Showing posts with label (Hardware). Show all posts

အခု ကျွန်တော် ပြောချင်တဲ့ Post လေးကတော့ ကျွန်တော်တို့ Computer အသုံးပြုပြီးလို့ ပိတ်တဲ့ အခါ Shutdown ချပြီး ပိတ်ကျတာများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေကိုယ်က အရေးကြီးနေတဲ့ အချိန်တွေကျရင် Computer ကိုပိတ်ချင်တယ်။Shutdown Time က နှေးနေတယ်ဗျာ။မြန်မြန်လေး Shutdown ကျသွားချင်တယ်ဆိုရင် ကျွန်တော့ ပေးတဲ့ ဒီ နည်းလမ်းလေးက အရမ်းရိုးရှင်းပြီး အသုံးပြုရတာ မြန်ဆန်လွန်းလှပါတယ်။ဘာ Software တွေမှလဲ အသုံးပြုစရာလဲ မလိုပါဘူး။ကဲ......နည်းလမ်းလေး စကြရအောင်လားဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ ပထမဦးဆုံး ပြုလုပ်ရမဲ့

နံပါတ် 1 အချက်ကတော့ Keyboard က Shortcut နှစ်ခုဖြစ်တဲ့ Windows + R ကို နှိပ်လိုက်ပါ။

နံပါတ် 2 အချက်ကတော့ Run Box မှာ regedit ဆိုပြီး စာလေးရိုက်လိုက်ပါ။

နံပါတ် 3 အချက်ကတော့ Registry Editor ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။

နံပါတ် 4 အချက်ကတော့ HKEY_LOCAL_MACHINE ကို Click လိုက်ပါ။

နံပါတ် 5 အချက်ကတော့ SYSTEM ကို Click လိုက်ပါ။

နံပါတ် 6 အချက်ကတော့ Current Control Set ကို Click လိုက်ပါ။

နံပါတ် 7 အချက်ကတော့ Control ကို Click တစ်ချက်နှိပ်လိုက်ပါ။

နံပါတ် 8 အချက်ကတော့ Control ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ စာကြောင်း 9 ကြောင်းမြောက်မှာ ရှိနေတဲ့ WaitToKillServiceTimeout ဆိုတဲ့ စာတန်းလေးကို Click တစ်ချက် ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ကို ရွှေးလိုက်ပါ။ပြီးရင် WaitToKillServiceTimeout ရဲ့ စာကြောင်းအောက်က Value Data နေရာမှာ 1200 , 1000 စတဲ့ နံပါတ်တွေ က ရှိနေပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီ Value Data နေရာမှာ ကျွန်တော်တို့က 1200 တို့ 1000 တို့ အစား 150 , 200 လို့ပေးထားလိုက်ပါ။ပြီးရင် မိမိ Computer ကို Shutdown ပြန်ချကြည့်ပါ။အရင် Shutdown Time ထက် ပိုမြန်ဆန် သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Value Data မထည့်တက်ရင် ကျွန်တော် အောက်မှာ ဓာတ်ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးနော်။

Fig ~ 1
ကဲ........ဒီလောက်ဆိုရင် ကိုယ့် Computer ရဲ့ Shutdown Time ကို မြန်ဆန်အောင် ပြုလုပ်ပြီး ကိုယ့် ဘ၀ရဲ့ အချိန်တစ်ပိုင်းတစ်စလေးကို ပိုလျှံအောင် ပြုလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Fig ~ 1
ကျွန်တော် အခု တစ်လော ကြားကြားနေရတဲ့ ပြဿနာလေးကတော့ Blue Screen Error Page ကြီး ပေါ်လာတဲ့ ပြဿနာပါ။အဲ့ဒီ ပြဿနာက Computer သုံးစွဲသူတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေရမဲ့ ပြဿနာမျိုးလို့လဲ ကျွန်တော် ထင်မိပါတယ်။အဲ့ဒီလို Blue Screen Error ကြီး တက်လာရင် အခုမှ Computer လောကထဲကို စတင်ဝင်ရောက်သူတွေအဖို့ အလွန်ဦးနှောက်ခြောက်စရာကောင်း အလွန်စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာကြီးလို့ ထင်ကောင်းထင်မိသွားပါလိမ့်မယ်။အဲ့ဒီ Blue Screen ကြီးဖြစ်ရတဲ့ အကြောင်းအရာနဲ့ ဖြေရှင်းနည်းလေးတွေကို ကျွန်တော် သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို ဝေမျှပေးပါ့ရစေဗျာ။အရင်ဦးဆုံး Blue Screen Error Page ကြီးပေါ်လာပြီဆိုရင် အဲ့လို ဖြစ်ရတဲ့ အကြောင်းအရင်းက 2 ချက်ရှိပါတယ်။ပထမကတော့ Computer စစဖွင့်တဲ့အချိန်မှာ ရုတ်တရက် Blue Screen Error Page ကြီးပေါ်လာပြီး Restart ကျသွားတဲ့အချိန်ရယ် Computer အသုံးပြုနေတဲ့အချိန် ကိုယ့် Computer က Graphic Card နိုင်မနိုင် မသိဘဲ အရမ်းလေးတဲ့ HD Game တွေဘာတွေဆော့နေတာပဲဖြစ်ဖြစ် Software အကြီးတွေ Install လုပ်နေတဲ့အချိန်ဖြစ်ဖြစ် ရုတ်တရက် Blue Screen Error Page ကြီးပေါ်လာတဲ့အချိန်တို့မှာ အဖြစ်များလေ့ရှိပါတယ်။အဲ့ဒီလို အခြေအနေမျိုးတွင် Computer ကို စတင်လေ့လာသူတွေ အဖို့ကတော့ Windows အသစ်ပြန်တင်ဖို့လောက်ပဲ ခေါင်းထဲတန်းပြီးရောက်သွားလောက်မှာပါ။Computer ဖွင့်တက် ပိတ်တက်ပြီး Game လောက်ပဲ ဆော့တက်တဲ့ သူတွေ အဖို့ကတော့ 5000 ကျပ်လောက်ပေးပြီး Service ဆိုင်ကို ပို့လိုက်ကြမှာ ကျိန်းသေလောက်ပါတယ်။Blue Screen Error Page ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Computer ရဲ့ Windows Operating System (OS) ကထုတ်ပေးလိုက်တဲ့ Fatal Error code ကြောင့်ဖြစ်ပါတယ်။ဒီ Error Code ကဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ Windows OS ကို ပြန်ပြီး Recover အနေနဲ့လဲ ပြန်လုပ်လို့မရတော့ပါဘူး။အခု အသုံးပြုနေတဲ့ OS ကတော့ Crash ဖြစ်သွားပါပြီ လို့အသုံးပြုသူကိုပြောခြင်းဖြစ်ပါတယ်။ ဒီ Blue Screen Error Page ကို ကြုံရပြီဆိုရင်တော့ မိမိ ရဲ့Windows OS ဟာ ကောင်းမွန်စွာအလုပ်လုပ်တော့မှာမဟုတ်ပဲ Computer စစဖွင့်ခြင်း အချိန်မှာပဲ Blue Screen Error Page ကြီးပြပြီး ခဏခဏ Restart ကျကျနေမှာဖြစ်ပါတယ်။အဲ့ဒီ Blue Screen Error Page ကြီးဖြစ်ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ 5 ချက်ရှိပါတယ်။

1. ဒါမှ မဟုတ် တစ်ဦးတစ်ယောက်က Windows OS ရဲ့ System File တစ်ခုခုကို ဖျက်သွားတာတို့  Virus ကြောင့် အဲ့ဒီ ဖိုင်လေး ပျောက်သွားတာမျိုး ကျွန်တော် သိသလောက်များသောအားဖြင့် System32 ထဲမှာရှိတဲ့ .dll file တစ်ခုပျက်သွားတာမျိုးတို့တွင် ဖြစ်တက်ပါတယ်။
2.  Memory RAM (သို့) Memory ချောင်းစိုတ်တဲ့ နေရာလေးတွေ ဒေါင့်နေရာလေးတွေမှာ ဖုန်တက်နေတာတို့ Memory Module  ချောင်းများရဲ့အစွန်းဘက်တွေမှာ ဖုန်တွေကတ်နေတာတို့ ဂျီးတွေ ကက်နေတဲ့ အခါမျိုးတို့တွင်လဲ ဖြစ်တက်ပါတယ်။
3.  Computer အတွင်းမှာ Run နေတဲ့ Driver Software တွေ Update မဖြစ်ချင်း၊Driver Software များ ကိုယ်တင်ထားတဲ့ Windows နဲ့ Compatible မဖြစ်ခြင်း။အထူးသဖြင့် ကိုယ့် Windows ရဲ့ System Type က 32 Bits ဖြစ်နေတယ် ကိုယ် တင်လိုက်တဲ့ Driver Software က 64 Bits အတွက်ပဲ လက်ခံတဲ့ အခါမျိုးတွေပေါ့ဗျာ။
4. ကျွန်တော် တို့ Memory ပေါ် Install လုပ်ထားတဲ့ Software တွေက ကျွန်တော်တို့ Computer စဖွင့်ဖွင့်ခြင်း Windows တက်တဲ့ အခါမှာ Windows ကနေ ပြန်ပြီး System File တွေကို Loading မလုပ်နိုင်ခြင်း စတဲ့ အခါမျိုးတွင်မှာလဲ ဖြစ်တက်ပါတယ်။
5.Hard Disk မှာ Bad Sector တွေဖြစ်နေခြင်း။Hard Disk ပျက်နေတဲ့ အခါမျိုးတွေ Hard Disk ရဲ့ Sector ကြိုးက လွှတ်နေတဲ့ အခါမျိုးတွေမှာလဲ ဖြစ်တက်ပါတယ်။ကိုယ့် ကွန်ပျူတာကို အမြဲဂရုစိုက်သင့်ပါတယ်။
ကဲ.........Blue Screen Error Page ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ မေးခွန်းတွေ မေးချင်တဲ့ သူတွေရဲ့ စိတ်ထဲကအမေးကို ဖြေပြီးသွားပြီဆိုရင်တော့ အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဘယ်လို အဲ့ဒီ ပြဿနာကို ဖြေရှင်းသင့်သလဲဆိုလဲ မေးခွန်းတွေကို မေးချင်တဲ့ သူတွေအတွက် အဖြေကတော့ ကျွန်တော် အောက်မှာ နည်းလမ်း 2 မျိုးနဲ့ ဓာတ်ပုံတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သွားလေ့လာပေးပါဦးနော်။Blue Screen Error Page မဖြစ်အောင် အရင်ဦးဆုံး ပထမ တစ်နည်းကို ပြောပြပါ့မယ်။

1.ကိုယ့် Computer (PC) မှာ အသုံးပြုထားတဲ့ Anti Virus Software ကို အမြဲ Update ဖြစ်အောင်ထားပါ။
2.Laptop / Destop တို့ကို ဖုန်တွေ ကျရောက်နိုင်တဲ့ နေရာတွေမှာ သိပ်မထားပဲ တစ်လ တစ်ခါ ဖြစ်ဖြစ် သန့်ရှင်းအောင် လုပ်ပေးပါ။
3.Windows မှာ System Cleaning Software, Ccleaner, Tuneup Utility, Registry Mechanics, Disk Defraggler, Microsoft Security Essentials အစရှိတဲ့ Anti Virus Software မျိုး Registry Software မျိုးတစ်ခုခုကို မိမိ Computer ထဲမှာ တစ်ခုမဟုတ် တစ်ခု ရှိထားသင့်ပါတယ်။Disk Defraggler တို့လို Software မျိုးတွေကိုတော့ တစ်ပတ်တစ်ခါ အသုံးပြုပေးပါ။အဲ့ဒါမှ မိမိ အသုံးပြုနေတဲ့ PC မှာ သိသိသာသာနဲ့ လျှင်မြန်ပေါ့ပါးသွားတာကို တွေ့ရပြီး Blue Screen Error Page ရန်မှလဲ ကင်းဝေးသွားပါ့လိမ့်မယ်။


Blue Screen Error Page မဖြစ်အောင် ဒုတိယမြောက်နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြပါဦးမယ်ဗျာ။
ဒီ နည်းလေးတွေကတော့ Windows XP, Windows Vista, Windows 7 အစရှိတဲ့ Windows တွေမှာပါ အသုံးပြုလို့ရတဲ့ နည်းလမ်းလေးပေါ့ဗျာ။
1. အရင်ဦးဆုံး Destop က Computer ဆိုတဲ့ Icon လေးကို Click တစ်ချက်ထောက် Right Click ထောက်ပြီး Properties ကိုသွားပြီး Click လိုက်ပါ။ဒါမှ မဟုတ် Start Menu Bar ကနေလဲ Computer ဆိုတာလေးကို Right Click ထောက်ပြီး Properties ကိုသွားနိုင်ပါတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 2
2.Window System Box ကျလာရင် ဘယ်ဘက်ဘေးရဲ့ အောက်နားလောက်မှာ ရှိတဲ့ Advanced System Settings ကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 3
3.System Properties > Advanced > Startup and Recovery (Settings) ကို ၀င်လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 4
4.Startup and Recovery ထဲမှ ကျွန်တော် လိမ္မော်ရောင်နဲ့ ၀ိုင်းပြပေးထားတဲ့ System Failure ဆိုတဲ့ စာကြောင်းလေးရဲ့ အောက်မှာ ရှိနေတဲ့ ဒုတိယမြောက် စာကြောင်းဖြစ်တဲ့ Automatically restart ဆိုတဲ့ စာတန်းလေးမှာ အမှန်ခြစ်ပေးထားခဲ့ရင် ဖြုတ်လိုက်ပါ။ပြီးရင်တော့ Ok>Apply>Ok ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 5
ကဲ..........ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ပြန်ပြီး မျှဝေပေးပါဦးနော်။

                                                                                                                                        ကြိုးစားလျက်....!
                                                                                                                                         (Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော်က ကွန်ပျူတာတွေမှာ တစ်ချို့ Software တွေကို မိမိ ကွန်ပျူတာမှာ Run ပြီး  Delete လုပ်လို့မရတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြမဲ့ နည်းလေးက ဘာ Software မှ မလိုဘဲ ပြန်ဖြုတ်နည်းလေးကို ကျွန်တော်ပြောပြပေးသွားပါ့မယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။လုပ်နည်း လေးက လွယ်လွယ်လေးပါ.. လုပ်ကြည့် လိုက်ပါဗျာ.......

၁။ Start ⇒ Run ⇒ regedit ဟု ရိုက်ထည့်ပြီး OK လိုက်ပါ။

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start ⇒ Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ သုံးလို့ အကျိုးရှိခဲ့ မယ်ဆိုရင် ကျွန်တော် က ပျော်နေတက်တဲ့ သူတစ်ယောက်ပါဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                           (Yekyawphyo)
ကျွန်တော် အလုပ်တွေ မအားတာကော Connection တွေမရတာအတွက်ကော ကျွန်တော့  IT Bank လေးကို Post မတင်ဖြစ်တာတော်တော်ကြာပါပြီ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးကို အားပေးကြတဲ့ သူငယ်ချင်းတွေ အစ်ကို အစ်မ တွေ အားလုံးကို ဒီ Post လေးနဲ့ အတူ အနူးအညွှတ်လေးတောင်းပန်ပါရစေဗျာ။ကျွန်တော် တို့ ကွန်ပျူတာ တွေမှာ တစ်ခုခု လုပ်လို့မရတာတို့ ဘာတို့ ကျရင် Run Box လေးက အကူအညီပေးပါတယ်။အဲ့ဒီ Run Box လေးကို  ကျွန်တော်တို့က မိမိ စိတ်ကြိုက် အရောင်လေးတွေ ထားပြီးသုံးကြရအောင်ဗျာ။အသုံးပြုပုံလေးတွေကို ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွပြသပေးထားပါတယ်ဗျာ။
Windows+R > CMD > Box Right Click > Properties
ဓာတ်ပုံ ကို မမြင်ရရင် Click နှိပ်၍ကြည့်ပါ။အောက်ကပုံကို ဆက်လက်ကြည့်ပါ။
Colors Tab လေးကို Click ပြီး Screen Background ဆိုတာလေးကို Mark လေးပေးလိုက်ပါက CMD Box ရဲ့ မူလ အနက်ရောင် Background နေရာမှာ မိမိ စိတ်ကြိုက် အရောင်ကို ချိန်းပြီးသုံးလို့ ရပါတယ်။Screen Text လေးကို Mark ပေးလိုက်ပါက CMD Box လေးက Text စာသားလေးတွေကို မိမိ စိတ်ကြိုက် အရောင်ကို ထပ်ချိန်းလို့ ရပါတယ်ဗျာ။ပြီးရင် Ok ပေါ့။ဒါဆိုရင် အောက်က ပုံလေးတွေ အတိုင်းမိမိတို့ စိတ်ကြိုက် အရောင်လေးတွေနဲ့ CMD Box လေးတွေမှာ အသုံးပြုလို့ ရသွားပါပြီဗျာ။
 ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ Post လေးတွေကို လွတ်လပ်စွာ ကူးယူနိုင်ခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်ရဲ့ နာမည်လေးတော့ ထည့်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော်တို့အသုံးပြုနေကြတဲ့  ကွန်ပျူတာ အတွင်းမှာ ဘာပစ္စည်းတွေ ပါတယ်။ဘယ်လို ခေါ်တာလဲ ဆိုတာ ကို သုံးသာသုံးနေကြတာ စုံစုံလင်လင်သိတဲ့ သူတွေ နည်းလိမ့်မယ်လို့ထင်ပါတယ်ဗျာ။စုံစုံလင်လင် နဲ့ ကွန်ပျူတာရဲ့ Hardware အကြောင်းကို သိချင်တဲ့ သူတွေ အတွက်ကော ကွန်ပျူတာ အကြောင်းကို အခြေခံ (Basic) ကနေစပြီးသိချင်တဲ့ သူတွေ အတွက်ကျွန်တော်က မြန်မာလို ဘာသာပြန်ရေးသားထားတဲ့ EBook လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။သူငယ်ချင်းတွေ လိုချင်ရင် ကျွန်တော်အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။

(ဒီ မှာ Download ယူသွားလိုက်ပါဦးနော်။)

သူငယ်ချင်းတွေ အားလုံး ကွန်ပျူတာပညာကို အခြေခံမှ စပြီး လေ့လာနိုင်ကြပြီး အောင်မြင်တဲ့ ကွန်ပျူတာ ပညာရှင်ကြီးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                           ကြိုးစားလျက်.......!
                                                                                                                                              (Yekyawphyo)






ကျွန်တော်တို့တွေဟာ ကွန်ပျူတာကို ထိတွေ့ ကိုင်တွယ် အသုံးပြု ၀ယ်ယူတော့မယ်ဆိုရင် ဘယ်လို ကွန်ပျူတာ အမျိုးအစားကို ၀ယ်သင့်တယ်။ကွန်ပျူတာရဲ့ ဘာတွေ ကို သိထားဖို့လိုတာလဲ။ပြီးတော့ ကွန်ပျူတာရဲ့ အကြောင်းအရာများအားလုံးကို မြန်မာလို ဘာသာပြန်ပေးထားတဲ့ ကိုရဲထွန်းဝင်း ရဲ့ EBook လေးတစ်ခုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါရစေဗျာ။တစ်ချို့ဆို ရှိပါတယ်။ကိုက ကွန်ပျူတာ အကြောင်းဘာမှ နားမလည်ပဲ သွားဝယ်ခဲ့မယ်ဆိုရင် ဆိုင်က ကို့ကို မသိဘူးဆိုပြီး မကောင်းတာတွေ ရောင်းလိုက်မိရင် ကိုက ခံရတာပဲ လေ။အဲ့တော့ ကိုက ကွန်ပျူတာ ၀ယ်ရင် ပစ္စည်းတွေရဲ့  Quality ကို သိအောင်လုပ်ထားဖို့ လိုပါတယ်။ကဲ သူငယ်ချင်းတွေ လိုချင် အောက်မှာ Download လေးယူသွားလိုက်ပါဦးနော်။

 (ဒီ မှာ Download ယူသွားလိုက်ပါနော်။)

သူငယ်ချင်းတွေ အားလုံး လုပ်ငန်းဆောင်တာ များအားလုံး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်လဲ အလုပ်တွေ မအားတာနဲ့ Post တွေ မတင်ဖြစ်တာတောင်ကြာပြီ။ခုတော့ မအား အားအောင်ကြိုးစားပြီး တင်ပေးလိုက်ပါတယ်ဗျာ။
                                                                                                                                     ကြိုးစားလျက်......!
                                                                                                                                       (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -