Showing posts with label (Dictionary). Show all posts

Fig ~ 1
ကျွန်တော် အခု တစ်လော နေမကောင်းဖြစ်သွားလို့ Post တွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားတယ်ဗျာ။အခုမှ နည်းနည်း သက်သာတာနဲ့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေအတွက် ဘာ Post တွေရေးပြီး ဘာ Software ကောင်းကောင်းလေးတွေ ပေးရင်ကောင်းမလဲလို့ စဉ်းစားရင်းကနေ ကျွန်တော့ Laptop ထဲကို မွှေလိုက်တာ ကွန်ပျူတာ အဘိဓာန်ဆိုတဲ့ Software လေးသွားတွေ့တာနဲ့ ကျွန်တော့ စာဖတ်ပရိတ်သတ်တွေကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ကိုယ်မသိတဲ့ စကားလုံး အခေါ်အဝေါ် အသုံးအနှုန်းတွေ မြန်မာလိုရှင်းပြထားတဲ့ Portable Freeware Dictionary လေးတစ်ခု ဖြစ်ပါတယ်ဗျာ။ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာ အသုံးပြုနေတဲ့ အချိန်မှာ ကိုယ်မသိတဲ့ စကားလုံး အသုံးအနှုန်းတွေကို ဒီ Dictionary လေးထဲ ရှာလိုက်ရင်ဖြင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေရဲ့ အခက်အခဲ တစ်စုံတစ်ရာကို ဖြေရှင်းပေးနိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။
Fig ~ 2

Install ပြုလုပ်ရာမှာလဲ အဆင့်ဆင့် သွားစရာမလိုအပ်ပဲ Double Click လေး တစ်ချက် နှိပ်လိုက်ယုံဖြင့် အလွယ်တကူဖြင့် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်တဲ့ Software လေးမို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေကို မျှဝေလိုက်ခြင်းဖြစ်ပါတယ်ဗျာ။အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။File Size က 786.6 KB ပဲ ရှိတာမို့လို့ အမြန်ဆုံးသာ Download ဆွဲပြီး ဆောင်ထားလိုက်ကြပေတော့ဗျာ။


Programmer ~ Zay Yar

Designer ~ ဒီဇိုင်နာ နဂါး

Company ~ အသောကပညာဒါန ကွန်ပျူတာ

ကြိုးစားလျက်......!
 (YeKyawPhyo)
အခု တစ်လော ကျွန်တော် တစ်ချို့ Software လေးတွေ ရှာရင်း ကျွန်တော့ Laptop လေးထဲက Dictionary Software လေးတော်တော်များများ ပြန်ရှာတွေ့နေပါတယ်။အခု လဲ Ayar Unicode Group က ထုတ်လုပ်ထားတာ ကြာပြီ ဖြစ်တဲ့ Ayar Myanmar Unicode Dictionary လေးနဲ့ ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါရစေဗျာ။မနေ့ကတော့ ကျွန်တော် ရွှေရိုး အဘိဓာန်လေး အကြောင်းကို Post တင်ပေးခဲ့ပြီးပါပြီ။အခု Ayar Myanmar Unicode Dictionary လေးကို လိုချင်တဲ့ သူများ ရှိရင် ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးနဲ့ ဖော်ပြထားပါတယ်ဗျာ။Download Link ပါ တစ်ပါတည်းပေးထားပါသေးတယ်ဗျာ။လိုချင်ရင် အောက်မှာ သွားယူလိုက်ပါဦးနော်။တစ်ခု သတိပေးချင်တာကတော့ ဒီ Software လေးရဲ့ ထူးခြားချက်ကတော့ တခြား Software တွေကို Install လုပ်စရာမလိုဘဲ Click နှစ်ချက် နှိပ်လိုက်ရုံဖြင့် ကိုယ့်သိချင်တဲ့ စကားလုံးကို တန်းပြီး ရှာဖွေပေးနိုင်အောင် ပြုလုပ်ဖန်တီးပေးထားတဲ့ Portable Software လေးတစ်မျိုးလဲ ဖြစ်ပါတယ်ဗျာ။
Fig ~ 1
မိမိ စက်မှာ Unicode Font ရှိထားမှ မြန်မာလို အဆင်ပြေစွာ ဖတ်ရှုနိုင်မှာလဲ ဖြစ်ပါတယ်ဗျာ။Ayar Unicode အဖွဲ့နဲ့ Ayar Unicode အဖွဲ့ရဲ့ အကျိုးပြုပုံတွေ အသေးစိတ်လေ့လာကြည့်ရှုလိုတယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားရောက် လေ့လာလို့ ရပါတယ်ဗျာ။

Ayar Myanmar Unicode Group (ဧရာမြန်မာ ယူနီကုတ် အဖွဲ့)

ဒီအောက်က Link လေးကတော့ Ayar Myanmar Unicode Dictionary Download ရယူနိုင်တဲ့ Web Site Link လေးပါ။ဒီ Software လေးကို ရေးသားသူတွေကတော့ Ma Zar Zar Wint, Ko Kyaw Khaing, Ko Sai Khan Tun တို့ ဖြစ်ပြီး Programmer ကတော့ Ko Soe Min ဖြစ်ပါတယ်ဗျာ။

Ayar Myanmar Unicode Dictionary Download Page


ကဲ........ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေရဲ့ PC တွေ Laptop တွေမှာ Dictionary တွေ စုံသလောက်ရှိသွားပြီပေါ့နော်။ကိုယ် မသိတဲ့ English စကားလုံးတွေများ ရှိခဲ့ရင် ကျွန်တော် ပေးတဲ့ Dictionary လေးတွေမှာ ရိုက်ပြီးတော့ သာရှာပေတော့ဗျာ။

ကြိုးစားလျက်.......!
  (Yekyawphyo)
ဒီ တစ်ခါ ကျွန်တော် အခု IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေကို ပြောပြပေးမဲ့ Post လေးကတော့ သိပြီးသား သူတွေလဲ ရှိချင် ရှိမယ် မသိသေးတဲ့ သူတွေ အတွက်ကတော့ တော်တော် ကောင်းတဲ့ Software လေး တစ်ခုပေါ့ဗျာ။အဲ့ဒီ Software နာမည်လေးကတော့ ရွှေရိုး အင်္ဂလိပ် မြန်မာ အဘိဓာန် Software လေးပါပဲ။ဒီ Software လေးကို ကျွန်တော် ရထားတာ တော်တော်ကြီးကို ကြာခဲ့ပါပြီ ကျွန်တော် အလုပ်လေးတွေ ရှုပ်နေတာကော Connection ကလဲ မကောင်းတာရော မတင်ဖြစ်ပဲ ရှိနေတာပါ။ကျွန်တော် မနေ့က ကျွန်တော့ Laptop လေးထဲမှာ စုမိထားတဲ့ Data လေးတွေထဲက ပြန်တွေ့တာနဲ့ ဒီ Software လေးကို ပြန်တွေ့တာနဲ့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက် ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။ဒီ Software လေးရဲ့ အသုံးပြုပုံတွေ အားလုံးကို ကျွန်တော် ဓာတ်ပုံလေးတွေနဲ့ ကောစာနဲ့ပါ သေချာ ရှင်းပြပေးပါ့မယ်ဗျာ။ဒီတော့ အထူးသဖြင့် IT နည်းပညာများကို နားမလည်သေးတဲ့ သူတွေအတွက်တော့ တော်တော် အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် လဲ တော်နေလို့တော့ မဟုတ်ပါဘူး။စာဖတ်ပရိတ်သတ်တွေလို IT ပညာလေးတွေကို လေ့လာနေဆဲ လူငယ်လေး တစ်ယောက်ဆိုတာကို သိထားစေချင်ပါသေးတယ်ဗျာ။ကဲ....ကျွန်တော် စကား အရမ်းများသွားပြီဗျာ။ကျွန်တော်တို့ လုပ်ငန်းစဉ်လေးတွေ စလိုက်ကြရအောင်ဗျာ။အရင် ဦးဆုံး ဒီ Software လေးကို ကျွန်တော်တို့ PC တွေမှာ အသံုးပြုပုံကို အရင်ဦးဆုံး ပြောပြပါ့မယ်ဗျာ။အရင်ဦးဆုံး မိမိ အသုံးပြုလိုတဲ့ PC မှာ Microsoft .NET Framework 4.0 ဒါမှ မဟုတ် Version 4.0 နဲ့ အထက်ကို Install ပြုလုပ်ထားရှိရပါမယ်။.NET Framework မရှိသေးရင် အောက်မှာ ပေးထားတဲ့ Link မှာ Download အရင်သွားယူရပါမယ်။

Microsoft .NET Framework Download Link

Fig ~ 1
နောက်တစ်ခု သတိပေးချင်တာကတော့ ဒီ Software လေးဟာ Unicode ကို အခြေခံပြီး ရေးသားထားတာ ဖြစ်တဲ့ အတွက် Unicode Font မိမိ PC မှာ အကယ်၍ မရှိခဲ့ပါက ကျွန်တော် အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link မှာ တစ်ပါတည်း ရွှေရိုး အဘိဓာန်ရဲ့ Setup ဖိုင်နဲ့ အတူ mm3_0.ttf ဆိုတဲ့ ဖိုင်လေး ထည့်ပေးထားပါတယ်။အဲ့ဒီ mm3_0.ttf ဆိုတဲ့ ဖိုင်လေးကို Click နှစ်ချက်နှိပ်ပြီး Install လုပ်လိုက်ပါ။ဒါဆိုရင် ဒီ Software မှာထည့်သွင်းထားတဲ့ မြန်မာလို ဘာသာပြန်ထားတဲ့ စာတွေကို အဆင်ပြေစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဗျာ။ရွှေရိုး အင်္ဂလိပ် မြန်မာ အဘိဓာန် Software ကို လိုချင်တယ်ဆိုရင်တော့ အောက်က Download Link လေးမှာ သွားယူလိုက်ပါဦးနော်။Download လုပ်ရန် Data File Size ကတော့ 2.37 MB ပဲရှိပါတယ်။

Shwe Yoe English - Myanmar Dictionary For PC Download Link

အသုံးပြုပုံလေးတွေ တစ်ချို့ကို ကျွန်တော် အနည်းငယ် ရှင်းပြပါရစေဗျာ။
1.ကိုယ်ရှာလိုတဲ့ စကားလုံးကို English (သို့) Myanmar ရိုက်ထည့်ပေးခြင်းဖြင့် စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို လျှင်မြန်စွာ ရှာဖွေပေးနိုင်ခြင်း။
2.မိမိ တို့ သိတဲ့ အဆင့်မြင့်တဲ့ စကားလုံးတွေကိုလဲ ဒီ Software လေးထဲသို့ ထပ်မံထည့်သွင်းဖြည့်စွက်ပေးပြီး အသုံးပြုနိုင်ခြင်း
3.မိမိ တို့ သိလိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို အသံထွက်ပါ သိရအောင် နားထောင်လို့ရသလို 2 အချက်မှာ ပြောပြထားသလို အဆင့်မြင့်တင်လိုက်တဲ့ စကားလုံးတွေရဲ့ Text File တွေကိုလဲ အသံထွက် ဖိုင် အနေနဲ့ ပါထပ်မံထည့်သွင်း ဖြည့်စွက်လို့လဲ ရပါသေးတယ်။အသံထွက်အနေဖြင့်လဲ မိမိ သိလိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှာဖွေလို့လဲ ရပါသေးတယ်။
4.ရွှေရိုး အဘိဓာန်ရဲ့ Software မျက်နှာပြင်ကို Mac Style ပြောင်းလဲလို့ ရသလို Windows Glass Style လဲပြောင်းလို့ရပါသေးတယ်။အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းပေါ့ဗျာ။

Fig ~ 2
Fig ~ 3
Fig ~ 4
အပေါ်က အပိုင်းကတော့ ကျွန်တော်တို့ PC / Laptop တွေမှာ အသုံးပြုဖို့ အသုံးပြုပုံတွေ ရှင်းပြပေးထားတာဖြစ်ပါတယ်ဗျာ။နောက် တစ်ပိုင်းကတော့ IPhone/IPad/IPod Touch iOS သုံးတွေမှာ အသုံးပြုဖို့ အတွက် ရှင်းပြပေးထားတဲ့ အပိုင်းလေးပေါ့ဗျာ။ဒီ အပိုင်းလေးကိုတော့ ကျွန်တော် မူရင်း Site ကနေဖြစ်တဲ့ Myanmar Turorials Web Site ကနေ Copy ကူးယူထားပြီး စာသားများ အနည်းငယ် ပြင်ဆင် ဖြည့်စွက်ပေးထားပါတယ်ဗျာ။အမှားများ ပါသွားခဲ့ရင်လဲ ကြိုတင်တောင်းပန်ထားပါရစေဗျာ။အခုတစ်ခါမှာတော့ အရင် ထုတ်လုပ်ပြီးသားဖြစ်တဲ့ Shwe Yoe Dictionary iOS App ကို လုံးဝ အသစ်နီးပါးပြန်လည် မွမ်းမံပြီး ထုတ်လုပ်ပေးလိုက်ပါတယ်.
အခု မိတ်ဆက်မဲ့ Product ကတော့ Shwe Yoe Pro လို့ပေးထားပါတယ်။
ဘာတွေကွာသွားသလဲဆိုရင်တော့ အားလုံး အသစ်နီးပါးပါပဲ. မြန်မာကီးဘုတ် ပါ အပါအဝင်ပါ။
နောက်ထပ် ထူးခြားလှတဲ့ လုပ်ဆောင်ချက် အသစ်တွေကိုလဲ ထပ်မံဖြည့်သွင်းပေးထားပါတယ်.
ဒါဆိုရင်ဘာတွေအသစ်ပါသလဲဆိုတာ အောက်မှာတစ်ချက်လောက် ကျွန်တော်တို့ လေ့လာကြည့်လိုက်ရအောင်.

What’s new features in Shwe Yoe Pro?

1. မြန်မာ Search Speed ပိုမိုမြန်ဆန်သွားပါတယ်။
2. User Interface Design ကတော့ လုံးဝအသစ် ဖြစ်သွားပါတယ်. Wood Style ပုံစံ User Interface ကိုသုံးထားပါတယ်.
3. Text To Speech Function ကိုအသစ်ထည့်သွင်းထားပါတယ်.စကားလုံးတွေရဲ့အသံထွက် ကိုပုံစံနှစ်မျိုး နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်
4. Speech To Text function လို့ခေါ်တဲ့ function ကိုလဲအသစ်ထည့်သွင်းပေးထားပါတယ်.ဒါကြောင့် စကားလုံးတွေကိုရှာဖွေရာမှာ မိမိရဲ့ အသံ (Voice) ဖြင့်လွယ်ကူစွာရှာဖွေ
နိုင်ပါတယ်
5. စကားလုံးတွေကို Copy ကူးလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်.
6. မိမိရှာလိုက်တဲ့ စကားလုံးနဲ့ ပက်သက်ပြီး လုံးဝအသေးစိတ်သိရှိနိုင်စေရန် အတွက် Wiktionary လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်.
7. မိမိရှာလိုက်တဲ့ စကားလုံးနဲ့ ပက်သက်ပြီး ရုပ်ပုံတွေ.ဘယ်နေရာမှာ ဘယ်လိုခေါ်တယ်… စသဖြင့် အသေးစိတ်သိရှိနိုင်စေရန်အတွက် Wikipedia လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
8. မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေအတွက် မှန်ကန်တဲ့စာလုံးပေါင်းတွေကို ရှာဖွေနိုင်အောင် စာလုံးပေါင်းသတ်ပုံကျမ်း ကိုလည်းထည့်သွင်းပေးထားပါတယ်.
9. မြန်မာစာ ဖြင့်ရှာဖွေနိုင်ရန်အတွက် မြန်မာကီးဘုတ် ကို ပိုမိုကောင်းမွန်စေရန် တဖန်ပြန်လည် အသစ်ဖန်တီးလုပ်ဆောင်ပေးထားပါတယ်။
10. Shwe Yoe Pro Dictionary ထဲမှာပါတဲ့ စကားများဟာ မိမိအဖို့မလုံလောက်သေးဘူးဆိုရင် မိမိ စိတ်တိုင်းကျ ငါးမျိုးသော ဘာသာစကား စကားလုံးများကို အသစ်ထပ်မံလွယ်ကူစွာ
ဖြည့်သွင်းရှာဖွေနိုင်ပါတယ်.
11. ယခင်က M-Reader လို့ခေါ်တဲ့ မြန်မာစာ ဖတ်စာကိုလဲ ယခုတစ်ဖန် အသစ်ပြန်လည် မွမ်းမံပြီး ထည့်သွင်းပေးထားပါတယ်။
12. မြန်မာစာ ရေးသားဖို့ရာအတွက် MM-Text-Writer လို့ခေါ်တဲ့ လုပ်ဆောင်ချက် (Function) ကိုလည်း ဇော်ဂျီ ကီးဘုတ် လက်ကွက်ဖြင့် လွယ်ကူစွာ ရိုက်နိုင်စေရန် ၊ လွယ်ကူစွာ Copy ကူးနိုင်စေရန် အတွက် လုပ်ဆောင်ထည့်သွင်းပေးထားပါတယ်။
…. စတဲ့ လုပ်ဆောင်အသစ်တွေပါဝင်ပါတယ်.ပိုပြီး အသေးစိတ် နားလည်စေရန်အတွက် ကျွန်တော် ဆက်လက်ရှင်းပြပေးပါမယ်.

1. Search Speed
- စကားလုံးရှာဖွေရာတွင် မြန်မာစာဖြင့် ရှာဖွေခြင်းအပါအဝင် ရှာဖွေနှုန်း ပိုမိုမြန်ဆန်သွားပါတယ်.
- ဘာသာစကားငါးမျိုးကို ရှာဖွေနိုင်ပါတယ်.
1. English – Myanmar
2. Korea – Myanmar
3. Russia – Myanmar
4. Japan – Myanmar
5. Thai – Myanmar

6. Myanmar – English
7. Myanmar – Korea
8. Myanmar – Russia
9. Myanmar – Japan
10. Myanmar – Thai

2. User Interface
- UI အနေနဲ့ကတော့ လုံးဝအသစ်ဖြစ်ပါတယ်.အောက်ကပုံလေးတွေကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ.

3. Text-To-Speech
- Text-To-Speech လုပ်ဆောင်ချက်အနေနဲ့ ရွေးချယ်စရာ နှစ်မျိုးပေးထားပါတယ်..။
1. iSpeech
2. iNternet Speech တို့ဖြစ်ပါတယ်
- iSpeech က Third Party က အသုံးပြုထားတဲ့ SDK ပါ.သူကတော့ ဘာသာစကားငါးမျိုးအနက် ထိုင်းဘာသာ စကားမှ တခြား အခြားဘာသာစကား လေးမျိုးကို အသံထွက်ပြောဆိုနိုင်ပါတယ်.
- iNternet Speech ကတော့ Google Services ကိုအသုံးပြုပြီး ဖန်တီးရေးသားထားတဲ့ Speech ပါ. iNternet Speech ကတော့ ဘာသာစကား ငါးမျိုးစလုံးကို အသံထွက်ပြောဆိုနိုင်ပါတယ်.
- အထက်ပါနှစ်မျိုးစလုံးကို အသုံးပြုရန်အတွက် Internet connection လိုအပ်ပါတယ်.
- Offline Text To Speech အတွက်ကတော့ English ဘာသာစကား တစ်မျိုးထဲအတွက်ပဲရပါတယ်.

4. Speech To Text
- Speech To Text လို့ခေါ်တဲ့ လုပ်ဆောင်ချက် ဟာ မိမိတို့ရဲ့ အသံ (Voice) ဖြင့် ပါးစပ်ကပြောလိုက်ရုံဖြင့် အလိုအလျောက် ရှာဖွေပေးနိုင်တဲ့ စနစ် (Auto Voice Searching) ကိုထည့်သွင်းလုပ်ဆောင်ပေးထားပါတယ်
- iSpeech SDK ကိုအသုံးပြုထားတဲ့အတွက်ကြောင့်
1. English Speech To Text
2. Korea Speech To Text
3. Russia Speech To Text
4. Japan Speech To Text
- စတဲ့ဘာသာစကားလေးမျိုးကို မိမိရဲ့ အသံ (Voice) ဖြင့်လွယ်ကူစွာရှာဖွေနိုင်ပါတယ်.
- အသုံးပြုရန်အတွက် Internet Connection တော့လိုပါတယ်.

5.Copy Words
မိမိရှာဖွေထားသော ဘာသာစကားငါးမျိုးရဲ့ Word တွေကို Copy ကူးယူနိုင်သော လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါတယ်

6. Wiktionary
- မိမိတို့ရှာဖွေထားသောစကားလုံးရဲ့ အဓိပါယ်ကို ပိုမိုနက်နဲစွာ သိရှိနိုင်စေရန်အတွက် ငါးမျိုးသော ဘာသာစကား ဖြင့် ရှာဖွေနိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်သော လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်
- Internet connection လိုပါတယ်.

7. Wikipedia
- မိမိတို့ရှာဖွေထားသော စကားလုံးများနဲ့ပက်သက်ပြီး ရုပ်ပုံများ..အသုံးဝင်ပုံများ..စတဲ့..အကြောင်းအရာတွေကို သိရှိနိုင်စေရန်အတွက် ငါးမျိုးသော ဘာသာစကား ဖြင့် ရှာဖွေနိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်သော လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်
- Internet connection လိုပါတယ်.

8. မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း
- မြန်မာစာ ရဲ့တစ်ချို့စကားလုံးတွေဟာ ရှုပ်ထွေးနေတဲ့အခါမှာ လျှင်မြန်လွယ်ကူစွာသိရှိနိုင်စေရန်အတွက် စာလုံးပေါင်းသတ်ပုံကျမ်းအတွက် လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်. မြန်မာစာ ရှာဖွေခြင်းနဲ့ပက်သက်လို့ Jailbreak keyboard မလိုပါဘူး.
- မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းအတွက် Data ကိုတော့ www.myanmarwords.pikay.org မှရယူအသုံးပြုထားပါတယ်.

9. မြန်မာကီးဘုတ် (Myanmar-Keyboard)
- မြန်မာစာဖြင့် ရှာဖွေခြင်း..မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းအတွက် ရှာဖွေခြင်း. မြန်မာလိုစကားလုံး အသစ်ထပ်မံဖြည့်သွင်းခြင်းစတဲ့ မြန်မာကီးဘုတ်နဲ့ပက်သက် သောလုပ်ဆောင်ချက်တွေ အတွက် မြန်မာ ကီးဘုတ် ကို တဖန်အသစ်ဖန်တီး၍ Jailbreak Myanmar keyboard မလိုအောင် Zawgyi Layout ဖြင့် App ထဲတွင် တစ်ခါတည်း ထည့်သွင်းပြီး ဖြစ်ပါတယ်.

10. စကားလုံးအသစ်ထပ်မံဖြည့်သွင်းခြင်း (Add new words)
- Shweyoe Pro Dictionary ထဲမှာပါတဲ့ စကားလုံးတွေဟာ မိမိအဖို့မလုံလောက်သေးဘူးဆိုရင် မိမိတို့ရဲ့ အသုံးများတဲ့ အရေးကြီးတဲ့ စကားလုံးအသစ်တွေကို မိမိတို့စိတ်တိုင်းကျ လွယ်ကူစွာ အသစ်ထပ်မံဖြင့်သွင်းပြီး ရှာဖွေနိုင်ပါတယ်.
- ငါးမျိုးသော ဘာသာစကား များကို အသစ်ထပ်မံ ဖြင့်သွင်းနိုင်ရုံသာမက မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း အတွက် စကားလုံးများကိုထည့်ထပ်မံဖြင့်သွင်းနိုင်ပါတယ်။
- မူရင်း အဘိဓာန် စကားလုံးများအတွက်ကတော့ TaKaung Project မှာ GPL License အနေနဲ့အသုံးပြုထားပါတယ်။

11. M-Reader
- M-Reader လို့ခေါ်တဲ့ မြန်မာစာ ဖတ်စာလုပ်ဆောင်ချက်မှာတော့ ယခင် လုပ်ဆောင်ချက်ကို တစ်ဖန်ပြန်လည်မွမ်းမံပြီး ဇော်ဂျီ နှင့် ယူနီကုတ် ဖောင့်နှစ်မျိုးစလုံးကို Jailbreak မလိုပဲလွယ်ကူစွာ Paste လုပ်ခြင်းဖြင့် ဖတ်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။

12. MM-Text-Writer
- MM-Text-Writer လို့ခေါ်တဲ့ မြန်မာစာ ရေးသားခြင်း လုပ်ဆောင်ချက်မှာတော့ မြန်မာစာရေးသားဖို့ရန်အတွက် Zawgyi Layout ဖြင့် Jailbreak မလိုပဲရေးသားနိုင်စေရန်..မိမိရေးသားထားသော စာကို Copy လုပ်ဆောင်နိုင်စေရန်အတွက် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။

…. အထက်ပါ လုပ်ဆောင်ချက် ဆယ့်နှစ်မျိုး (12 new functions) ကိုအသစ်ထပ်မံဖြည့်သွင်းပေးထားတဲ့ ယခုမိတ်ဆက် လိုက်တဲ့ Shwe Yoe Pro Dictionary လေးဟာ $0.99 ဖြင့် App Store မှာရရှိနိုင်ပါတယ်…
ဒါကြောင့် ကိုယ့်လူမျိုးတွေရဲ့ ဖန်တီးမှု ကိုအားပေးတဲ့ အနေနဲ့ $0.99 (မြန်မာငွေဖြင့် ၈၀၀ ကျပ်မျှသာ) ကျသင့်မှာ ဖြစ်ပါတယ်ဗျာ။အဆင်မပြေမှုများ… အကြံပေးမှုများ ပြုလုပ်လိုပါက dk92ster@gmail.com ကိုဆက်သွယ်မေးမြန်း အကြံပြုနိုင်ပါတယ်။Download ပြုလုပ်ရန် Link ကိုတော့ ကျွန်တော် အောက်မှာ ပေးထားပါတယ်ဗျာ။

Zaw Min Soe (Initial)
Information about Shweyoe Pro
App Name : Shweyoe Pro
Platform : iOS (iPhone/iPad)
Price : $0.99 (Myanmar Kyats 800)
Minimum iOS Version : iOS 5.0
Company : Initial Studio
Developer : Zaw Min Soe (Initial)
Official Facebook Page : https://www.facebook.com/InitialStudio
License : © 2012 Initial Studio

Download links

For iPhone / iPod : http://itunes.apple.com/sg/app/shweyoe-pro/id549814664?mt=8

For iPad : http://itunes.apple.com/sg/app/shweyoeprohd/id550458818?mt=8

Fig ~ 1
Fig ~ 2
Fig ~ 3
Fig ~ 4
Fig ~ 5
ကဲ.........ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေ အားလုံး အဆင်ပြေချောမွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အော်....တစ်ခု မေ့နေတာဗျာ။Android User တွေ အတွက်တော့ မထွက်သေးတာ စိတ်မကောင်းစရာပါပဲဗျာ။Android User တွေအတွက် ထွက်ခဲ့ရင်လဲ ကျွန်တော် ဒီ Post လေးကို Update ပြန်လုပ်ပေးပြီး စာဖတ်ပရိတ်သတ်တွေဆီကို အကြောင်းကြားပေးပါ့မယ်ဗျာ။အဲ့ဒီ အတွက် ကျွန်တော် IT Bank Site လေးကိုသာ သတိရတိုင်း နည်းပညာလေးတွေကို ၀င်လေ့လာပါလို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်အပ်ပါတယ်ဗျာ။

ကြိုးစားလျက်.....!
 (Yekyawphyo)
 ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ဘာသာ 64 ဘာသာကို ဘာသာ ပြန်ပေးတဲ့ Google ရဲ့ Service တစ်ခုလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။မြန်မာ လိုတော့ ဘာသာမပြန်ပေးနိုင်ပေမဲ့ တခြား ဘာသာတွေတော့ ကောင်းကောင်း ဘာသာပြန်ပေးနိုင်ပါတယ်ဗျာ။အဲ့ဒီ Web Site လေးဟာ စာသားအနေနဲ့ကော အသံထွက်လေးပါ ဘာသာ ပြန်ပေးပါတယ်ဗျာ။နမူနာ တစ်ခုပြောပြပါ့မယ်ဗျာ။ကိုက  Korea လိုဘာသာပြန်ချင်တယ်ပဲ ထားပါဦး။From ဆိုတဲ့ နေရာလေးမှာ ကိုက English လိုရိုက်လိုက်ပါ။To ဆိုတဲ့ နေရာလေးမှာတော့ မိမိ ပြောင်းချင်တဲ့ ဘာသာတစ်ခုခု ကို ရွေးထားလိုက်ပါ။ကျွန်တော် ကတော့ အောက်ကပုံလေး အတိုင်း Korea လို ဘာသာ ပြန်ထားတဲ့ ပုံလေးပါ။အဲ့ဒီ Web Site လေးဟာ သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

အဲ့ဒီ Web Site လေးကို အမြန်ဆုံး သွားချင်တယ်ဆိုရင်တော့ အောက်မှာ ကျွန်တော် Link လေး ပေးထားပါတယ်ဗျာ။အမြန်ဆုံးသာ သွားပြီး ဘာသာ ပြန်လိုက်ကြတော့ပေါ့့ဗျာ။

http://translate.google.com/

ကဲ......သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                     ကြိုးစားလျက်.......!
                                                                                                                                       (Yekyawphyo)


ကျွန်တော် ဒီ တစ်ခါတော့ Phone Knowledge လေးတစ်ခုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါ့ရစေဗျာ။Android Phone တွေမှာ English To English Dictonary လေးထည့်ပြီး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။English လို လေ့လာလိုတဲ့ သူတွေအတွက်ပေါ့ဗျာ။ဒီ Appliction လေးရဲ့ လုပ်ဆောင်ချက်တွေကတော့ စာလုံးတစ်လုံးရဲ့ အနက်အဓိပ္ပာယ်ကို  English To English ရှင်းလင်းဖော်ပြပေးထားပြီး စာလုံး တစ်လုံးစီရဲ့ Verb , Noun , Adjective အစရှိတာတွေရဲ့ အသုံးပြုတာတွေနဲ့ ပတ်သတ်တဲ့ စာလုံးတွေကို အနီးစပ်ဆုံးဖော်ပြပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ မိမိ ရှာဖွေလိုတဲ့ စာလုံးတစ်လုံးစီရဲ့ အသံထွက်ကိုလဲ အသံနဲ့ ဖော်ပြပေးနိုင်တဲ့ Application လဲ ဖြစ်ပါတယ်ဗျာ။မိမိ ရှာဖွေလိုတဲ့ စာလုံးတွေကိုလဲ ပြန်ပြီး Share ချင်တယ်ဆိုရင်လဲ Bluetooth Devices ဖြင့်လဲ ပြန်လည် Share လုပ်နိုင်ပါတယ်ဗျာ။ဒီ Software လေးဟာ Offline အနေနဲ့ပါ အသုံးပြုနိုင်တဲ့ အတွက် သူငယ်ချင်းတွေအားလုံး အကျိုးရှိတဲ့ Software လေးတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ အမြန်ဆုံးသာ Download ယူပြီး သူငယ်ချင်းတွေရဲ့ Phone လေးတွေမှာ ထည့်ပြီးအသုံးပြုလိုက်ကြတော့ပေါ့ဗျာ။အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။

ဒီမှာ Download ယူသွားလိုက်ပါနော်။(For Android)

 ကဲ သူငယ်ချင်းတွေ အားလုံး ဗဟုသုတလေးတွေ တိုးပွားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေရဲ့ ဝေဖန်အကြံပေးချက်လေးဟာ IT Bank Site လေးအတွက် အားဆေးတစ်ခွက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။
                                                                                                                                          ကြိုးစားလျက်....!
                                                                                                                                            (Yekyawphyo)

ကဲ ဒီတစ်ခါတော့ ကျွန်တော် Site လေးကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းတွေ အားလုံး Gtalk သုံးနေရင်းကနေ မိမိ မသိတဲ့ English Meaning တွေကို မြန်မာလို ဘာသာ ပြန်ပေးတဲ့ အဘိဓာန် Account လေးတစ်ခုလက်ဆောင်ပေးပါရစေဗျာ။အရင်တုန်းက ကျွန်တော်တို့ သုံးနေတဲ့ en2mm10@mmgeeks.org လေးက အလုပ်သိပ်မလုပ်တော့ပါဘူးဗျာ။ပြီးတော့ ဘာသာပြန်ပေးတာလဲ သိပ်ပြီးမစုံလင်လှပါဘူး။အခု ကျွန်တော် ပေးမဲ့  Account လေးက သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။လိုချင်ရင်တော့ အမြန်ဆုံးလေးသာ eng2myn@gmail.com လေးကို မိမိ Gtalk မှာ Add ထားလိုက်ကြပါတော့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ပါစေဗျာ။သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်ဗျာ။
                                                                                                                                          ကြိုးစားလျက်....!
                                                                                                                                           (Yekyawphyo)
ဒီနေ့ လာလည်ပေးကြတဲ့ သူငယ်ချင်းတွေ အတွက် လက်ဆောင်လေး တစ်ခုပေးပါရစေဗျာ။ ကျွန်တော် ပေးလိုက်တဲ့ သူငယ်ချင်းတွေ အတွက် လက်ဆောင်လေး တော်တော်များများက အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။

ဒီတစ်ခါ ဘာလေးလဲ ဆိုတော့ သူငယ်ချင်းတွေ စိတ်ဝင်စားဆုံး ဘာသာစကားလို့ ပြောလို့ရနိုင်တဲ့ ကိုးရီးယား မြန်မာ အဘိဓာန်လေးပါဗျာ။ ဒီ Software လေးကို ကျွန်တော့ရဲ့လေးစားရတဲ့ ဆရာအစ်ကိုလို့ လဲပြောလို့ရတဲ့ အစ်ကို ဇော်လတ်အောင် ဖန်တီးရေးသားထားတဲ့ Software လေးပဲဖြစ်ပါတယ်ဗျာ။

သူငယ်ချင်း အားလုံး အသုံးတဲ့ မယ်လို့လဲ မျှော်လင့်ပါတယ်ဗျာ။ ဒီ Software လေးရဲ့ အားနည်းချက်ကို အရင် ပြောပြပါမယ်။ သူငယ်ချင်းတွေ အားလုံးကိုလဲ တောင်းပန်တဲ့အနေနဲ့ပါ။ ဒီ Software အားနည်းချက်တွေကတော့
  1. Windows 7 Only ဖြစ်ပါတယ်။
  2. နောက်တစ်ခုက ကိုရီးယားလို အသံထွက် မြန်မာလို မရေးထားပါဘူးဗျာ။ (ဒီ ကတော့ ကျွန်တော်ရဲ့ဆရာအစ်ကို လို့ပြောထားတဲ့ ကိုဇော်လတ်ကြီး အလုပ်တွေ သိပ်မအားတာနဲ့ မထည့်ဖြစ်ခဲ့တာဖြစ်ပါတယ်ဗျာ။ ဒီ အတွက် ကျွန်တော်ကပဲ ကိုဇော်လတ် အစား တောင်းပန်ပါရစေဗျာ။)
  3. နောက်တစ်ခုက Alpha ZawGyi Unicode အလုပ်လုပ်ပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားရင် အောက်မှာပုံနဲ့ တကွ ပြပေးထားပါတယ် အောက်မှာ ကြည့်လိုက်ပါဗျာ။



ကဲ ဘယ်လိုလဲ သူငယ်ချင်းတွေ အားလုံးသဘောကျသွားပြီလားဗျ။ ဒါဆို ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။ အောက်မှာ Download ယူသွားလိုက်ပါဗျာ။

ခုလို Download ယူသွားတာ ကျေးဇူး အရမ်းတင်ပါတယ်ဗျာ။

ကဲ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။အဆင်ပြေရင် သူငယ်ချင်းတို့ လက်တို့ လိုက်ဦးနော်။ ကျွန်တော် လဲ သူငယ်ချင်းတို့ ပျော်ရွှင်သလို ပျော်စေချင်တာပေါ့ဗျ ဟုတ်ဘူးလား။ ကျွန်တော် ဒီ Post လေးကို လွတ်လပ်စွာ ကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ ။ဒါမဲ့ Post ပိုင်ရှင် ရဲ့ နာမည်လေးကို ထည့်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။ ဒီလို တောင်းဆိုရတာလဲ အွန်လိုင်း မှာ ဘလော့ရေးနေသူတွေရဲ့ ယဉ်ကျေးမှု တစ်ခုအနေနဲ့လဲ လေးစားပေးစေ ချင်ပါတယ်ဗျာ။

ရဲကျော်ဖြိုး
(Yekyawphyo)
9FEB2012-006
Technique & Software
www.nayzawlin.com/
baby.blacklay4@gmail.com
yekyawphyo@nayzawlin.com
http://welcometoitbank.blogspot.com/
သူငယ်ချင်းတွေအားလုံးအတွက် လက်ဆောင် လေးတစ်ခုပေးပါရစေနော်။ဒီ လက်ဆောင်လေးက သူငယ်ချင်းတွေ အားလုံးအတွက် အရမ်း တန်းဖိုးကြီးတဲ့ လက်ဆောင်လေး ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော် က ပေးဖို့အဆင့်သင့်ပါပဲဗျာ။ဒါလေး ကတော့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးပဲ ဖြစ်ပါတယ်ဗျာ။
သူငယ်ချင်းတို. အားလုံး Download ယူချင်ရင် ဒီမှာယူသွားပါနော်။
ခုလို Download သွားတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်။

ကျွန်တော်ပုံလေးနဲ.ပါ တင်ထားပါတယ်ဗျာ။ဒီ အဘိဓာန်လေးက Zawgyi ကော Myanmar 3 ကော အလုပ်လုပ်ပါတယ်။သုံးရတာလဲ တော်တော် အဆင်ပြေပါတယ်။သုံးကြည့်ကြပါနော်။အဆင်ပြေရင် သူငယ်ချင်းတွေကိုလဲ လက်တို.လိုက်ပါဦးနော်။ကျွန်တော် ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။တောင်းစရာမလိုဘူးနော်။ဒါမဲ့ တစ်ခုတော့ တောင်းဆိုပါရစေဗျာ။Post ပိုင်ရှင်နာမည်လေး ထည့်ပေးဖို့တော့ မမေ့ပါနဲ့လို. တောင်းဆိုပါရစေဗျာ။ကျွန်တော်လဲ ပင်ပင်ပန်းပန်းနဲ့ ရှာထားရတာ လေးမို့လို.ပါဗျာ။ဒီ Software လေးရဲ့မူရင်းဆိုဒ်လေးကတော့ http://www.whizzosystem.com/ ပါဗျာ။
                                                                                                                               ကြိုးစားလျက်.........!
                                                                                                                                  (Yekyawphyo)
အောက်က Account လေးတွေ ကို မိမိ Gtalk မှာ Add လိုက်ရင် ရပါပြီ...ဘာသာပြန်ပေးပါလိမ့်မယ်...အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဗျာ....။

fr2en@bot.talk.google.com (ပြင်သစ်ကနေ အင်္ဂလိပ်ကိုပြောင်းပေးပါတယ်)
en2fr@bot.talk.google.com (အင်္ဂလိပ်ကနေ ပြင်သစ်)
hi2en@bot.talk.google.com (ဟင်ဒီကနေအင်္ဂလိပ်)
en2hi@bot.talk.google.com (အင်္ဂလိပ်ကနေဟင်ဒီ)
it2en@bot.talk.google.com (အီတလီကနေအင်္ဂလိပ်)
it2en@bot.talk.google.com (အင်္ဂလိပ်ကနေအီတလီ)
ja2en@bot.talk.google.com (ဂျပန်ကနေအင်္ဂလိပ်)
ko2en@bot.talk.google.com (ကိုရီးယားကနေအင်္ဂလိပ်)
en2ko@bot.talk.google.com (အင်္ဂလိပ်ကနေကိုရီးယား)
nl2en@bot.talk.google.com (နယ်သာလန်ကနေအင်္ဂလိပ်)
en2nl@bot.talk.google.com(အင်္ဂလိပ်ကနေနယ်သာလန်)
no2en@bot.talk.google.com (နော်ဝေးကနေအင်္ဂလိပ်)
en2no@bot.talk.google.com (အင်္ဂလိပ်ကနေနော်ဝေး)
pl2en@bot.talk.google.com (ဒါကတောကျွန်တော်လဲမသိဘူးဗျ။Add သာ Add ထားတာကျွန်တော်လဲမသိဘူးဗျ။)
en2pt@bot.talk.google.com (အင်္ဂလိပ်ကနေပေါတူဂီ)
ar2en@bot.talk.google.com (အာရေဗျကနေအင်္ဂလိပ်)
en2ar@bot.talk.google.com (အင်္ဂလိပ်ကနေအာရေဗျ)
ro2en@bot.talk.google.com (ရိုမေးနီးယားကနေအင်္ဂလိပ်)
en2ro@bot.talk.google.com(အင်္ဂလိပ်ကနေရိုမေနီးယား)
ru2en@bot.talk.google.com (ရုရှားကနေအင်္ဂလိပ်)
en2ru@bot.talk.google.com (အင်္ဂလိပ်ကနေရုရှား)
sv2en@bot.talk.google.com (ဆွီဒင်ကနေအင်္ဂလိပ်)
en2sv@bot.talk.google.com (အင်္ဂလိပ်ကနေဆွီဒင်)
zh2en@bot.talk.google.com (တရုတ်ကနေအင်္ဂလိပ်)
en2zh@bot.talk.google.com (အင်္ဂလိပ်ကနေတရုတ်)
zh-hant2en@bot.talk.google.com (ရိုးရာတရုတ်ကနေအင်္ဂလိပ်)
en2zh-hant@bot.talk.google.com (အင်္ဂလိပ်ကနေရိုးရာတရုတ်)
zh-hant2zh@bot.talk.google.com (ရိုးရာတရုတ်ကနေနိုင်ငံတကာတရုတ်)
zh2zh-hant@bot.talk.google.com (နိုင်ငံတကာတရုတ်ကနေရိုးရာတရုတ်)
bg2en@bot.talk.google.com (ဘယ်ဂျီလီယံကနေအင်္ဂလိပ်)
en2bg@bot.talk.google.com (အင်္ဂလိပ်ကနေဘယ်ဂျီလယံ)
cs2en@bot.talk.google.com (ချက်စကိုလိုဗီးယားကနေအင်္ဂလိပ်)
en2cs@bot.talk.google.com(အင်္ဂလိပ်ကနေချက်)
en2da@bot.talk.google.com (ဒါလဲဘာလဲမသိဘူးဗျသုံးဘူးဘူး)
de2en@bot.talk.google.c(ဂျာမန်ကနေအင်္ဂလိပ်)
en2de@bot.talk.google.com (အင်္ဂလိပ်ကနေဂျာမန်)
de2fr@bot.talk.google.com (ဂျာမန်ကနေပြင်သစ်)
fr2de@bot.talk.google.com(ပြင်သစ်ကနေဂျာမန်)
el2en@bot.talk.google.com (ဂရိကနေအင်္ဂလိပ်)
en2el@bot.talk.google.com (အင်္ဂလိပ်ကနေဂရိ)
es2en@bot.talk.google.com (စပိန်ကနေအင်္ဂလိပ်)
en2es@bot.talk.google.com(အင်္ဂလိပ်ကနေစပိန်)
fi2en@bot.talk.google.com (ဖင်နစ်ရှ်ကနေအင်္ဂလိပ်)
en2fi@bot.talk.google.com (အင်္ဂလိပ်ကဖင်လန် အဲလေယောင်လို့ ဖင်နစ်ရှ်)
en2mm5@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm10@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm3@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm6@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm12@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm9@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
pali2myn@gmail.com (ပါဠိ-မြန်မာ-အင်္ဂလိပ်) ဒါလေးကတော့ သံဃာတော်များအတွက် အထူးသင့်လျှော်တဲ့ ပါဠိ ကနေမြန်မာလို မြန်မာကနေ အင်္ဂလိပ်ကို ဘာသာပြန်ပေးတာလေးပါဗျာ။
 အင်္ဂလိပ် မြန်မာအဘိဓာန်လေးကတော့ ကျွန်တော် Add ထားတာ 2ရက်လောက်နေတော့သူကလက်ခံပါတယ်။တခြားအကောင့်တွေလိုတော့ ချက်ချင်းတော့သူက လက်မခံဘူးဗျ။   သုံးကြည့်ကြပါနော်။သူငယ်ချင်းတွေအားလုံးလဲ အဆင်ပြေကြပါစေဗျာ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေနော်။
                                                                                                                                    ကြိုးစားလျက်........!
                                                                                                                                        (Yekawphyo)
ကျွန်တော် အင်္ဂလိပ် - မြန်မာ  ၊  မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
အဘိဓာန်ဆော့ဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။ဒီအဘိဓာန်လေးက 5.58 MB ပဲရှိတဲ့ Software တစ်ခုပါ။မမိုက်ဘူးလားဗျာ။မိုက်မှာ ပေါ့။အလကား ယူလို့ရတာပဲ မဟုတ်လား။ဟဲ ဟဲနောက်တာနော်။စိတ်မဆိုးကြပါနဲ့။လိုချင်ရင်တော့ အောက်က Attachment မှာ ဆွဲလိုက်ပေါ့ဗျာ။ရပြီဆိုရင်တော့ Run လိုက်ပါ။ပြီးရင် Next ပေးလိုက်ပါ။ Install လုပ်ပေးလိုက်ပါ။တစ်ခါ တည်း ကိုယ့် Destop မှာ အဘိဓာန်လေးရောက်နေပါလိမ့်မယ်။ဒါပေမဲ့ သူက Front အနေနဲ့ 3 မျိုးကိုပဲ လက်ခံပြီးလုပ်ထားတာပါ။အောက်မှာ ပုံနဲ့တကွပြပေးထားပါတယ်ဗျာ။


၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese
ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ  ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဘာသာ အပြည့်အစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။ကဲ သိချင်တာလေးတွေ ရှာကြတော့ဗျာ။ အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။
တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။
အဆင်ပြေပါစေဗျာ..။တစ်ခုတော့ ကျွန်တော် တကယ်တောင်းပန်ပါတယ်..။
myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့
ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။
ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။ကျွန်တော် လဲ အဲ ဆော့ဝဲလ် လေးကိုသူများဆီက ရထားတာလေးပါ။အလုပ်မအားတဲ့ အတွက် ခုမှ နောက်ကျလို့ တင်ပေးမိတဲ့ အတွက်ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ပါတယ်ဗျာ။

 သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
ခုလို Download ယူသွားတာ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။ 
 
                                                                                                                                                                                                                ကြိုးစားလျက်.....!
                                                                                                                                  (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -