Showing posts with label (Windows 8). Show all posts

Fig ~ 1
ကျွန်တော် ဒီ တစ်ခါပြောပြပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံ ကိုယ်အသုံးလိုတဲ့ Software တွေကိုစိတ်ကြိုက် Download လုပ် Install လုပ်ကြပြီး ကိုယ့် ကွန်ပျူတာထဲမှာ ထည့်သွင်းအသုံးပြုကြတာပေါ့ဗျာ။ဒါပေမဲ့ တစ်ချို့ Software ထုတ်လုပ်လိုက်တဲ့ Company တွေက Freeware အနေနဲ့ အလကားအသုံးပြုခွင့်ပေးထားပြီး တစ်ချို့ Software တွေကျတော့ Trial Version အနေနဲ့ အသုံးပြုခွင့်ပေးထားပြီး ပိုက်ဆံပေးဝယ်ရတဲ့ ပုံစံမျိုးပေါ့ဗျာ။တခြား နိုင်ငံတွေ အနေနဲ့ အဲ့လို ၀ယ်ပြီး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက်ကတော့ အဲ့လိုသာ သုံးနေရရင် အိမ်ပါပေါင်ရမလို ဖြစ်နေကြတယ်လေ။ဒါတွေ ထားပါတော့ဗျာ။ကျွန်တော် အခု ပြောချင်တာက Trial Version Software တွေကို Full Version ဖြစ်အောင်ဆိုပြီး  Patch File တို့ Crack File တို့ Key Gen တို့ Serial Number တို့ မျိုးစုံရှိကြပါတယ်။အဲ့ဒီ ထဲကမှ အခု ကျွန်တော် ရှင်းပြမှာကတော့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် ပြုလုပ်တဲ့ နည်းလေး ကျွန်တော် သိသလောက် အတက်နိုင်ဆုံး ရှင်းပြပါ့မယ်ဗျာ။Patch File တွေ Install လုပ်နည်းကတော့ Software တွေပေါ်မူတည်ပြီး တူချင်မှ တူပါလိမ့်မယ်။ဒါကိုတော့ ကျွန်တော်တို့က သချာင်္မှာလို ပုံသေနည်းအသေမမှတ်ပဲ မိမိ ဦးနှောက်ကို အသုံးပြုပြီး အခက်အခဲကို ဖြေရှင်းရမှာပေါ့ဗျာ။အခု ကျွန်တော် နမူနာ Software တစ်ခုဖြစ်တဲ့ CardRecovery ဆိုတဲ့ Software ကို Full Version ဖြစ်အောင် Patch File Install ပြုလုပ်ခြင်းကို ကျွန်တော် ဓာတ်ပုံတွေနဲ့ တကွ အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။အခု ကျွန်တော် ရှင်းပြမဲ့ နည်းကတော့ လွယ်ကူလျင်မြန်ပြီး ဘယ် Software မျိုးလာလာ အဲ့ဒီ နည်းလမ်းလေးနဲ့ အသုံးပြုဖြေရှင်းနိုင်ပါတယ်ဗျာ။အခု ကျွန်တော်တို့က CardRecovery ဆိုတဲ့ Software ကိုအသုံးပြုဖို့ မိမိ ကွန်ပျူတာမှာ Install လုပ်ထားတယ်ဆိုပါစို့ ။Install လုပ်ပြီးတော့ Destop မှာ CardRecovery ဆိုတဲ့ Shortcut Icon လေးပေါ်နေမှာလိမ့်မယ်။အဲ့ဒီ Icon လေးကို ဖွင့်ပြီး ကျွန်တော်တို့က အသုံးပြုဖို့ စရတော့မယ်ပေါ့။သူ့မှာ ပေးထားတဲ့ Step အဆင့်အတိုင်း ကျွန်တော် က ကျွန်တော့ ကွန်ပျူတာရဲ့ Data ထဲကနေ ဖျက်ပြစ်မိတဲ့ ဓာတ်ပုံတွေကို Recovery ပြန်ယူတာပေါ့ဗျာ။အဲ့ဒီမှာ နောက်ဆုံးအဆင့်အနေနဲ့ Recovery လုပ်ထားတဲ့ Data တွေကို ပြန်ရယူပြီး Save မှတ်ပြီး သိမ်းထားမယ်ပေါ့ဗျာ။အဲ့ဒီမှာ ပြဿနာစတက်တာပါပဲ။အောက်က ပုံလေးအတိုင်း ကျွန်တော်တို့ကို Buy Now , Enter Key , Close ဆိုပြီး Box ကျလာပြီး ကျွန်တော့ကို ဒီ Software အသုံးပြုဖို့ ပိုက်ဆံပေးမလား။ဒါမှ မဟုတ် ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကိုထည့်သွင်းပြီး အသုံးပြုမလားပေါ့ဗျာ။ခက်တာက ကျွန်တော်က ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကျွန်တော့မှာမှ မရှိတာဗျ။အဲ့ဒီတော့ ကျွန်တော်တို့တွေ Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် လုပ်မယ်ပေါ့ဗျာ။

Full Version မဖြစ်မိ Key တောင်းနေတဲ့ ပုံပေါ့။
အဲ့ဒီအခါ စိတ်မပူပါနဲ့။ကျွန်တော်တို့ ခုနက Destop မှာရှိနေတဲ့ CardRecovery ဆိုတဲ့ Shortcut Icon ကို Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Open File Location ဆိုတဲ့ စာတန်းလေးတွေကို  တွေ့အောင်ရှာ Click လိုက်ပါ။Windows XP မှာကျတော့ Properties ကိုသွားရမှာ ဖြစ်ပါတယ်။ပြီးရင် အဲ့ဒီမှာ Open File Target ဆိုတဲ့ ဖိုင်လေးကို ဖွင့်ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ Windows 7 မှာ အသုံးပြုထားတဲ့  အောက်က ဓာတ်ပုံ အတိုင်းပေါ့ဗျာ။

Open File Location ကိုရှာပြီး Click လိုက်ပါ။
ဒါဆိုရင် CardRecovery Software ရဲ့ File Extensions နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ ပုံကတော့ ကျွန်တော်တို့ CardRecovery Software Download ဆွဲတုန်းက တစ်ခါတည်း ပါလာတဲ့ Patch File ကိုမထည့်ရသေးတဲ့ ပုံပေါ့ဗျာ။

Patch File မထည့်ရသေးတဲ့ ပုံ
အခု ကျွန်တော်တို့ လုပ်ရမှာက ခုနက CardRecovery File ကို Download ဆွဲတုန်းက ပါလာတဲ့ Patch File ကို Copy ကူးယူတဲ့ အဆင့်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်း Copy ယူလိုက်ပေါ့ဗျာ။အမှန်ဆို ကျွန်တော် ဒီ အဆင့်ကို ချန်ထားခဲ့ချင်တာပါ။ဒါပေမဲ့ နားမလည်သေးတဲ့ သူတွေ ရှိနေသေးလို့ ကျွန်တော် အချိန်ကုန်ခံပြီး ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Patch File ကို Click တစ်ချက်ထောက် Right Click နှိပ်ပြီး Copy ကူးယူလိုက်ပါ။
ပြီးသွားရင် ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ CardRecovery ရဲ့ File Extensions ကိုသွားပြီး Right Click နှိပ်ပြီး Paste ချလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

ခုနက Copy ကူးထားတဲ့ Patch File ကို CardRecovery ရဲ့ File Extensions ထဲသို့ Paste ကူးထည့်ပုံ
အခုဆိုရင် Software Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Software File Extensions ထဲကိုလဲ ကူးထည့်ပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့က Install လုပ်ဖို့ပဲ ကျန်တော့တာပေါ့နော်။အဲ့ဒီ Patch File လေးကို Click နှစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Patch ဆိုတဲ့ Buttom လေးကို Click လိုက်ပေါ့ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Patch Buttom လေးကို Click ပြီး X ဖြင့်ထွက်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ ခုနက Trial Version ဖြစ်နေတဲ့ ပိုက်ဆံတောင်းနေတဲ့ Software ကို ပြန်ဖွင့်ကြည့်လိုက်ပါဦး။ခုနကလို Buy Now တို့ Enter Key တို့ ပေါ်မလာတော့ဘဲ Full Version အနေနဲ့အဆင်ပြေစွာ အသုံးပြုလို့ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

Patch File Install ပြုလုပ်ခြင်း ပြီးဆုံးသွားတဲ့ Software တစ်ခုရဲ့ ဓာတ်ပုံလေးပါ။
ကဲ.....ဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဘယ် Software ပဲလာလာ Full Version Software တွေထဲက Patch File သာ ပါလာခဲ့ပြီဆိုရင် ကျွန်တော် ရှင်းပြထားတဲ့ နည်းလေးအတိုင်းသာ Install လုပ်ပြီး အသုံးပြုကြပေတော့ဗျာ။အခု ကျွန်တော်ရှင်းပြတဲ့ နည်းကတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံး Post ဖြစ်ပါလိမ့်မယ်ဗျာ။ဘာမှ အခက်တွေ့စရာမလိုအောင် ကျွန်တော်ရှင်းပြပေးထားပြီးပြီပဲလေနော်။
ကြိုးစားလျက်.....!
(Yekyawphyo)

Fig ~ 1

ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။

1. Download Installation Required For ZawGyi-One Fonts  (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို  မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။

2.Download Installation Required For IE-Gtalk Zawgyi Fonts  (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။

3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits)  ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။

အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။

Fig ~ 2
နောက်တစ်ဆင့်ကတော့ ညာဘက်ထောင့်နေရာလေးမှာ ရှိနေတဲ့ Advanced Setting ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 3
နောက်ဆုံးအဆင့်ကတော့ Override for default input method ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပါ။Override for default input method ဆိုတဲ့ စာတန်းလေးရဲ့ အောက်နားမှာရှိတဲ့ Drop Down Menu Bar လေးကထဲကနေ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို Select ရွေးပေးလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 4
ပြီးသွားရင်တော့ Save လိုက်ပေါ့ဗျာ။ဒါဆို ကျွန်တော်တို့တွေ Windows 8 မှာ မြန်မာလိုတွေကို ကောင်းကောင်းကြီး ရေးနိုင် ဖတ်နိုင် စိတ်ကြိုက် အသုံးပြုလို့ရသွားပြီပေါ့ဗျာ။ကဲ.....ဘယ်လောက် ၀မ်းသာစရာကောင်းလဲဗျာ။ကျွန်တော်တို့ မြန်မာတွေလဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ကောင်းတဲ့နေရာမှာ ဦးနှောက်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ပြလိုက်တာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါဗျာ။
ကြိုးစားလျက်.......!
  (YeKyawPhyo)
အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ Computer တွေမှာ Game ဆော့တဲ့ အခါ Full Screen မဖြစ်ဘဲ
Small Screen ကြီး တစ်ခါတစ်ရံဖြစ်တက်ပါတယ်။အဲ့ဒီအခါ Game ဆော့ရတာ အာရုံနောက်သလို မိမိ မျက်လုံးလဲ Screen သေးသေးလေးကို
အကြာကြီး အားစိုက်ပြီး ကြည့်နေရတာဖြစ်တဲ့ အတွက်မျက်လုံးတွေ ညောင်းပြီး မိမိမျက်စိ ထိခိုက်နိုင်ပါတယ်။အဲ့ဒီလို Small Screen
ကြီးမဖြစ်ပဲ Full Screen ပဲပြန်ဖြစ်အောင် ဘယ်လိုလုပ်ရသလဲဆိုရင် ကျွန်တော် Windows OS အမျိုးအစားအလိုက် အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။

1.အရင်ဦးဆုံး ကျွန်တော် Windows XP ကိုစတင်ရှင်းပြပါ့မယ်ဗျာ။

မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ နောက်ဆုံးစာကြောင်းဖြစ်တဲ့ Properties ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Setting ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution ဆိုတဲ့နေရာမှာ 1024 x 768 (Or Higher)
ကို Select ရွေးပေးပြီး OK ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ
ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။(မှတ်ချက် ~ မိမိ ဆော့တဲ့ Game အမျိုးအစားပေါ်မူတည်ပြီးကျွန်တော် အပေါ်နည်းလမ်းလေးအတိုင်း Full Screen
အပြည့်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ Game တွေလဲရှိတက်ပါတယ်။အဲ့ဒီအခါကျွန်တော်တို့ကနောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာကို
ဦးနှောက်သုံးရပါတော့မယ်။အဲ့ဒါကတော့ မိမိဆော့ကစားတဲ့ Game ရဲ့ Options , Setting တို့ကနေလဲ ၀င်ရောက်ချိန်ညှိပြီး Full Screen ဖြစ်အောင်ပြုလုပ်ကစားနိုင်
ပါသေးတယ်ဗျာ။)
For Windows XP Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Properties>>Setting Tab>>Adjust Your Screen Resolution>>1024 x 768 (Or Higher)>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change

2.ဒုတိယ ကတော့ ကျွန်တော် Windows Vista အကြောင်းရှင်းပြမှာဖြစ်ပါတယ်။

မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ နောက်ဆုံးစာကြောင်းဖြစ်တဲ့ Personalize ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Display Setting ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution ဆိုတဲ့နေရာမှာ 1024 x 768 (Or Higher)
ကို Select ရွေးပေးပြီး Apply နှိပ် OK ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ
ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။(မှတ်ချက် ~ မိမိ ဆော့တဲ့ Game အမျိုးအစားပေါ်မူတည်ပြီးကျွန်တော် အပေါ်နည်းလမ်းလေးအတိုင်း Full Screen
အပြည့်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ Game တွေလဲရှိတက်ပါတယ်။အဲ့ဒီအခါကျွန်တော်တို့ကနောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာကို
ဦးနှောက်သုံးရပါတော့မယ်။အဲ့ဒါကတော့ မိမိဆော့ကစားတဲ့ Game ရဲ့ Options , Setting တို့ကနေလဲ ၀င်ရောက်ချိန်ညှိပြီး Full Screen ဖြစ်အောင်ပြုလုပ်ကစားနိုင်
ပါသေးတယ်ဗျာ။)
For Windows Vista Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Personalize>>Display Setting Tab>>Adjust Your Screen Resolution>>1024 x 768 (Or Higher)>>Apply>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change

3.တတိယ ကတော့ ကျွန်တော် Windows 7 နဲ့ အခု 2013 မှာထွက်လာတဲ့ Windows 8 အကြောင်းရှင်းပြမှာဖြစ်ပါတယ်။

မိမိ PC ရဲ့ Destop မျက်နှာပြင် Icons တွေနဲ့ လွတ်ကင်းတဲ့နေရာတစ်နေရာကို Mouse တစ်ချက်ထောက်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
အဲ့ဒီလို Right Click နှိပ်ပြီး ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Screen Resolution ကို Click တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီ မှာ
Resolution ဆိုတဲ့ Tabs လေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။အဲ့ဒီမှာ Adjust Your Screen Resolution နေရာမှာ 1024 x 768 (Recommended)
ကို Select ရွေးပေးပြီး Apply နှိပ် OK ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ
ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။(မှတ်ချက် ~ မိမိ ဆော့တဲ့ Game အမျိုးအစားပေါ်မူတည်ပြီးကျွန်တော် အပေါ်နည်းလမ်းလေးအတိုင်း Full Screen
အပြည့်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ Game တွေလဲရှိတက်ပါတယ်။အဲ့ဒီအခါကျွန်တော်တို့ကနောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာကို
ဦးနှောက်သုံးရပါတော့မယ်။အဲ့ဒါကတော့ မိမိဆော့ကစားတဲ့ Game ရဲ့ Options , Setting တို့ကနေလဲ ၀င်ရောက်ချိန်ညှိပြီး Full Screen ဖြစ်အောင်ပြုလုပ်ကစားနိုင်
ပါသေးတယ်ဗျာ။)
For Windows 7 / 8 Full Screen Resolution Problem
Toturiols (1)
PC Destop>>Mouse Right Click>>Screen Resolution>>Display Setting Resolution>>Adjust Your Screen Resolution>>1024 x 768 (Recommended)>>Apply>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change

4.စတုတ္ထ ကတော့ ကျွန်တော် Apple Mac တွေအကြောင်းရှင်းပြမှာဖြစ်ပါတယ်။

မိမိ MAC ရဲ့ Start Bar Apple Icon Menu ကိုဖွင့်လိုက်ပါ။ပြီးရင် System Preferences ကိုရွေးပြီး Click လိုက်ပါ။အဲ့ဒီမှာ Display Icon ကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးသွားရင်တော့
Display Tab နေရာမှာ ရှိတဲ့ Adjust Your Screen Resolution ကို 1024 x 768 (Or Higher) ပေးလိုက်ပါ။ပြီးသွားရင် မိမိ Game ကိုထွက်ပြီး ပြန်ဝင်လိုက်ပါ.။ဒါဆိုရင် Full Screen အပြည့်ဖြင့် စိတ်အေးချမ်းသာစွာ
ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။(မှတ်ချက် ~ မိမိ ဆော့တဲ့ Game အမျိုးအစားပေါ်မူတည်ပြီးကျွန်တော် အပေါ်နည်းလမ်းလေးအတိုင်း Full Screen
အပြည့်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ Game တွေလဲရှိတက်ပါတယ်။အဲ့ဒီအခါကျွန်တော်တို့ကနောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာကို
ဦးနှောက်သုံးရပါတော့မယ်။အဲ့ဒါကတော့ မိမိဆော့ကစားတဲ့ Game ရဲ့ Options , Setting တို့ကနေလဲ ၀င်ရောက်ချိန်ညှိပြီး Full Screen ဖြစ်အောင်ပြုလုပ်ကစားနိုင်
ပါသေးတယ်ဗျာ။)
For Apple MAC OS Full Screen Resolution Problem
Toturiols (1)
MAC Start Bar Apple Menu>>System Perferences>>Display Icon Tab>>Adjust Your Screen Resolution 1024 x 768 (Recommended)>>Select Change>>OK
Toturiols (2)
Game>>Options (Or) Setting>>Resolution (Or) Video (Or) View>>Change
ကဲ........ဒီလောက်ဆိုရင် ကျွန်တော် IT Bank ကစာဖတ်ပရိတ်သတ်ကြီးတွေ ကျွန်တော့ရဲ့ ဒီ Post လေးကို စိတ်ဝင်စားကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီ Post လေးကတော့
တစ်ချို့ သိပြီးသားသူတွေလဲ ရှိကြမှာပါ။မသိသေးတဲ့ သူတွေအတွက်ကတော့ အကျိုးရှိတဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် မျက်လုံးအညောင်းခံ ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။ကျွန်တော့ ဒီ Post လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download သွားယူလိုက်ပါနော်။


http://welcometoitbank.blogspot.com
IT Bank Admin(YeKyawPhyo)
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို အစဉ် ဦးထိပ်ထားလျက်....!
Fig ~ 1

ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။


အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။


အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။


Fig ~ 2
ကဲ......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ပျင်းနေတဲ့ အချိန်လေး သီချင်းလေး နားထောင်ချင်တယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Application လေးတွေကိုသာ ဖွင့်ပြီးနားထောင်ကြပေါ့ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)

Fig ~ 1
အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ အခုတစ်လော ရေပန်းစားနေတဲ့ Windows 8 အကြောင်းလေးပေါ့။ကျွန်တော့ Facebook Group မှာ ညီလေး တစ်ယောက်က Windows 8 ကို အခွေဝယ်လာပါတယ်။ဒါပေမဲ့ အဲ့ဒီ အခွေမှာ Windows Activator မပါလာဘူးလို့ပြောပါတယ်။အမှန် တကယ်ဆိုရင် Software အခွေရောင်းတဲ့ ဆိုင်တွေက Windows Setup File နဲ့ တွဲပြီး Windows Activator တို့ Windows Serial Key တို့ ထည့်ပေးသင့်ပါတယ်။အခုက Windows Activator မပါပဲ ဒီအတိုင်း Setup File ပဲ ထည့်ပြီး ရောင်းလိုက်ပါတယ်။အဲ့ဒီ Windows Activator ကိုကျတော့ သက်သက် နောက်အခွေတစ်ခွေ လုပ်ပြီး တစ်ခွေ 500 ကျပ်နှုန်းနဲ့ ရောင်းပါသတဲ့ဗျာ။ဒါပေမဲ့ ကျွန်တော်တို့လို နည်းပညာကိုလေ့လာနေတဲ့  နည်းသမားတွေ အတွက်တော့ မကြိုက်တဲ့လုပ်ရပ်တစ်ခုပေါ့ဗျာ။ကျွန်တော်တို့တွေတောင် Software တွေကို Online ပေါ်ကနေ Free ပေးနေရတာပဲဗျာ။အဲ့လို မလုပ်သင့်ဘူးလေ။ဒါပေမဲ့ တစ်ဖက်ကို တွေးကြည့်ပြန်တော့လဲ စီးပွားရေးသမားတွေပဲ စီးပွားရေးဆန်ဆန် လုပ်တာ သူတို့အဖို့ကျတော့ မမှားပြန်ဘူးဗျာ။ကဲ....ပါဗျာ။ဒါတွေ ထားလိုက်ပါတော့ ကျွန်တော်ကတော့ ရှု့ထောင့် နှစ်ဖက်ကနေဖြည့်ပြီး တွေးကြည့်ပေးထားတာပါ။ကျွန်တော်ကတော့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေအတွက် Windows 8 အပါအ၀င် Win 7 , Win Vista , Win XP , Etc...... အစရှိတာတွေ အတွက် Windows အားလုံးရဲ့ Activator တွေကို စုစည်းပေးထားတဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။Windows Activator တွေကတော့ Internet မှာ အများကြီးရှိပါတယ်။အဲ့ဒီ အများကြီးထဲကမှ ကျွန်တော် ကြိုက်တဲ့ Activator လေး လက်ဆောင်ပေးပါရစေဗျာ။လိုချင်ရင် အောက်မှာ Download သွားယူလိုက်ပါဦးနော်။File Size လေးကလဲ 45.1 MB ပဲရှိတဲ့ အတွက် Download ယူလို့အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

Windows 8 + All Windows Versions Activator Download Page By Box.com

အသုံးပြုပုံကိုတော့ ကျွန်တော်  Post အရမ်းကြီး ရှည်သွားမှာစိုးလို့ မပြောတော့ပါဘူး။အသုံးပြုပုံကလဲ တကယ်ဆို ရိုးရိုးရှင်းရှင်းလေးရယ်ပါ။ကဲ.....စမ်းပြီး သုံးကြည့်ကြပေါ့ဗျာ။အဆင်ပြေရင်လဲ ကျွန်တော့ IT Bank လေးကို မသိသေးတဲ့ သူတွေကို မျှဝေပေးဦးပေါ့ဗျာ။အဆင်မပြေရင်လဲ Comment မှတ်ချက်လေးပေးပြီး ကျွန်တော့ကို ဝေဖန်အကြံပေးကြပါဦးဗျာ။ကျွန်တော့ IT Bank လေးကို အခုလိုလာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -