Showing posts with label (Windows Theme). Show all posts
Windows 7 တွင် မိမိစိတ်ကြိုက် Theme ကိုသူများ ပြောင်းလို့မရအောင် ပိတ်ထားချင်တဲ့သူတွေ အတွက်ပါ။
Wednesday, January 25, 2012
Posted by Ye Kyaw Phyo
ကျွန်တော် အခုတင်ပြောပြမဲ့ Post လေးကတော့ မိမိ ကွန်ပျူတာရဲ့ နောက်ခံ Background Theme လေးကို ပြောင်းလို့မရပဲ မိမိ ကြိုက်တဲ့ Theme လေးနဲ့ပဲ ထားစေချင်တဲ့ သူတွေ အတွက်ပေါ့ဗျာ။ဒီ လုပ်နည်းလေးကတော့ ဘာ Software လေးမှ မလိုအပ်ပါဘူးဗျာ။မိမိ ဘာသာ အလွယ်တကူပြုလုပ်လို့ရနိုင်တဲ့ လုပ်နည်းလေးပါဗျာ။ကဲ ကျွန်တော် ပြောပြပါ့မယ်ဗျာ။အရင် ဦးဆုံး ကျွန်တော်တို့က Windows+R ကို နှိပ်လိုက်ပါ။Run Box လေးကျလာရင် အဲ့ဒီ Box လေးထဲမှာ regedit လို့ စာလေးရိုက်ပြီး Ok လိုက်ပါ။အောက်ကပုံ လေးအတိုင်းပေါ့ဗျာ။
ပြီးရင်တော့ ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ စာလေးတွေရဲ့ ဖိုင်ပတ်လမ်းလေးတွေ အတိုင်းသွားပြီး အစီအစဉ်လေး တကျလုပ်ပေးလိုက်ရုံပါပဲဗျာ။အပေါ်က ပုံလေးအတိုင်း လုပ်ပေးလို့ ပြီးသွားရင်တော့ Registry Editor ဆိုတဲ့ Box အကြီးလေး တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ဆက်ပြီးလုပ်သွားရမဲ့ ပုံကို အောက်မှာ စာလေးနဲ့ အစီအစဉ်တကျရေးထားပါတယ်ဗျာ။
ပြီးရင် Ok လုပ်လိုက်ပြိး မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ပြန်ပွင့်လာရင် မိမိ ကွန်ပျူတာရဲ့ နောက်ခံ Theme ကို တခြား Theme တွေ ပြောင်းလို့မရပဲ အရင် Theme ပဲ ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
အဲ့ဒီ Theme ကြီးပဲ ကြည့်နေရလို့ ငြီးငွေ့သွားပြီ ဆိုရင်လဲ ခုနကျွန်တော်တို့ ပေးထားတဲ့ နေရာမှာ NoThemesTab ဆိုတဲ့ နေရာလေးက ဖိုင်လေးကို Right Click ထောက် Delete ပေးလိုက်ပြီး မိမိ စက်လေးကို Restart ပြန်ချလိုက်ပါ။ဒါဆိုရင် အရင် အတိုင်လေး မိမိ ကွန်ပျူတာဟာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာ အသုံးတည့်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် သူငယ်ချင်းတွေ အရှင်းဆုံး နားလည်လွယ်အောင် စာနဲ့ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ပြီးရင်တော့ ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ စာလေးတွေရဲ့ ဖိုင်ပတ်လမ်းလေးတွေ အတိုင်းသွားပြီး အစီအစဉ်လေး တကျလုပ်ပေးလိုက်ရုံပါပဲဗျာ။အပေါ်က ပုံလေးအတိုင်း လုပ်ပေးလို့ ပြီးသွားရင်တော့ Registry Editor ဆိုတဲ့ Box အကြီးလေး တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ဆက်ပြီးလုပ်သွားရမဲ့ ပုံကို အောက်မှာ စာလေးနဲ့ အစီအစဉ်တကျရေးထားပါတယ်ဗျာ။
HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer
Explorer ဆိုတဲ့ နေရာလေးထိ ရောက်ပြီးသွားပြီဆိုရင်တော့ ညာဘက်ဘေးက Name , Type , Data ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့က Mouse ကို Right Click ထောက်လိုက်ပါက New ဆိုတဲ့နေရာလေးဘေးက မြှားလေးကို ထောက်လိုက်ပါက DWORD (32-bit) Value ကိုရွှေးပါ။ဒါဟာကျွန်တော်တို့ 32 Bits သမားတွေအတွက်ပေါ့ဗျာ။64 Bits သမားတွေအတွက်ကျတော့ QWORD (64-bit) Value ကို Click လိုက်ပေါ့။အဲ့ဒီ နေရာမှာ ကျွန်တော်တို့က လိုအပ်တဲ့ စာလေးရေးရပါဦးမယ်။အဲ့ဒီ Value Name နေရာလေးမှာ ကျွန်တော်တို့က ``NoThemesTab´´ ဟုပေးလိုက်ပါ။ပြီးရင် Value Data ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့က 1 လို့ ပေးထားရပါမယ်။အဆင်မပြေရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။ပြီးရင် Ok လုပ်လိုက်ပြိး မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ပြန်ပွင့်လာရင် မိမိ ကွန်ပျူတာရဲ့ နောက်ခံ Theme ကို တခြား Theme တွေ ပြောင်းလို့မရပဲ အရင် Theme ပဲ ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
အဲ့ဒီ Theme ကြီးပဲ ကြည့်နေရလို့ ငြီးငွေ့သွားပြီ ဆိုရင်လဲ ခုနကျွန်တော်တို့ ပေးထားတဲ့ နေရာမှာ NoThemesTab ဆိုတဲ့ နေရာလေးက ဖိုင်လေးကို Right Click ထောက် Delete ပေးလိုက်ပြီး မိမိ စက်လေးကို Restart ပြန်ချလိုက်ပါ။ဒါဆိုရင် အရင် အတိုင်လေး မိမိ ကွန်ပျူတာဟာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာ အသုံးတည့်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် သူငယ်ချင်းတွေ အရှင်းဆုံး နားလည်လွယ်အောင် စာနဲ့ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
မိမိ Computer မှာ Ipad ios Style Skin Pack လန်းလန်းလေး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။
Sunday, January 1, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ သူငယ်ချင်းတွေ အတွက် နှစ်သစ်ကူးအနေနဲ့ လက်ဆောင်လေး တစ်ခုကို ပေးပါရစေဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စားသွားကြပြီ မဟုတ်လားဗျာ။လိုချင်ရင်တော့ ဒီက ကျွန်တော်က ပေးဖို့အဆင့်သင့်ပါပဲဗျာ။ကျွန်တော် ပေးတဲ့ လက်ဆောင်လေးကို သဘောကျရင်တော့ သူငယ်ချင်းတွေက တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ဆိုဒ်လေးနဲ့ မိတ်ဆက်ပေးကြဦးလို့တောင်းဆိုပါရစေနော်။ဒါမဲ့ စိတ်မကောင်းစရာလေးတစ်ခုကတော့ Windows XP သမားတွေအတွက်တော့ သုံးလို့မရဘူးပေါ့ဗျာ။Windows 7 Only ဖြစ်ပါတယ်ဗျာ။ခု Software လေးကတော့ Apple ios Ipad Style လေးပေါ့ဗျာ။ကျွန်တော် ဒီ Software လေးကို ရထားတာ ကြာပါပြီဗျာ။Connection တွေ မကောင်းလို့ မတင်သေးတာကော အလုပ်တွေ မအားလို့ကော ပါပါတယ်။ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော့ ဘက်ကနောက်ကျမှ တင်ပေးမိတဲ့ အတွက်တော့ သူငယ်ချင်းတွေကို တောင်းပန်ပါရစေဗျာ။ဒီ Software လေးကို အသုံးပြုပုံလေးတွေကော သူရဲ့ Support လေးတွေကောကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တကွ ပြပေးထားပါတယ်ဗျာ။ကြည့်ရတာ ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လှပါတယ်ဗျ။အောက်က ပုံလေးကို အမြည်းအနေနဲ့ ကြည့်လိုက်ပေါ့ဗျာ။တော်ကြာ အမြည်းမရှိရင် အာပူနေမှာ စိုးလို့လေ။ဟီး ကျွန်တော်ကနောက်တာနော်။ကျွန်တော်လဲ မသောက်တက်ဘူးဗျ။သူများတွေ ပြောပြလို့ သိတာလေ။
ကဲ ဘယ်လိုလဲ လန်းတယ် မဟုတ်လားဗျ။Start Menu လေးကော Mouse Pointer လေးပါ။ပြောင်းသွားတာနော်။နောက်ပြီး Mouse Pointer ရဲ့ Options လေးမှာလဲ မိမိစိတ်ကြိုက် အလန်းဆင်လို့ရပါတယ်ဗျာ။နောက်တစ်ခုက တော့ Destop က Icons လေးတွေကို Mouse နဲ့ ထောက်လိုက်ရင် ရေပွတ်သွားသလိုမျိုးလေးဖြစ်ပြီးတော့ မိမိဖွင့်တဲ့ Application လေးဟာ ပွင့်သွားပါလိမ့်မယ်။ကျွန်တော်ဆို Mouse ရဲ့နောက်မှာ မြှားအရိပ်လေးတွေ ကျန်အောင်ပြင်ထားပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
တစ်ခြား Function လေးတွေလဲ ပြောင်းပါသေးတယ်။လုံးဝ Ipad Style အလန်းနော်။Ipad လေး တစ်လုံး အသုံးပြုနေရသလို Application အလန်းတွေနဲ့ သုံးနေရမှာဖြစ်ပါတယ်ဗျာ။အောက်ကပုံလေး ကတော့ ဒီ Software လေးကို Run ပြီး Windows စတက်တက်ချင်း ပုံလေးကတော့ Windows 7 Style မဟုတ်တော့ပဲ Apple ios Style လေးနဲ့ စတက်မှာဖြစ်ပါတယ်ဗျာ။ဒီ Software လေးကို အရင်က သူငယ်ချင်းတွေ သုံးတဲ့ Software လေးတွေ အတိုင်း Run လိုက်ပါ။နောက်ဆုံးမှာတော့ အောက်ကပုံလေး အတိုင်းပြပါလိမ့်မယ်။အဲ့ဒီ အခါ ဘာမှ မရွေးတော့ပဲ တစ်ခါတည်း Reboot Now ဆိုတာ Click လိုက်ပြီး Finish ဆိုတာကို နှိပ်လိုက်ယုံပါပဲဗျာ။Trial Version မဟုတ်ဘဲ Full Version ဖြစ်တဲ့ အတွက် Serial Key တွေဘာတွေ မတောင်းပါဘူးဗျာ။သူငယ်ချင်းတွေ အားလုံး စိတ်ချမ်းသာစွာနဲ့ အသုံးပြုလို့ရတာပေါ့ဗျာ။
Libraries Box လေးကို ဖွင့်လိုက်ရင်တော့ အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
ပြီးတော့ Windows Media Player လေးတွေမှာလဲ။အောက်ကပုံလေး အတိုင်း Skin လန်းလန်းလေးတွေနဲ့ တွေ့ရမှာဖြစ်ပါတယ်ဗျာ။
ပြီးတော့ မိမိ ကွန်ပျူတာကို အပြင်သွားနေလို့ သူများ မကိုင်စေလိုရင် Lock ချထားခဲ့လို့လဲ ရပါသေးတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကျန်တာတွေကိုလဲ သူငယ်ချင်းတွေ အားလုံး ကလိလိုက်ကြပေါ့ဗျာ။
နောက်တစ်ခုက System Info နဲ့ Win Version မှာတော့ အောက်ကပုံလေး အတိုင်းပြပေးပါလိမ့်မယ်။
ကျွန်တော် အခုပေးတဲ့ ဒီ Software လေး Run ပြီးတာနဲ့ မိမိ ကွန်ပျူတာမှာ ထည့်ထားတဲ့ Software တွေ Application တွေ အားလုံး မပျောက်သွားပါဘူးဗျာ။ပျောက်သွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့နော်။တစ်ချို့က ကြောက်ကြောက်နဲ့ Run ကြမှာ စိုးလို့ သတိပေးထားတာပါ။Ipad Style Icons လန်းလန်းတွေ နဲ့ အသုံးပြုရမှာ ဆိုတော့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီပေါ့နော်။သူများလို Ipad မ၀ယ်နိုင်လဲ ကိုယ့် PC Ipad လေးနဲ့ အတူ New Year မှာ လန်းနိုင်ကြပါစေဗျာ။အောက်က Link လေးမှာ Download ယူသွားပါဦးနော်။
ဒီ မှာ Download ယူသွားလိုက်ပါနော်။(For 32 Bits)
ဒီ မှာ Download ယူသွားလိုက်ပါနော်။(For 64 Bits)
ကဲ ဒီလောက် ဆိုရင်တော့ သူငယ်ချင်းတွေ အားလုံး ကျွန်တော့ ပေးတဲ့ လက်ဆောင်လေးကို သုံးပြီး 2012 New Year မှာ ပျော်ရွှင်ကြပါစေနော်။ကျွန်တော် အပေါ်မှာ 32 Bits ကော 64 Bits ပါ နှစ်မျိုးလုံး တင်ပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး သုံးရတာ အဆင်ပြေခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါပြီဗျာ။
ကြိုးစားလျက်......!

စိတ်ညစ်နေသူများ အတွက် 3D Destop Heart (I Love You) Software လေးပါ။
Sunday, October 9, 2011
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါသူငယ်ချင်းတွေ စိတ်ညစ်နေတဲ့ အချိန်လေးမှာ ဒီ Software လေးကို မိမိ ကွန်ပျူတာ မှာ သုံးပြီး စိတ်ညစ်တာလေးတွေ ဖြေရအောင်ဗျာ။ကျွန်တော် အောက်မှာ ပုံလေး နဲ့ တကွ ပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်ဆို ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။ဘာရယ်တော့ မဟုတ်ပါဘူး။နည်းနည်းလေး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းလေးပါဗျာ။
ကဲ သူငယ်ချင်းတွေ သဘောကျရင် အောက်မှာ Download ယူသွားလိုက်ပါနော်။
(ဒီ နေရာလေးမှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ သဘောကျရင် တခြားသူငယ်ချင်းတွေ ကိုလဲ လက်တို့လိုက်ဦးနော်။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေနော်။
ကြိုးစားလျက်........!

မိမိ Destop ကို အလန်းဆုံး ဖြစ်သွားအောင် လုပ်ပေးမဲ့ Destop Icon Toys Software လေးပါ။
Saturday, October 8, 2011
Posted by Ye Kyaw Phyo
ဒီ တစ်ခါကျွန်တော်တို့ တွေဟာ တစ်နေ့ တစ်နေ့ ဒီ ကွန်ပျူတာ Destop ကြီးပဲ ကြည့်နေရတော့ ငြီးငွေ့ဖို့ ကောင်းပါတယ်ဗျာ။အဲ့တော့ သူငယ်ချင်းတွေ မငြီးငွေ့ရအောင် ကျွန်တော်က Destop မှာ ဆန်းဆန်းပြားပြား လေး သုံးရအောင် လို့ Destop Icon Toys ဆိုတဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။သူရဲ့ အလုပ်လုပ်ပုံ Features တွေကတော့ Mouse Pointer လေးထောက်လိုက်ရုံနဲ့ မိမိ Destop ပေါ်က Icons လေးများ ခုန်ဆွ ခုန်ဆွလေးဖြစ်နေပါလိမ့်မယ်။ပြီးတော့ Layout သွားပြီး မိမိတို့ လိုချင်တဲ့ Icons Style လေးကိုလဲ ချိန်းလို့ ရပါသေးတယ်။အသဲပုံလေး ထားမလား။ကြယ်ပုံစံလေး ထားမလား။နာရီ ပုံစံလေး ထားမလား Style မျိုးစုံလေး ထည့်သွင်းထားပါတယ်ဗျာ။Crack & Keygen ကိုလဲ ထည့်သွင်းပေးထားပါတယ်ဗျာ။ကျွန်တော် Destop တစ်လုံးမှာ ဆင်ထားတဲ့ ပုံလေးကို ကျွန်တော် အောက်မှာ ပုံနဲ့ တကွပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
ဒီ ပုံလေး အတိုင်းလေးပါ။သူငယ်ချင်းတွေ သဘောကျ ပြီး လိုချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ Download ယူသွားလိုက်ပါနော်။File Size လေးကတော့ 2.15 MB ရှိလို့ အမြန်ဆုံးသာ Download ယူပြီး မိမိ Computer လေးမှာ အလှဆင်လိုက်ကြပါနော်။
(ဒီ မှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။အဆင်ပြေရင် သူငယ်ချင်းတွေ ကိုလဲ လက်တို့ လိုက်ဦးနော်။
ကြိုးစားလျက်.......!

(3D Fish Portable) Destop ပေါ်မှာ ငါးလေး နှစ်ကောင် မွေးထားချင် သူတွေ အတွက်ပါ။
Friday, October 7, 2011
Posted by Ye Kyaw Phyo
ကျွန်တော် အလုပ်တွေ မအားတာနဲ့ ကော နေလဲ သိပ်မကောင်းတာနဲ့ Post တွေ မတင်ဖြစ်တာ ကြာပါပြီ။ဒီနေ့ တော့ နေလဲ နဲနဲ ကောင်းတာနဲ့ Post တစ်ခု ကြိုးစားပြီးတင်လိုက်ပါတယ်ဗျာ။ဒါလေးကတော့ မိမိ တို့ ကွန်ပျူတာ Destop လေးမှာ 3D ငါးလေး 2 ကောင် လျှောက်သွားနေမဲ့ Software လေးအသေးတစ်ခု လက်ဆောင် ပေးလိုက်ပါတယ်ဗျာ။လိုချင်ရင် သူငယ်ချင်းတွေ အားလုံး အောက်မှာ ယူလိုက်ပါနော်။တော်တော် လေးတော့ လှတယ်ဗျ။ကျွန်တော် တင်ထားတဲ့ Water Wave Screen Saver လေးနဲ့ ဆိုရင်တော့ တော် လိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး လဲ ပျော်ရွှင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံ နဲ့ တကွ ပြပေးထားပါတယ်ဗျာ။စိတ်ဝင်စားရင်တော့ ယူလိုက်ကြပေါ့နော်။အပျော်ပေါ့ ဟုတ်ဘူးလား။
သူငယ်ချင်းတွေ သုံးရတာ ပျော်ဖို့ ကောင်းရင် နောက်သူငယ်ချင်းတွေ ကိုလဲ လက်တို့လိုက်ဦးနော်။
ကြိုးစားလျက်......!
(Yekyawphyo)
ကြိုးစားလျက်......!
(Yekyawphyo)
ကျွန်တော်အခု Window 7 အတွက် Themes လေးတစ်ခုတင်ပေးလိုက်ပါတယ်။ သူ့မှာ Themes လေးမျိုး ပါဝင်လာပါတယ်။ Application ဖိုင်လေးတစ်ခုနဲ့တင်ကို Themes Patcher လေးတွေကိုပါ OS အလိုက်ထည့် သွင်းပေးထားပါတယ်။ မိမိတို့ နှစ်သက်တဲ့ Theme လေးကိုရွေးပြီး Install လုပ်ပေးရင်ရပါပြီ။ Patch မဖြည် ရသေးရင်တော့ Patcher လေးနဲ့ ဖြည်ပေးလိုက် ပါ။ Restart ချပေးပြီးပြန် တက်လာရင်တော့ နောက်တစ်ကြိမ် ထပ်ပြီး Install လုပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင်ရပါပြီ။ ဖိုင်ဆိုဒ်က 9.87 MB ပဲရှိပါတယ်။ အဆင်ပြေပါစေဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာ ခွဲတင်ပေးထား ပါတယ်။ အဆင်ပြေမယ့် Links လေး ကနေသာ ယူသွား လိုက်ပါဗျာ။Aero x Final For Windows 7
ကြိုးစားလျက်..........!
(Yekyawphyo)

ကျွန်တော်တင်ပေးခဲ့သမျှ Screen Saver တွေထဲမှာကျွန်တော်ဒီကောင်လေးကိုအကြိုက်ဆုံးပါပဲ..ကျွန်တော်တို့
ကွန်ပျူတာကို ခဏအနားပေးလိုက်တဲ့အချိန်မှာ Screen Saver လေးပေါ်လာပြီဆိုတာနဲ့ နှင်းလေးတွေကျပြီးခရစ်
စမက် ပုံလေးတွေ သမင်လေးတွေ ကျေးငှက်လေးတွေနဲ့ ထည့်ပေးထားတဲ့တီးလုံးသံလေးနဲ့ က.တော်တော်လေးကိုသဘောကျဖို့ကောင်း ပါတယ်။
ကျွန်တော်နဲ့အကြိုက်ချင်းတူလို့သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့လင့်ကနေ သာဒေါင်းလော့ချ သွားလိုက်ပေါ့ဗျာ။ကျွန်တော် အောက်မှာ Download Link ကို နှစ်မျိုးလုံးနဲ့ ပေးထားပါတယ်ဗျာ။သုံးကြည့်ကြပါစေနော်။အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ခုလို Download ယူသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။
ခုလို Download ယူသွားတာကျေးဇူးတင်ပါတယ်ဗျာ။
From (KgLayNgal)
ကြိုးစားလျက်.......!
(Yekyawphyo)
ကျွန်တော့ရဲ့ ပထမလက်ဆောင်လေးကိုတော့ သူငယ်ချင်းတွေ အားလုံးသိပြီးသားဖြစ်မှာပါနော်။ Water Wave Screen Server လေးပေါ့။တစ်ချို.က ပြောကျတယ်လေ။ရေလှိုင်းလေးတွေ ပါတာတော့ ဟုတ်ပါပြီ။ ငါးလေး တွေ လဲပါရင် ကောင်းမယ်နော် လို့ပြောလာကျလို့လေ။ခုတော့ ကျွန်တော် ကြိုးစားပြီး သူငယ်ချင်းလေးတွေ လိုချင်တာကိုရှာလိုက်တာ ရလာပါပြီဗျာ။အားမငယ်ရတော့ဘူးပေါ့ဗျာ။ငါးလေး တွေက လဲ လှုပ်တယ်နော်။မလှုပ်ဘူးထင်မှာ စိုးလို့ ထပ်သတိပေးလိုက်တာပါ။ဒါပေမဲ့ ကျွန်တော် တစ်ခု တောင်းပန်ချင်တာက ကျွန်တော့ရဲ့ အားနည်းချက်ပေါ့ဗျာ။Serial Code လေးတွေလိုပါတယ်ဗျာ။ကျွန်တော် ဆီမှာလဲ မရှိပါဘူးဗျာ။ကျွန်တော် အဲ့ဒီ Code နံပါတ်လေးတွေ ရရင်တော့ ကျွန်တော် ဒီ Post လေးမှာ ပြန်တင်ပေးပါမယ်လို့ကျွန်တော် အာမခံပါတယ်ဗျာ။ဘာပဲ ဖြစ်ဖြစ်တော့ ခုလောလောဆယ်တော့ သုံးကြည့်ကြပေါ့ဗျာ။အဆင်တော့ ပြေပါတယ်။တော်တော် လဲ လှပါတယ်ဗျာ။အောက်က ပုံအတိုင်းလေးပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။

အဲ့လိုမြင်ရတာကို လိုချင်တယ် ဆိုရင်တော့ အောက်မှာ Download ရယူနိုင်ပါတယ်ဗျာ။
ခုလို Download ယူသွားတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ကျွန်တော်ရဲ့ ဒီ Post လေးကို သူငယ်ချင်းတွေ အားလုံး သဘောကျလိမ့်မယ်လို့ထင်ပါတယ်ဗျာ။အဆင်ပြေရင် သူငယ်ချင်းတွေ အားလုံး လက်တို့လိုက်ဦးနော်။ကျွန်တော်က သူငယ်ချင်းတွေ ရဲ့ ပီတီလေးတွေကို စားသုံးနေရတဲ့ သူတစ်ယောက်မို.လို့ပါနော်။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ။ကျွန်တော် ရဲ့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။Post ရဲ့အောက်လေးမှာ တော့ Post ပိုင်ရှင်ရဲ့ နာမည်လေး ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။

ကျွန်တော် Software လေးတစ်ခု မိတ်ဆက်ပေးပါရစေဗျာ။ သူငယ်ချင်းတွေရဲ့ ကွန်ပျူထဲမှာ Screen Saver သူများနဲ့မတူအောင်လန်းလန်း သုံးရမှာဖြစ်ပါတယ်။အောက်က ပုံလေး အတိုင်းပါဗျာ။Destop ထဲရေတွေဝင်လာရင်တော့ ကျွန်တော့ အပြစ်မဟုတ်ဘူးနော်။ပြောထားတယ်။ရေတွေဝင်လာတယ်ဆိုပြီးတော့ DesTop ကြီး ဖောက်ထုတ်မလိုက်နဲ.ဦးနော်။ကျွန်တော် မရော်နိုင်ဘူးနော်။ဟီး ဟီး။ထားပါတော့ဗျာ။ ပုံလေးကတော့ အောက်က ပုံလေး အတိုင်းမြင်ရမှာ ဖြစ်ပါတယ်ဗျာ။ လိုချင်ရင်တော့ အောက်မှာ Download သွားယူလိုက်ပါနော်။

ခုလို Download ယူသွားတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
အောက်မှာ Serial Number လေးပေးထားပါသေးတယ်ဗျာ။
Name = hair
Code = DHMIF-AIEED-CCMJI-CFJIA ပါ။
အဆင်ပြေရင် သူငယ်ချင်းတွေအားလုံး လက်တို့လိုက်ဦးနော်။သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ အသံကိုကျွန်တော် ကြားချင်သေးတယ်ဗျ။မမေ့နဲ့နော် အားလုံးပဲ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။Post ပိုင်ရှင်ရဲ့ နာမည်လေးတော့ ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။