Showing posts with label (Myanmar Font Problem). Show all posts

Fig ~ 1

ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။

1. Download Installation Required For ZawGyi-One Fonts  (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို  မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။

2.Download Installation Required For IE-Gtalk Zawgyi Fonts  (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။

3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits)  ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။

အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။

Fig ~ 2
နောက်တစ်ဆင့်ကတော့ ညာဘက်ထောင့်နေရာလေးမှာ ရှိနေတဲ့ Advanced Setting ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 3
နောက်ဆုံးအဆင့်ကတော့ Override for default input method ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပါ။Override for default input method ဆိုတဲ့ စာတန်းလေးရဲ့ အောက်နားမှာရှိတဲ့ Drop Down Menu Bar လေးကထဲကနေ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို Select ရွေးပေးလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 4
ပြီးသွားရင်တော့ Save လိုက်ပေါ့ဗျာ။ဒါဆို ကျွန်တော်တို့တွေ Windows 8 မှာ မြန်မာလိုတွေကို ကောင်းကောင်းကြီး ရေးနိုင် ဖတ်နိုင် စိတ်ကြိုက် အသုံးပြုလို့ရသွားပြီပေါ့ဗျာ။ကဲ.....ဘယ်လောက် ၀မ်းသာစရာကောင်းလဲဗျာ။ကျွန်တော်တို့ မြန်မာတွေလဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ကောင်းတဲ့နေရာမှာ ဦးနှောက်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ပြလိုက်တာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါဗျာ။
ကြိုးစားလျက်.......!
  (YeKyawPhyo)
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျွန်တော် အကြိုက်ဆုံး သုံးနေကျ Firefox လေးရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Firefox Error လေးပါ။အဲ့ဒီ Error လေးကလဲ ကျွန်တော့လိုပဲ ကြုံတွေ့နေရတဲ့ သူငယ်ချင်းတွေလဲ ဖြစ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဲ့ဒီ Error လေးကတော့ Firefox အတွင်းမှာတော့ မြန်မာလိုတွေတော့ ဖတ်လို့ရပါတယ်။Tab Bar တွေ Bookmark တွေ နေရာမှာ မြန်မာလို မပေါ်တာ မြန်မာလို စာရိုက်လို့မရပဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။အဲ့ဒီ Error ကြောင့် ကျွန်တော်ကိုယ်တိုင် လဲ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ကျွန်တော့လို အဲ့ဒီလို စိတ်အနှောင့်အယှက် မဖြစ်ရအောင် သူငယ်ချင်းတွေ အတွက်ကျွန်တော်က ပြောပြပေးသွားပါ့မယ်ဗျာ။အခု လောက်ဆို တစ်ချို့သူငယ်ချင်းတွေရဲ့ Firefox လေးမှာ ကျွန်တော် ပြောသလို Error လေးတွေ တက်နေလောက်ပြီးပေါ့နော်။ကျွန်တော် အရှင်းဆုံးပြမယ်ဗျာ။အောက်က ပုံလေး အတိုင်း ဖြစ်နေတယ်ဆိုပါစို့။
Fig - 1
အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ Version အမြင့်တွေကိုမှ နှစ်သက်ကြတဲ့ စိတ်ဝင်စားကြတဲ့ ကျွန်တော်တို့ လူတွေရဲ့  အပြစ်တွေပါပဲ။ကျွန်တော် ကိုယ်တိုင်လဲ လက်တွေ့ကြုံခဲ့ရတာမို့ ကျွန်တော့ ဆိုဒ်လေးရဲ့ စာဖတ်ပရိတ်သတ်တွေ ကို ကျွန်တော် ဆရာစားမချန်ရှင်းပြပေးပါ့မယ်ဗျာ။အခုကျွန်တော် ဒီ Post ကို ပြန်ပြီး Update လုပ်တဲ့ အချိန်မှာ Firefox 18.0 ဟာနောက်ဆုံး Beta အနေနဲ့ထွက်ရှိထားတာဖြစ်ပါတယ်.။အဲ့ဒီ နောက်ဆုံးထွက် Version ဟာ ကျွန်တော် အပေါ်မှာ ပြထားတဲ့ ပုံလေး အတိုင်း Error  တက်နေပါတယ်။အဲ့ဒီ Firefox 18.0 Beta ကို Download လုပ်ပြီး စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Link ကို သွားလိုက်ပါနော်။

 Mozilla Firefox 18.0 Beta Download Link

အပေါ်မှာ ပြထားတဲ့ ပုံလေး အတိုင်း ကိုယ့် Firefox ကြီးအဲ့လို ဖြစ်နေလို့ ဖြစ်သွားလို့ စိတ်မညစ်ပါနဲ့နော်။အဲ့ဒီ Version ထက်နှိမ့်တဲ့ Version 12.0.1 ကို Download လုပ်ပြီး ကိုယ့် PC မှာ Install ပြန်လုပ်ပေးရုံပါပဲ။Install လုပ်နည်းကိုတော့ ကျွန်တော် မပြောတော့ပါဘူး။စာဖတ်ပရိတ်သတ်တွေ သိထားပြီးသား ဖြစ်လိမ့်မယ်လို့လဲ ထင်ပါတယ်။အဲ့ဒီ Firefox Version 12.0.1 ကို Download လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော် အောက်မှာ ပေးထားတဲ့ Link လေးကို သွားပြီး Download ယူလိုက်ပါနော်။

Mozilla Firefox 12.0 Download Link

အဲ့ဒီ Version ကို Download လုပ်ပြီး Install ပြန်လုပ်ပြီးတဲ့ အခါမှာတော့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း သင့် Firefox မှာ မြန်မာလိုလေးတွေ ပြန်မြင်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
Fig - 2
တကယ်လို့ ကျွန်တော်တို့က Firefox ကို Version အမြင့်ကိုမှ အသုံးပြုချင်တယ်။Version အမြင့်သုံးလိုက်ရင် အဲ့ဒီ အပေါ်မှာ ကျွန်တော် ပြထားတဲ့ အတုံးလေးတွေပဲ ပေါ်ပေါ်နေတယ် ဆိုပါစို့။အဲ့ဒီ အတွက် စိတ်မပူပါနဲ့ဗျ။ကျွန်တော် မှာ ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေး တစ်ခု  ကျွန်တော်တစ်နေ့က စဉ်းစားရင်း ကိုယ်ဘာသာ ကလိကြည့်လိုက်တာ အဆင်ပြေသွားတယ်ဗျာ။အဲ့ဒါနဲ့ ဒီ Post လေးကို နောက်တစ်ကြိမ်ထပ်ပြီး Update လုပ်ပေးလိုက်ပါတယ်ဗျာ။အဲ့ဒါကတော့ ကျွန်တော်တို့ စက်မှာ အသုံးပြုထားတဲ့ ZawGyi Font ရဲ့ Version ကို ထပ်ပြီး မြင့်တင်ပေးလိုက်ရင် အဆင်ပြေသွားပါပြီဗျာ။ZawGyi Font ရဲ့ နောက်ဆုံး ထွက် Version ကို Download ယူချင်တယ်ဆိုရင်တော့ အောက်က မူရင်း Web Site Link လေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။ကျွန်တော့ Web Site ရဲ့ ညာဘက် Slide Bar မှာ ရှိတဲ့ ZAWGYI FONT DOWNLOAD မှာ လဲ ရယူနိုင်ပါသေးတယ်ဗျာ။အဲ့ဒီမှာကတော့ Version အမြင့်ကော Font ရော Keyboard Layout ကော မိမိ စက်နဲ့ ကိုက်ညီမဲ့ 32 Bits , 64 Bits ကောနှစ်မျိုးလုံး ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

http://www.alpha.com.mm/alphazawgyi2008/index.html

ကဲ..........သူငယ်ချင်းတွေရဲ့ Firefox လေး ဟိုးအပေါ် Fig ~ 2 ကပုံမျိုးလေး မြင်ရသွားတဲ့ အခါမှာတော့ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မလဲဗျာ။အရင်လို စိတ်အနှောင့်အယှက်လေးလဲ မဖြစ်တော့ဘူး။အချိန်ကုန်လဲ သက်သာတယ်။စိတ်လဲ မညစ်ရတော့ဘူးပေါ့ဗျာ။ဟုတ်ဘူးလား။ဒါဆို ကျွန်တော်တို့က Firefox ကို Version အမြင့်လဲ သုံးလို့ရသွားပြီ။ပြီးတော့ မြန်မာလိုတွေလဲ ကောင်းကောင်း မြင်ရသွားပြီးဆိုတော့ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲဗျာ။ကျွန်တော့ တုန်းကလဲ အဲ့လို ဖြစ်ခဲ့ရပါတယ်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အဲ့လိုဖြစ်နေခဲ့ရင်လဲ မဖြစ်တော့အောင် အဲ့လို Error နဲ့ မကြုံတွေ့ရသေးရင်လဲ ကြိုတင်ကာကွယ်နိုင်သွားအောင် ကျွန်တော်က ရှင်းပြပေးလိုက်ပါတယ်နော်။IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                          ကြိုးစားလျက်......!
                                                                                                           (Yekyawphyo)
ကျွန်တော် အခု Internet Browser တွေမှာ Myanmar Font ပြဿနာတွေကို ကျွန်တော်သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး ဖြေရှင်းပေးနေတာ အရှေ့မှာဆိုရင် IE မှာ Myanmar Font မပေါ်တာကို ဖြေရှင်းပေးခဲ့ပြီးပါပြီ။အခု Mozilla Firefox  မှာ မြန်မာလို ဖတ်လို့မရတာ မြန်မာလို့ စာရိုက်လို့မရတာကို ကျွန်တော် ပြောပြပေးသွားပါ့မယ်ဗျာ။မြန်မာလို မပေါ်ပဲ Bookmark Bar တွေ နေရာမှာ အတုံးလေးတွေပဲ ပေါ်နေတယ်ဆိုရင်တော့ အခုကျွန်တော် ပြောမဲ့ နည်းနဲ့ အဆင်မပြေပါဘူး။အဲ့ဒီ အတုံးလေးတွေ ပေါ်နေတာကို ဖြေရှင်းရမဲ့ နည်းလေးကိုတော့ ကျွန်တော် Post တစ်ခု အနေနဲ့ တင်ပြီးသွားပါပြီ။သူငယ်ချင်းတွေ သွားဖတ်ချင်တယ် သွားလေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားပြီး ဖတ်လိုက်ပါနော်။

 http://welcometoitbank.blogspot.com/2012/08/firefox-tab-bar-bookmark.html

မသိသေးတဲ့ သူတွေ အတွက် ဦးစားပေးဖြေပေးထားတာဖြစ်ပါတယ်။သိပြီးသားသူတွေ အတွက်ကတော့ ကျွန်တော့ Post မှာလိုအပ်ချက်တွေ ရှိနေသေးရင် ၀င်ရောက်ဆွေးနွေးဝေဖန်အကြံပေးကြပါလို့ လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါတယ်ဗျာ။ကဲ......ကျွန်တော် တို့ ပြဿနာကို စကြမယ်ဗျာ။အရင်ဦးဆုံး မိမိ အသုံးပြုမဲ့ Mozilla Firefox ကို Open ထားလိုက်ပါ။ပြီးရင် ကွန်ပျူတာ Keyboard က Alt+T ကို တွဲနှိပ်လိုက်ပါ။မနှိပ်ချင်လဲ Mozilla Firefox  Tools က Options နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 1
Options ကို နှိပ်ပြီးသွားပြီဆိုရင်တော့ Content ဆိုတဲ့ Tabs ကို Click တစ်ချက်နှိပ်လိုက်ပါ။အလယ်နားမှာ ရှိတဲ့ Fonts & Colors ဆိုတဲ့ List နေရာလေးရဲ့ Default Font: ဆိုတဲ့နေရာမှာတော့ Zawgyi-One ကို ပြောင်းပေးထားလိုက်ပါ။ကိုယ်က Unicode Myanmar3 သုံးတယ်ဆိုရင်တော့ Myanmar 3 ကို ရွေးထားလိုက်ပါ။ပြီးရင်တော့ Ok ပေါ့ဗျာ။Size နေရာမှာတော့ မိမိ စိတ်ကြိုက် ချိန်လို့ရပါတယ်။အကောင်းဆုံး ကတော့ Font Size ကို 16 လောက်ထားတာတော့ အကောင်းဆုံးပါပဲ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 2
ဒါဆို Mozilla Firefox မှာ မြန်မာလို စာရေးရတဲ့ အပြင် မြန်မာလိုပါ ဖတ်နိုင်မှာ ဖြစ်ပါတယ်ဗျာ။Zawgyi Font နဲ့ Zawgyi Keyboard Layout ကိုတော့ မိမိ စက်မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။အဲ့ဒါတွေ Download လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့ IT Bank ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ ဇော်ဂျီ မြန်မာဖောင့်ယူရန် ဆိုတဲ့ Logo လေးကို Click တစ်ချက်နှိပ်ပြီး Download ရယူနိုင်ပါတယ်ဗျာ။အဲ့ဒီမှာ မိမိ စက်နဲ့ ကိုက်ညီမဲ့ Keyboard Layout ဖြစ်တဲ့ 32 Bits နဲ့ 64 Bits ကို တွဲပြီး ထည့်သွင်းပေးထားပါတယ်ဗျာ။ကဲ........သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေဗျာ။
                                                                                                                                   ကြိုးစားလျက်......!
 (Yekyawphyo)
အခု တစ်လော ကျွန်တော် ကြားကြားနေရတဲ့ ပြဿနာကတော့ Myanmar Font ပြဿနာ အကြောင်းလေးပါပဲ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Gtalk , IE , Mozilla Firefox , Etc....... စတဲ့ Internet Broswer တွေမှာ မြန်မာလို့ Font မချိန်းတက်သေးတဲ့ သူတွေ အတွက်ကော Myanmar Font ရှိရဲ့သားနဲ့ ပြဿနာတက်နေတဲ့သူတွေ အတွက်ပါ ကျွန်တော်သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး IT Bank စာဖတ်ပရိတ်သတ်လေးတွေ အတွက်ပြန်လည်မျှဝေပေးပါ့မယ်ဗျာ။သိပြီးသား သူတွေ ရှိနေရင်လဲ သည်းခံပေးပြီး မသိသေးတဲ့ သူတွေအတွက် ဒီ Post လေးမှာ Comment ပေးပြီး ကျွန်တော်နဲ့ တူတူ ၀င်ရောက်ဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အမှားအယွင်းလေးမှား ရှိနေခဲ့ရင် စာဖတ်သူတွေ အနေနဲ့ ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်ဗျာ။အခု ကျွန်တော် စပြီး ဖြေရှင်းပေးမဲ့ ပြဿနာလေးကတော့ Computer မှာ ပါဝင်တဲ့ Internet Explorer(IE) မှာ မြန်မာလို စာရိုက်လို့ရအောင် မြန်မာလိုရေးသားထားတဲ့  Web Site တွေကို ဖတ်လို့ရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။စာဖတ်ပရိတ်သတ်တွေ နားလည်လွယ်အောင် ကျွန်တော် ပုံလေးတွေနဲ့ကော စာနဲ့ပါ အဆင့်ဆင့်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။အရင်ဦးဆုံး IE မှာ မြန်မာလို ပေါ်ဖို့ ကျွန်တော်တို့ ပထမဦးဆုံး လုပ်ရမှာကတော့ မိမိ ကွန်ပျူတာ Destop ပေါ်မှာ Notepad(New Text Document) ဖိုင်တစ်ခု ဆောက်လိုက်ပါ။မလုပ်တက်သေးရင် Destop >> Right Click >> New >> New Text Document ဆိုတဲ့ ဖိုင်လေးကို ရွေးပြီး Click လိုက်ပါ။ဒါဆိုရင် မိမိ ကွန်ပျူတာ Destop မှာ New Text Document ဆိုတဲ့ စာရွက်အပိုင်းလေး တစ်ဖိုင် ရောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig ~ 1
ပြီးရင် အဲ့ဒီ ဖိုင်လေးကို Click နှစ်ချက်နှိပ်ပြီး Open လိုက်ပါ။ပွင့်သွားပြီဆိုရင်တော့ ကျွန်တော် အောက်မှာပေးထားတဲ့ Code လေးတွေကို Copy ကူးပြီး ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ Notepad ဖိုင်လေးထဲသို့ ကူးထည့်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

Fig ~ 2
Notepad ဖိုင်လေးထဲသို့ ကျွန်တော်အပေါ်မှာပေးထားတဲ့ Code တွေကူးထည့်လို့ ပြီးပါက Notepad ရဲ့ ဘယ်ဘက်ထောင့်နေရာမှာ ရှိနေတဲ့ File ဆိုတဲ့ Tab လေးကို Click တစ်ချက်ထောက်လိုက်ပါ။ပြီးရင်  4 ကြောင်းမြောက်နေရာမှာ ရှိနေတဲ့ Save As.... ဆိုတဲ့ နေရာလေးကို Click ထောက်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 3
ပြီးရင် Save မှတ်ရမဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ  File Name ဆိုတဲ့ အကွက်လေးမှာတော့ ကျွန်တော်တို့က ထင်သာမြင်သာလဲ ဖြစ်အောင် မှတ်ရလဲ လွယ်အောင် IE-Zawgyi.css လို့ ပေးလိုက်ပါမယ်။IE-Zawgyi ဆိုတဲ့နေရာမှာတော့ မိမိ စိတ်ကြိုက်နာမည်ကို ချိန်းပြီးထည့်သုံးလို့ရပါတယ်။ကျွန်တော်ကတော့ မှတ်ရလွယ်အောင် IE-Zawgyi လို့ပေးလိုက်တာပါ။နောက် အရေးကြီးပြီး သတိထားရမဲ့ တစ်ချက်က IE-Zawgyi ဆိုတဲ့နောက်မှာ .css ဆိုပြီး File Type ထည့်ပေးရပါမယ်။အဲ့ဒီ .css ကို မထည့်ပေးဘူးဆိုရင်တော့ IE မှာ မြန်မာလိုဖတ်လို့ ရေးလို့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာလဲ မဟုတ်ပါဘူး။အဲ့ဒါကြောင့်မို့ .css ဆိုတဲ့ File Type ကို ထည့်ဖို့ မမေ့ပါနဲ့။ပြီးရင် နောက်တစ်ခုက Save As Type ဆိုတဲ့နေရာမှာတော့ All Files ကိုပြောင်းပေးထားပါ။အောက်နားလေးမှာ ရှိနေတဲ့ Encoding ဆိုတဲ့နေရာလေးမှာတော့ Unicode ကိုရွေးပေးထားပါ။ပြီးရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Save မှတ်ပြီး သိမ်းလိုက်ယုံပါပဲဗျာ။
Fig ~ 4
အပေါ်က ပုံလေးအတိုင်း ကျွန်တော်တို့ Save ပြီးသွားတဲ့ အခါမှာတော့ မိမိ ကွန်ပျူတာ Destop မှာ IE-Zawgyi ဆိုတဲ့ စာရွက်အပိုင်းလေးအပေါ်မှာ စက်သွားပုံလေးနဲ့ ဖိုင်လေး တစ်ဖိုင် ရောက်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 5
အခု ကျွန်တော်တို့ စလုပ်ရမဲ့ နည်းလမ်းက Internet Explorer (IE) ကို ဖွင့်လိုက်ပါ။ပြီးရင် Tools က Internet Options ကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့။
Fig ~ 6
Internet Options ရဲ့ General Tab ကျလာပြီ ဆိုရင်တော့ အောက်ဆုံးနားမှာ ရှိတဲ့ Appearance ဆိုတဲ့ List ရဲ့ Accessibility ဆိုတဲ့နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်း ပေါ့ဗျာ။
Fig ~ 7
Accessibility ကို Click ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်က Formatting ဆိုတဲ့ List မှာ စာကြောင်း 3 ကြောင်းရှိပါတယ်။
1.Ignore colors specified on webpages
2.Ignore font styles specified on webpages
3.Ignore font sizes specified on webpages
အဲ့ဒီ စာကြောင်း 3 ကြောင်းရဲ့ အလယ်က နံပါတ် 2 နေရာမှာ ရှိတဲ့ စာကြောင်း ကို ကျွန်တော်တို့က Mark အမှန်ခြစ်လေး ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ လုပ်ပေးရမှာက User Style Sheet ဆိုတဲ့ List နေရာလေးမှာ Format documents using my style sheet ဆိုတဲ့ စာတန်းလေးကို Mark အမှန်ခြစ်လေး ဖြည့်ပေးလိုက်ပါ။ပြီးရင် အောက်နားလေးမှာ ရှိတဲ့ Browse ဆိုတာလေးကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 8
အဲ့ဒီ Browse ကို Click နှိပ်လိုက်ရင် Box တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ခုနက ကျွန်တော်တို့ IE-Zawgyi.css ဆိုပြီး Destop မှာ Save ထားတဲ့ ဖိုင်ကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Open လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 9
အဲ့ဒီ ပုံလေး အတိုင်း ရှာပြီး Open ပြီးပြီဆိုရင်တော့ ဒါဆိုရင် ကျွန်တော် တို့ Internet Explorer(IE) မှာ မြန်မာလို မြင်ရဖို့ 99% အောင်မြင်သွားပြီးလို့ ယူဆလို့ရပါတယ်။100% အောင်မြင်ဖို့ဆိုရင်တော့ OK >> Apply >> OK ပါ။ဒါဆိုရင် ကျွန်တော်တို့ IE မှာ မြန်မာလို မြင်ရဖို့ 100% အောင်မြင်သွားပါပြီဗျာ။ကျွန်တော် IT Bank Web Site ကို နမူနာအနေနဲ့ ဖွင့်ပြီး အသုံးပြုထားပါတယ်။အောက်က ပုံလေးမှာ ကြည့်လိုက်ပါဦးနော်။
Fig ~ 10
ကဲ......သူငယ်ချင်းတို့ IE မှာ မြန်မာလို ရေးလို့ရတဲ့ အပြင် မြန်မာလိုပါ ဖတ်လို့ရသွားလောက်ပြီလို့ ထင်ပါတယ်ဗျာ။ဒီ နည်းလေးဟာ သိတဲ့ သူတွေ အဖို့တော့ အလွန်လွယ်ကူတဲ့ နည်းလေးဖြစ်သလို မသိတဲ့ သူတွေ အဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ဒါပေမဲ့ အခု ကျွန်တော့ ဒီ Post လေးကတော့ ပုံလေးတွေနဲ့ကော စာလေးတွေနဲ့ပါ တွဲပြီး သေသေချာချာ စိတ်ရှည်ရှည်လေး ဖြေပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် အချိန်ကုန်ခံ အပင်ပန်းခံရကျိုးနပ်ပါပြီဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကိုလဲ လမ်းညွှန်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။ဒါပေမဲ့ အွန်လိုင်းယဉ်ကျေးမှုတစ်ခု အနေနဲ့တော့ မူရင်း Post ပိုင်ရှင်ရဲ့ နာမည်လေးကိုတော့ ထည့်သွင်းအသုံးပြုစေချင်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
                                         
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျွန်တော့ကို Facebook က Myanmar IT Knowledge Organization Group လေးမှာ Ko Ko Aung မေးထားတဲ့ မေးခွန်းလေးကို ဖြေပေးရင်း ကျွန်တော့် IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်လဲ ကျွန်တော် လေ့လာထားသလောက်လေး ရှင်းပြပေးပါ့မယ်ဗျာ။ကိုယ့် PC မှာ ZawGyi Font ရော Keyboard ရော ရှိပါတယ်။ရှိရဲ့ သားနဲ့ မြန်မာလို ရိုက်လို့ မရဘူးဖြစ်နေပါတယ်။Ctrl+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။Alt+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။မြန်မာလို ရိုက်ရတာ အဆင်မပြေလို့ စိတ်ညစ်နေပါတယ်ဆိုတဲ့ သူတွေ အတွက်ပေါ့ဗျာ။အရင် ဦးဆုံး ကျွန်တော် လုပ်ပေးရမှာက Destop Start Bar ရဲ့ ညာဘက်ထောင့်စွန်းမှာ ရှိတဲ့  နာရီတွေ နေ့ရက်တွေ ပြတဲ့နေရာလေးမှာ Keyboard ပုံစံ Icon လေးကို တွေ့အောင် ရှာလိုက်ပါ။ပြီးရင် အဲ့ဒီ Keyboard ပုံစံ Icon လေးကို တွေ့ရင် Right Click ထောက်ပြီး Setting ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်မှာ ပုံနဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။ကြည့်လိုက်ပါဦး။
Fig - 1
Fig - 1
Setting ကို Click ပြီးသွားတဲ့ အခါမှာတော့ Text Services and Input Languages ဆိုတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ အခါ General ဆိုတဲ့ Tab မှာ Default input language ဆိုတဲ့နေရာမှာ ကျွန်တော်တို့က English (Unuted States) - US ကို ပုံသေပြောင်းပေးထားရမှာပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ပြင်ပေးရမှာ ဖြစ်ပါတယ်ဗျာ။
Fig - 2
Fig - 2
အဲ့ပေါ်က ပုံလေး အတိုင်းဖြစ်နေတယ်ဆိုရင်တော့ ဘာမှ လုပ်စရာမလိုအပ်ဘဲ နောက် Tab တစ်ခု ဖြစ်တဲ့ General ဆိုတဲ့ Tabs ရဲ့ ဘေးက Language Bar ဆိုတဲ့ Tabs ကိုသွားလိုက်ပါ။အဲ့ဒီ မှာ တစ်ခု သတိထားရမှာက Language Bar ဆိုတဲ့နေရာလေးမှာ Docked In The Taskbar ဆိုတဲ့နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင် အောက်မှာ ရှိနေတဲ့ စာကြောင်း အရှည်ကြီး 3 ခုထဲက အောက်ဆုံး စာကြောင်းဖြစ်တဲ့ Show Text Labels On The Language Bar ဆိုတဲ့နေရာလေးကို အမှန်ဖြစ် ဖြည့်ပေးလိုက်ပါ။ပြီးရင် Apply , Ok ပေါ့။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 3
Fig - 3
မပြီးသေးဘူး ဗျ။ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်  2 ခု ရှိပါသေးတယ်။အဲ့ဒါက Language Bar ဆိုတဲ့ Tab ရဲ့ နောက်က Advanced Key Settings ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အဲ့ဒီနေရာမှာ သတိထားရမှာ တစ်ခုက Press The CAPS LOCK Key ဆိုတဲ့ နေရာလေးမှာ Mark ပေးထားလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 4
Fig - 4
အပေါ်က ပုံလေး အတိုင်း လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်နားလေးမှာရှိတဲ့ Change Key Sequence ... ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အဲ့ဒီ မှာ Switch Input Language နဲ့ Switch Keyboard Layout ဆိုတဲ့လေး နှစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။အဲ့ဒီ မှာ ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက Ctrl+Shift နှိပ်လဲ မြန်မာလို့ ရိုက်လို့ မရ Alt+Shift နှိပ်လဲ ရိုက်လို့ မရလို့ သူတွေ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ပြင်ပေးရပါမယ်။Switch Input Language ဆိုတဲ့နေရာလေးရဲ့ အောက်မှာ 3 ကြောင်းမြောက်ဖြစ်တဲ့ Left Alt+Shift ဆိုတဲ့နေရာလေးကို Mark ရွေးပေးလိုက်ပါ။ပြီးရင် Switch Keyboard Layout ဆိုတဲ့ နေရာလေးရဲ့ အောက်မှာ ရှိတဲ့ 2 ကြောင်းမြောက်နေရာလေးက Ctrl+Shift ဆိုတဲ့ နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင်တော့ OK>Apply>Ok ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။သွားကြည့်လိုက်ပါဦးနော်။
Fig - 5
Fig - 5
ကဲ.....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ ၀က်ဆိုဒ်လေးကို လက်တို့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်....!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီ တစ်ခါတော့ Gtalk မှာ မြန်မာစာ မပေါ်ဘဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ကျွန်တော်က ရှင်းပြပေးပါ့မယ်ဗျာ။ကျွန်တော့ IT Bank ရဲ့ Cbox မှာလဲ minminswe57@gmail.com ကိုမင်း ကမေးထားလို့ ကျွန်တော် ဖြေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ကိုမင်း မေးထားတဲ့ ဒီမေးခွန်းလေး က ကြာပါပြီ။ကျွန်တော် အလုပ်မအားလို့ Post တွေထဲ မရေးဖြစ် မေးထားတာတွေလဲ မဖြေဖြစ်ဘဲ အခုလို နောက်ကျမှ ဖြေပေးမိတဲ့ အတွက် ကျွန်တော် တောင်းပန်ပါရစေဗျာ။အခုတော့ ကျွန်တော် ကိုမင်းဆိုတဲ့ အစ်ကို မေးထားတာလေးကော Gtalk မှာ မြန်မာစာ မပေါ်တာလေးကော ရောပြီး ရှင်းပြပေးလိုက်ပါတယ်နော်။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက Gtalk က Setting ကို သွားလိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။

အောက်က ပုံလေး အတိုင်းပြီးသွားရင်တော့ Gtalk Setting ရဲ့ General ဆိုတဲ့နေရာလေးကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီမှာ Change Font ဆိုတဲ့နေရာလေးကို Click လိုက်ပါ။မလုပ်တက်သေးရင် ကျွန်တော်အောက်မှာ ပုံလေး နဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။


အပေါ်က ပုံလေး အတိုင်းကော စာလေးကော လုပ်လို့ပြီးသွားရင် Change Font ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ရင် Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ Box လေးမှာ Zawgyi-One ဆိုတာလေးကို ရှာပြီး Click လိုက်ပါ။ပြီးရင် တော့ Ok ပေါ့။မရှင်းသေးရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။
အဲ့ဒါမှ အဆင်မပြေသေးဘူး ဆိုရင် Internet Explorer ရဲ့ Tools က Internet Options ကို Click လိုက်ပါ။
အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Click ပြီးပြီဆိုရင်တော့ Internet Options က General ဆိုတဲ့ စာမျက်နှာလေး မှာ Fonts ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့။
Fonts ဆိုတဲ့ နေရာလေးကို Click ပြီးသွားရင် ကျွန်တော်တို့ က နောက်တစ်ဆင့်မှာ Language script: ဆိုတဲ့နေရာမှာ Latin Based ကို ရွေးထားရမှာဖြစ်ပါတယ်ဗျာ။ပြီးရင် အောက်နားလေးမှာ Webpage Font: ဆိုတဲ့ နေရာလေးမှာတော့ Zawgyi-one ကို ရေးထားရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အောက်ကပုံလေး အတိုင်း ပြောင်းရမဲ့ နေရာလေးတွေကို အနီဝိုင်းလေး ပြထားပါတယ်ဗျာ။အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါဗျာ။

အဲ့ဒါမှ အဆင်မပြေသေးရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Language script: ဆိုတဲ့နေရာလေးကို Latin Based မပြောင်းတော့ဘဲ Myanmar ဆိုတာလေးကို ရွေးလိုက်ပါ။ပြီးရင် Webpage Font: နေရာလေးမှာတော့ Zawgyi-one လေးပေးထားလိုက်ပါဗျာ။ပြီးရင် တော့ နောက်ဆုံး အဆင့်အနေနဲ့ Ok ပြီးရင် Apply ပေါ့ဗျာ။
ဒါဆိုရင် မိမိ Gtalk မှာ မြန်မာလို စာရိုက်လို့ရပါပြီဗျာ။အဲ့... တစ်ခုတော့ ရှိတယ်နော်။Zawgyi Font ကို မိမိ PC မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။Zawgyi Font ကို မိမိ စက်ထဲ ထည့်ရမှာက နှစ်မျိုးရှိပါတယ်။ZawGyi Keyboard ဆိုတာရယ် Font ရယ်ဆိုတာပါပဲ။ Keyboard ဆိုတာကတော့ မြန်မာလို Keyboard နဲ့စာရိုက်လို့ရအောင် လုပ်တဲ့ Software လေးပေါ့။Font ဆိုတာကတော့ မြန်မာ Gtalk တွေ Internet Browser တွေမှာ မြန်မာလို မြင်ရနိုင်အောင် အသုံးပြုတဲ့ Font ဆိုတဲ့ Software အသေးလေးပေါ့ဗျာ။အဲ့ဒီ Software လေးကို ကျွန်တော့ ၀က်ဆိုဒ်ရဲ့ ဘယ်ဘက်ဒေါင့်လေးမှာ ဇော်ဂျီဖောင့် ရယူရန် ဆိုတဲ့နေရာလေးမှာ Download ရယူနိုင်ပါတယ်ဗျာ။ZawGyi Font Install လုပ်နည်းကို ကျွန်တော် နောက်ကျရင် Post တစ်ခု အနေနဲ့ရှင်းပြပေးပါ့မယ်ဗျာ။သိတဲ့ သူတွေအတွက် မခက်ဘူး ဆိုပေမဲ့ မသိတဲ့ သူတွေ အတွက်တော့ မလွယ်လှဘူးပေါ့ဗျာ။မဟုတ်ဘူးလား။ကျွန်တော် အခုလို ရှင်းပြထားတာလေးတွေကလဲ မသိတဲ့ သူတွေ အတွက်ပါဗျာ။ကျွန်တော် သူငယ်ချင်းတွေ နားလည်အောင် ကျွန်တော် အတက်နိုင်ဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေလဲ ကျွန်တော်ရှင်းပြထားတာလေးကို အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်ဘက်က သူများတကာ ဆိုဒ်တွေထက် လိုအပ်မှုလေးတွေ ရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -