Showing posts with label (Hacking). Show all posts

http://ghostarea.net
ဒီ တစ်ခါ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တာကတော့ Computer IT နည်းပညာတွေနဲ့ ဆက်စပ်လေ့ရှိတဲ့ Hacking သတင်းတွေနဲ့ Hacking နည်းပညာတွေကို ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ ပထဦးဆုံး မြန်မာနိုင်ငံလူငယ်လေးများ (Ghost Area) မှစုစည်းရေးသားထားတဲ့ မဂ္ဂဇင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ မဂ္ဂဇင်းလေး ဖတ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူငယ် IT သမားလေးတွေကို လိုအပ်တာတွေ ရှိနေသေးရင် ဝေဖန်အကြံပေးပြီး အားပေးကြပါဦးလို့ ကျွန်တော်က အထူးမေတ္တာရပ်ခံချင်ပါတယ်ဗျာ။အဲ့ဒီ မဂ္ဂဇင်းလေးထဲမှာ Hacking နည်းပညာတွေ Hacking နဲ့ပတ်သတ်တဲ့ သတင်းတွေ Hacking အခြေခံ နည်းပညာ အတိုအထွာလေးတွေ စတဲ့ Hacking နဲ့ ပတ်သတ်တဲ့ နည်းပညာတွေကို စုစည်းပေးထားတဲ့ မြန်မာလို ဘာသာပြန်ပေးထားတဲ့ မဂ္ဂဇင်းစာအုပ်လေးကို အဆင်ပြေစွာ ဖတ်ရှုနိုင်အောင်လို့ အောက်မှာ Download Link နဲ့တကွ ကျွန်တော်က ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။Hacking အကြောင်း စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည်ဖြစ်စေ Internet အသုံးပြုတက်သူတစ်ဦးအနေဖြင့် ဗဟုသုတအနေဖြင့် သိသင့်သိထိုက်တဲ့ လေ့လာစရာ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်လိမ့်မယ် ကျွန်တော်အနေနဲ့ မြင်မိပါတယ်။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးရဲ့ အမြင်ကကော.......ဘယ်လိုပါလဲ။


 ကြိုးစားလျက်.......!
   (Yekyawphyo)
Fig ~ 1
ကျွန်တော် အခု ပြောပြမဲ့ Post လေးကလဲ Facebook က ကျွန်တော့ Group လေးမှာ ညီလေးတစ်ယောက်က SQL Injection Attrack လုပ်လို့ရတဲ့ အကြောင်းကို မြန်မာလို ဘာသာပြန်ပေးထားတဲ့ E-Book လေးလိုချင်တယ်လို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော့ Facebook က Group လေးမှာတော့ Download Link လေးအဲ့ညီလေးကို ပေးပြီးပါပြီ။ဒါပေမဲ့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေလဲ ဗဟုသုတ အနေနဲ့လေ့လာလို့ ရအောင် အပင်ပန်းခံပြီး ရေးပေးထားတဲ့ ကို (BRB) ရဲ့ E-Book လေးကိုလဲ ကျွန်တော်က ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။အဲ့ဒီ E-Book လေးထဲမှာ ဘာတွေ ရေးထားတယ် ဘာအကြောင်းကို ရေးထားတယ်ဆိုတာကိုတော့ Web Development အကြောင်းသိတဲ့  သူတွေကတော့ မစမ်းပေမဲ့ မသိသေးတဲ့ သူတွေ အတွက်ကတော့ အမြန်ဆုံး Download ဆွဲပြီးတော့သာ လေ့လာကြည့်ပေတော့ပေါ့ဗျာ။ဒါပေမဲ့ ဒီစာအုပ်လေးထဲမှာ ပါတဲ့ နည်းလေးတွေကို ကောင်းတဲ့ နေရာမှာပဲ အသုံးပြုစေချင်ပါတယ်ဗျာ။မကောင်းတဲ့ နေရာ အကျိုးမရှိတဲ့နေရာမှာတော့ အသုံးမပြုစေချင်ပါဘူးဗျာ။Download လုပ်ချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။

SQL Injection Attack Myanmar Version EBook Download Page By Box.com

ကဲ.....သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။ကျွန်တော် စကားလက်ဆောင်ပေးချင်ပါတယ်။အဲ့ဒီ စကားလေးကတော့ (မကောင်းမှု ဟူသည် စိတ်ကွယ်ရာ မရှိ၊ကိုယ် ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်) ဆိုတဲ့ စကားလေးပါပဲ။
ကြိုးစားလျက်......!
 (Yekyawphyo)
ကျွန်တော် အရင်တုန်းကတော့ Gtalk Password Viewer ဆိုပြီး Software လေးတစ်ခုတင်ပေးဖူးပါတယ်ဗျာ။ဒီတစ်ခါတော့ FireFox Password Viewer ဆိုပြီး Java Code လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော့ ဒီ Code လေးကို သူငယ်ချင်းတွေ အားလုံး ကောင်းတဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်ဗျာ။သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ နေရာမျိုးမှာတော့ အသုံးမပြုစေချင်ပါဘူးဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်အတွက်နဲ့ သူတစ်ပါးထိခိုက်နစ်နာခဲ့မယ် ဆိုရင်တော့ ကိုယ့်ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာလိမ့်မယ် ဆိုတဲ့ စကားပုံလေးကိုတော့ မမေ့ပါနဲ့လို့သတိပေးပါရစေဗျာ။ပြီးတော့ ကျွန်တော်ဟာ Hacker တစ်ယောက်လဲ မဟုတ်ပါဘူးဗျာ။Hacking  လဲ စိတ်မ၀င်စားပါဘူးဗျာ။ဒါမဲ့ သိသင့်တယ်ထင်လို့ ကျွန်တော်လေ့လာထားသမျှလေး သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးရတာပါဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်ပေးပါ့မယ်ဗျာ။ကျွန်တော် နမူနာအနေနဲ့  FireFox က Gmail မှာ စမ်းပြထားပေးပါတယ်ဗျာ။တစ်ခုတော့ သတိပေးလိုက်မယ်နော်။Password ရိုက်ထားမှ ကြည့်လို့ရမှာနော်။အောက်က ပုံလေး အတိုင်း ကျွန်တော်တို့က အရင် Gmail ကို ၀င်လိုက်တယ်ပေါ့ဗျာ။ပြီးရင် Gmail ထဲကို လုံးဝမ၀င်သေးခင် Firefox ရဲ့ Address Bar မှာ ကျွန်တော် အောက်မှာ ပေးထားတဲ့ Code လေးကို Copy ကူးပြီး Paste ထည့်လိုက်ရင် ကျွန်တော်တို့ Logn In ၀င်ထားတုန်းကပေးထားတဲ့ Password နံပါတ်လေးတွေဟာ အောက်ဆုံးက ပုံလေး အတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ကျွန်တော် နမူနာ စမ်းထားတဲ့ ပုံလေးတွေ ကိုကြည့်လိုက်ရအောင်ဗျာ။
အပေါ်က ပုံလေးကတော့ ကျွန်တော် နမူနာ Gmail မှာ စမ်းထားတဲ့ပုံလေးပေါ့ဗျာ။အောက်က ပုံလေးကတော့ ကျွန်တော် ပေးထားတဲ့ JavaCode လေးကို Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး ကျွန်တော်တို့ ရိုက်ထားတဲ့ Password နံပါတ်တွေကို ဖော်ပြပေးတဲ့ Box သေးသေးတစ်ခု ကျလာမှာ ဖြစ်ပါတယ်ဗျာ။

အောက်က JavaCode လေးကို ကူးပြီး သင့် Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး Enter ခေါက်လိုက်တာနဲ့ မိမိရဲ့ Password ကို အပေါ်ကပုံလေး အတိုင်း Box လေးနဲ့ ပြမှာဖြစ်ပါတယ်ဗျာ။တစ်ခု သတိပေးလိုက်ပါ့မယ်။ပုံသေတော့ မမှတ်ကြနဲ့နော်။


ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အကျိုးရှိတဲ့ နေရာလေးတွေမှာ အသုံးပြုလို့ အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံကြိုးစားရကျိုးနပ်ပါပြီဗျာ။အောက်မှာ ကျွန်တော် ဒီ Java Code လေးအတွက်ကို Rar ချုံ့ပြီး ဖိုင်တစ်ခုအနေနဲ့ ယူသွားလို့ရအောင် အောက်မှာ Download Links လေးပေးထားပါတယ်ဗျာ။ယူသွားလိုက်ပါဦးနော်။

ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
                   (သို့မဟုတ်)
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
                                                                                                                                       ကြိုးစားလျက်......!
                                                                                                                                         (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -