Showing posts with label (Recovery). Show all posts
SD Memory Card ထဲက ဖြတ်မိတဲ့ Image ဖိုင်၊ Video ဖိုင်၊ Mp3 ဖိုင် တွေကို ဒီ Software လေးနဲ့ ပေါ့ပေါ့ပါးပါး ပြန်ယူရအောင်ဗျာ။
Wednesday, February 20, 2013
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
ကျွန်တော် အညွှန်းအရဆိုရင်တော့ တော်တော်လေးကို ကောင်းတဲ့ Software လေးတစ်ခုလို့ ပြောချင်ပါတယ်ဗျာ။ကျွန်တော် ကိုယ်တိုင်လဲ သုံးကြည့်ပြီးပါပြီ။အော်.....မေ့နေတာ Download Link ပေးရဦးမှာပဲနော်။သူရဲ့ Offical Web Page မှာဆိုရင်တော့ Trial Version အနေနဲ့ အသုံးပြုရမှာ ဖြစ်ပြီး Serial Key တောင်းပါလိမ့်မယ်။ကျွန်တော် ဆီမှာကတော့ Full Version အနေနဲ့ Download လုပ်ပြီး ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အဆင်မပြေမှာ စိုးလို့ Patch File , Crack File ကော နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်ဗျာ။အောက်က Link လေးမှာ သွားရောက် Download ရယူလိုက်ပါနော်။File Size ကတော့ 900.6 KB ပဲရှိတဲ့ အတွက် ပေါ့ပေါ့ပါးပါး Download လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော် Crack File (သို့မဟုတ်) Patch File ထည့်နည်းလေးကို အနည်းငယ်ပြောပြမယ်ဗျာ။ပုံနဲ့ မပြနိုင်တော့တာ စိတ်မရှိပါနဲ့ဗျာ။ဒါပေမဲ့ စာဖတ်ပရိတ်သတ်တွေ နားလည်ရလွယ်ကူအောင်တော့ ရှင်းပြပေးပါ့မယ်ဗျာ။အပေါ်က ပေးထားတဲ့ Download File ကို ဖွင့်လိုက်ပါ။Setup File ကို Install လုပ်လိုက်ပါ။အဲ့ဒီထဲမှာ ပါတဲ့ Crack , Patch နှစ်ခုတည်းက မိမိ စိတ်ကြိုက် တစ်ခုကို Copy ကူးလိုက်ပါ။ပြီးသွားရင် Keyboard က Windows+E နှိပ်ပြီး My Computer ကို ခေါ်လိုက်ပါ။အဲ့ဒီ မှာ Windows OS (C:) ထဲကို ၀င်လိုက်ပါ။ပြီးရင် Program Files ထဲဝင်လိုက်ပါ။အဲ့ဒီမှာ CardRecovery ဆိုတဲ့ ဖိုင်ကို ရှာပါ။ပြီးရင် ခုနက ကျွန်တော်တို့ ကူးထားတဲ့ Crack File, Patch File တစ်ခုခုကို အဲ့ဒီ CardRecovery ဆိုတဲ့ ဖိုင်ထဲကို Paste ကူးထည့်ပြီး Patch ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် အသုံးပြုလို့အဆင်ပြေသွားပါလိမ့်မယ်။
Windows OS (C:)>>Program Files>>CardRecovery>>Patch File (Or) Crack File>>Okay
ကြိုးစားလျက်....!
(Yekyawphyo)
Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူပြန်ရှာပေးနိုင်တဲ့ ပေါ့ပါးတဲ့ Software Recovery လေးတစ်ခုပါ။
Sunday, September 18, 2011
Posted by Ye Kyaw Phyo
Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး Software လေးတစ်ခု ရလို့မျှဝေချင်ပါတယ်။ အရင်ကလည်း အများကြီး သုံးကြည့်ဘူးပါတယ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ Software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူး ဖြစ်သွားတယ်။ အခု Software လေးက တော်တော်လေး မိုက်တယ်ဗျ။ မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ Recycle Bin ကို Clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က ကျွန်တော် ရေးပြထားတဲ့ အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။

သူက Portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကိုRun လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ Partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။

နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။

အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။

အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။

မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Restore Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။

တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။

ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
အသုံးဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တကယ်ကို ကြိုက်လို့ အသုံးတည့်တာမို့လို့ တင်ပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း မှားဖျတ်တတ်ကြတာဖြစ်လို့ ၊ ခဲတံနောက်မှာ ခဲဖျတ် တပ်ထားသလို ၊ မိမိကွန်ပျူတာမှာလည်း Smart.NTFS.Recovery လေး သိမ်းထားသင့်ပါတယ်။ သုံးကြည့်လိုက်ကြပါဦး။သူငယ်ချင်းတွေ အားလုံးအဆင်ပြေပါစေနော်။
ကြိုးစားလျက်.........!