Showing posts with label (Audio). Show all posts

Fig ~ 1
အခု တစ်လော ကျွန်တော့ Facebook က Group မှာကော တခြား Group တွေမှာကော Blog တွေ Web Site တွေ ဖွင့်လိုက်ရင် အဲ့ဒီ Blog တွေ Web Site တွေကနေ သီချင်းတွေ Auto လာနေတဲ့ Music Player လှလှလေးနဲ့ ဒီဇိုင်းလန်းလန်းလေးတွေ အသုံးပြုချင်တဲ့ Blogger သမားလေးတွေ Web Development သမားလေးတွေ အတွက် ကျွန်တော့ Blog လေးရဲ့ ညာဘက်အပေါ်နားလေးမှာ ဆင်ထားတဲ့ ပုံစံမျိုးလေး ကိုယ့် Blog , Web Site မှာလဲ တန်ဆာဆင်ခြင်ပါတယ်ဆိုရင်တော့ ကျွန်တော် အသုံးပြုနည်းလေးကို အသေးစိတ်မဟုတ်ခဲ့ရင်တောင် စာဖတ်ပရိတ်သတ်တို့ နားလည်ရလွယ်ကူအောင် သေချာရှင်းပြပေးပါ့မယ်ဗျာ။ပုံလေးတွေနဲ့ စာလေးတွေနဲ့ပေါ့ဗျာ။အရင်ဦး ဆုံး ကျွန်တော်တို့က www.podsnack.com ကို သွားလိုက်ပါ။ပြီးရင် အောက်ကပုံလေးအတိုင်း Bulid a playlist ဆိုတဲ့စာတန်းလေးကို Click တစ်ချက်နှိပ်ပြီးဆက်သွားလိုက်ပါ။


Fig ~ 2 
ပြီးသွားရင်တော့ ကျွန်တော်တို့ Sign In ၀င်ရမှာ ဖြစ်ပါတယ်ဗျာ။ဒီ Web Site လေးရဲ့ ထူးခြားချက် တစ်ခုကတော့ Sign Up လုပ်စရာမလိုပဲ အသုံးပြုသူက Facebook , Google Mail , Twitter Account တစ်ခုခုရှိရမှာဖြစ်ပြီး အဲ့ဒီ Account တွေထဲက ကိုယ်အဆင်ပြေတဲ့ မိမိစိတ်ကြိုက် Account တစ်ခုနဲ့ Sign In With Facebook, Google, Twitter တစ်ခုခုနဲ့ ၀င်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့။

Fig ~ 3
ပြီးသွားရင်တော့ အောက်က ပုံလေးထဲကအတိုင်း စာမျက်နှာကို ရောက်သွားမှာဖြစ်ပါတယ်ဗျာ။အဲ့ဒီမှာ သူက ပေးထားတာက Youtube က သီချင်းတွေကို Upload ပေးမှာလား။Computer ကသီချင်းတွေကို Upload ပေးမှာလား။ဒါမှ မဟုတ် Record အနေနဲ့ တင်မှာလားဆိုပြီး 3 မျိုးပေးထားပါတယ်ဗျာ။အဲ့ဒီ Web Site လေးက ဘယ်လိုပုံစံမျိုးလေးလုပ်ထားလဲ ဆိုတော့ ကျွန်တော်တို့ Online Radio တွေရဲ့ Style ပုံစံမျိုး ဖန်တီးရယူနိုင်ပြီး ကိုယ့် Blog, Web Site မှာလဲ Online Radio တစ်ခုအနေနဲ့ လွှင့်တင်ပေးလို့လဲ ရပါသေးတယ်။

Fig ~ 4
အဲ့ဒီ မှာ မိမိ စိတ်ကြိုက်သီချင်းတစ်ပုဒ်ကို ရှာပြီး Upload တင်လိုက်ပါ။ဒါ ပထမ အဆင့်လို့လဲ ပြောလို့ရပါတယ်။နောက် တစ်ခုကတော့ File Upload တင်ပြီးသွားရင်တော့ နံပါတ် 2 အဆင့်အနေနဲ့ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့ Music Player ရဲ့ Theme တွေ Music Player ရဲ့ Setting တွေကို မိမိ စိတ်ကြိုက်ချိန်ညှိပေးရမှာဖြစ်ပါတယ်။Theme တွေကတော့ အများကြီးပါပဲ။မိမိ စိတ်ကြိုက် Theme နဲ့ Colour တွေကိုရွှေးချယ်နိုင်ပါတယ်ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးနဲ့ နမူနာပြပေးထားပါတယ်ဗျာ။
Fig ~ 5
ပြီးသွားရင်တော့ ကိုယ်လိုချင်တဲ့ Theme ရယ် မိမိ စိတ်ကြိုက် Colour ပြီးတော့ Music Player ရဲ့ Setting တွေကို ချိန်ညှိရပါမယ်။အောက်မှာ ကျွန်တော် နမူနာချိန်ပေးထားတဲ့ ပုံလေးကို ကြည့်လိုက်ပါဦးဗျာ။

Fig ~ 6
အဲ့ဒီ မှာ မိမိစိတ်ကြိုက် Music Player ရဲ့ Setting တွေကို ချိန်းနိုင်ပါတယ်။Music Player ရဲ့ Weight , Height တို့ ချိန်ပြီးပါက မိမိ Music Player ကို Auto Play လုပ်မလား။ Loop လုပ်မလားပေါ့။နောက်တစ်ခုက မိမိ Music Player ရဲ့ အသံထွက်အား Volume ကိုဘယ်လောက် ထားမလဲဆိုတာကိုပေါ့။အားလုံး ကို မိမိ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်ဗျာ။ပြီးသွားရင်တော့ နံပါတ် 3 အဆင့်ဖြစ်တဲ့ Finish ဆိုတဲ့ စာတန်းလေးကို  Click လိုက်ရုံပါပဲ။ပြီးသွားရင်တော့ အောက်က ပုံလေးထဲက စာမျက်နှာအတိုင်းရောက်သွားမှာဖြစ်ပါတယ်ဗျာ။

Fig ~ 7

ပြီးသွားရင်တော့ အလယ်က Embed ဆိုတဲ့ နေရာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Use Free (With Watermark) နဲ့ Next နဲ့ ရှိပါတယ်။Next ကို သုံးမယ်ဆိုရင်တော့ Premium membership အနေနဲ့ ပိုက်ဆံပေးပြီး အသုံးပြုရမှာဖြစ်သလို Use Free ကို သုံးမယ်ဆိုရင်တော့ အလကားသုံးရမှာပေါ့ဗျာ။အောက်က ပုံလေးအတိုင်းရောက်သွားမှာ ဖြစ်ပါတယ်ဗျာ။

Fig ~ 8
 အဲ့ဒီမှာ ကျွန်တော်တို့က Blog , Web Site တွေရဲ့ Slide Bar မှာအသုံးပြုမှာ ဖြစ်လို့ iFrame (standard) Code တွေပဲယူသုံးမှာဖြစ်ပါတယ်။အဲ့ဒီမှာ သူပေးထားတဲ့ Code တွေကို Copy ကူးယူပြီး ကျွန်တော် နမူနာအနေနဲ့ Blogspot ကနေပဲ ရှင်းပြပါ့မယ်ဗျာ။ခုနက ကူးယူထားတဲ့ Code တွေကို
1.Blogger Dashboard
2.Layout
3.Add A Gadget
4.Html/Javascript တို့တွင် Paste ကူးထည့်ပြီး Save လိုက်ယုံပါပဲ။ပြီးရင် မိမိ Blog , Web Site တွေကိုဖွင့်ကြည့်လိုက်ပါ။ကျွန်တော့ Blog လေးမှာ ဆင်ထားတဲ့ အတိုင်း သီချင်းတွေ မိမိထည့်သွင်းထားသလောက် အဆက်မပြတ်လာနေမှာဖြစ်ပါတယ်ဗျာ။ဒါဆိုရင် မိမိ Blog , Web Site လေးကို လာလည်ရင်း ဂီတသံစဉ်လန်းလန်းလေးတွေနဲ့ မိမိရဲ့ စာဖတ်ပရိတ်သတ်တွေကို လာလည်ချင်လာအောင် နည်းလမ်းတစ်မျိုးနဲ့ စွဲဆောင်နိုင်မှာဖြစ်ပါတယ်ဗျာ။ကဲ.........ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ နဲ့ ကျွန်တော့လိုပဲ Web Development သမားတွေ Blogger သမားလေးတွေအားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကို ကျွန်တော် အချိန်ကုန်ခံ မျက်လုံးအညောင်းခံပြီး သေချာရှင်းပြပေးထားပါတယ်ဗျာ။စာဖတ်ပရိတ်သတ်တွေ အားလုံးလဲ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကို ကူးယူချင်ရင် လွှတ်လပ်စွာကူးယူနိုင်ပါတယ်ဗျာ။ဒါပေမဲ့ Post ပိုင်ရှင်မူရင်း ကျွန်တော့ IT Bank Site လေးကိုတော့ ပြန်လည် ဖော်ပြပေးကြလို့တော့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်ဗျာ.။
ကြိုးစားလျက်.......!
  (Yekyawphyo)
Fig ~ 1

ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။


အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။


အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။


Fig ~ 2
ကဲ......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ပျင်းနေတဲ့ အချိန်လေး သီချင်းလေး နားထောင်ချင်တယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Application လေးတွေကိုသာ ဖွင့်ပြီးနားထောင်ကြပေါ့ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)

Fig ~ 1
ကျွန်တော် အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေ ကို ပြောပြမဲ့ Post လေးကတော့ ကျွန်တော် တို့ Youtube က သီချင်းတွေကို Online ကနေပဲ Mp3 အနေနဲ့ Convert ပြောင်းပြီး Download ရယူနိုင်တဲ့ Free Web Site လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အရင်ဦးဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ Web Site Link လေးကို အရင်သွားလိုက်ပါဗျာ။


 အဲ့ဒီ Web Site Link ကို ရောက်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Mp3 Convert ပြောင်းမဲ့ Youtube က Web Site Link တစ်ခုခုကို Copy ရယူပြီး ခုနက ကျွန်တော်ပေးထားတဲ့ Web Site Link ရဲ့အောက်နားက Convert an online video file to MP3 ဆိုတဲ့ စာကြောင်းလေးရဲ့ အောက်က နေရာလေးထဲသို့ Paste ကူးထည့်ပြီး Convert Video ဆိုတဲ့ Button လေးကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 2
ခဏစောင့်ပေးလိုက်ပါ။Youtube ကနေ Mp3 File ပြောင်းနေတာ ဖြစ်တဲ့ အတွက်ပါ။100% ပြည့်သွားရင်တော့ အောက်က ပုံလေး အတိုင်း Download လုပ်ဖို့ Click here to download your converted file ဆိုပြီး Download Link ပေးနေပါပြီဗျာ။
Fig ~ 3
ကျွန်တော် ကတော့ One Direction - Kiss You Lyric ဆိုတဲ့ Video လေးကို နမူနာ အနေနဲ့ စမ်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ နားထောင်ချင်တယ် ဆိုရင်တော့ အောက်က Link လေးမှာ တစ်ပါတည်း နားထောင်နိုင်ပါတယ်ဗျာ။
http://ha.video2mp3.net/files/59f55dd170ea0f9d9d2dc89525eab69b/50eaaa8d/YouTube/2013/01/06/21/v/XAXE3JANcsU/One%20Direction%20-%20Kiss%20You%20%28Lyric%20Video%29.mp3


ကဲ.......ဒီ လောက်ဆိုရင်တော့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို လာလည်ရင်း လိုအပ်တာတွေ ရှိနေသေးရင်လဲ ဝေဖန်အကြံပေးနိုင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Android တွေနဲ့ ပတ်သတ်တဲ့ Post လေးတစ်ခုပေါ့ဗျာ။ကျွန်တော်တို့ Android Phone တွေမှာ သီချင်းတွေ နားထောင်လို့ရအောင် Music Player ဆိုပြီးပါ ပါတယ်။အဲ့လို Music Player တွေအများကြီးထဲမှာမှ Style လန်းလန်းလေးနဲ့ အသုံးပြုလို့ကောင်းတဲ့ Player လေးတစ်ခုနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Music Player လေးရဲ့ ထူးခြားချက်က ကျွန်တော်တို့ သီချင်းတွေ နားထောင်တဲ့ အခါ Music Player တော်တော်များများက တစ်ပုဒ်ပြီး တစ်ပုဒ် Auto သွားနေပါတယ်။ဒါမဲ့ အဲ့လို သွားနေတဲ့ သီချင်းတွေထဲမှာ ကိုယ်မကြိုက်တဲ့ သီချင်းတွေလဲ ရောပါလာမယ်။နောက်တစ်ပုဒ် ကျော်သွားချင်တယ်ဆိုပါစို့။အဲ့ဒီ အခါ မိမိ Phone ရဲ့ Touch Screen ကို လက်ဖြင့်နှိပ်စရာမလိုဘဲ Phone ရဲ့ မျက်နှာပြင် Touch Screen ကိုထိစရာမလိုဘဲ မိမိ လက်ကို Phone Screen ရှေ့သို့ ဖြတ်သွားယုံဖြင့် မိမိ ကျော်ပြီး နားထောင်လိုတဲ့ သီချင်းကို ရောက်ရှိပြီး အဆင်ပြေစွာနားထောင်လို့ရမှာပါ။ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်တော်တို့ ကစားကွင်းတွေမှာ သွားကရင် ခလုတ်တွေနှိပ်စရာ မလိုပဲ လူရဲ့ ခန္ဓာကိုယ် အမူအရာနဲ့ အလုပ်လုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ပြီးတော့ ဘောင်းဘီ အိတ် လွယ်အိတ်ထဲတို့တွင် ထည့်ထားခြင်းဖြင့် မိမိ နားထောင်လိုတဲ့ သီချင်းကို ဘောင်းဘီအိတ် လွယ်အိတ်တို့ကို တစ်ချက်ထိ ခြင်းဖြင့်လဲ နားထောင်လို့ရပါတယ်။ကျွန်တော်တော့ ဒီလောက်ပဲ ရှင်းပြတော့မယ်ဗျာ။အပြည့်အစုံကို သိချင်တယ်ဆိုရင်တော့ အောက်က ဓာတ်ပုံလေးကို ကြည့်ပြီး ဟိုးအောက်ဆုံးနားမှာ ရှိနေတဲ့ Download လုပ်ရန် Link မှာ Download ဆွဲပြီး အသုံးပြုကြပေါ့ဗျာ။

Fig ~ 1

Fig ~ 2
ဒုတိယမြောက် ပုံမှာ အသုံးပြုပုံတွေကို အနည်းငယ်ပြပေးထားပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒါဆိုရင် အမြန်ဆုံး Download ရယူလိုက်ရအောင်လားဗျာ။အောက်က Link မှာ သွားယူလိုက်ပါနော်။

Sensor Music Player Version 2.29.2 Apk File Download Page

ကဲ..... Mobile နဲ့ပတ်သတ်တာတွေ စိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီးတွေအားလုံး ကျွန်တော် ပေးတဲ့ Software လေးကို ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေကြပါစေနော်။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် ဒီတစ်ခါ ပြောပြမဲ့ Post လေးကတော့ Mobile နဲ့ ပတ်သတ်တဲ့ Post ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော့ Web Site ရဲ့ CBox မှာ မဖြူဖြူ က Phone တွေမှာ ကိုယ့်အသံကို တခြား အသံတစ်ခုအနေဖြင့် ချိန်းပြီး အသုံးပြုလို့ရတဲ့ Application လေးရှိရင်တင်ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် မရမက လိုက်ရှာပြီး Voice Changer လေးတင်ပေးလိုက်ပါတယ်ဗျာ။Voice Changer က ဘယ်လို အသုံးပြုရတယ်ဆိုတာတော့ ကျွန်တော် အသေးစိတ်မရှင်းပြတော့ပါဘူးဗျာ။အောက်မှာ ပေးထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီးတော့သာ အသုံးပြုပေတော့ဗျာ။

Fig ~ 1
Fig ~ 2
အဲ့ဒီ ပုံလေး အတိုင်း အသုံးပြုပုံတွေ ကြည့်ပြီးပြီ ဆိုရင်တော့ Download လုပ်ဖို့ အောက်မှာ ကျွန်တော်  Link 2 ခုအဆင့်သင့် ပေးထားပါတယ်ဗျာ။လိုချင်ရင် အောက်မှာ ယူလိုက်ပါဦးနော်။တစ်ခု ကတော့ Android OS သုံး Phone တွေအတွက် အသုံးပြုလို့ရပြီး နောက်တစ်ခု ကတော့ Iphone iOS သုံးတဲ့ Phone တွေ အတွက် အသုံးပြုတဲ့ Download Link လေးပါ။ကျွန်တော် နှစ်ခု ခွဲပြီး သေချာ တင်ပေးထားပါတယ်ဗျာ။

Best Voice Changer Apk File Download Page (Android)

Voice Changer Plus IPone File Download Page (IPone iOS)

ကဲ......သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။ကျွန်တော့ Web Site လေးမှာ ရှိနေတဲ့ Software တွေ Download လုပ်စရာတွေ အားလုံး Download လုပ်လို့မရတာတွေ Download Link တွေ သေနေခဲ့ရင် Comment ပေးထားပေးပါ။ကျွန်တော် အချိန်အားတဲ့ အခါ Update Link တွေ ပြန်တင်ပေးပါ့မယ်ဗျာ။လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။နောက်လဲ လာလည်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ကျွန်တော် ဒီ တစ်ခါတော့ သူငယ်ချင်းတွေ အတွက် ကျွန်တော် Mp3 သီချင်းတွေကိုမိမိကြိုက်တဲ့ စာသားနေရာကနေ Cut လုပ်ပြီး Phone တွေထဲ ထည့်ပြီး  Ringtone တစ်ခု အနေနဲ့Cutter လုပ်ချင်တဲ့ သူတွေ အတွက် Portable Software လေးပေါ့ဗျာ။အသုံးပြုချင်တဲ့ သူတွေအတွက်တော့ ကျွန်တော် အောက်မှာ Download လုပ်ဖို့ ပေးထားပါတယ်ဗျာ။ဒီ Software လေးက Protable လေးဆိုတော့ Install လုပ်စရာမလိုပဲ Double Click လေးပေးလိုက်ယုံဖြင့် အသုံးပြုလို့ ရသွားမှာဖြစ်ပါတယ်ဗျာ။Serial Number တို့ Crack တို့ Patch File တို့ မလိုအပ်တာကြောင့် စိတ်ချလက်ချအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ.......ဘယ်လောက် အဆင်ပြေလိုက်လဲ ဗျာ။လိုချင်ရင်တော့ ကျွန်တော် ကပေးဖို့ အဆင်သင့်ပါပဲနော်။File Size လေးကလဲ 1.33 MB လောက်လေးပဲ ရှိတဲ့ အတွက် Download လုပ်ရတာလဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)

ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်တို့ Blogger သမားတွေက သူငယ်ချင်းတွေ ဆီက ပီတီလေး စားပြီး အားရှိနေရတာပါဗျာ။သူငယ်ချင်းတွေ သဘောကြရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို မိတ်ဆက်ပေးပါဦးနော်။
                                                                                                                                       ကြိုးစားလျက်.......!
                                                                                                                                         (Yekyawphyo)
ဒါလေးကတော့ကျွှန်တော်ကိုယ်တိုင်လုပ်ထာတဲ program လေးပါ။ ဘာရယ်လို့တော့မဟုတ်ပါဘူး Who Am I လုပ်ထာတာကိုအားကြလို့လိုက်လုပ်ကြည်တာ Who am I လုပ်ထားတဲ့  Program လေးလောက်တော့မကောင်းပါဘူး။ ဒါပေမဲ
ကျွှန်တော်စမ်းလုပ်ကြည့်တာဆိုတော့ဒီလောက်ဘဲရမှာပေါ့။ ဟဲဟဲ
ဒါနှဲပြောရအုန်းမယ်စကားမဆပ်ဒီ Program လေးကိုဖွင့်ဖို့အတွက် .NET Framework
မရှိမဖြစ်လို့အပ်ပါတယ် .NET Framework မရှိရင်ဒီမှာ Download လုပ်လိုက်ပါ







DOWNLOAD




install လုပ်နည်းလေးကတော့လွယ်ကူပါတယ်။အခုကျွှန်တော် install လုပ်နည်းလေးပြောပြမယ်

၁။


၂။ setup.exe ပေါ်လာပါမယ်အဲဒီ exe လေးကိုနှစ်ချက်နိပ်လိုက်ပေါ့


၃။




၎။


၅။


၆။

၇။ဒါဆိုရင်ပြီးသွားပါပြီကျေးဇူးအထူးတင်ရှိပါတယ်နော်။သီချင်းကောင်းများ နားဆင်နိုင်ပါစေဗျာ။ ဒါလေးကို Myanmar It Development မှရယူထားတာလေးပါ။
                                                                                                                                      ကြိုးစားလျက်........!
(Yekyawphyo)
ကျွန်တော် မြန်မာသီချင်းတွေကို ရေဒီယိုတစ်ခု အနေနဲ. အသံလွင့်ပေးတဲ့ Software လေးတစ်ခု နဲ့ မိတ်ဆက်ပေးပါရစေဗျာ။Internet Browser အသုံးပြုရန်မလိုဘဲ အလွယ်တကူနားသောတဆင်နိုင်အောင် Application တစ်ခုဖြစ်တဲ့ Just Music Radio ရဲ. Destop Player လေးတစ်ခုပါဗျာ။Style လေးက ရှင်းရှင်းလေးနဲ လန်းလန်းလေး ဖြစ်အောင်ပြုလုပ်ပေးထားပါတယ်ဗျာ။အသုံးပြုရတာ လွယ်ကူပြီး အလုပ်မရှုပ်အောင်လဲပြုလုပ်ဖန်တီးပေးထားပါတယ်ဗျာ။ကဲ..... သူငယ်ချင်းတွေ အားလုံး သီချင်းလေးတွေ အဆက်မပြတ်နားထောင်ချင်တယ်ဆိုရင်  အောက်မှာ Download ရယူလိုက်ပါဗျာ။ပြောနေကြာပါတယ်ဗျာ။  အမြန်ဆုံးသာ Download ယူလိုက်ပါတော့ဗျာ။ 

ကဲ ........ သီချင်း ချစ်သူတွေ အားလုံးပျော်ရွှင်ကြပါစေနော်။ဆုတောင်ပေးလိုက်ပါတယ်ဗျာ။သုံးကြည့်လို.အဆင်ပြေရင် သူငယ်ချင်းတွေကိုလဲ လက်တို.လိုက်ကြဦးနော်။(တစ်ခု တော့ ကျွန်တော် သတိပေးပါရစေဗျာ။အဲ့ဒီ Player က Network မိမှ သီချင်းတွေအားဆင်လို့ရမှာ ဖြစ်ပါတယ်ဗျာ။)
                                                                                                                                     ကြိုးစားလျက်.........!
(Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -