို ပိုစားမိ ပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်တို့ လူသားတွေဟာ နံနက်စာကိုသာ ကောင်းကောင်း အချိန်မှန်မှန်နဲ့ စားထားခဲ့မယ်ဆိုရင် သင့် တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင် သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင် တာတွေကို ခွန်အား အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံးပေးရ ပါမယ်။သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေ လိမ္မော်သီးတွေ ကို ဖျော်ရည် ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့် ပါတယ်။မစားရင်တော့ ကိုယ့် ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့က နံနက်စာ စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြောင်းလဲ သင့်ပါပြီ။နံနက်စာက ကျွန်တော်တို့လူသားတွေရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ် ဆိုရင် ဒီနေ့ပဲ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရွေးချယ်လိုက်ကြရအောင်ဗျာ။တကယ်ဆိုရင် ကျွန်တော်တို့က နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ အပူတွေ သောက်မယ့်အစား နံနက်စောစော စီးစီးမှာ ရင်ကို အေးမြပြီး လန်းဆန်းစေတဲ့ သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာပြီး နုပျို စေပါတယ်။ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်(Vitamin) နဲ့ သတ္တုဓာတ်(Zinc) တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင်အေ(Vitamin A) က သင့်အမြင်(မျက်လုံး) ကို ကြည်လင်စေပြီး အသားအရေ လှပ စေပါတယ်။ ဗီတာမင်ဘီ(Vitamin B) အုပ်စုက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်သျှုးတွေကို အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရှိ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ(Vitamin C) က ခန္ဓာကိုယ် အတွက် သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ် စေတာကြောင့် ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံဖြစ်ပေါ်တက်တဲ့ အနာများကို အကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ(Vitamin D) က အရိုးနဲ့ သွားတွေကို သန်မာ စေပါတယ်။ ဗီတာမင်အီး(Vitamin E) က အိုမင်း ရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ေ ပ်ါမှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့က နံနက်စာကို ဖျော်ရည် တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ဗီတာမင် ဓာတ်တွေကို ရရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘ၀ ကို သင့်ရွှေးချယ်မှုကနေ ဆုံးဖြတ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အနေနဲ့လဲ အာဟာရပြည့်ဝပြီး ကောင်းမွန်တဲ့ နံနက်စာကို ရွေးချယ်ပြီး ကျန်းမာသော ဘ၀လမ်းခရီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးထဲက စာသား တစ်ချို့တွေကို မြ၀တီ Web Portal မှ ကူးယူထားပြီး တစ်ချို့စာသား တွေကိုတော့ အနည်းငယ် ပြင်ဆင်ထားပါတယ်ဗျာ။
ကြိုးစားလျက်......!
 (YeKyawPhyo)
Fig ~ 1
 ဒီ တစ်ခါတော့ ကျွန်တော် မျှဝေပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ အမျိုးသားတွေနဲ့ သတ်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုလေးပေါ့ဗျာ။ဒီ Post လေးကို ကျန်းမာရေးရှု့ထောင့်အမြင်လေးနဲ့ပဲ မြင်ပေးကြပါဗျာ။

ပြဿနာ(၁)

ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော် မင်္ဂလာဆောင်ပြီးပါပြီ။

ကျွန်တော့ သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။

ပြဿနာ(၂)

ဆရာ ကျွန်တော် အသက် (၁၈) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း Sexy ကျတဲ့မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ဟုတ်ပါသလား ဆရာ။

စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်း သည့် အကျိုးများမှာ-

၁။သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း

လေ့လာမှုအမျိုး မျိုးက သုက်လွှတ် ခြင်းက သုက်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်း သောအိပ်ဆေး မရှိသေး ပေ။

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း

စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှု လျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။

၎။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်း အမှန်က စိတ်ဖြေခြင်း များများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘောပင် ဖြစ်လေသည်။

ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံ သူများတွင် သက်ရောက်မှုရှိ လာပါက ရှောင်ကြဉ် သင့်ပါသည်။
ဖိုးသောကြာ
Ref: MNT
Health Updates Journal
Vol-2,No-3
ကြိုးစားလျက်.....!
(Yekyawphyo)
Fig ~ 1
ဒီ တစ်ခါလဲ ကျွန်တော် ယောကျာ်း၊မိန်းမ ကလေး၊လူငယ်၊လူကြီး အရွယ်သုံးပါးလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ဒီ ကျန်းမာရေး ဗဟုသုလေးကတော့ တကယ်ကို အသုံးဝင်ပြီး သင့်ဘ၀အတွက် အသက်ရှည်ရှည်နေနိုင်ပြီး ရောဂါဘယတွေ ကင်းဝေးစေနိုင်တဲ့ Blog လေးတစ်ခုပေါ့ဗျာ။ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်တွေထဲမှာရှိနေတဲ့ သာမန်မျက်လုံးတွေနဲ့ မမြင်နိုင်လောက်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အစားအစာ (10) မျိုးအကြောင်းပေါ့ဗျာ။

(၁) အသီးအနှံတွေဟာ သင့်ခန္ဓာကိုယ်မှ အဆိပ်တောက်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။
ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျှောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။

(၂) အစိမ်းရောင်အစာများ
ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင်ရေညှိ၊ ဘာလီ၊ ကိုက်လန်ရွက်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။အဲဒီအရွက်တွေမှာ အစာချက်နိုင်တဲ့ ကလိုရိုဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက်နေတဲ့အဆိပ်ဓာတ်တွေ ပါဝင်တဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး
ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီနိုင်ပါတယ်။နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။ဒါကြောင့် တစ်ချို့လူတွေကတော့ ကြက်သွန်ဖြူနဲ့ ပျားရည်စစ်စစ်တွေကို စိမ်ပြီး စားသုံးကြတာမျိုးတွေရှိပါတယ်။

(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်း
ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။

(၇) ပဲစေ့ အမျိုးမျိုး
အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။

(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)
ကြက်သွ န်နီ၊ မုန်လာဥနီ၊ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

(၉) အစေ့နှင့် အခွံမာသီးများ
ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ်ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။ဒါကြောင့် ထမင်းစားပြီးတဲ့ အချိန်မျိုးတွေမှာဆို သီဟိုဠ်စေ့ကို အနည်းငယ်စားသုံးသင့်ပါတယ်။ပိုပြီး စားသုံးမိရင်တော့ ကိုယ့်ကိုကိုယ် ဒုက္ခပြန်ပေးပြီး ခေါင်းမူးတက်တာမျိုးတွေ ဖြစ်တက်ပါတယ်။

(၁ဝ) အိုမီဂါ ၃ အဆီ
ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။
ကဲ.........ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်တွေ အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး တစ်ခု တိုးသွားပြီပေါ့ဗျာ။ကျွန်တော် ဒီ Post လေးကို မြ၀တီ ကျန်းမာရေးကဏ္ဍ မှနေကူးယူဖော်ပြပြီး စာသားအနည်းငယ် ပြန်ပြီး ပြင်ဆင်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
 ကျွန်တော် အခု ပြောပြမဲ့ Post လေးတွေကတော့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုလေး တစ်ခုကိုပြောပြပေးသွားပါ့မယ်ဗျာ။ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်တွေ ထဲမှာလဲ အမျိုးသမီးစာဖတ်ပရိတ်သတ်တွေလဲ အနည်းနဲ့ အများတော့ ရှိကြမယ်ဆိုတာ သေချာပါတယ်ဗျာ။

သင့်ရင်သား ကျန်းမာစေရန် စားသင့်သည်များ

အိုမီဂါ - ၉

နှလုံး ကျန်းမာရေး အတွက် အိုမီဂါ-၃ အဆီ စားသင့်တယ် ဆိုတာ သိထားကြပေမယ့် အိုမီဂါ-၉ အဆီကို စားသုံးဖို့ လိုတယ်ဆိုတာ သင်သိချင်မှ သိပါ လိမ့်မယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေ အရ အိုမီဂါ-၉ က ကင်ဆာဆဲလ် တွေကို သေစေနိုင်ပြီး ရင်သား ကင်ဆာ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ပိုမို ထက်မြက် စေပါတယ်။ အိုမီဂါ -၉ ဆိုတာ အိုလိအက်စစ် (Oleic Acid) ဖြစ်ပြီး ဗန်ဒါစေ့၊ ထောပတ်သီးနဲ့ သံလွင်ဆီတို့တွေမှာ ပါဝင်ကြပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အဲ့ဒီ သုံးမျိုးက ဖေါဖေါသိသိကို ရရှိနေတာဖြစ်ပါတယ်။ပြောင်းလဲမှု အဆင့်ဆင့် မပြုလုပ်မီ ပထမဆုံး ကြိတ်ယူ ရရှိလာတဲ့ သံလွင်ဆီမှာ ဖိုက်တိုကမ်မီကယ်တွေ ပါဝင်တာကြောင့် Free radicals တွေကို ဟန့်တား ပေးပါတယ်။ တစ်နေ့ကို အိုမီဂါ-၉ အဆီ အနည်းဆုံး စားသင့်တဲ့ ပမာဏက ထောပတ်သီး တစ်လုံးရဲ့ ငါးပုံတစ်ပုံ၊ ဗန်ဒါစေ့ တစ်အောင်စ၊ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းကိုနေ့စဉ်စားသုံးပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

သုတေသီ တွေက အိုမီဂါ - ၉ မှာ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် ဗိုက်မှာရှိတဲ့ အဆီတွေ လျော့ကျ စေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်ဆေး မတိုးတာကို လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေကို ပါ လျော့နည်းစေ တယ်လို့ ပြောပါတယ်။

ဖလေဗိုနွိုက်

အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှု လျှော့ချပေးနိုင်တဲ့ အာနိသင်အပြင် ကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကိုလည်း လျှော့ချပေး ပါတယ်။ ဖလေဗိုနွိုက် တွေက Free radicals ကို ဖယ်ရှားပေးပြီး ဆဲလ်နံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ် ပေးပါတယ်။ လက်ဖက်စိမ်း၊ စပျစ်သီးနဲ့ ချောကလက် အညိုမှာ ဖလေဗိုနွိုက်တွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် သင်စားတဲ့ အစားအသောက်တွေထဲမှာ ဖလေဗိုနွိုက် ပါဝင်အောင် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ဖလေဗိုနွိုက်က သွေးကြောနံရံတွေကို ပျော့ပျောင်း စေပြီး သွေးကြောတွင်း သွေးခဲ ဖြစ်ပေါ်မှုနှုန်း လျော့နည်းစေခြင်းဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

ဗီတာမင်အေ

လတ်တလော တွေ့ရှိချက်အရ ဗီတာမင်အေက ရင်သား ကင်ဆာ ရောဂါနဲ့ ဆက်စပ်မှု ရှိနိုင် တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဗီတာမင်အေက အင်တီ အောက်ဆီးဒင့် ဖြစ်တာကြောင့် Free Radicals တွေရဲ့ ဖျက်ဆီးမှုကနေ ကာကွယ် ပေးတာကြောင့်လို့ လေ့လာသူ တွေက ကောက်ချက်ချ ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ စိမ်းနဲ့ ဟင်းနုနယ်ရွက်၊ လိမ္မော်ရောင် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီးတွေမှာ ဗီတာမင်အေ ပေါများစွာ ပါဝင်နိုင်ပါတယ်။ မိန်းကလေး တစ်ယောက်က တစ်နေ့ကို ဗီတာမင်အေ ၇၀၀-၉၀၀ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဗီတာမင်အေက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ပိုလျှံနေပါက အသည်းထဲမှာ သိုလှောင် သိမ်းဆည်း ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ကာလကြာရှည်စွာနဲ့ ပမာဏ များများ ရောက်ရှိနေ ပါက ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဗီတာမင်အေ ရရှိဖို့ ဆေးသောက်မယ့် အစား အစားအစာကနေ ရအောင် ယူသင့်ပါတယ်။

ပိုဆောင်း ရနိုင်သော အကျိုးတရား

ဗီတာမင်အေက သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းထား ပေးပါတယ်။

ဖောလိတ်

ဖောလိတ်က ဒီအင်န်အေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်တွေ ကြီးထွားဖို့လည်း လိုအပ်ပါတယ်။ သဘာဝ အစားအစာတွေ ကနေ ရယူစားသုံးပါက ခန္ဓာကိုယ်ထဲမှာ လွန်ကဲ သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲညွန့်နဲ့ အချဉ်ဓာတ် ပါဝင်တဲ့ အသီးတွေကနေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်လောက် လိုအပ်ပြီး ၁၀၀၀ မီလီဂရမ်ထက် ကျော်လွန်ပါက အန္တရာယ် ရှိနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ်မှာ သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် ဖောလိတ် လိုအပ်ပါတယ်။

လိုင်ကိုဖင်း

လိုင်ကိုဖင်းက ရင်သား ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တား နိုင်ပါတယ်။ ဖရဲသီး၊ ကညွတ်၊ မာလာကာသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေ ကနေ ရယူ နိုင်ပါတယ်။ ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက အစိမ်းထက် လိုင်ကိုဖင်းဓာတ်ကို ပိုမိုရရှိနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်တာကြောင့် ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက သံလွင်ဆီ ထည့်ချက်ပြီး တစ်ပတ် နှစ်ကြိမ် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

လိုင်ကိုဖင်းက အဆုတ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ

ရင်သား ကင်ဆာရောဂါ ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီ ချို့တဲ့ နေတတ်ပါတယ်။ လေ့လာမှုအရ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ၅၃ ရာခိုင်နှုန်းက ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရ ပါတယ်။ ဗီတာမင်ဒီကို ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဥအမျိုးမျိုးကနေ ရယူနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ် အတွက် ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏအတိုင်း ရှိနေပါက ရင်သား ကင်ဆာတင် မကပါဘူး။ အားလုံးသော ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်ပြီး အရွယ် မတိုင်မီ သေဆုံးနိုင်ခြေလည်း လျော့နည်း စေနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
GOOD HEALTH

ကျွန်တော် ဒီ Post လေးကို Aye Chan Mon Facebook Media မှကူးယူထားပြီး စာသားအနည်းငယ်ပြင်ဆင်ပြီး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အဆင်ပြေအောင်ဖတ်ရှုနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်ဗျာ။ကဲ......ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!

(Yekyawphyo)
Fig ~ 1
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ Post လေးပါဗျာ။ကျန်းမာရေး ဆိုပေမဲ့ ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်သက်ဆိုင်တဲ့ ကျန်းမာရေးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အခု Post လေးကို မြ၀တီ သတင်းဌာနက ကျန်းမာရေးကဏ္ဍ ကနေ ကူးယူပြီး စာသားအနည်းငယ် ပြင်ဆင် တည်းဖြတ်ထားပါတယ်ဗျာ။
အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....

Vitamin C

Vitamin C ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုအတွင်းသို့ လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ သစ်သီးဝလံများ၊အစပ် အရသာရှိတဲ့ ငရုတ်သီးစိမ်း၊Broccoli ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာဆိုရင် Vitamin C ဓာတ် အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ လိင်အဂါင်္ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုးနိုင်စွမ်းလဲ ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။

Magnesium

Magnesium ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ Magnesium ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။Magnesium ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

အမျှင် (Fibre)

သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီး ကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
ဒီ အချက်တွေဟာ ကျွန်တော်တို့ အမျိုးသားတွေ အားလုံး အတွက် အရေးကြီးဆုံး ကျန်းမာရေး အသိ ပညာဗဟုသုတ တစ်ခုဖြစ်လို့ ကျွန်တော့ IT Bank စာဖတ်ပရိသတ်တွေထဲက ယောကျာ်းလေးတွေ အားလုံး လေ့လာသင့် ဖတ်ရှုသင့်တဲ့ Post လေး တစ်ခုလို့လဲ ကျွန်တော့ အနေနဲ့ မြင်မိပါတယ်ဗျာ။
(From ~ Myawady Online News Health Tag)
ကြိုးစားလျက်......!
 (YeKyawPhyo)
Fig ~ 1
ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေမှာ Model လေးတွေ ဖြစ်ချင်တဲ့ မိန်းကလေးတွေ ယောကျာ်းလေးတွေ အနည်းငယ်လောက်တော့ ပါကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။တကယ်တော့ Model ဆိုတာက ခန္ဓာကိုယ် အချိုးအစားဟာ အလွန် အင်မတန် ပြေပြစ်ပြီး အပြစ်ပြောစရာ မရှိအောင် လှပလွန်း ကြည့်ကောင်းလွန်းတဲ့ သူတွေကို Model လို့သိထားကြတာလေ မဟုတ်ဘူးလားဗျ။ Model ခန္ဓာကိုယ် အချိုးအစားဖြစ်စေမဲ့ ကဏ္ဍထဲမှာ အရေးကြီးဆုံးတစ်ခု အပါအ၀င်ဖြစ်တဲ့ ကျစ်လျစ်သွယ်လျပြီး လှပတဲ့ ပေါင်တံလေးတွေ ဖြစ်စေချင်တဲ့ Model ကိုကို မမ တွေအတွက် အဲ့ဒီလို ဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ပြုလုပ်ရမယ် ဆိုတာကို ကျွန်တော် ပြောပြပါ့မယ်ဗျာ။
ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။

(၁) Firming Cream လိမ်းပါ
ပေါင်တံ ကျစ်လျစ်ကာ တင်းရင်းလှပသွားစေမယ့် Firming ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ Firming ခရင်မ်ကို ရွေးချယ်ရာမှာ ကဖင်းဓာတ်နဲ့ Hyaluronic acid တို့ ပါဝင်တဲ့ အမျိုးအစားဟာ ပေါင်က အဆီပိုတွေကို ရှစ်နာရီကျော်ကြာတဲ့အထိ ဖုံးကွယ်ထားနိုင်ပါတယ်လို့ နယူးယောက်ခ် တက္ကသိုလ်က ပါမောက္ခဒေးက ရှင်းပြပါတယ်။

(၂) ပေါင်တံကို နှိပ်နယ်ပေးပါ
ပေါင်တံကို နှိပ်နယ်ပေးတာကြောင့် အရေပြားတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ချောမွတ်တင်းရင်းတဲ့ ပေါင်တံအလှကို ရရှိစေပါတယ်။ နှိပ်ရမယ့်နည်းက အရင်ဆုံး ပေါင်အတွင်းသားနေရာကို လက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်ပေးပါ။ ပြီးရင် လက်ချောင်းတွေကို ရှေ့ကို တန်းတန်းဆန့်ပြီး ခန္ဓာကိုယ်ကို သုံးပြီး စက်ဝိုင်းပုံအတိုင်း လှည့်လည်ဖိနှိပ်ပေးပါ။အပေါ်မှာ ကျွန်တော် ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။

(၃) ဆောင့်ကြောင့်ထိုင်ပါ
ပေါင်ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်လေလေ၊ အဆီတွေက လျော့ကျလေလေ ဖြစ်တတ်ပါတယ်” လို့ နစ်ကိုးကဒ်မင်းရဲ့ နည်းပြစတုန်းက ရှင်းပြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ပေါင်တံကျစ်လျစ် သွယ်လျစေပါတယ်။ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်ကာ တင်ပါးကို နောက်ပစ်ရင်း ဒူးကွေး ထိုင်ချပါ။ တစ်နေ့ ၁၅ ကြိမ်လောက်နဲ့ တစ်ပတ်မှာ သုံးရက်လောက် လေ့ကျင့်ပေးပါ။
ကဲ.....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site လေးမှာ Model ဖြစ်ချင်ကြတဲ့ ကိုကို တွေ မမ တွေ အတွက် ဒီ ကျန်းမာရေး ဗဟုသုတလေးက တစ်ဖက်တလမ်းကနေ ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို www.yatanarpon.com.mm ရဲ့ ကျန်းမာရေး ကဏ္ဍ ကနေ ကူးယူဖော်ပြပြီး ကျွန်တော့ စာသားလေးတွေ အနည်းငယ် ပြန်ပြင်ဆင်ပြီး စာဖတ်သူတွေ အဆင်ပြေအောင် ကျွန်တော် ဖြည့်ထည့်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
ဟတ်....ချိုး.....ဟတ်.....ဟတ်.....ချိုး ကျွန်တော် အခု ဒီ Post ကို စတင်ရေးနေတဲ့ အချိန် ကျွန်တော် ကိုယ်တိုင်လဲ နှာချီပြီး နေမကောင်းချင်သလို ဖြစ်နေပါတယ်။ဘယ်လိုဖြစ်တာလဲဆိုရင်တော့ ဆောင်းရာသီရဲ့ ရာသီ အကူးအပြောင်းဖြစ်တဲ့ အချိန်နဲ့သွားတိုက်ဆိုင်ပြီး အအေးမိသွားတာပါ။အဲ့ဒီလို ရာသီ အကူးအပြောင်းတွေမှာ အအေးမမိအောင် ဘယ်လို ကာကွယ်သင့်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေကို ကျန်းမာရေး အသိပညာလေး မျှဝေပေးပါရစေဗျာ။အမှားအယွင်းလေးတွေများ ရှိနေခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါဗျာ။
အဲ့ဒီ အအေးမိခြင်းကို ကျွန်တော်တို့ ဆောင်းတွင်းနဲ့ မိုးတွင်း တို့တွေမှာ အများဆုံးအဖြစ်များကြပါတယ်။အဲ့ဒီ အအေးမိခြင်းက ကလေး မှ စ လူငယ် လူကြီးတွေ အဆုံး ဖြစ်လေ့ဖြစ်ထရှိပါတယ်။အဲ့ဒီလို အအေးမိလာရင် ကျွန်တော်တို့တွေ ခံစားလာရမဲ့ အချက်တွေကတော့ နှာချေမယ်၊ လည်ချောင်း(အာခေါင်) မှာ မသက်မသာနဲ့ နာလာ မယ်၊ နှာရည် ကျမယ်၊ ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲ၊ဇက်ကြောတွေ တက်လာမယ် မအီမသာ ဖြစ်တာ တွေ ဖြစ်လာပြီဆိုရင် အအေးမိပြီး ဖျားတော့ မယ့်ဆိုရင် ဒါဟာလေထုထဲမှာ ရှိတဲ့ ကျွန်တော်တို့ကို ဒုက္ခပေးမဲ့အမျိုးမျိုး သော ဗိုင်းရပ်စ် ပိုးတွေဟာ အသက်ရှူု လမ်းကြောင်းအပေါ် ပိုင်းကို ၀င်ရောက်ကူးစက်ရာကနေ ဖြစ်ပေါ် လာတဲ့ ရောဂါလက္ခဏာ စုတွေပါပဲ။အဲ့ဒီလို  အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော် လောက် ရှိပြီး ဖြစ်ဖြစ်သမျှသော အအေးမိ ဖျားနာခြင်း တွေရဲ့ (ရေမြေ ရာသီဥတုပေါ် မူတည်ပြီး) ၁၀ ရာနှုန်းကနေ ၄၀ ရာနှုန်းအထိ ဖြစ်စေတဲ့ အဓိကတရားခံကတော့ ရိုင်နိုဗိုင်းရပ်စ်ဖြစ်ပြီး၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးက ၂၀ ရာခိုင်နှုန်း လောက် ကို ဖြစ်စေနိုင်ကာ ကလေးငယ်တွေမှာ ပိုအဖြစ်များတဲ့ Respiratory Syncytial Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကတော့ အအေးမိခြင်း တွေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ကို ဖြစ်စေနိုင်ပါတယ်။အအေးမိဖျားနာခြင်းရဲ့ အဓိက အကြောင်း ရင်းကတော့ ဗိုင်းရပ်စ်ပိုးဟာ လေထုထဲကနေ တစ်ဆင့် ကူးစက်တာဖြစ်သလို၊ မသန့်ရှင်း တဲ့ လက်တွေကနေတစ်ဆင့် ကူးစက်ခံရတာ ဖြစ်ပြီး အဲသလိုဖြစ်စေတဲ့ အကြောင်းရင်း ကတော့ ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်ပြီး အပင်ပန်းလွန်ထားခြင်း၊ အိပ်ရေးပျက် ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ထား ခြင်း၊ အသီးအရွက် သစ်သီးဝလံ လုံးဝမစား ခြင်း၊ ကိုယ်ခံအားကျစေတဲ့ ဆေးတွေကို ရောဂါ ကြောင့် မှီဝဲနေရခြင်းကြောင့်ဖြစ်ပါတယ် လို့ ကျန်းမာရေး ဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာသီဟသစ်ကလဲ အခုလို ရှင်းပြပေးခဲ့ပါသေးတယ်။
အအေးမိဖျားနာခြင်းဟာ ဘာဆေးမှ မသောက်ဘဲ နားနေလိုက်ရင် အလိုလို ပျောက် သွားနိုင်တဲ့ရောဂါမျိုး ဖြစ်ပေမယ့် ဆေးခန်း အပြရဆုံး ရောဂါနဲ့ အလုပ်အပျက်ရဆုံး အကြောင်းတရားလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ "ဒီရာသီတုပ်ကွေးကြောင့် ဆရာဝန် တွေရဲ့ ဆေးခန်းတွေမှာတောင် လူနာတွေနဲ့ အပြည့် ပါပဲ" လို့ သူက ပြောပါတယ်။
တုပ်ကွေးမိခြင်းအတွက် အရေးကြီးဆုံး ကုသမှုကတော့အိပ်ရာထဲမှာ အနားယူခြင်း ပါပဲ။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့အတွက် ပါရာစီတမောပါတဲ့ ဆေးတွေကို သောက်ပြီး အဆင်ပြေစေနိုင် သလို နားနေတဲ့အချိန်မှာ ရေနွေးကြမ်း၊ ကွမ်းရွတ်ပြုတ်ရည်၊ နို့ပူပူ စတဲ့ အရည် တွေကို များများ သောက်ပေးခြင်းဖြင့် မြန်မြန် နေကောင်း စေနိုင်ပါတယ်လို့ ဒေါက်တာသီဟ သစ်က ပြောပါတယ်။
"ဗိုက်တာမင်စီ သောက်ပေးတာ အအေးမိ ခြင်းကို ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပြီး၊ ကလေးငယ်တွေအတွက်ဆိုရင်တော့ ပါတာ စီတမောနဲ့ ဗိုက်တာမင်စီတို့ကို ကလေး အထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ တိုက်ရပါမယ်။ ကိုယ်သဘောနဲ့ကိုယ် တိုက် တာ မကောင်းပါဘူး" လို့သူက ပြောပါ တယ်။
ဘာမှပြင်းထန်တဲ့ ဝေဒနာ တစ်စုံတစ်ရာ မရှိဘဲ၊ ဆရာဝန်ညွှန်ကြားတာလည်း မဟုတ်ဘဲ ကိုယ်သဘောနဲ့ကိုယ်တော့ ပဋိဇီဝဆေး ခေါ်ပိုးသတ်ဆေးတွေကို မသောက်သင့် ပါဘူး။ ပဋိဇီဝဆေးက ဘက်တီရီးယားကိုပဲ သတ်နိုင်ပြီး ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်လို့ သောက်ရင် မထူးခြားဘဲ လူကိုပိုပင်ပန်းနိုင် စေပါတယ်လို့ သိရပါတယ်။
"အများအားဖြင့် အဖျားဟာ ခုနစ်ရက် ကျော်သွားမှ ပဋိဇီဝဆေးသောက်သင့်တယ် လို့ အကြမ်းဖျင်းမှတ်ထားရပါမယ်။ အသက်ရှူ ကျပ်ခြင်း၊ ကိုယ်ပေါ်မှာ သွေးခြေဥတဲ့ အကွက်များထွက်ခြင်း၊ သတိမေ့မောခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင်တော့ မဖြစ်မနေ ဆရာဝန် ကို ပြသဖို့လိုပါတယ်" လို့ ဒေါက်တာ သီဟသစ်က ဆိုပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသောနည်းလည်း ဖြစ်တာ ကြောင့် တုပ်ကွေးမကူးနိုင်အောင် မိမိ ကိုယ်မိမိ ကာကွယ် တတ်ဖို့လိုသလို မိမိမှ ကနေတစ်ဆင့် သူတစ်ပါးကို မကူးစက်နိုင်အောင် ကာကွယ်တတ်ဖို့ လိုပါ တယ်။ အဲဒါကြောင့် လူတိုင်း ဗိုင်းရပ်စ် ပိုး ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် လူအသိ နည်းတဲ့နည်းလမ်းတစ်ခုကို ပါမောက္ခ ရဲမြင့်ကျော်က အခုလိုပြောပါတယ်။
"လူတွေက ချောင်းဆိုးရင် လက်ကိုင် ပ၀ါ အုပ်ဆိုးရမယ်၊ နှာခေါင်းစည်းတတ် ရမယ်ဆိုတာ သိပေမယ့် လူအများ အသိ နည်းနေတဲ့ အချက်က လေထဲကနေ တစ်ဆင့် ကူးတာဖြစ်ပေမယ့် ချောင်းဆိုး လိုက်လို့ ထွက်လာတဲ့ ဗိုင်းရပ်တွေက စားပွဲတို့၊ ပစ္စည်းတွေတို့မှာ တင်ကျန်နေ ခဲ့ကြတော့ ချောင်းဆိုးတဲ့သူနဲ့ကတော့ ကိုယ်ကအဝေးကြီးပေမယ့် အဲ့ဒီပစ္စည်း တွေကိုကိုင်မိရင် ဗိုင်းရပ်စ်ပိုးကူးစက်နိုင် တယ်။ ဒါကြောင့် လက်ဆေးဖို့လိုအပ်တယ်။ ပုံမှန် ဆပ်ပြာနဲ့ဆေးဖို့၊ လက် ခဏခဏဆေးရင် ကာကွယ်ပြီးသားဖြစ် သွားပါတယ်" လို့ သူက ဆိုပါတယ်။ရောဂါပိုးကူးစက်ခံနိုင်ရခြေ အများ ဆုံးရှိတဲ့သူတွေကတော့ ကိုယ်ခံအား နည်းတဲ့ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါ တယ်လို့လည်း ၎င်းက ပြောပါတယ်။ "မြန်မာပြည်မှာတော့ တုပ်ကွေးရိုးရိုး ကြောင့် လူသေတာတော့ မတွေ့ဘူးသေးဘူး။ ဘာကြောင့် လဲ ဆိုတော့ သူက ခဏတစ်ဖြုတ်ပဲဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ" လို့ ၎င်းက ဆိုပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ နာတာရှည်ရောဂါတစ်ခု ရှိတဲ့သူတွေကတော့ သူများထက် ပြင်း ထန်နိုင်လို့ သတိထား သင့်ပါတယ်လို့ ပါမောက္ခ ရဲမြင့်ကျော်က ဆိုပါတယ်။
အဲ့ဒီ အအေးမိခြင်းကို ကာကွယ်ပေးနိုင်တဲ့ တခြားသော နည်းလမ်းကောင်းလေးတွေလဲ ရှိပါသေးတယ်။အဲ့ဒါလေးတွေကတော့
ကိုယ်ခန္ဓာမှာ ရှိနေတဲ့ သွေးဖြူဆဲလ်များအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။
မက်ဆာချူးဆက် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သူ အများစုဟာ မလုပ်တဲ့သူတွေထက် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ၂၅ ရာခိုင်နှုန်း နည်းပါးကြောင်း သိရပါတယ်။ အားကစားဟာ ကိုယ်ခံအား စနစ်ကို အားကောင်း စေတဲ့ အပြင် ခန္ဓာကိုယ်ကနေ သွေးဖြူဆဲလ် ထုတ်လုပ်မှုကိုပါ တိုးပွား စေတာကြောင့် ဖြစ်ပါတယ်။ အားကစားလုပ်တာကြောင့် အအေးမိဝေဒနာ ကင်းဝေးတာနဲ့ တကယ်လို့ အအေးမိဝေဒနာ ရခဲ့ရင်တောင် ခဏနဲ့ ပျောက်ကင်းသက်သာတဲ့ အကျိုး ကျေးဇူးတွေ ရရှိစေပါတယ်။ဒါကြောင့် ကျွန်တော်တို့က ဆောင်းရာသီ မနက်စောစောတွေမှာ လေကောင်းလေသန့်ရရှိတဲ့နေရာ မျိုးတွေမှာ မိမိ စိတ်ကြိုက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
 ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ လေ့လာမှုတွေ အရလည်း ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ စားပေးရင် အအေးမိဝေဒနာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လဲ သိရပါတယ်။ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံတွေကို ဆက်ပြိး လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link လေးမှာ သွားပြီး လေ့လာလို့ ရပါတယ်ဗျာ။ကဲ.......ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ကျန်းမာရေး ဗဟုသုတလေးတွေ ရရှိသွားပြီလို့ ယူဆပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံးလဲ စိတ်ကျန်းမာ ကိုယ်ချမ်းသာ လိုအင်ဆန္ဒများ ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
 (Yekyawphyo)
Fig - 1
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးဆုံး အလွန် အန္တရာယ်ရှိတဲ့ Cervical Cancer လို့ခေါ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်းလေးပါ။
အမျိုးသမီးတွေအနေနဲ့ လဲ သိသင့်တယ်ထင်လို့ရော ရေးလိုက်တာပါ။ သားအိမ်ခေါင်းကင်ဆာ(Cervical cancer)ပာာ Human papilloma virus (HPV) ကြောင့်အဓိကဖြစ်ပွားရပါတယ်။ HPV ဆိုတဲ့ရောဂါပိုးပာာ လူ့ခန္ဒာကိုယ်ကိုတော်တော်လေးကို ဒုက္ခပေးတဲ့ရောဂါပိုးပါ။ နေရာအနှံ့မှာ ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးကူးစက်ခံရတာတစ်မျိုးတည်းနဲ့တော့ အဲလောက်ရောဂါတွေဖြစ်လာတာတော့မပာုတ်ပါဘူး။ ဒီရောဂါပိုးလည်းကူးစက်ခံထားရမယ်၊ တခြားရောဂါဖြစ်စေနိုင်တဲ့ ကိုယ်ခံအားကိုလျော့စေတဲ့ ဓါတ်ရောင်ခြည်သင့်တာမျိုး၊ ဆေးလိပ်သောက်တာမျိုးတွေရှိလာပြီဆိုရင်တော့ ရောဂါဖြစ်ဖို့အခြေအနေပိုများလာပါပြီ။
အမှန်တော့ HPV ကြောင့်ဖြစ်တဲ့ရောဂါအများအပြားရှိတဲ့အတွက် အဲဒါတွေအကုန်လုံးကိုလိုက်ရေးမယ်ဆိုရင် အရမ်းရှည်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီခေါင်းစဉ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကာကွယ်ဆေးအကြောင်းကိုပဲ တင်ပြပါ့မယ်။ HPV ကြောင့်ဖြစ်တဲ့ရောဂါတွေထဲမှာမှ အသိများတာကတော့ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့ (Genital warts) တို့ဖြစ်ပါတယ်။ (သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းနဲ့ပတ်သက်ပြီးတော့ ပို့စ်တစ်ခုရေးပေးပါ့မယ်။ ဒီနေရာမှာတော့ အရမ်းရှည်နေမှာစိုးတဲ့အတွက် ထားခဲ့ပါ့မယ်။)

HPV ဆိုတဲ့ဗိုင်းရပ်စ်မှာ အမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ အဲဒီထဲကမှ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့အမျိုးအစားကတော့ 16 and 18 ဖြစ်ပြီး လိင်အင်္ဂါကြွက်နို့တွေဖြစ်တာကတော့ 6 and 11 တို့ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျနော်ဖတ်ဖူးတာကတော့ ၂မျိုးရှိပါတယ်။ Gardasil နဲ့ Cervarix ဆိုတဲ့အမျိုးအစားတွေပါ။ Cevarix ဆိုတဲ့ဆေးကတော့ HPV 16 and 18 ကိုပဲကာကွယ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာကိုသာ ကာကွယ်နိုင်ပါတယ်။ Gardasil အမျိုးအစားကတော့ အဲဒီ၎မျိုးလုံးကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။
တစ်ခုရှိတာကတော့ ဒီကာကွယ်ဆေးတွေအကာအကွယ်ပေးတာက ဒီ၎မျိုးပဲရှိတာမို့ တခြား HPV အမျိုးအစားတွေကနေလည်း ရောဂါဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီအမျိုးအစား၎မျိုးထက်စာရင်တော့ အတော်လေးကိုနည်းပါတယ်။ ဘယ်ကာကွယ်ဆေးကမှတော့ လုံးဝအပြည့်အ၀ ရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့မရှိပါဘူး။ ဒီကာကွယ်ဆေးတွေကိုယောက်ျားတွေမှာလည်း ထိုးနိုင်ပါတယ်။ ယောက်ျားတွေမှာထိုးရင်တော့ လိင်အင်္ဂါကြွက်နို့အပြင် HPV ကြောင့်ဖြစ်တဲ့တခြားကင်ဆာတွေကိုအကာအကွယ်ပေးပါတယ်။ တစ်ခုသိထားသင့်တာက ဒီဆေးတွေပာာ ကာကွယ်ဆေးသက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသူတွေမှာထိုးရင်တော့ ဘာမှအကျိုးမထူးနိုင်ပါ။

ဘယ်သူတွေမှာထိုးသင့်သလဲ။
အဓိကအနေနဲ့ကတော့ အသက် ၉နှစ်ကနေ ၂၅နှစ်ကြားမှာရှိတဲ့အမျိုးသမီးတိုင်းထိုးလို့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးအသက်၄၅နှစ်ထိ ကာကွယ်ဆေးထိုးလို့ရပါတယ်။ အမျိုးသားတွေမှာထိုးမယ်ဆိုရင်လည်း ဒီအသက်လောက်ပါပဲ။

ဘယ်သူတွေမှာမထိုးရဘူးလဲ။
ကာကွယ်ဆေးမှာပါတဲ့အရာတွေနဲ့ ဓါတ်မတည့်တဲ့သူတွေထိုးလို့မရပါဘူး။ အထူးသဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ်တာဖြစ်တဲ့အတွက် အဲဒါနဲ့မတည့်တဲ့သူတွေထိုးလို့မရပါဘူး။
အရမ်းနာမကျန်းဖြစ်နေတဲ့သူတွေ (လုံးဝထိုးလို့မရတာတော့မပာုတ်ပါဘူး၊ နာမကျန်းဖြစ်နေချိန်မှာမထိုးဘဲ နေကောင်းလာမှထိုးလို့ရပါတယ်။)
ကိုယ်ဝန်ဆောင်တွေမှာဒီဆေးရဲ့ဆိုးကျိုးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာထိုးဖို့ကို အားမပေးပါဘူး။ ကိုယ်ဝန်မရှိချိန်မှာထိုးပြီး ကိုယ်ဝန်ဆောင်လို့ရပါတယ်။ အဲဒီအတွက်ဆိုးကျိုးမရှိပါဘူး။

ဘယ်လောက်ကာကွယ်ပေးနိုင်လဲ။
သားအိမ်ခေါင်းကင်ဆာကို ၇၀ရာခိုင်နှုန်း၊ လိင်အင်္ဂါကြွက်နို့ကို ၉၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်နှစ်ကြိမ်ထိုးရမလဲ။ ဘယ်သူနဲ့ထိုးရမလဲ။ ဘယ်မှာသွားထိုးရမလဲ။
၃ကြိမ်ထိုးရပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ၂လအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ ဘယ်ဆရာဝန်နဲ့မဆိုထိုးလို့ရပါတယ်။ အသားဆေးဖြစ်လို့ လက်မောင်း ဒါမှမပာုတ် တင်ပါးမှာထိုးလို့ရပါတယ်။ မိမိဘာသာဆေးဝယ်ပြီး ဆေးခန်းတစ်ခုခုမှာသွားထိုးခိုင်းလို့ရပါတယ်။ အခုထိတော့ ဆိုးဆိုးရွားရွားဆိုးကျိုးမရှိသေးပါဘူး။ ဆိုးကျိုးတော်တော်လေးနည်းပါတယ်။

ဘာကြောင့်ထိုးသင့်တာလဲ။
သားအိမ်ခေါင်းကင်ဆာရောဂါဆိုတာက အမျိုးသမီးတွေမှာအဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်နေတဲ့အတွက်ပါ။ ဒီကင်ဆာက အဖြစ်များရုံတင်မက၊ အတော်လေးလည်း ကြောက်စရာကောင်းတဲ့အတွက်ရော၊ ကင်ဆာတွေထဲမှာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရနေတဲ့ကင်ဆာဖြစ်နေတဲ့အတွက်ကြောင့်လည်း ဒီလိုမျိုးကင်ဆာအတွက်တော့ အသက်မဆုံးရှုံးစေချင်တဲ့အတွက်ကြောင့်ပါ။ အလုံးစုံကာကွယ်မပေးနိုင်ပေမယ့်လည်း ၇၀ရာခိုင်နှုန်းဆိုတာ တော်တော်လေးတော့များတဲ့ပမာဏပါ။ ဒါပေမယ့်လည်း ဆေးရဲ့ဈေးနှုန်းအနေနဲ့ကတော့ အရမ်းဈေးမကြီးပေမယ့် ဆင်းရဲသားလက်လုပ်လက်စားတွေမတတ်နိုင်လောက်သေးတဲ့နှုန်းဖြစ်နေပါသေးတယ်။
From ~ (Dr.Thurein Hlaing Win)
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)
Fig - 1

ကျွန်တော်တို့လူတွေ တော်တော်များများ လည်ချောင်းမနာဘူးတဲ့ သူမရှိဘူးလို့ထင်ပါတယ်။အဲ့ဒီ လည်ချောင်းနာတဲ့ အခါတော်တော် ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့်တော့ Pharyngitis ကြောင့်ဖြစ်တာများပါတယ်။ Pharyngitis ဆိုတာက Pharynx (အာခေါင်တစ်လျှောက်) နဲ့ Tonsil (အာသီး) အဲဒီနှစ်ခုလုံးရောင်နေတာပါ။ အာသီးတစ်ခုတည်းရောင်နေတာမျိုးမပာုတ်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့တစ်ခုပြောချင်ပါတယ်။ နည်းနည်းမကွဲတဲ့သူတွေရှိနေလို့ပါ။ tonsil (အာသီး)ဆိုတာက ပါးစပ်ပာလိုက်လို့ရှိရင် အလည်မှာတွဲလွဲလေးရှိနေတဲ့ပာာမပာုတ်ပါဘူး။ အဲဒါက Uvula (လျှာခင်) ပါ။ အာသီးဆိုတာက လျှာရင်းနားက တစ်ဖက်တစ်ချက်မှာရှိတဲ့အကျိတ်လိုမျိုးပာာတွေကိုခေါ်တာပါ။ သာမန်ရောဂါပိုးမရှိဘူးဆိုရင် မမြင်ရတတ်ပါဘူး။ ရောဂါပိုးဝင်နေမှသာ ရောင်ပြီးကြီးလာတတ်ပါတယ်။
လည်ချောင်းနာတာပာာ ဖျားနာတာ၊ တုပ်ကွေးမိတာနဲ့တွဲပြီးဖြစ်တတ်သလို မဖျားဘဲနဲ့ လည်ချောင်းနာတာတစ်ခုတည်းဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နာရင်တချိန်လုံးနာနေတတ်ပြီး အထူးသဖြင့် တံတွေးမြိုလိုက်ရင် အပ်နဲ့ထိုးသလို၊ မီးစနဲ့ထိုးသလို စူးကနဲနာတတ်ပါတယ်။ နာနေတဲ့အချိန်တွေမှာဆိုရင် လည်ချောင်းထဲကို လက်ထည့်ပြီး ကုတ်ဖဲ့ပြစ်ချင်စိတ်တွေတောင်ပေါ်တတ်ပါတယ်။ အများအားဖြင့်တော့ ဖြစ်တဲ့အချိန်သိပ်မကြာတတ်ပေမယ့် တချို့တွေမှာအကြာကြီးဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့နောက်မှာတော့ ဒုတိယအဖြစ်အများဆုံးက ဘက်တီးရီးယားကြောင့်ပါ။ အဲဒါတွေအပြင် မှိုပိုး၊ သွေးရောဂါနဲ့ ဆေးလိပ်သောက်တာတွေကြောင့်လည်း နာတတ်ပါတယ်။

လည်ချောင်းနာတဲ့အခါမှာ စကားပြောရင်၊ အစာမျိုချရင် ပိုနာပါတယ်။ မျိုရခက်တတ်ပါတယ် (အစာမပြောနဲ့ တံတွေးတောင်မျိုရခက်ပါတယ်)။ လည်ချောင်းတွေခြောက်နေတတ်ပါတယ် (ရေခဏခဏသောက်ရတတ်ပါတယ်)။ လည်ပင်း ဒါမှမပာုတ်မေးရိုးအောက်တွေက အကျိတ်တွေကြီးလာတတ်ပါတယ် (အထူးသဖြင့်တော့ ဘက်တီးရီးယားကြောင့်ဖြစ်ရင် ပိုသိသာပါတယ်)။ အာသီးမှာ ပြည်တည်နေတတ်ပါတယ် (အထူးသဖြင့် ဘက်တီးရီးယား)၊ အသံပြောင်းသွားတာ၊ ခံတွင်းနံ့နံတာ၊ မစားချင်မသောက်ချင်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ အခုလိုမျိုးလည်ချောင်းနာတာတစ်ခုတည်းနဲ့ပဲလာတတ်သလို တုပ်ကွေးမိသလိုလက္ခဏာတွေနဲ့လည်း တွဲပြီးလာတတ်ပါတယ်။ အဲဒါတွေကတော့ ကိုယ်ပူမယ်၊ ချမ်းမယ်၊ ချောင်းဆိုးမယ်၊ နှာစီးမယ်၊ နှာရည်ယိုမယ်၊ ခေါင်းကိုက်မယ်၊ တကိုယ်လုံးကိုက်ခဲနေမယ်၊ ပျို့ချင်အန်ချင်သလိုဖြစ်မယ်။ ဒီလည်ချောင်းနာတဲ့ဝေဒနာပာာ ခဏခဏဖြစ်တတ်ပြီး အများအားဖြင့်တော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်လို့ သိပ်အရေးမကြီးတတ်ပေမယ့် ဘက်တီးရီးယားကြောင့်ဖြစ်မယ်ဆိုရင်တော့ အရေးကြီးတတ်ပါတယ်။ လုံးဝအတိအကျကြီးမပာုတ်ပေမယ့် အရေးကြီးသလား၊ မကြီးသလားဆိုတာကို ကိုယ့်ဘာသာကိုနည်းနည်းခွဲကြည့်လို့ရမယ့်နည်းတော့ရှိပါတယ်။ အဲဒါက လည်ချောင်းနာတဲ့အချိန်မှာ နှာစီးနေလား၊ နှာရည်ယိုနေလား၊ ခေါင်းကိုက်နေလား၊ ချောင်းဆိုးနေလား အဲဒါမျိုးတွေရှိနေရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်ပါတယ်။ အဲလိုမျိုးမရှိဘဲ လည်ချောင်းနာတာကအရမ်းဆိုးနေတာ၊ လည်ပင်းနားကအကျိတ်တွေကြီးလာတာ၊ အာသီးအရမ်းရောင်လာတာ၊ ပြည်တည်နေတာ၊ အရမ်းဖျားနေတာမျိုးတွေရှိနေရင်တော့ ဘက်တီးရီးယားကြောင့်ဖြစ်တတ်ပါတယ်။ အကြမ်းဖျင်းလောက်သာခွဲလို့ရပါတယ်။ အတိအကျတော့မပာုတ်ပါဘူး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့လည်ချောင်းနာတာတွေမှာလည်း ဆိုးရင်ပြည်တည်တာတွေ၊ အကျိတ်တွေကြီးတောတွေဖြစ်တတ်လို့ပါ။ ဘက်တီးရီးယားလား ဗိုင်းရပ်စ်လားဆိုတာကို အတိအကျသိချင်ရင်တော့ Throat swab (လည်ချောင်းထဲမှအရည်ကိုယူပြီး စမ်းသပ်ကြည့်ခြင်း) နဲ့စမ်းသပ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ ပိုးသတ်ဆေးမလိုတတ်ပါဘူး။ ဘက်တီးရီးယားဆိုရင်တော့ ပိုးသတ်ဆေးလိုတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဆေးခန်းကိုသွားရင်တော့ ဗိုင်းရပ်စ်ဆိုရင်တောင်ပိုးသတ်ဆေးပေးပါတယ်။ ဘာလို့လည်းဆိုတော့ ဗိုင်းရပ်စ်ဝင်ရာကနေနောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်လာနိုင်လို့ပါ။ တကယ်လို့လည်ချောင်းနာနေတာကနေ အရမ်းဆိုးပြီး အသက်ရှူရတာခက်လာတာ၊ အစာလုံးဝမျိုလို့မရတာမျိုးထိဖြစ်လာရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။ ဘက်တီးရီးယားကြောင့်လည်ချောင်းနာရင် နောက်ပိုင်းမှာ နှလုံးလေးဘက်နာ (Rheumatic fever) ဖြစ်တတ်လို့ ဘက်တီးရီးယားကြောင့်လည်ချောင်းနာတယ်ဆိုတာကိုသိသိချင်းပဲ ပိုးသတ်ဆေးသုံးပြီးကုသရပါမယ်။

လည်ချောင်းနာတာပာာ အောက်ပါအကြောင်းတွေကြောင့် ပိုပြီးဖြစ်တတ်ပါတယ်။
၁။ လည်ချောင်းနာခြင်းပာာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ကလေးတွေမှာလည်ချောင်းနာရင်တော့ ဘက်တီးရီးယားပိုဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်သူတွေ၊ ဆေးရွက်ကြီးသုံးစွဲသူတွေ။
၃။ ဓါတ်မတည့်တဲ့ရောဂါရှိတဲ့သူတွေ။
၎။ ခဏခဏ နှာစီးနေတတ်တဲ့သူတွေ။
၅။ ကိုယ်ခံအားမကောင်းတဲ့သူတွေ (HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါဝေဒနာရှင်တွေ၊ Steroid ပါတဲ့ဆေးသောက်နေရသူတွေ၊ စိတ်ဖိစီးနေတဲ့သူတွေ၊ ကင်ဆာဆေးတွေသောက်နေရတဲ့သူတွေ)

လည်ချောင်းနာပြီဆိုရင် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen, Diclofenac, Naproxen, Mefenamic acid, Meloxicam) အဲဒါတွေအကုန်လုံးသောက်လို့ရပါတယ် (အကိုက်အခဲပျောက်ဆေးအကုန်လုံးက အစာအိမ်ကိုထိတတ်လို့ ချင့်ချိန်ပြီးသောက်ပါ။ နာတိုင်းသောက်နေရင်တော့ သိပ်မကြာခင် အစာအိမ်ဖြစ်ပြီး သွေးအန်ပါလိမ့်မယ်။ သောက်တဲ့အခါလည်း အစာအိမ်ဆေး Omeprazole အုပ်စုတစ်မျိုးမျိုးနဲ့တွဲသောက်ပါ)။ အနာသက်သာအောင် Steroid ပါတဲ့ဆေးတွေကိုလည်းသောက်လို့ရပါတယ် (Dexamethasone)၊ တစ်ခုရှိတာက Steroid ပါတဲ့ဆေးတွေကိုသောက်ရင် ကြာရှည်စွဲသောက်တာမျိုးမလုပ်ပါနဲ့။ ငုံဆေးတွေကတော့ ခဏတဖြုတ်ပဲသက်သာတတ်ပါတယ်။ ငုံထားတုန်းခဏပဲသက်သာပြီး အရှိန်ပြယ်သွားရင် ပြန်နာနေတတ်ပါတယ်။ အဲဒါအပြင် Lozenges ပါတဲ့ငုံဆေးပြားတွေက ပိုပြီးဆိုးတတ်လို့ မသုံးတာကောင်းပါတယ်။ ဆားရည်နွေးနွေးငုံပေးလို့ရပါတယ်။ ပိုးသတ်ဆေးသောက်မယ်ဆိုရင်တော့ Roxithromycin 300mg တစ်နေ့တစ်ကြိမ် ၁၀ရက် သို့မပာုတ် Erythromycin 500mg တစ်နေ့ ၂ ကြိမ် ၁၀ရက် သောက်လို့ရပါတယ်။ ၃ ရက် ၄ ရက်လောက်သောက်ပြီးသွားချိန်မှာ သက်သာသွားပါလိမ့်မယ်။ ဒါပေမယ့် ဆေးကိုမရပ်လိုက်ပါနဲ့ ဆက်သောက်ပါ။ ရောဂါသက်သာသွားပေမယ့် ပိုးမသေသေးတဲ့အတွက်ဆက်သောက်ဖို့လိုပါတယ်။ ဘက်တီးရီးယားပိုးဆိုတာသေချာမှသာ ဒီလိုမျိုးသောက်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်နာနေတာကိုပဲ ဘက်တီးရီးယားမ၀င်အောင်ကြိုတင်ကာကွယ်ထားချင်တာဆိုရင်တော့ အဲလောက်အကြာကြီးမလိုပါဘူး။ အကောင်းဆုံးကတော့ ပိုးသတ်ဆေးသောက်မယ်ဆိုရင် သောက်သင့်တဲ့ပမာဏနဲ့ရက်ကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကျွန်တော့ IT Bank Site လေးကိုလာလည်ရင်း စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာရေး ဆိုင်ရာ ဗဟုသုတလေးလဲရ IT ဗဟုသုတလေးတွေလဲ ရကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
From ~ (Dr.Thurein Hlaing Win)
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
Fig - 1

အခု တစ်လော ကျွန်တော်တို့ပတ်ဝန်းကျင်နားမှာ  စိတ်ဝင်စားစရာ ကောင်းပြီး ကြောက်စရာကောင်းတဲ့ ရောဂါ တစ်မျိုး ကိုသူငယ်ချင်းတို့ လဲ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။အဲ့ဒီ ရောဂါကတော့ Hepatitis B Virus(HBV) လို့ ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး အကြောင်းလေးပါပဲ။ဒီ ရောဂါလေးကို ကျွန်တော် ဖတ်ထားမိသလောက်လေး ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေလဲ ကျန်းမာရေး ဗဟုသုတ အနေနဲ့ကော မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင်လဲ ကျွန်တော် က ဖတ်ထားရတဲ့ ၀က်ဆိုဒ်လေး တစ်ခုမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
အသည်းရောင်အသားဝါဘီပိုးအကြောင်းကို တော်တော်များများကြားဖူးပြီးလောက်ပါတယ်။ အခုနောက်ပိုင်းမှာ အတော်လေးကို ဒုက္ခပေးလာတဲ့ ရောဂါပိုးပါ။ တစ်ဦးကတစ်ဦးကူးစက်နှုန်းအရမ်းများပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံနေရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နာမည်လောက်ကိုပဲကြားဖူးနေကြပြီး သေသေချာချာရေရေလည်လည်သိပ်မသိကြသေးတဲ့အတွက် ဖတ်ဖူးမိသလောက်လေး ဝေမျှပေးလိုက်ပါတယ်။

ဒီရောဂါပိုးပာာ တကမ္ဘာလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခပေးနေတဲ့ရောဂါပိုးပါ။ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ၁ပုံပာာ ကူးစက်ခံကြရပြီး လူသန်းပေါင်း ၃၅၀လောက်ပာာ တစ်သက်လုံးဒီရောဂါပိုးနဲ့နေထိုင်သွားရပါတယ်။ ဒီရောဂါပိုးပာာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေပါတယ်။ အခုနောက်ပိုင်းမှာတော့ Antiviral ဆေးဝါများနဲ့ ဘီပိုးကိုကုသလို့ရနေပါပြီ။ ဘီပိုးကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပြီဆိုရင်တော့ အသည်းအစားထိုးကုသနည်းကသာ အသက်ရှင်ဖို့အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

Virus အကြောင်း
ဒီပိုးပာာ hepadnavirus ဖြစ်ပါတယ်။ အများအားဖြင့်တော့ပိုးအများစုပာာ အပြင်မှာသိပ်မနေနိုင်ပေမယ့် ဒီဘီပိုးကတော့ အတော်လေးကိုခံနိုင်ရည်ရှိပါတယ်။ ဘီပိုးပာာ -20 C မှာဆိုရင် ၁၅နှစ်နေနိုင်ပြီး -80 C မှာဆိုရင် ၂နှစ်နေနိုင်ပါတယ်။ အပြင်အပူချိန်နဲ့ဆိုရင် ၆လထိနေနိုင်ပြီး 44 C မှာဆိုရင်တော့ ၇ရက်နေနိုင်ပါတယ်။ (C ဆိုတာတွေက ဆဲလ်စီးယပ်စ်ကိုရည်ညွှန်းပါတယ်) အသည်းရောင်အသားဝါရောဂါပိုးတွေပာာ RNA virus တွေဖြစ်ကြပေမယ့် ဘီပိုးကတော့ DNA virus ဖြစ်ပါတယ်။ ဘီပိုးရှိမရှိစစ်ဆေးမယ်ဆိုရင် အများအားဖြင့်သုံးတာကတော့ HBsAg ကိုပဲစစ်ပါတယ်။ အဲဒါက ဘီပိုးရဲ့ အပြင်နံရံမှာဖုံးအုပ်ထားတာပါ။ အဲလိုစစ်လို့ HBsAg reactive ဖြစ်နေတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ HBeAg ကိုစစ်ပါတယ်။ အဲဒါကတော့ဘီပိုးရဲ့အတွင်းအလယ်ဗပိာုမှာရှိတာပါ။ HBsAg reactive ဖြစ်နေတယ်ဆိုတာက ဘီပိုးကူးစက်ခံထားရတယ်ဆိုတာကိုပဲပြပါတယ်။ HBeAg positive ဆိုတာကတော့ ဘီပိုးပာာပွားနေတယ်ဆိုတာကိုပြပါတယ်။

ဘယ်လိုကူးတတ်လဲ။
ဘီပိုးပာာ လူတစ်ယောက်ကနေ တစ်ယောက်ကိုအောက်ပါနည်းလမ်းများနဲ့ကူးစက်ပါတယ်။
1. Sexual (လိင်မှတဆင့် ကူးစက်ခြင်း။ အဓိကကူးစက်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲ အကုန်လုံး ကူးစက်နိုင်ပါတယ်။)
2. Percutaneous (ဆေးထိုးအပ်မျှဝေသုံးစွဲတဲ့သူတွေ အထူးသဖြင့် ဆေးသမားတွေ၊ ဆေးမင်ကြောင်ထိုးတဲ့သူတွေ၊ ဘလိတ်ဓါး သွားပွတ်တံစသည်တို့ကို မျှဝေသုံးစွဲတဲ့သူတွေ၊)
3. Perinatal (မိခင်မှကလေးသို့ ကူးစက်ခြင်း၊ ရိုးရိုးမွေးတာရော၊ ခွဲမွေးတာရော ကူးစက်နှုန်းတူညီပါတယ်။ မကွာခြားပါဘူး။ မိခင်မှကလေးသို့ကူးစက်နှုန်းပာာ ၉၀ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ ဒါပေမယ့် မွေးမွေးခြင်းကလေးကို ကာကွယ်ဆေးထိုးနှံပေးရင်တော့ ရောဂါပိုးကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။)
4. Horizontal (ဘီပိုးပာာ ခန္ဒာကိုအပြင်ဘက်မှာ အချိန်အကြာကြီးအသက်ရှင်နိုင်တဲ့အတွက် တစ်ယောက်ကနေတစ်ယောက်ကို ကြားခံပစ္စည်းတွေကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။ ဥပမာ ကလေးတွေဆိုရင် အရုပ်ကနေတဆင့်တောင်ကူးစက်နိုင်ပါတယ်။ မသိသာတဲ့အနာလေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်တောင်ဖြစ်နေမှန်းမသိတဲ့အနာကနေတဆင့် ဘီပိုးကူးစက်နိုင်ပါတယ်။)
5. Transfusion (သွေးသွင်းခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။ အခုနောက်ပိုင်းတော့သွေးအလှူရှင်တွေကို ဘီပိုးရှိမရှိပါ ထည့်စစ်တဲ့အတွက် သွေးသွင်းတာကနေတဆင့်ကူးစက်တာကတော့ အတော်လေးလျော့နည်းသွားပါတယ်။)
6. Nosocomial infection (လူနာကနေ ဆေးဝန်ထမ်း၊ ဆေးဝန်ထမ်းကနေလူနာ အပြန်အလှန်ကူးစက်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ အပ်စူးရာကနေကူးစက်ပါတယ်။)
7. Organ transplantation (ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရာမှတဆင့်ကူးစက်ခြင်း)

ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ။
ဘီပိုးပာာ ကနေဒါ၊ အနောက်ဥရောပ၊ သြစတေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေမှာဖြစ်ပွားနှုန်းအရမ်းနည်းပါတယ်။ ဂျပန်၊ တောင်အမေရိက၊ မြေထဲပင်လယ်ဒေသ၊ ဗပိာုအာရှဒေသတွေမှာတော့ အလယ်အလတ်ဖြစ်ပွားနှုန်းရှိပြီး အရှေ့တောင်အာရှ၊ အာဖရိက၊ တရုတ်၊ အင်ဒိုစတဲ့ နိုင်ငံတွေမှာတော့ ဖြစ်ပွားနှုန်းအလွန်မြင့်ပါတယ်။ (မကောင်းတာဆိုလို့ကတော့ အဲဒီ အရှေ့တောင်အာရှက ထိပ်ဆုံးကြီးပဲ။) လူမည်းတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ယောကျာ်းနဲ့မိန်းမဆိုရင် ယောက်ျားတွေမှာပိုပြီးဖြစ်ပါတယ်။

ဘာတွေဖြစ်လာမှာလဲ။
Acute phase။ ။ပိုးကူးစက်ခံရပြီး ၁လကနေ ၆လအတွင်းမှာဖြစ်ပွားပါတယ်။ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့
အောက်ပါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ကိုယ်ပူခြင်း၊ ညောင်းညာကိုက်ခဲပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အစားအသောက်ပျက်သွားခြင်း၊ ၀မ်းဗိုက်ညာဘက် အထက်နားတွင်အောင့်ခြင်း တို့ဖြစ်ပါတယ်။ ဘီပိုးပာာ ရောဂါကူးစက်ပြီးနောက်ပိုင်းအဲလိုမျိုး သာမန်ဖျားနာတာနဲ့ သိပ်မသဲကွဲတဲ့လက္ခဏာတွေပြတတ်သလို ပြင်းထန်တဲ့လက္ခဏာတွေလည်းရှိပါတယ်။ သတိလစ်မေ့မြောသွားတာ၊ Hepatic encephalopathy လို့ခေါ်တဲ့အူကြောင်ကြောင်သတိမရှိတာတွေ၊ အိပ်စက်တဲ့ပုံစံပျက်သွားတာ စတာတွေလည်းဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အသည်းကောင်းမကောင်းစစ်တဲ့ ALT, AST စတာတွေကိုစစ်ကြည့်ရင် တက်နေတာကိုတွေ့ရပါလိ့မ်မယ်။ ဘီပိုးပာာ ကူးစက်ခံရတဲ့သူတိုင်းမှာ တစ်သက်လုံးရောဂါမပျောက်တော့ဘဲရှိသွားတာမပာုတ်ပါဘူး။ ဘီပိုးလူတစ်ယောက်ကိုကူးစက်ခံရပြီး ပျောက်မပျောက်ဆိုတာပာာ အဲဒီလူကူးစက်ခံရတဲ့ အသက်အရွယ်ပေါ်မူတည်ပါတယ်။ အသက်ငယ်ငယ်မှာကူးစက်ခံရလေ ပျောက်ကင်းနိုင်ချေနည်းလေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူမှာ ဘီပိုးကူးစက်ခံရရင် နာတာရှည်ဖြစ်ဖို့က ၁၀၀မှာ ၅ယောက်လောက်ပဲရှိပါတယ်။ အမကနေကလေးကိုကူးစက်ခဲ့တာဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၉၀လောက်ရှိပြီး အသက် ၁နှစ်ကနေ ၅နှစ်ကြားမှာကူးစက်ခံခဲ့ရရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၂၀ကနေ ၅၀ထိရှိပါတယ်။ ဘီပိုးကူးစက်ခံရသူတွေမှာ အပြင်းအထန်အသည်းရောင်ပြီး သေလောက်အောင်ဖြစ်တာကတော့ အတော်လေးကိုရှားပါတယ်။
Chronic phase။ ။ဘီပိုးကူးစက်ခံရပြီး သူ့အလိုလိုပျောက်ကင်းမသွားဘူးဆိုရင်တော့ နာတာရှည် (Chronic phase) ကိုဝင်သွားပါတယ်။ နာတာရှည်ဘီပိုးရှိသူတွေမှာ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဘယ်အချိန်တွေမှာရောဂါလက္ခဏာပြလာတာလဲဆိုတော့ အသည်းတဖြည်းဖြည်းပျက်ဆီးလာပြီး အသည်းခြောက်လာရင် ရောဂါလက္ခဏာတွေစပြလာပါတယ်။ အသည်းပျက်ဆီးလာပြီး အသည်းခြောက်လာပြီဆိုရင်တော့ ဘေလုံးကြီးလာတာ၊ ရေဖြဉ်းစွဲလာတာ၊ ဖောလာတာ၊ ခန္ဒာကိုယ်နေရာအနှံ့အပြားမှာ အနီစက်တွေဖြစ်လာတာ၊ ဝှေးစေ့သေးသွားတာ၊ အသားဝါလာတာ၊ ရင်သားတွေစူထွက်လာတာ စတာတွေဖြစ်လာပါတယ်။ ဒီအချိန်မှာသွေးစစ်ကြည့်ရင် ALT ကပုံမှန်ထက် အဆ၅၀လောက်တက်နေတတ်ပါတယ်။ Chronic phase ကိုရောက်သွားတဲ့လူတိုင်းပာာ ဒီလိုမျိုးအသည်းခြောက်တာတွေ၊ အသည်းကင်ဆာဖြစ်တာတွေ ဖြစ်တာမပာုတ်ပါဘူး။ ဘီပိုးနာတာရှည်ရှိနေတဲ့သူတစ်ယောက်အသည်းခြောက်မခြောက်ဆိုတာက ပိုးပွားတဲ့နှုန်းတွေ၊ ခန္ဒာကိုယ်ကတုံ့ပြန်ပုံတွေ၊ အသက်အရွယ်၊ လိင်၊ တခြားအသည်းကိုပျက်ဆီးစေတဲ့အပြုအမူတွေ ဥပမာ အရက်သောက်သုံးခြင်း စတာတွေရှိမရှိပေါ်မှာမူတည်ပါတယ်။ Chronic phase ထဲကိုဝင်သွားတဲ့သူတွေမှာလည်း ဘီပိုးလုံးဝပျောက်သွားတာဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အရမ်းကိုနည်းလွန်းပါတယ်။
နာတာရှည်ဘီပိုးရှိသူတွေမှာ အသည်းခြောက်မခြောက်ဆိုတာပာာ အောက်ပါအချက်တွေပေါ်မှာမူတည်နေပါတယ်။
၁။ပိုးပွားနှုန်း (ပိုးပွားနှုန်းမြင့်နေတဲ့သူတွေ အသည်းခြောက်ဖို့ပိုမြန်ပါတယ်။ ပိုးပွားနေမနေကို သိနိုင်တာက HBeAg ကိုစစ်ကြည့်လို့ရပါတယ်။ HBeAg positive ဖြစ်နေရင် ပိုးပွားနေတာကိုပြပါတယ်။)
၂။အရက်သောက်သုံးခြင်း (အရက်သောက်သုံးခြင်းပာာ ဘီပိုးရှိသူတွေမှာအသည်းခြောက်ဖို့ ပိုမိုမြန်ဆန်စေပါတယ်။)
၃။စီပိုးပါတွဲရှိနေခြင်း။ (Hepatitis C coinfection)
၎။ဒီပိုးတွဲရှိနေခြင်း (Hepatitis D coinfection)

ကာကွယ်ဆေးအကြောင်း။
ဘီပိုးပာာ အရမ်းကူးစက်လွယ်လွယ်ပါတယ်။ သူရဲ့ကူးစက်နှုန်းက စီပိုးထက်ဆိုရင် ၁၀ဆ၊ HIV ပိုးထက်ဆိုရင် အဆ၁၀၀ပိုပြီးကူးစက်ပါတယ်။ ဥပမာ HIV ပိုးကူးစက်ဖို့ သွေးပမာဏ 1ml လိုမယ်ဆိုရင် ဘီပိုးကူးစက်ဖို့အတွက်သွေးပမာဏ 0.01ml သာလိုအပ်ပါတယ်။ အရမ်းကူးစက်လွယ်ပေမယ့် ကာကွယ်ဆေးတွေရှိလာတဲ့အတွက်ကြောင့် မကူးစက်ရသေးဘူးဆိုရင်တော့ ကာကွယ်နိုင်ပါတယ်။ ဆေးကကာကွယ်ဆေးသာဖြစ်ပြီး ကူးစက်ပြီးတဲ့သူတွေမှာတော့ ဘာမှမထူးပါ။ ကာကွယ်ဆေးကိုထိုးမယ်ဆိုရင် သုံးခါထိုးနှံရမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ပြီးရင် တစ်လအကြာမှာတစ်ကြိမ်နဲ့၊ ခြောက်လအကြာမှာတစ်ကြိမ်ထိုးနှံရပါတယ်။ ပြီးရင်ပြန်ပြီး Antibody စစ်ရပါတယ်။ မပေါ်သေးရင်ထပ်ထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးသွားရင် ၅နှစ်ကနေ ၇နှစ်ထိခံပါတယ်။ အများအားဖြင့်တော့ ၅နှစ်ပြီးရင်ထပ်ထိုးရပါတယ်။

ကုသမှုများ။
အခုနောက်ပိုင်းမှာတော့ ဘီပိုးကိုကုသတဲ့နည်းလမ်းတွေပေါ်နေပြီဖြစ်ပါတယ်။ ဘီပိုးရှိတဲ့သူတိုင်းပာာ ကုသမှုခံယူစရာမလိုပါ။ အောက်ပါအချက်တွေရှိတဲ့သူတွေသာ ကုသမှုခံယူစရာလိုပါတယ်။ HBV DNA level > 20,000IU/ml (10,000,00 copies/ml), ALT ၃လကနေ၆လထိတက်နေတဲ့သူတွေ၊ အထက်မှာဖြော်ပခဲ့တဲ့အသည်းရောဂါတွေခံစားနေရတဲ့သူတွေ။
အခုလောလောဆယ်မှာတော့ interferon alfa (IFN-a), lamivudine, telbivudine, adefovir, entecavir, and tenofovir စတဲ့ဆေးဝါးတွေရှိပါတယ်။ ကုသမှုပေးတဲ့သူပေါ်မှာမူတည်ပြီး ဆေးသုံးစွဲတာလည်းကွာခြားပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး
ကွာခြားပါတယ်။ အသည်းခြောက်တာအရမ်းဆိုးရွားနေပြီဖြစ်တဲ့သူတွေအတွက်တော့ အသည်းအစားထိုးခြင်းနည်းလမ်းနဲ့သာ အသက်ရှင်နိုင်ပါတယ်။ကဲ......ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ ရပြီး လူ့ဘ၀မှာ ကျန်းကျန်းမာမာနဲ့ သက်တန်းစေ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
From ~ လူတိုင်းသိသင့်သော ဆေးပညာ
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)

ကျွန်တော် ဒီ တစ်ခါတော့ ကျန်းမာရေး Post လေးလဲ ဖြစ် တက်သစ်စလူငယ်လေးတွေ အတွက် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော် ဒီ Post လေးကို (လူတိုင်းသိသင့်သော ဆေးပညာ) ဆိုတဲ့ Web Site လေးကနေ ကူးယူထားတာ ဖြစ်ပါတယ်ဗျာ။လူငယ်ဆိုတဲ့ သဘာဝဟာ သူများလုပ်တဲ့အရာ ဆန်းဆန်းပြားပြားဆိုရင် လိုက်ပြီး စမ်းသပ်ချင်ကြပါတယ်။အဲ့ဒီလို စမ်းသပ်ကြလို့လဲ တစ်ချို့ လူငယ်လေးတွေဟာ သူတို့ဘ၀လေးတွေ ပျက်သွားခဲ့ရပါတယ်။ဒါကိုလဲ ကျွန်တော် ပတ်ဝန်းကျင်နားလေးတွေမှာ ကြုံတွေ့ခဲ့ရပါတယ်။သိပ်မကြာသေးတဲ့အချိန်တုန်းက ကျနော်ဂျာနယ်တစ်စောင်မှာ လူငယ်တွေ Tramadol ဆေးစွဲနေတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဖတ်လိုက်ရပါတယ်။ ဂျာနယ်ကတော့ ထမရောလို့သုံးထားပါတယ်။ အမှန်က ထရမဒေါ (Tramadol) ပါ။ မူးယစ်အနွယ်ဝင်ဆေးတစ်မျိုးပါ။ မူးယစ်ဆေးအပျော့စားလေးပါ။ ကင်ဆာရောဂါဝေဒနာရှင်တွေ၊ နာကျင်မှုဒဏ်ကိုအပြင်းအထန်ခံစားနေရတဲ့ဝေဒနာရှင်တွေ၊ စိတ်ကျရောဂါခံစားနေရသူတွေမှာ သုံးတာဖြစ်ပါတယ်။ ဆိုးကျိုးတွေအနေနဲ့ မူးဝေ၊ ပျို့အန်၊ ချွေးထွက်၊ ယားယံ၊ ၀မ်းချုပ်တာတွေဖြစ်စေပါတယ်။ ဗပာုသုတအနေနဲ့ထပ်ဖြည့်ပြောရရင် မူးယစ်ဆေးသုံးသူတွေပာာ ကာလကြာရှည်အသုံးပြုလာတဲ့အခါမှာ မူးယစ်ဆေးတွေကိုယဉ်ပါးလာပြီး သုံးလို့သုံးထားမှန်းမသိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲဆေးသုံးတဲ့သက်တမ်းဝါရင့်နေပါစေ၊ ဆေးသုံးထားမှန်း ဘယ်တော့မှလိမ်လို့မရတဲ့ အချက်၂ချက်ရှိပါတယ်။ တစ်ခုကတော့ မျက်စိသူငယ်အိမ်ကျဉ်းနေတာဖြစ်ပြီး နောက်တစ်ခုကတော့ ၀မ်းချုပ်တာဖြစ်ပါတယ်။ အဲဒီ၂မျိုးကတော့ ဆေးသုံးသက်တမ်းဘယ်လောက်ပဲကြာပါစေ။ မပြောင်းလဲပါဘူး။ မယဉ်ပါးပါဘူး။

အထက်မှာဖြော်ပထားတဲ့ Tramadol ဆေးကိုလူငယ်တွေအများဆုံးအသုံးပြုရတဲ့အကြောင်းရင်းကတော့ မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ထုံးစံအတိုင်း ဇိမ်ရှိတာ၊ မအိပ်ချင်တာ၊ အလုပ်လုပ်လို့ကောင်းတာ စတာတွေကြောင့်ဖြစ်ပါတယ်။ ကျနော့်ပတ်ဝန်းကျင်မှာတောင် အဲဒီဆေးကိုတချို့လူငယ်လေးတွေ မအိပ်ချင်ဘဲ အချိန်ကြာကြာအလုပ်လုပ်လို့ရတယ်ဆိုပြီး အသုံးပြုနေတာတွေ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ထုံးစံအတိုင်း မသုံးရမနေနိုင်တာတွေဖြစ်လာပါတယ်။ ဆေးမသုံးရရင် ဂနာမငြိမ်ဖြစ်လာတာ၊ ညဘက်အိပ်မပျော်တာ၊ ရင်တွေတုန်ပြီး ချွေးစေးတွေထွက်နေတာ၊ နှာစေးတာ၊ နှာချေတာ စတာတွေဖြစ်လာပါတယ်။

အရင်းစစ်ရရင်တော့ ရွှေသမင်ဘယ်ကထွက်ဆိုတာမျိုးဖြစ်နေပါတယ်။ ဒီဆေးတွေလိုမျိုး မူးယစ်အနွယ်ဝင်ဆေးမျိုးမဆိုထားနဲ့ ဒိုင်ယာဇီပင်လိုမျိုးအိပ်ဆေးကိုတောင်မှ ဆရာဝန်ဆေးစာမပါဘဲရောင်းချခွင့်မရှိပါဘူး။ လူငယ်တွေလက်ထဲကို ဒီလိုဆေးမျိုးတွေလွယ်လွယ်ကူကူနဲ့ ရောက်နေတာပာာ ဘယ်သူ့ဆီမှာတာဝန်ရှိမလဲဆိုတာစဉ်းစားကြည့်ကြပါ။ ကျနော့်အမြင်ကတော့ ဒီဆေးတွေကိုလွယ်လွယ်ကူကူရောင်းပေးနေတာပာာ မူးယစ်ဆေးရောင်းနေတာနဲ့ဘာမှမခြားနားပါဘူး။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ ၀ိသမလောဘသားတွေကြောင့် လူငယ်တွေပိုပြီးလမ်းမှားရောက်ရပါတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုကြည့်ကြည့်ပါ။ အရက်၊ ဘီယာမှာပြီဆိုရင် နိုင်ငံခြားမှာလိုမျိုးအသက်ပြည့်မပြည့် ဘယ်သူကများအရေးလုပ်မေးနေတာမြင်ဖူးပါသလဲ။ ကိုယ့်ဆိုင်ကအရက်ရောင်းရပြီးရော ရောင်းနေတာပါပဲ။ ဆေးလိပ် ကွမ်းယာဆိုလည်းဒီအတိုင်းပါပဲ။ အသက်၁၈နှစ်အောင်မရောင်းရဆိုပြီး ကလေးအရွယ်တွေဆေးလိပ်သောက်၊ ကွမ်းစားနေတာတွေအများကြီးပါ။ ကိုယ့်သားအရွယ်၊ ကိုယ့်တူအရွယ်၊ ကိုယ့်ညီအရွယ်လေးတွေကို တားမြစ်ဖို့တော့မစဉ်းစား၊ ကိုယ်ပိုက်ဆံရရင်ပြီးရောဆိုတာမျိုးတွေအရမ်းကြောက်ဖို့ကောင်းပါတယ်။ တာဝန်ယူတတ်တဲ့စိတ်၊ နိုင်ငံကြီးသားပီသတဲ့စိတ်တွေနဲ့ နိုင်ငံတွေကိုအမှတ်ပေးရင်တော့ မြန်မာနိုင်ငံ ဘိတ်ဆုံးဒုတိယဖြစ်လောက်တယ် (ဘိတ်ဆုံးကတော့ တရုတ်ဖြစ်မှာ)။ ဒါတွေကိုအသေအချာကြီးကြပ်ထိန်းသိမ်းသင့်နေပါပြီ။ လူငယ်တွေဘက်ကလည်း ဘာမပာုတ်တာလေးတွေနဲ့ ကိုယ့်ဘ၀ကိုအနစ်မွန်းမခံပါနဲ့။ စဉ်းစားကြည့်ပါ။ လူတစ်ယောက်ပုံမှန်လိုအပ်တဲ့အိပ်ချိန်ကို မအိပ်ဘဲအလုပ်လုပ်နိုင်နေတယ်ဆိုမှတော့ တစ်ခုခုလွဲနေလို့ပေါ့။ ဒီလိုဆေးမျိုးပာာ ရေရှည်အတွက်ကောင်းနိုင်ပါ့မလား။ လူငယ်ဆိုတဲ့ဘ၀ပာာ တက်လမ်းတွေနဲ့ အညွန့်တလူလူတက်နေတာပါ။အဲလိုအချိန်မှာမူးယစ်ဆေးကြောင့် အနစ်မွန်းခံမယ်ဆိုရင် ဘ၀တစ်သက်တာလုံးသူများတံတွေးခွက်ထဲမှာပဲ နေသွားရပါလိမ့်မယ်။ သူများအခိုင်းအစေခံဘ၀နဲ့ ရေစုန်မျောသွားရပါလိမ့်မယ်။ ကိုယ့်ဘ၀ကို နှမြောရင် ကိုယ့်ကိုကိုယ်ချစ်ရင် မူးယစ်အနွယ်ဝင်တွေကို တတ်နိုင်သမျှသာရှောင်ရှားပေးကြပါလို့ သတိပေးလိုက်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)

 ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျန်းမာရေး အကြောင်းလေးလဲ ဖြစ်တယ်။ပြီးတော့ ကိုယ်ကိုတိုင် အလှုဒါနလေး လုပ်ကြည့်ပြီး ကုသိုလ် ဖြစ်စေမဲ့ သွေးလှုတဲ့ အကြောင်းလေးပါ။သွေးလှူတယ်ဆိုတာ အင်မတန်ကိုမှ မွန်မြတ်တဲ့ အလှူဒါနပါ။ သွေးလှူခြင်းဟာ နာကျင်မှု မရှိသလို အချိန်လည်းပေးစရာ သိပ်မလိုပါဘူး။ ဒါ့အပြင် ကိုယ်လှူလိုက်တဲ့ သွေးကြောင့် တစ်စုံတစ်ယောက် အသက်ရှင်သွားရတယ်ဆိုတဲ့ အသိက အင်မတန်ကိုမှ ပီတိ ဖြစ်စရာပါ။ ယခုအခါ သွေးလှူဘဏ်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းတာတွေ ရှိသလို အထိမ်းအမှတ်နေ့တွေမှာ မိတ်ဆွေတွေ အုပ်စုလိုက် သွေးလှူဒါန်းတာမျိုးလည်း ရှိနေတာ သာဓုခေါ်စရာပါ။ ဒါပေမဲ့ လူနာတွေပြည့်နှက်နေတဲ့ ဆေးရုံကြီးမှာ လိုအပ်တဲ့ သွေးပမာဏ လုံလောက်တဲ့အထိတော့ မရှိသေးပါဘူး။ ဒါကြောင့် မွန်မြတ်လှတဲ့ အလှူဒါနဖြစ်တဲ့ သွေးလှူခြင်းကို ပြုလုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
၁။ မလှူခင်ညမှာ ပြင်ဆင်ပါ
သွေးလှူမယ့်နေ့ မတိုင်ခင်မှာ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။ အဆီများတဲ့ အစာတွေ ရှောင်ပါ။ သွေးစစ်တဲ့အခါ အဆီ(Lipid) တွေများနေပါက သွေးစစ်ရ ခက်ခဲတတ်ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့ အစာတွေကတော့ အနီရောင်အသား၊ ဟင်းနုနယ်တို့ ဖြစ်ပါတယ်။
၂။ ကောင်းကောင်း အိပ်ပါ
နောက်တစ်ရက် သွေးလှူရာမှာ လှူဒါန်းလိုက်တဲ့ သွေးအစား ခန္ဓာကိုယ်ထဲ သွေးတွေ ပြန်ပြည့်လာစေဖို့ အားတွေ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်ပေးပါ။
၃။ မလှူခင် အစာစားပါ
ကိုယ်က မနက်စာကို စားလေ့မရှိတာတောင်မှ သွေးလှူမယ့်နေ့မှာတော့ မနက်စာကို စားဖြစ်အောင် စားပါ။ အကယ်၍ သွေးလှူမယ့်အချိန် ညနေဘက်မှာဆိုရင်လည်း နေ့လယ်စာကို ပုံမှန်စားကာ သွေးမလှူခင် မုန့်အနည်းငယ် စားပေးပါ။
၎။ မလှူခင် အရည်သောက်ပါ
သွေးမလှူခင် ရေ ဒါမှမဟုတ် အချိုရည် သောက်ပေးပါ။ ကဖင်းဓာတ် ပါရှိတဲ့ လက်ဖက်ရည်၊ ကော်ဖီ မသောက်ပါနဲ့။ ကဖင်းဓာတ်က ရေဓာတ်ဖြည့် မပေးတဲ့အပြင် ရေဓာတ်ကိုတောင် ခြောက်သွေ့သွားစေနိုင်ပါတယ်။

၅။ အ၀တ်အစား ချောင်ချောင်ချိချိ ၀တ်ပါ
သွေးလှူပါက တံကောက်ဝတ်ရှိ သွေးကြောကနေ သွေးထုတ်ယူတာကြောင့် အင်္ကျီလက်ရှည် ၀တ်ပါက အပေါ်ကို ခေါက်တင်ရာမှာ အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် သွေးပေါင်ချိန် တိုင်းရာမှာလည်း လက်မောင်းမှာ တိုင်းတာကြောင့် ပွပွချောင်ချောင်နဲ့ လက်တိုအင်္ကျီဖြစ်ပါက ပိုကောင်းပါတယ်။
၆။ ကိုယ့်ကျန်းမာရေး ရာဇ၀င်ကို သိပါ
သွေးလှူရာမှာ အခက်ကြုံနိုင်တဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို ဖြေရမှာပါ။ ဒါကြောင့် ကိုယ့်ကျန်းမာရေး ရာဇ၀င်ကို သိနေသင့်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ သုံးဆောင်နေတဲ့ ဆေးဝါးတွေကိုလည်း သိသင့်ပါတယ်။ တချို့ဆေးဝါးတွေက သင်သွေးလှူရာမှာ ပြဿနာ ဖြစ်နိုင်တာကြောင့်ပါ။ ကိုယ်အမြဲသောက်နေကျ ဆေးဝါးတွေ နာမည်ကို သိထားသင့်ပါတယ်။ မိန်းကလေးတွေ အနေနဲ့လည်း ကိုယ့်ဓမ္မတာ ရာသီစက်ဝန်းကို သိထားသင့်ပါတယ်။ ရာသီလာချိန်နဲ့ လာအပြီး အနည်းငယ်အတွင်းမှာ သွေးအားနည်းနေတာကြောင့် သွေးလှူလို့ မရပါဘူး။
၇။ စောစော သွားပါ
သွေးမလှူခင် ဖောင်ဖြည့်စရာတို့၊ အချက်အလက်တွေ ဖတ်ကြည့်စရာတို့ ရှိပါတယ်။ လက်ချောင်းထိပ်ကို အပ်နဲ့ဖောက်ပြီး သွေးစစ်စရာလည်း ရှိပါတယ်။ ဒါကြောင့် အချိန်ကိုက် မသွားပါနဲ့။ စောစောသွားပါ။
၈။ သွေးလှူဒါန်း ကြာချိန်ကို သိပါ
တကယ့်သွေးလှူတဲ့ဖြစ်စဉ်ဟာ ၁၅ မိနစ်လောက်သာ ကြာပါတယ်။ အမျိုးသားတွေက အမျိုး သမီး တွေထက်စာရင် သွေးမြန်မြန် ပိုထွက်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားနဲ့ သွေးပမာဏပေါ် မူတည်လို့ပါ။ ဒါပေမဲ့ အခြား သွေးလှူရှင်တွေနဲ့ သွေးအရင်ပြည့်ချိန်ကို မပြိုင်ပါနဲ့။ စိတ်အေးအေးထားပြီး ပီတိပွားနေပါ။ မျက်စိမှိတ် မထားပါနဲ့။ သင့်ကို မျက်စိ ဖွင့်ခိုင်းထားမှာပါ။ ဒါမှ သင်မူးနေလား၊ မူးမနေဘူးလားဆိုတာ သိရမှာပါ။
၉။ သွေးလှူပြီးပြီးချင်း ခဏနားပါ
သွေးလှူဒါန်းပြီးတဲ့အခါမှာလည်း သွေးလှူဘဏ်က ကျွေးတဲ့ မုန့်နဲ့အအေးကို သောက်ပါ။ ခဏလေး ထိုင်နားပြီး အစားအစာ အေးအေးဆေးဆေး စားပါ။ သင် ဘယ်လိုနေသေးလဲဆိုတာကို အကဲခတ်နေကြမှာပါ။ ဒါကြောင့် မူးနေပါက ဒါမှမဟုတ် သွေးထုတ်ထားတဲ့နေရာက သွေးယိုထွက်နေပါက ဒါမှမဟုတ် နာကျင်နေပါက သူတို့ကို အသိပေးလိုက်ပါ။
၁၀။ သံဓာတ်အားဖြည့်ဆေး သောက်ပါ
သွေးလှူပြီး နောက်ရက်အနည်းငယ်အတွင်း သံဓာတ်အားဖြည့်ဆေး သောက်ပါမှ လှူဒါန်းလိုက်တဲ့ သွေးက ခန္ဓာကိုယ်မှာ မြန်မြန်ပြည့်လာမှာပါ။ သွေးလှူပြီး နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီအတွင်း အရည်များများ သောက်ပေးရန်လည်း လိုအပ်ပါတယ်။ကဲ ဒီလောက်ဆိုရင် ကျွန်တော့ ၀က်ဆိုဒ်လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံး ကျန်းမာရေး ဗဟုသုတလေးတွေ ရရှိပြီး သွေးလှုရင်း ကုသိုလ်လေးတွေ ရနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် Tamplate လေးတွေ ပြောင်းနေလို့ စာဖတ်ပရိတ်သတ်တွေကို အနှောင့်အယှက်လေးများ ဖြစ်သွားခဲ့ရင် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါရစေလားဗျာ။
Written By - (Dr.NuMyat)
From - Delo

                                                                                                                                          ကြိုးစားလျက်....!
                                                                                                                                           (Yekyawphyo)

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ မျက်နှာမှာ ၀က်ခြံ တို့ တင်းတိပ်တို့ မဟုတ်ပဲ အလှဖျက်နေတက်တဲ့ အမည်းစက် လေးတွေအကြောင်းလေးပါ။ပြီးတော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလေးလေးပါ ပြောပြပေးသွားမှာပါ။ကျွန်တော် သိသလောက်လေးပေါ့ဗျာ။
မျက်နှာပေါ်မှာ အစက်အပျောက်တွေရှိနေရင် တော်တော်စိတ်ညစ်ရမှာပါ။အထူးသဖြင့် မိန်းကလေးတော်တော်များများ မှာ အဖြစ်များတယ်လို့လဲ ကျွန်တော်ထင်မိပါတယ်။အဲ့ဒီလို ဖြစ်ရင်  မိန်းကလေး တစ်ယောက်အနေနဲ့ လှချင်ပချင်ကြမှာပါပဲ။ဒါမဲ့ အဲ့ဒီ အမည်းစက်လေးတွေ ကြောင့် ကိုယ့်ရှိတဲ့ အလှကို မပြရဲ အပြင်မထွက်ရဲနဲ့ တော်တော် စိတ်ညစ်ရပါလိမ့်မယ်။ကဲ....အဲ့ဒီ အတွက် ကျွန်တော့ သူငယ်ချင်းတွေ စိတ်မညစ်ကြပါနဲ့ဗျာ။ အဲဒီ အစက်အပျောက်တွေကို ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလမ်းကောင်းတွေနဲ့ တိုက်ထုတ်ကြရအောင်ဗျာ။ အစွမ်းလည်းထက်ရမယ်။ အကုန်အကျလည်း မများစေရဘူး။ ဘယ်လိုလည်း... စိတ်ဝင်စားစရာကောင်းတယ်နော်။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ။


နည်းလမ်း ( ၁ )
- မျက်နှာက သနပ်ခါးတွေ၊ မိတ်ကပ်တွေကို တစ်နေကုန်လုံးလိမ်းထားသမျှ ကိုယ့်အားတဲ့ အချိန်လေးမှာ ဖျက်ပါ။အားတဲ့ အချိန်ဆိုတာ အထူးသဖြင့် ညဘက် အလုပ်က ပြန်ချိန် ကျောင်းက ပြန်ချိန်လေးတွေပေါ့။
- ချွေးပေါက်တွေပွင့်အောင် ရေနွေး ခပ်နွေးနွေးလေးနဲ့မျက်နှာသစ်ရမှာပါ။
- သံပုရာသီးလေးကို အစိတ်သေးသေးလေးတွေစိတ်ပါ။ ပြီးတော့ မျက်နှာပေါ်က အစက်အပျောက်တွေရှိတဲ့နေရာမှာ တင်ထားပါ။ မိနစ် ၂၀ ထက်တော့မပိုရပါဘူး။
- ၁၅-၂၀ မိနစ်ကြာရင် သံပုရာသီးတွေကိုဖယ်ပြီး Daily Cleanser နဲ့ ရေအေးတို့ကိုသုံးပြီး မျက်နှာသစ်လိုက်ပါ။
နေ့တိုင်းသာ စိတ်ရှည်ရှည်လေးနဲ့သာလုပ်သွားမယ်ဆိုရင် အစက်အပျောက်တွေကို Bye Bye လို့ နှုတ်ဆက်နိုင်ပါပြီ။

နည်းလမ်း ( ၂ )
- သံပုရာသီးရဲ့ Acid ဒဏ်ကိုမခံနိုင်တဲ့၊ ထိခိုက်လွယ်တဲ့အသားအရေတွေအတွက်ကတော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါဘဲ။
- မနက်အိပ်ရာထတိုင်းမှာ အစက်အပျောက်တွေရှိတဲ့နေရာပေါ်ကို ရှားစောင်းလက်ပတ် အတွင်းကဂျယ်လီလေး လိမ်းပေးပါ။
ရှားစောင်းလက်ပတ်က အသားလည်းမခြောက်စေဘဲ အစက်အပျောက်တွေကင်းစေမယ့် နည်းကောင်းလေးပါ။

နည်းလမ်း ( ၃ )
- အစက်အပျောက်တွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- ဒါကြောင့် ကာလအတော်ကြာအောင် နေရောင်ခြည်နဲ့မထိတွေ့အောင် သတိထားနေထိုင်ရင်လည်း အစက်အပျောက်တွေကို တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။
- နေပူထဲကိုသွားရတော့မယ်ဆိုရင် ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေကို မမေ့ပါနဲ့။
- အသားအရေကို နေရောင်ခြည်ဒဏ်က အပြည့်အ၀ကာကွယ်ပေးနိုင်မယ့် Sun Cream တစ်မျိုးမျိုးကိုလည်း မဖြစ်မနေလိမ်းသင့်ပါတယ်။

နည်းလမ်း ( ၄ )
- အချိုရည်တွေကို ဝေးဝေးရှောင်ပြီး ရေကိုသာများများသောက်ပေးပါ။
- တစ်နေ့ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးလောက်စားပေးပါ။

နည်းလမ်း ( ၅ )
- အသားအရေကို သေချာဂရုစိုက်ထိန်းသိမ်းပါ။
- အခြေခံအသားအရေ ထိန်းသိမ်းနည်း ၄ ဆင့် ကို ဖြစ်အောင်လုပ်ပါ။
- တစ်ခုပိုလာတာက Whitening Essence ပါ။ ဈေးကွက်ထဲမှာ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်တာတွေအတွက် Whitening Essence တွေ အများကြီးရှိတယ်နော်။ ကိုယ်နဲ့ အဆင်ပြေတာလေးကို ရွေးသုံးပေါ့။
- အဲဒီတော့ မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်၊ တိုနာလေးလိမ်းပြီးရင် Whitening Essence လေး လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရမှာပါ။ကဲ.......မျက်နှာမှာ အမည်းစက်လေးတွေ ထင်နေတက်တဲ့ ကိုကို တွေ မမ တွေအားလုံး စိတ်ညစ်စရာမလိုတော့ပါဘူးဗျာ။ကျွန်တော် ပြောတဲ့ အပေါ်က နည်းလေးတွေ အတိုင်းသာ လုပ်သွားလိုက်ယုံပါပဲ။ငွေကုန်ကြေးကျ နည်းပြီး အလွယ်တကူ လုပ်လို့ရတဲ့ နည်းလေးတွေဆိုတော့ သူငယ်ချင်းတွေ သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ....သူငယ်ချင်းတွေ အားလုံး မျက်နှာမှာ အမည်းစက်လေးတွေ ကင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် အပြင်ထွက်နိုင်ကြပြီး ဖြူစင်ဝင်းမွတ်တဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးလဲ Myanmar Sky Link မှာ ကူးယူထားပြီး ကျွန်တော် လိုအပ်တဲ့ စာသားအနည်းငယ် ထပ်မံဖြည့်စွက်ထားပါတယ်ဗျာ။
From - (Myanmar Sky Link) 
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ခြောက်သွေ့တက်သော အသားအရေ ပိုင်ရှင်များအတွက် ဘယ်လို ကိုယ့် အသားအရေကို ထိန်းသိမ်းကာကွယ်ရမယ် ဆိုတဲ့ နည်းလေးကို  ကျွန်တော် သိသလောက်ပြောပြပေးပါ့မယ်ဗျာ။အသားအရေက စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး တင်းနေလို့ စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် ခြောက်သွေ့တဲ့အသားအရေ အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသားအရေအကြောင်း ကိုယ် သိချင်ကြမှာပဲလေ။ ဒါမှလည်း ဆောင်ရန် ရှောင်ရန်လေးတွေသိမှာပေါ့။ ခုတော့ ခြောက်သွေ့တဲ့အသားအရေအကြောင်းရော၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း တခါထဲ ဖော်ပြထားတာမို့ သူငယ်ချင်းတို့က ဖတ်ပြီး လိုက်နာရုံပဲနော်။ ခု ခြောက်သွေ့တဲ့အသားအရေနဲ့ ပတ်သက်သမျှကို တူတူလေ့လာရအောင်ဗျာ။ 

ခြောက်သွေ့တဲ့အသားအရေ

- အရေပြားက အဆီထုတ်လုပ်မှုနည်းတဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အစိုဓာတ်ကို မထိန်းနိုင်တော့ အရေပြားက ခြောက်သွေ့ပြီး အကွက်လေးတွေဖြစ်နေသလို ထင်နေရတယ်နော်။
- မျက်နှာသစ်ပြီးလို့ အစိုဓာတ်ထိန်းခရမ် တစ်ခုခုမလိမ်းဘူးဆိုရင် မျက်နှာကတင်းပြီး သက်တောင့်သက်သာ မရှိတော့ပါဘူး။အသားအရေဟာ စိုပြေမှုမရှိတော့ဘဲ အထူးသဖြင့် ပါးနဲ့ မျက်လုံးတ၀ိုက်မှာ ပိုဆိုးတတ်တယ်လေ။
- အဲ့ဒီနေရာတွေနဲ့ ပါးစပ်ထောင့်တွေမှာ အရေးအကြောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ အရေးအကြောင်းတွေဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။
- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လှပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်လွယ်တာပေါ့။
- လေဒဏ်၊ Air Con ဒဏ်နဲ့ အရမ်းပူ အရမ်းအေးတဲ့ အခြေအနေတွေဟာလည်း အသားအရေကို ပိုခြောက်သွေ့စေလို့ အသားအရေဟာ အရမ်းတင်းလာတတ်တယ်။ ပြီးတော့ အသားပတ်ပြီး အဖတ်လေးတွေ ကွာနိုင်ပါတယ်။
- အသားပတ်ခြင်းဖြစ်လာပြီဆိုရင်တော့ သင့်အသားအရေဟာ အလွန်ခြောက်သွေ့ပြီး ရေဓာတ်လည်း ခမ်းခြောက်နေတယ်လို့ သတိပေးနေတာပါပဲ။
- ဒါကြောင့် သေချာဂရုစိုက်ရမယ့် အသားအရေပဲနော်။

ခြောက်သွေ့တဲ့အသားအရေကို ဖြစ်စေတဲ့အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း

- Vitamin A နှင့် Vitamin B ချို့တဲ့ခြင်း

- နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ခံရခြင်း

- ဓာတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ

- အပြင်းစားဆပ်ပြာများကို အလွန်အကျွံသုံးစွဲခြင်း

- အရေပြားရောဂါများ

- သွိုင်းရွိက်ရောဂါများ

- ဆေးအချို့

ဘယ်လိုဂရုစိုက်ရမလဲ
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။

- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လို့ မျက်နှာကို ညင်ညင်သာသာလေး ကိုင်တွယ်ရမယ်နော်။  

- မျက်နှာသစ်တဲ့အခါမှာ ဆပ်ပြာကို လုံးဝမသုံးပါနဲ့။ မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတွေကို ဓာတုပစ္စည်းပါဝင်မှု နည်းတာတွေကိုပဲ ရွေးဝယ်ပါ။ သခွားသီး၊ ရှားစောင်းလက်ပတ် ကျွန်တော်တို့ မြန်မာနိုင်ငံကဆို မြန်မာ့ ရှင်မတောင်သနပ်ခါး စစ်စစ်တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေကတော့ ပိုကောင်းတယ်နော်။ For Dry Skin ဆိုတာတွေကို ရွေးဝယ်ဖို့ မမေ့ပါနဲ့။ Alcohol စတာတွေပါတဲ့ အပြင်းစားအလှကုန်တွေကိုတော့ ဝေးဝေးကသာ ရှောင်ပေတော့။

- သင်ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။

- ပြီးရင် အစိုဓာတ်ထိန်းခရမ်ကောင်းကောင်းလေး လိမ်းပြီး နှိပ်နယ်ပေးဖို့ လိုပါတယ်။ Baby Oil ကိုလည်း သုံးလို့ရတယ်နော်။

- ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်းအစိုဓာတ်ထိန်းခရမ်လေး လိမ်းပြီး နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။အထူးသဖြင့် နို့နဲ့ ပြုလုပ်ထားတဲ့ အေးမြတဲ့ Skin Lotion တို့လို ဟာမျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

-နှုတ်ခမ်းလေးတွေ ခြောက်သွေ့ကွဲအက်နေလို့ စိတ်ညစ်မနေနဲ့တော့နော်။ Vitamin E ပါတဲ့ နူတ်ခမ်းနီအဆီလေး ဆိုးပေးရုံနဲ့ အစိုဓာတ်လေးတွေ ပြည့်ဝပြီး နူးညံ့သွားမှာပါ။ နှုတ်ခမ်းနီမဆိုးခင်မှာတော့ နှုတ်ခမ်းက ကွာလန်နေတဲ့ အရေပြားဖတ်လေးတွေကို နူးညံတဲ့ပုဝါ ၊ ဒါမှ မဟုတ် တီရှူးတို့ဖြင့် ဖြည်းဖြည်း ပွတ်တိုက်ပြီး ဖယ်ရှားပေးရမယ်နော်။

- ခန္ဓာကိုယ်အရေပြားတွေ အလွန်ခြောက်သွေ့ပြီး အသားပတ်နေတယ်ဆိုရင်လည်း Vitamin E လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။

- အသားကြမ်းတဲ့အ၀တ်တွေက အသားအရေကို ထိခိုက်စေလို့ မ၀တ်သင့်ဘူးနော်။

- အရမ်းပူတဲ့ အေးတဲ့နေရာတွေမှာ မနေပါနဲ့။ အပူချိန် ချက်ချင်းပြောင်းလဲတာတွေကို သတိပြုရှောင်ကြဉ်ပါ။ နေဒဏ်၊ လေဒဏ်ကိုလည်း ကာကွယ်ရမယ်နော်။

- နေရောင်ခြည်ဒဏ်က အရေပြားကိုခြောက်သွေ့စေရုံမက အရေးအကြောင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲမသွားခင် နေရောင်ကာလိမ်းဆေး ကောင်းကောင်းလိမ်းပါ။ ထီး၊ ဦးထုပ်၊ မျက်မှန်စတဲ့ အကာအကွယ်တွေကိုလည်း မမေ့ပါနဲ့။
- ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားကို ခြောက်သွေ့စေပြီး ပင်ပန်းနေတဲ့အသွင်ဖြစ်ပေါ်စေတာမို့ ဆေးလိပ်ကိုရော ဆေးလိပ်ငွေ့ကိုပါ ဝေးဝေးက ရှောင်ပါ။


အာဟာရ အကြံပြုချက်

- အသားအရေ အာဟာရပြည့်စေဖို့ အသီးအရွက်၊ အသား၊ ပဲ အစုံစားပေးဖို့တော့ အသားအရေအမျိုးအစား အားလုံးမှာ လိုတယ်နော်။

- ပဲအမျိုးမျိုးကို များများစားပေးပါ။

- အသီး၊ အရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးပါ။ ရေသေချာဆေးဖို့တော့ လိုမယ်နော်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကညွတ် တွေများများစားပေးပါ။ သင့်အသားအရေကို နူးညံ့ပြီး နုပျိုစေတဲ့ အစားအစာတွေပါပဲ။

- သခွားမွှေး၊ မုန်လာဥ၀ါနဲ့ ဆီးသီး တွေဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းတဲ့ စားစရာတွေ ပါပဲ။ Vitamin A နဲ့ C ကြောင့် အရေပြားကို နူးညံချောမွေ့စေတယ်လေ။

- Vitamin B5 ( Pantothenic acid ) ကြွယ်ဝတဲ့ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်အသီးအရွက်များ၊ ဂျုံနဲ့လုပ်ထားတဲ့အစားစာများ၊ တဆေး စတာတွေကို စားပေးပါ။ Vit B5 ဟာအရေပြားရဲ့ အဆီထုတ်လုပ်မူအတွက် အလွန်အရေးပါလှပါတယ်။

- ရေကို နေ့စဉ် ၂ လီတာခန့် သောက်ပါ။

- ဆီကြော်နဲ့ ပတ်သတ်တဲ့ မုန့်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

-အချိုရည်တွေနဲ့ အသင့်စားစရာတွေကိုလည်း ရှောင်ရမယ်နော်။

-အရက်နဲ့ ကော်ဖီကိုရှောင်ပါ။ ဆီးရွှင်စေလို့ ဆီးခဏခဏသွားပြီး ခန္ဓာကိုယ်ထဲက ရေတွေဆုံးရူံးနိုင်လို့ဖြစ်ပါတယ်။

အထွေထွေ အကြံပြုချက်

- Evening Primrose Oil  ပါတဲ့ဆေးတွေသောက်ပါ။ အဲမှာပါတဲ့ Gamma Linolenic acid (GLA) ကအရေပြားဆဲလ်တွေကို ကြံခိုင်သန်စွမ်းစေပြီး အစိုဓာတ်ကိုပြည့်ဝစေတယ်လေ။

- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက် အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုတယ်နော်။

- သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားက လိုအပ်တဲ့အာဟာရတွေ ရရှိစေဖို့နဲ့ မလိုတဲ့အညစ်အကြေးတွေ သန့်စင်စေဖို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ ကျွန်တော် ပြောချင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့  မကောင်းတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် အပြင်ကို ထွက်သွားအောင်လို့ပါ။

- ခြောက်သွေ့တဲ့အသားအရေအတွက် အလွယ်ဆုံး မျက်နှာပေါင်းတင်ဆေးကတော့ ငှက်ပျောသီး ပါပဲ။ပြီးတော့ သခွားသီး၊ရှားစောင်းလက်ပတ်တို့ပေါ့။ကိုယ့် သန်ရာ ကိုယ်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အလွယ်ဆုံး ငှက်ပျောသီး နဲ့ပဲ ပြောပြပါရစေဗျာ။ ငှက်ပျောသီးကို ကျေညက်အောင်ချေပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကြာတဲ့အခါမှာ ရေကြက်အေး ခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရမ်းကြီး ပူလို့လဲ မရပါဘူး။ကဲ....ဘယ်လိုလဲ ကျွန်တော် ပြောတဲ့ နည်းလေးက အရမ်းလွယ်တယ် မဟုတ်လား။
ကဲ.....သူငယ်ချင်းတို့လည်း ခြောက်သွေ့တဲ့အသားအရေအကြောင်းကို တော်တော်သိသွားပြီဆိုတော့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး လုပ်ကြည့်ပြီး စိုပြေ၀င်းမွတ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Myanmar Sky Link မှ ကူးယူထားပြီး စာသားအနည်းငယ်လေးကို  ထပ်မံဖြည့်သွင်းထားပါတယ်ဗျာ။
From - (Myanmar Sky Link)
                                                                                                                                          ကြိုးစားလျက်....!
                                                                                                                                            (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -