Showing posts with label (Laptop Knowledge). Show all posts
![]() |
| Fig ~ 1 |
ဒီ တစ်ခါ ကျွန်တော် ပေးချင်တဲ့ Software လေးကတော့ SmartTweak ဆိုတဲ့ Update Driver Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ PC/Laptop တွေ Windows အသစ်တင်ပြီးပြီးဆိုရင် ပြဿနာဖြစ်တက်တဲ့ Windows မှာ လိုအပ်တဲ့ Driver တောင်းတဲ့ ပြဿနာတွေကို Internet ရှိရုံဖြင့် လျင်မြန်စွာ Scan စစ်ပြီး Internet ပေါ်ကနေ Download ယူဖြေရှင်းပေးနိုင်တဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးကို ကျွန်တော့ Facebook က အဖွဲ့မှာ Member တစ်ဦးက တောင်းဆိုလို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်ပါ မျှဝေပေးလိုက်ပါတယ်ဗျာ။အရမ်းကောင်းတဲ့ Software လေးပေါ့ဗျာ။ပြီးတော့ အဲ့ဒီ Software လေးက Date Out သွားတဲ့ Driver တွေကိုလဲ Internet ရှိယုံဖြင့် Update ပြုလုပ်ပေးပါတယ်ဗျာ။ကျွန်တော် ဒီ Software လေးကို Keygen ပါ ထည့်သွင်းပေးထားပါတယ်ဗျာ။တစ်ခုတော့ သတိပေးချင်တယ်ဗျ။သူ့ပေးထားတဲ့ Keygen က ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Opterating System Type ဖြစ်တဲ့ 32 Bits/64 Bits စတဲ့ နေရာမှာလဲ Key ဖြည့်တဲ့နေရာမှာ လိုအပ်ပါသေးတယ်။ကျွန်တော်တို့က 32 Bits အတွက် Key ကို ယူလိုက်ပြီး ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type က 64 Bits ဆိုရင်လဲ Key ဖြည့်ရာတွင် အသုံးမ၀င်ပါဘူး။အဲ့တော့ ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type ကို ကြည့်ပြီး Key ထည့်သွင်းပေးရမှာဖြစ်ပါတယ်။Opterating System Type မကြည့်တက်ဘူးဆိုရင်တော့ Keyboard က Windows + Pause Break ကိုတွဲနှိပ်လိုက်ပါ။အောက်က ပုံအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။အနီရောင် ၀ိုင်းပြထားတဲ့ နေရာကို ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။
| Fig ~ 2 |
| Fig ~ 3 |
အပေါ်မှာ ပြထားတဲ့ ပုံလေးအတိုင်း ကိုယ့် ကွန်ပျူတာနဲ့ System နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးပြီး Generate License \ Activate ကိုနှိပ်လိုက်ပါ။ဒါဆိုရင် Full Version အနေနဲ့ အသုံးပြုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။
အောက်က Link ပေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။
ကဲ.......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
Windows 8 တွင် မြန်မာလို စာတွေ ရေးနိုင် ဖတ်နိုင်ဖို့ ZawGyi Font Installation ပြုလုပ် အသုံးပြုရန်နည်းလမ်းလေးပါ။
Monday, February 11, 2013
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။
1. Download Installation Required For ZawGyi-One Fonts (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။
2.Download Installation Required For IE-Gtalk Zawgyi Fonts (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။
3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits) ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။
အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။
![]() |
| Fig ~ 2 |
![]() |
| Fig ~ 3 |
![]() |
| Fig ~ 4 |
ကြိုးစားလျက်.......!
(YeKyawPhyo)
Computer ရဲ့ Shutdown Time တွေကို ဘာမှ Software မှ မသုံးပဲ ရိုးရှင်းတဲ့နည်းလေးနဲ့ မြန်ဆန်အောင်ပြုလုပ်ကြရအောင်ဗျာ။
Saturday, December 15, 2012
Posted by Ye Kyaw Phyo
အခု ကျွန်တော် ပြောချင်တဲ့ Post လေးကတော့ ကျွန်တော်တို့ Computer အသုံးပြုပြီးလို့ ပိတ်တဲ့ အခါ Shutdown ချပြီး ပိတ်ကျတာများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေကိုယ်က အရေးကြီးနေတဲ့ အချိန်တွေကျရင် Computer ကိုပိတ်ချင်တယ်။Shutdown Time က နှေးနေတယ်ဗျာ။မြန်မြန်လေး Shutdown ကျသွားချင်တယ်ဆိုရင် ကျွန်တော့ ပေးတဲ့ ဒီ နည်းလမ်းလေးက အရမ်းရိုးရှင်းပြီး အသုံးပြုရတာ မြန်ဆန်လွန်းလှပါတယ်။ဘာ Software တွေမှလဲ အသုံးပြုစရာလဲ မလိုပါဘူး။ကဲ......နည်းလမ်းလေး စကြရအောင်လားဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ ပထမဦးဆုံး ပြုလုပ်ရမဲ့
နံပါတ် 1 အချက်ကတော့ Keyboard က Shortcut နှစ်ခုဖြစ်တဲ့ Windows + R ကို နှိပ်လိုက်ပါ။
နံပါတ် 2 အချက်ကတော့ Run Box မှာ regedit ဆိုပြီး စာလေးရိုက်လိုက်ပါ။
နံပါတ် 3 အချက်ကတော့ Registry Editor ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။
နံပါတ် 4 အချက်ကတော့ HKEY_LOCAL_MACHINE ကို Click လိုက်ပါ။
နံပါတ် 5 အချက်ကတော့ SYSTEM ကို Click လိုက်ပါ။
နံပါတ် 6 အချက်ကတော့ Current Control Set ကို Click လိုက်ပါ။
နံပါတ် 7 အချက်ကတော့ Control ကို Click တစ်ချက်နှိပ်လိုက်ပါ။
နံပါတ် 8 အချက်ကတော့ Control ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ စာကြောင်း 9 ကြောင်းမြောက်မှာ ရှိနေတဲ့ WaitToKillServiceTimeout ဆိုတဲ့ စာတန်းလေးကို Click တစ်ချက် ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ကို ရွှေးလိုက်ပါ။ပြီးရင် WaitToKillServiceTimeout ရဲ့ စာကြောင်းအောက်က Value Data နေရာမှာ 1200 , 1000 စတဲ့ နံပါတ်တွေ က ရှိနေပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီ Value Data နေရာမှာ ကျွန်တော်တို့က 1200 တို့ 1000 တို့ အစား 150 , 200 လို့ပေးထားလိုက်ပါ။ပြီးရင် မိမိ Computer ကို Shutdown ပြန်ချကြည့်ပါ။အရင် Shutdown Time ထက် ပိုမြန်ဆန် သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Value Data မထည့်တက်ရင် ကျွန်တော် အောက်မှာ ဓာတ်ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးနော်။
ကဲ........ဒီလောက်ဆိုရင် ကိုယ့် Computer ရဲ့ Shutdown Time ကို မြန်ဆန်အောင် ပြုလုပ်ပြီး ကိုယ့် ဘ၀ရဲ့ အချိန်တစ်ပိုင်းတစ်စလေးကို ပိုလျှံအောင် ပြုလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
နံပါတ် 1 အချက်ကတော့ Keyboard က Shortcut နှစ်ခုဖြစ်တဲ့ Windows + R ကို နှိပ်လိုက်ပါ။
နံပါတ် 2 အချက်ကတော့ Run Box မှာ regedit ဆိုပြီး စာလေးရိုက်လိုက်ပါ။
နံပါတ် 3 အချက်ကတော့ Registry Editor ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။
နံပါတ် 4 အချက်ကတော့ HKEY_LOCAL_MACHINE ကို Click လိုက်ပါ။
နံပါတ် 5 အချက်ကတော့ SYSTEM ကို Click လိုက်ပါ။
နံပါတ် 6 အချက်ကတော့ Current Control Set ကို Click လိုက်ပါ။
နံပါတ် 7 အချက်ကတော့ Control ကို Click တစ်ချက်နှိပ်လိုက်ပါ။
နံပါတ် 8 အချက်ကတော့ Control ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ စာကြောင်း 9 ကြောင်းမြောက်မှာ ရှိနေတဲ့ WaitToKillServiceTimeout ဆိုတဲ့ စာတန်းလေးကို Click တစ်ချက် ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ကို ရွှေးလိုက်ပါ။ပြီးရင် WaitToKillServiceTimeout ရဲ့ စာကြောင်းအောက်က Value Data နေရာမှာ 1200 , 1000 စတဲ့ နံပါတ်တွေ က ရှိနေပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီ Value Data နေရာမှာ ကျွန်တော်တို့က 1200 တို့ 1000 တို့ အစား 150 , 200 လို့ပေးထားလိုက်ပါ။ပြီးရင် မိမိ Computer ကို Shutdown ပြန်ချကြည့်ပါ။အရင် Shutdown Time ထက် ပိုမြန်ဆန် သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Value Data မထည့်တက်ရင် ကျွန်တော် အောက်မှာ ဓာတ်ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးနော်။
![]() |
| Fig ~ 1 |
ကြိုးစားလျက်......!
(Yekyawphyo)
Blue Screen Error Page ကြီးဖြစ်သွားလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် ဖြေရှင်းနည်းလေးတွေပါ။
Tuesday, October 23, 2012
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
1. ဒါမှ မဟုတ် တစ်ဦးတစ်ယောက်က Windows OS ရဲ့ System File တစ်ခုခုကို ဖျက်သွားတာတို့ Virus ကြောင့် အဲ့ဒီ ဖိုင်လေး ပျောက်သွားတာမျိုး ကျွန်တော် သိသလောက်များသောအားဖြင့် System32 ထဲမှာရှိတဲ့ .dll file တစ်ခုပျက်သွားတာမျိုးတို့တွင် ဖြစ်တက်ပါတယ်။
2. Memory RAM (သို့) Memory ချောင်းစိုတ်တဲ့ နေရာလေးတွေ ဒေါင့်နေရာလေးတွေမှာ ဖုန်တက်နေတာတို့ Memory Module ချောင်းများရဲ့အစွန်းဘက်တွေမှာ ဖုန်တွေကတ်နေတာတို့ ဂျီးတွေ ကက်နေတဲ့ အခါမျိုးတို့တွင်လဲ ဖြစ်တက်ပါတယ်။
3. Computer အတွင်းမှာ Run နေတဲ့ Driver Software တွေ Update မဖြစ်ချင်း၊Driver Software များ ကိုယ်တင်ထားတဲ့ Windows နဲ့ Compatible မဖြစ်ခြင်း။အထူးသဖြင့် ကိုယ့် Windows ရဲ့ System Type က 32 Bits ဖြစ်နေတယ် ကိုယ် တင်လိုက်တဲ့ Driver Software က 64 Bits အတွက်ပဲ လက်ခံတဲ့ အခါမျိုးတွေပေါ့ဗျာ။
4. ကျွန်တော် တို့ Memory ပေါ် Install လုပ်ထားတဲ့ Software တွေက ကျွန်တော်တို့ Computer စဖွင့်ဖွင့်ခြင်း Windows တက်တဲ့ အခါမှာ Windows ကနေ ပြန်ပြီး System File တွေကို Loading မလုပ်နိုင်ခြင်း စတဲ့ အခါမျိုးတွင်မှာလဲ ဖြစ်တက်ပါတယ်။
5.Hard Disk မှာ Bad Sector တွေဖြစ်နေခြင်း။Hard Disk ပျက်နေတဲ့ အခါမျိုးတွေ Hard Disk ရဲ့ Sector ကြိုးက လွှတ်နေတဲ့ အခါမျိုးတွေမှာလဲ ဖြစ်တက်ပါတယ်။ကိုယ့် ကွန်ပျူတာကို အမြဲဂရုစိုက်သင့်ပါတယ်။
ကဲ.........Blue Screen Error Page ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ မေးခွန်းတွေ မေးချင်တဲ့ သူတွေရဲ့ စိတ်ထဲကအမေးကို ဖြေပြီးသွားပြီဆိုရင်တော့ အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဘယ်လို အဲ့ဒီ ပြဿနာကို ဖြေရှင်းသင့်သလဲဆိုလဲ မေးခွန်းတွေကို မေးချင်တဲ့ သူတွေအတွက် အဖြေကတော့ ကျွန်တော် အောက်မှာ နည်းလမ်း 2 မျိုးနဲ့ ဓာတ်ပုံတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သွားလေ့လာပေးပါဦးနော်။Blue Screen Error Page မဖြစ်အောင် အရင်ဦးဆုံး ပထမ တစ်နည်းကို ပြောပြပါ့မယ်။
1.ကိုယ့် Computer (PC) မှာ အသုံးပြုထားတဲ့ Anti Virus Software ကို အမြဲ Update ဖြစ်အောင်ထားပါ။
2.Laptop / Destop တို့ကို ဖုန်တွေ ကျရောက်နိုင်တဲ့ နေရာတွေမှာ သိပ်မထားပဲ တစ်လ တစ်ခါ ဖြစ်ဖြစ် သန့်ရှင်းအောင် လုပ်ပေးပါ။
3.Windows မှာ System Cleaning Software, Ccleaner, Tuneup Utility, Registry Mechanics, Disk Defraggler, Microsoft Security Essentials အစရှိတဲ့ Anti Virus Software မျိုး Registry Software မျိုးတစ်ခုခုကို မိမိ Computer ထဲမှာ တစ်ခုမဟုတ် တစ်ခု ရှိထားသင့်ပါတယ်။Disk Defraggler တို့လို Software မျိုးတွေကိုတော့ တစ်ပတ်တစ်ခါ အသုံးပြုပေးပါ။အဲ့ဒါမှ မိမိ အသုံးပြုနေတဲ့ PC မှာ သိသိသာသာနဲ့ လျှင်မြန်ပေါ့ပါးသွားတာကို တွေ့ရပြီး Blue Screen Error Page ရန်မှလဲ ကင်းဝေးသွားပါ့လိမ့်မယ်။
Blue Screen Error Page မဖြစ်အောင် ဒုတိယမြောက်နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြပါဦးမယ်ဗျာ။
ဒီ နည်းလေးတွေကတော့ Windows XP, Windows Vista, Windows 7 အစရှိတဲ့ Windows တွေမှာပါ အသုံးပြုလို့ရတဲ့ နည်းလမ်းလေးပေါ့ဗျာ။
1. အရင်ဦးဆုံး Destop က Computer ဆိုတဲ့ Icon လေးကို Click တစ်ချက်ထောက် Right Click ထောက်ပြီး Properties ကိုသွားပြီး Click လိုက်ပါ။ဒါမှ မဟုတ် Start Menu Bar ကနေလဲ Computer ဆိုတာလေးကို Right Click ထောက်ပြီး Properties ကိုသွားနိုင်ပါတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
| Fig ~ 2 |
| Fig ~ 3 |
| Fig ~ 4 |
| Fig ~ 5 |
ကြိုးစားလျက်....!
(Yekyawphyo)
Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ။
Thursday, September 22, 2011
Posted by Ye Kyaw Phyo
Tag :
(Laptop Knowledge),
(နည်းပညာ)
အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။
၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။
၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။
၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။
ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။
Problem2
Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။
ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။
Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။
နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။
External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။
အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။
နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။
အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။
Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း
from နောက်ဆုံးတင်ထားသည့်အကြောင်းအရာများ - Mistake 51 Area by chitoo
Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း
ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။
Network Port ပျက်စီးခြင်း
Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။
USB Port ပျက်နေခြင်း
Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။
Internal Wireless (Wi-Fi) Card ပျက်စီးခြင်း
အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။
Internal Flash Memory Card Reader ပျက်နေလျှင်
အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။
Internal CD/DVD Drive ပျက်နေခြင်း
Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။
ကဲ Laptop အသုံးပြုတဲ့ သူတွေ မိမိ စက်လေး ဘာဖြစ်တယ်ဆိုတာကို သိအောင် ပြောပြ ပေးလိုက်ပါပြီဗျာ။