Showing posts with label (Phone Knowledge). Show all posts


ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ရဲ့ နှစ်သစ်ကူး အထူးလက်ဆောင် အနေနဲ့ Android Phone/Tablet တွေအတွက် Text Smiley ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တခြား Text Smiley တို့ Text Art တို့ Software တော်တော်များများ သုံးဖူးပါတယ်။ဒါပေမဲ့ သူတို့ ဖန်တီးထားတဲ့ Text Smiley တွေက ကြည့်ရတာ စာသားတွေလဲ ရှည်ပြီး ကြည့်ရတာ မရှင်းပါဘူး။Happy Birthay Text Smiley တို့ Valentine Day Text Smiley တို့ အခြား Text Smiley တို့တွေဆိုရင်လဲ ကြည့်ရတာ ကျွန်တော့မျက်လုံးထဲမှာ ပုံတွေက မပေါ်ဘူးဗျ။အဲ့ဒါနဲ့ ကျွန်တော် တစ်နေ့ကျတော့ ကျွန်တော့ ညီလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ အမှတ်မထင်တွေ့လိုက်တဲ့ Text Smiley လေးကို သေချာလဲ ကြည့်လိုက်ရော Text Smiley တွေက တိုတိုလေးနဲ့ ကြည့်ရတာလဲရှင်းသလို ဒီဇိုင်းလေးတွေက လန်းလန်းလေးနဲ့ တော်တော်ကြည့်လို့ကောင်းပါတယ်။အဲ့ဒါနဲ့ ကျွန်တော် အဲ့ဒီ Software လေးနာမည်ကို မှတ်ထားပြီး Internet မှာ ပြန်ရှာ ပြီးတော့ ကျွန်တော့ ဖုန်းထဲမှာပါ တစ်ခါတည်း သုံးထားပါတယ်။ကျွန်တော် အပေါ်မှာ Screen Short လေးတွေ ရိုက်ပြီး တင်ပေးထားပါတယ်ဗျာ။အဲ့ဒီ Software လေးက တစ်ခု ထူးခြားတာက မိမိလိုချင်တဲ့ Text Art တွေကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မိမိ သူငယ်ချင်းတွေဆီကို ဒါမှမဟုတ် ချစ်သူလေးဆီကိုပဲ ဖြစ်ဖြစ် SMS အနေနဲ့ Text Art လှလှလေးတွေ ပို့ပေးနိုင်သလို Facebook တို့ Twitter တို့ကနေလဲ ပို့နိုင်ပါသေးတယ်။Text Smiley တွေကိုလဲ မိမိကိုယ်တိုင် ဖန်တီးနိုင်ပါသေးတယ်။ချစ်သူရှိတဲ့ သူတွေကတော့ မိမိချစ်သူ စိတ်ဆိုးစိတ်ကောက်နေတယ်ဆိုရင် ဒီ Software လေးကို မိမိ ဖုန်းမှာ Install လုပ်ပြီး Text Art လှလှလေးတွေ ပို့ပြီး စိတ်ကောက်ပြေအောင် ချော့ရင်း ချစ်သူနှစ်ဦးရဲ့ အချစ်တွေ တိုးပွားနိုင်ပါသေးတယ်။။အော်.......ကြေငြာဝင်လိုက်ဦးမယ်နော်။ကျွန်တော်ကတော့ ဖုန်းထဲမှာသာ ထဲထားတာ မသုံးဖြစ်ပါဘူးဗျ။ အဲ့လို Text Smiley လှလှလေးတွေ သုံးပြီး ကျွန်တော်လဲ ကျွန်တော့ ချစ်သူကို ပို့ပေးချင်တာပေါ့ဗျာ။ခက်တာက ကျွန်တော့မှာ အဲ့လို ပို့ပေးရမဲ့ ကောင်မလေးမှ မရှိတာဗျာ။ဟဲ........ဟဲ ထားပါတော့ဗျာ။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အပေါ်က Screen Short လေးတွေ ကြည့်ပြီး သဘောကျသွားလို့ လိုချင်နေပြီ ထင်တယ်နော်။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။


ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်သူနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (YeKyawPhyo)
Fig ~ 1
Fig ~ 2

အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ နည်းပညာဆိုင်ရာ Post လေးကတော့ ကျွန်တော်တို့ Mobile Phone(Smart Phone) ထဲကနေ မိမိ Facebook Wall ပေါ်ကို မိမိတင်ချင်တဲ့ စာသားတွေ Status တွေကို Internet မလိုအပ်ဘဲ Offline အနေနဲ့ SMS  စနစ်ကိုအသုံးပြုပြီး တင်ချင်တဲ့ သူတွေအတွက် MMstatus(Myanmar Status) ဆိုတဲ့ Mobile Service တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Mobile Service ကို ဘယ်လို အသုံးပြုရတယ်။ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ရှင်းပြပါ့မယ်ဗျာ။အဲ့ဒီ MMstatus SMS စနစ်သုံး Mobile Service ကိုစတင်လိုက်တဲ့ Company ကတော့ M188 Mobile Application Services Center မှ March မတ်လ 12 ရက်နေ့မှာ စတင်ကာ ဖန်တီးပြုလုပ်လိုက်တာ ဖြစ်ပါတယ်။မိမိတို့ Mobile Phone ကနေတစ်ဆင့် Offline အနေနဲ့ မိမိ Facebook Account ပေါ်သို့ တင်လိုသော Status များကို ဘယ်နေရာ၊ ဘယ်အချိန် မိမိစိတ်ကြိုက်တင်နိုင်မည်ဖြစ်ပြီး SMS (18880) သို့ မိမိတင်လိုသောစာသားများကို ပေးပို့ပြီး အလွယ်တကူ Offline မှနေ Update ပြုလုပ်ပေးနိုင်ပါတယ်။SMS ပေးပို့ပြီး မိမိရဲ့ Facebook Status တင်တဲ့ အခါမှာလဲ SMS Server အနေနဲ့ပေးပို့သူရဲ့ Password ကို Save မှတ်ထားမှာ မဟုတ်ပါဘူး။ဒီ စနစ်မှာအသုံးပြုရာတွင်လဲ အတွက် Mobile Phone ဘယ်ဖုန်းမဆို အသုံးပြုလို့ရပါတယ်လို့ M188 Mobile Application Services Center မှ Assistabt Manger ကိုရဲမြတ်အောင် က ပြောပါတယ်။Facebook မှ Notification များကိုလည်း SMS စနစ်ဖြင့် အခမဲ့ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒီ SMS စနစ်သုံး MMStatus ၀န်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ Mobile Phone ထဲမှာ ထည့်သွင်းထားတဲ့ Phone Bill ထဲကမှ တစ်ရက်ကို 35 ကျပ်နှုတ်မှာ ဖြစ်ပါတယ်။အခု လက်ရှိအချိန်မှာတော့ MMstatus ကို အခမဲ့ တစ်လ အသုံးပြုခွင့်ပေးထားပါတယ်။SMS စနစ်သုံး MMstatus(Myanmar Status) နဲ့ပတ်သတ်ပြီး အချက်အလက်နဲ့ မေးခွန်းတွေကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

Compatibility

မေးဘယ်ဖုန်းတွေက mmStatus သုံးလို့ မလဲ
ဖြေဘယ်ဖုန်းအမျိုးစားမဆို SMS ပို့နိုင်/လက်ခံ နိုင်တယ်ဆိုရင် mmStatus ကို အသုံးပြုလို့ရပါတယ်။


ဖြေmmStatus ဟာ SMS ကိုပဲ အသုံးပြုတဲ့အတွက် အင်တာနက် မရှိတဲ့နေရာတွေမှာလဲ အသုံးပြု နိုင်ပါတယ်။ နောက်ပြီး notification တွေအတွက် အ၀င် SMS က အခမဲ့ဖြစ်ပါတယ်။



Pricing

မေးအသုံးပြုခက ဘယ်လောက်လဲ? ပို့သမျှ SMS ခတွေကို ပေးရမှာလား
ဖြေ
Service အသုံးပြုခက တစ်နေ့ကို ၃၅ ကျပ်ပါ။ တစ်နေ့ကို ကြိုက်သလောက် mmStatus update တွေ တင်ခွင့်ရှိပါတယ်။ ဖုန်းပေါ်ကနေ ပို့ခကတော့ မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်း မြန်မာ့ဆက်သွယ်ရေးက ကောက်ခံပါလိမ့်မယ်။ Notification တွေအတွက် အ၀င် SMS ကတော့ အခမဲ့ဖြစ်ပါတယ်။


မေးဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုခ ကောက်မှာလဲ
ဖြေအသုံးပြုသူရဲ့ ဖုန်းထဲက credit ကို နေ့စဉ် ၃၅ ကျပ်စီ ဖြတ်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ အသုံးမပြု ချင်တော့ရင် 18880 ကို STOP MMFB ဆိုပြီး ပို့လိုက်ပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။


မေးService ကို ယူထားပြီး mmStatus ကနေတဆင့် Facebook Status ကို update မလုပ်ရင်လဲ အသုံးပြုခ ကောက်မှာလား
ဖြေဟုတ်ကဲ့။ တစ်နေ့ကို ၃၅ ကျပ်နှုန်းနဲ့ ပုံမှန်ကောက်ခံသွားမှာပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။



Error

မေးService ကို ယူထားပြီးပါပြီ ဒါပေမယ့် SMS တစ်စောင်မှ ၀င်မလာဘူး။ ဘာကြောင့်လဲ
ဖြေ
အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေး တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အသုံးပြုသူရဲ့ ဖုန်း SMS ဟာ ပြည့်နေတဲ့အတွက် SMS အသစ်တွေ မ၀င်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။



Security

မေး“Cannot register due to security issue” ဆိုတဲ့ SMS ၀င်လာပါတယ်။ ဘာလုပ်ရမလဲ
ဖြေအသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေးတာကြာင့် ဖြစ်နိုင်ပါတယ်။ သင့်ရဲ့  Facebook account ကို ဒီ page မှတဆင့် ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် www.mmstatus.com/wap မှတဆင့် ၀င်လိုက်ပါ။ သင်ရဲ့ login အချက်အလက်တွေကို ဖြည့်ပြီးတဲ့ အခါမှာ ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။  အကယ်လို့ ဖုန်းမှတဆင့် အကူအညီ လိုအပ်ပါက 012399188 သို့ ဆက်သွယ်နိုင်ပါတယ်။



How to’s

မေးmmStatus နဲ့ Facebook account ကို register လုပ်ပြီးသွားပါပြီ။ အခု status ကို ဘယ်လိုမျိုးတင်ရမလဲ
ဖြေ18880 ကို SMS ပို့လိုက်ရုံပါပဲ။ ပေးပို့ရမယ့် ပုံစံကတော့ WALL လို့ရိုက်ပါ ပြီးရင် Space (နေရာလွတ်) တစ်ချက်ထားပါ၊ ပြီးရင် တင်ချင်တဲ့ စာသားကိုရေးပါ။ ပြီးတဲ့အခါမှာတော့ 18880 ကို ပို့လိုက်ပါ။ဥပမာ WALL What a beautiful day လို့ 18880 ကိုပို့လိုက်ရင် သင့်ရဲ့ status ကို What a beautiful day လို့ mmStatus က တင်ပေးလိုက်မှာဖြစ်ပါတယ်။


မေးmmStatus service က Facebook မှာ Status တင်တာအပြင် တခြား ဘာ ၀န်ဆောင် မှုတွေ ပေးသေးလဲ
ဖြေmmStatus က သင့်ရဲ့ Facebook အသိမိတ်ဆွေများရဲ့  News Feed ကို လဲ SMS မှတဆင့် သင့်ဆီကို ပို့ပေးနိုင်ပါတယ်။ အဲဒီ service ကို ယူချင်တယ်ဆိုရင် 18880 ကို FEED လို့စာရိုက်ပြီး ပို့ပေးလိုက်ပါ။



Help

မေးအခုအထိ mmStatus က ဘယ်လို အလုပ်လုပ်သလဲ နားမလည်သေးဘူး။ ကူညီပါဦး
ဖြေmmStatus ရဲ့ Hotline ဖြစ်တဲ့ 012399188 ကိုဆက်ပြီး သင်တို့ သိလိုတဲ့ အကူအညီ များကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ mmStatus ရဲ့ Facebook Page နဲ့ www.mmstatus.com မှာ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။

SMS စနစ်သုံး MMstatus(Myanmar Status) ရဲ့ အချက်အလက်တွေကို လေ့လာပြီး အသုံးချင်တယ်ဆိုရင်တော့........
MMstatus ရဲ့ Facebook Fan Page ဖြစ်တဲ့ ~ https://www.facebook.com/mmfstatus
MMstatus ရဲ့ Offical Web Page ဖြစ်တဲ့ ~ http://www.mmstatus.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။
MMstatus ကိုအသုံးပြုသူ အနေဖြင့် Facebook ပေါ်တွင် Status များအား Update ပြုလုပ်ချင်ပါကမိမိ Mobile Phone များမှတစ်ဆင့် မိမိတင်လိုသော် Status ကို MMStatus Server (18880) သို့အရင်ဦးဆုံး SMS ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။MMstatus Server (18880)  မှာ မိမိပေးပို့လိုက်တဲ့ SMS ကိုလက်ခံရယူကာ Facebook ပေါ်သို့ Update တင်ပေးမှာဖြစ်ပါတယ်။အသုံးပြုခကတော့ တစ်နေ့ကို မြန်မာကျပ်ငွေ 35 ကျပ်တည်းဖြင့် မိမိ စိတ်ကြိုက် MMstatus ကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်က ကြော်ငြာပေးသလို ဖြစ်သွားတယ်နော်။ထားပါတော့ဗျာ..။ဒီ SMS Service လေးက Internet မလိုလဲ အသုံးပြုလို့ရတာဖြစ်တာကြောင့် ကျွန်တော့ IT Bank စာဖတ်ပရိတ်တွေထဲက မြန်မာနိုင်ငံမှာနေထိုင်တဲ့ Mobile Phone အသုံးပြုသူတွေအားလုံးအတွက် ပျော်စရာသတင်းကောင်းလေး ပါးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (YeKyawPhyo)
Fig ~ 1
ကျွန်တော် ဒီ တစ်ခါတော့ အခုတစ်လော I သမားတွေအတွက် ခေတ်စားနေတဲ့ iOS 6.x Jailbreak အသစ်ထွက်ရှိလာချင်းနဲ့ Jailbreak ပြုလုပ်ပုံပြုလုပ်နည်းကို ဓာတ်ပုံနဲ့ကော စာနဲ့ကော ဗီဒီယိုဖိုင်နဲ့ပါ ရှင်းပြပေးပါ့မယ်ဗျာ။iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ Evad3rs Group ကထုတ်ပေးခဲ့နိုင်ပါတယ်။အရင်ဦးဆုံး ကျွန်တော်တို့ Jailbreak မပြုလုပ်မီ ပြင်ဆင်ပေးရမဲ့ အချက်တွေကတော့

အရင်ဦးဆုံး iOS Device ကို Apple ကထုတ်ပေးထားတဲ့ iOS 6.1 Version update လုပ်ထားပြီးသား ဖြစ်ရပါမည်။
မိမိ၏ iOS Device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။ဒါမှ ပြဿနာတစ်စုံတရာ ရှိခဲ့ရင် မိမိ Data တွေကို မပျက်မစီးပဲ ပြန်ရယူနိုင်အောင် Backup အနေနဲ့ သိမ်းခိုင်းထားတာပါဗျာ။
evasi0n 6.x ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်။ Jailbreak လုပ်နေစဉ်တွင် Computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။Internet Connection Speed ကောင်းမွန်စွာရှိထားရမှာဖြစ်ပါတယ်။

Evasion 6.x Jailbreak ကို Download ရယူချင်တယ်ဆိုရင်တော့ Evad3rs ရဲ့ Offical Web Site ဖြစ်တဲ့ http://evasi0n.com/  မှာ သွားရောက် Download ရယူနိုင်ပါတယ်ဗျာ။


Evasion 6.x Jailbreak Download Page ~  Windows , Mac OS X , Linux

1 အရင်ဦးဆုံး မိမိ၏ iOS Device ကို PC/Laptop နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။

2.Backup လုပ်လို့ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ ( iOS Device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ) 

3.အပေါ်မှာကျွန်တော် Download ရယူခိုင်းခဲ့တဲ့ Evasion 6.x Jailbreak ကို မိမိ PC/Laptop ပေါ်တွင် Run ပါ။ 

4.အောက်က ပုံလေးအတိုင်း "Jailbreak" ဆိုတဲ့ Button လေးကိုနှိပ်ပါ။(Jailbreak ပြုလုပ်နေစဉ်အတွင်း ကျွန်တော်တို့က PC/Laptop အတွင်းမှာရှိတဲ့ Software/Program များကိုမဖွင့်မိစေရန် အထူးသတိထားရပါမယ်။) 
Fig ~ 2
 5.အောက်က ပုံကတော့ မိမိ iOS Device ကို Jailbreak စတင်ပြုလုပ်နေတဲ့ ပုံဖြစ်ပါတယ်။
Fig ~ 3
မိမိ iOS Device Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် Reboot တက်လာပါလိမ့်မည်
မိမိ iOS Device Passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက Program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ Passcode ကို ရိုက်သွင်းပါ။

Fig ~ 4

Fig ~ 5
 6.အောက်က ပုံလေးကတော့ ကျွန်တော်တို့ iOS Device ကို Jailbreak လုပ်လို့ ပြီးဆုံးခါနီး Jailbreak Icon ကိုနှိပ်ရန်အတွက် ညွှန်ကြားထားတဲ့ ပုံလေးပါ။
Fig ~ 6
ပြီးသွားရင်တော့ မိမိ iOS Device ရဲ့ Home Screen တွင် "evasi0n" ဆိုတဲ့ Icon လေးကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Icon လေးကို နှိပ်လိုက်ပါ။
Fig ~ 7
7.ဆက်ပြီး မိမိ PC/Laptop မှာရှိနေတဲ့ Jailbreak ဟာ "Injecting" အနေနဲ့အလိုလျှောက် အလုပ်လုပ်နေပါလိမ့်မယ်.။အောက်က ဓာတ်ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 8
 8.နောက်ဆုံးပြီးခါနီးတွင် မိမိ Apple Device Reboot ပြန်လုပ်နေပါလိမ့်မယ်။Program တွင် Jailbreak Complete! ပြီးဆုံးခြင်းကို တွေ့ရပါလိမ့်မယ်။ပြီးရင် "Exit" နှိပ်ပေးလိုက်ပါ။
Fig ~ 9
နောက်ဆုံးမှာတော့ မိမိရဲ့ iOS Device ပြန်တက်လာပါက Home screen တွင် စောစောက evasi0n  Icon လေးနေရာတွင် Cydia Icon လေးပြောင်းသွားတာကို တွေ့ မြင်ရမှာဖြစ်ပါတယ်ဗျာ။
Fig ~ 10
ကဲ....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က iOS အသုံးပြုတဲ့စာဖတ်ပရိတ်သတ်ကြီး iOS Device iOS 6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးဆုံးသွားပါပြီဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဖုန်းဆိုင်တွေသွားပြီး ပိုက်ဆံ 10000 , 20000 သောင်းပေးပြီး Jailbreak ပြုလုပ်ခိုင်းမဲ့ အစား မိမိကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်ဗျာ။ငွေကြေးကုန်ကျမှုကလဲ အလွန်ဆုံး ကုန်ရင် 1000 ကျပ်နဲ့ အတွင်းလောက်မှာပဲ ကုန်ကျမှာဖြစ်ပါတယ်။အဲ့ဒီ ကုန်ကျမဲ့ 1000 ဆိုတာလဲ Internet သုံးစွဲမှုအတွက်ပဲ ကုန်ကျမှာဖြစ်ပါတယ်ဗျာ။
ကျွန်တော် iOS သုံး Device တွေအတွက် Jailbreak လုပ်နည်းကို ပုံနဲ့စာနဲ့ ကော ရှင်းပြပေးထားပါတယ်ဗျာ။မရှင်းသေးရင် အောက်မှာ Video Tutorials လေးပြထားပါတယ်ဗျာ။Video လဲ တစ်ခါတည်းတင်ပေးထားပါတယ်ဗျာ။မြင်ကွင်းသေးနေမှာ စိုးရင် အောက် Link လေး နှိပ်ပြီး သွားကြည့်နိုင်ပါတယ်နော်။




ကြိုးစားလျက်.....!
 (Yekyawphyo)
Fig ~ 1
 ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းတွေ GSM နဲ့ CDMA ဖုန်းတွေကို Prepaid System ဖြင့် ဖုန်းတစ်လုံးနဲ့ တစ်လုံး ငွေလွှဲနိုင်တဲ့ အကြောင်းလေးပေါ့ဗျာ။မသိသေးတဲ့ သူတွေအတွက်ပါ။
GSM & CDMA ( Prepaid ) ငွေလွှဲခြင်း

ကျွန်တော်တို့က GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone Bill လွှဲတဲ့ Code ကတော့ *123* ဆိုတာလူတိုင်း သိလောက်ကြမှာဖြစ်ပါတယ်။

*123*Pin No*phone no # then call
(ဥပမာ- *123*217675393302988839*092003747#) ပြီးလျှင် call လိုက်ပါ။မရှင်းသေးရင် ကျွန်တော်အသေးစိတ်ပြောပြမယ်ဗျာ။ကျွန်တော်တို့ ဖုန်းတွေ ငွေဖြည့်ဖို့အတွက် *123* ကိုတော့ GSM Phone ကိုင်တဲ့ သူတွေတိုင်းသိမှာပါ။အဲ့ဒီ အနောက်က Pin Number ဆိုတာကတော့ ကျွန်တော်တို့ ဖုန်းငွေဖြည့်ကဒ် {5000 , 10000} တွေရဲ့ အနောက်မှာပါတဲ့ ခဲခြစ်ရတဲ့ Pin Number ကိုရိုက်ထည့်ပေးပြီး * ကိုပါတစ်ခါ ထပ်ပြီးရိုက်ထည့်ပေးရမှာပါ။ပြီးသွားရင်တော့ ကျွန်တော်တို့ ငွေလွှဲပေးမဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပြီးနောက်မှာ # ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်ဗျာ။

CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။

*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*091045019#) ပြီးလျှင် call လိုက်ပါ။
မရှင်းသေးရင် ကျွန်တော်အသေးစိတ်ထပ်ပြီး ပြောပြမယ်ဗျာ။ကျွန်တော်တို့ CDMA ဖုန်းတွေ ငွေဖြည့်ဖို့အတွက် *166* ကိုတော့ CDMA Phone ကိုင်တဲ့သူတွေသိမှာပါ။အဲ့ဒီ အနောက်က Pin Number ဆိုတာကတော့ ကျွန်တော်တို့ ဖုန်းငွေဖြည့်ကဒ် {5000 , 10000} တွေရဲ့ အနောက်မှာပါတဲ့ ခဲခြစ်ရတဲ့ Pin Number ကိုရိုက်ထည့်ပေးပြီး * ကိုပါတစ်ခါ ထပ်ပြီးရိုက်ထည့်ပေးရမှာပါ။ပြီးသွားရင်တော့ ကျွန်တော်တို့ ငွေလွှဲပေးမဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပြီးနောက်မှာ # ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်ဗျာ။ဒါလေးပါပဲ.....လွယ်လွယ်လေးပါဗျာ။ကဲ.......ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက် အစဉ်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Yatanarpon Call Center Facebook Page က ကူးယူထားပြီး စာသားများအနည်းငယ် ပြန်ပြီး Edit လုပ်ပေးထားပြီး စာဖတ်ပရိတ်သတ်တွေ အစဉ်ပြေစွာဖတ်ရှုနိုင်အောင် ပြန်လည်ပြင်ဆင်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)
Fig ~ 1

ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။


အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။


အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။


Fig ~ 2
ကဲ......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ပျင်းနေတဲ့ အချိန်လေး သီချင်းလေး နားထောင်ချင်တယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Application လေးတွေကိုသာ ဖွင့်ပြီးနားထောင်ကြပေါ့ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)


ကျွန်တော့ IT Bank Site ကို လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး Happy New Year ပါနော်။2013 နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ကျွန်တော်က စာဖတ်ပရိတ်သတ်ကြီး လက်ဆောင်လေးတစ်ခု ပေးချင်တယ်ဗျာ။အဲ့ဒါလေးက ဘာလဲဆိုတော့ ကျွန်တော်တို့ Happy World တို့ ကစားကွင်းတွေမှာ အကြွေစေ့ တစ်စေ့ကို 100 ပေးဝယ်ပြီး ဆော့ရတဲ့ အကြွေစေ့ကို ကျွန်တော်တို့က Android OS သုံးဖုန်းတွေကနေ ပိုက်ဆံပေးစရာမလိုဘဲ ကစားချင်တဲ့ သူတွေအတွက် Application လေးတစ်ခု လက်ဆောင်ပေးချင်တယ်ဗျာ။ဘယ်လိုလဲဗျ။စကားသံလေးနဲ့ တင် ဆော့ချင်သွားပြီ မဟုတ်လားဗျ။ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ဒီ Software လေးကို Download ဆွဲပြီးတော့သာ သုံးကြည့်ပေတော့ဗျာ။အောက်မှာတော့ ကျွန်တော် Screen Short လေးရိုက်ပြီး နမူနာဓာတ်ပုံလေးတွေ တင်ပေးထားပါတယ်ဗျာ။
Fig ~ 1
Fig ~ 2
Fig ~ 3
ကဲ.....ဓာတ်ပုံလေးတွေ ကြည့်ပြီး သဘောကျသွားပြီ မဟုတ်လားဗျ။မသိရင် ကျွန်တော်တို့ အပြင်မှာ တကယ့် အကြွေစေ့ထည့်ပြီး ကစားနေရသလိုပါပဲ။အရုပ်တွေ အကြွေစေ့တွေကို ရအောင်ထည့်ပြီး ယူလို့ရပါတယ်ဗျာ။ဂိမ်းထဲမှာ ပြောတာနော် အပြင်မှာ ရချင်ရင်တော့ Happy World မှာသာသွားဆော့နော်။ဘာပဲ ဖြစ်ဖြစ် အပျင်းပြေပေါ့ဗျာ ဟုတ်ဘူးလား။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။

Coin Dozer .Apk Download Page

ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
ကျွန်တော် အခု တစ်လော Phone နဲ့ ပတ်သတ်တဲ့ နည်းပညာလေးတွေ ချည်းပဲ တင်ဖြစ်နေတယ်ဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ အခုက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Phone တွေက အခုလာမဲ့ 2013 1 လပိုင်းကနေစပြီး မြန်မာကျပ်ငွေ တစ်သိန်းတန် 3G ဖုန်းတွေ စတင်ရောင်းချမှာဆိုတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူတိုင်းနီးပါးလောက် Mobile Phone ကို 100% ရာခိုင်နှုန်းမှာ 70% ရာခိုင်နှုန်းလောက် ကိုင်နိုင်ကျတော့မှာလဲ ဖြစ်ပါတယ်။လိုင်းကောင်းတာ မကောင်းတာတော့ MPT ရဲ့ ကဏ္ဍပေါ့ဗျာ။ဒါကျတော့ ကျွန်တော်တို့ IT သမားတွေလဲ မကယ်နိုင်တဲ့ နည်းပညာတစ်ခုပေါ့ဗျာ။ဒါတွေ ထားလိုက်ပါတော့ဗျာ။ကျွန်တော်က ဖုန်းတွေ ဈေးကျမယ် လူတိုင်းနီးပါးလောက် ကိုင်နိုင်လာတဲ့ ပြီးတော့ ဖုန်းတွေရဲ့ နည်းပညာတွေ အခုတစ်လော ကျွန်တော်တင်ဖြစ်နေတဲ့ ပတ်သတ်လို့ နည်းနည်းလေကြောရှည်လိုက်တဲ့ သဘောပါဗျာ။အခု စတော့မယ်နော်။အယ်.....တစ်နေ့ကဗျ။ကျွန်တော့ ညီလေးတစ်ယောက်က 10 တန်းအောင်ပြီးတာမကြာသေးဘူး။သူက ရေကြောင်းပညာတက္ကသိုလ် တက်ချင်တယ်ဆိုလို့ သူ့အမေတွေက လိုက်အပ်ပေး ဘာညာ အစအဆုံး လိုက်လုပ်ပေးတာပေါ့ဗျာ။သားလေး ကလဲ တစ်ဦးတည်းသော သားလေးလဲ ဖြစ်တော့ အမေက စိတ်မချလို့ အစအဆုံးလိုက်လုပ်ပေးရတာပေါ့ဗျာ။ကျောင်းစတက်တဲ့ နေ့လဲ ကျရော အဲ့မှာ စတွေ့တာပဲ။သူ့ ကျောင်းဝတ်စုံ လည်ကတိုင်ကို မစည်းတက်ဘူးဖြစ်နေတယ်။အဲ့ဒါနဲ့ ကျွန်တော်လဲ ရောက်သွားရော ကျွန်တော့ကို မေးတယ်ဗျ။ကျွန်တော်လဲ စည်းတော့ စည်းတက်တယ် သိပ်မစည်းတက်ဘူး ကျွန်တော် စည်းပေးလိုက်တာ သူ့အတွက် ပုံစံမကျဘူးဖြစ်နေတာပေါ့။အဲ့ဒါနဲ့ မင်း ဖုန်းမှာ Internet ချိတ်ထားလားဆိုတော့ ချိတ်ထားတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ကျောင်းအမှီ ကျွန်တော့ရဲ့ ဆရာ Google Page ကြီးကို အသုံးပြုရပါတော့တယ်ဗျာ။အဲ့မှာ ကျွန်တော်လဲ လည်ကတိုင်စည်းတဲ့နည်း ရှာလိုက်တာ Software လေးတစ်ခု တွေ့လိုက်တယ်ဗျ။အဲ့ဒါကတော့ Easy Tie ဆိုတဲ့ လည်ကတိုင် စည်းနည်း Software လေးကို သွားတွေ့တော့တာပဲဗျာ။အဲ့ဒါနဲ့ ကျွန်တော်လဲ Screen Short တွေဘာတွေ သွားလဲ ကြည့်လိုက်ရော တော်တော်လေး ကြိုက်သွားတာနဲ့ Download ဆွဲထားလိုက်တယ်ဗျာ။Download လဲရသွားရော သူ့ဖုန်းထဲထည့်ပြီး Software လေးကို Install လုပ်ကြည့်လိုက်တော့ အဆင်ပြေတယ်။အဲ့ဒါနဲ့ Application လေးကိုဖွင့်ကြည့်လိုက်ရော အထဲမှာ လည်ကတိုင် စည်းနည်းတော်တော် စုံစုံလင်လင်ကိုဖော်ပြထားတာပဲဗျ။အဲ့ဒါနဲ့ ကျွန်တော်လဲ မင်း အဲ့ထဲက ပုံတွေသာ ကြည့်ပြီး စည်းပေတော့ ဆိုပြီး စည်းခိုင်းလိုက်တယ်ဗျာ။အဲ့ထဲက အတိုင်း လည်ကတိုင် ကျွန်တော်တို့ ဗမာ အခေါ်ဆိုရင်တော့ ကြောင်ရှာသီးပေါ့ဗျာ စည်းလဲ စည်းလိုက် ဆရာသမားက တော်တော်ကို အဆင်ပြေသွားတယ်ဗျာ။ကျွန်တော့ ညီနဲ့ တော်တော်ကို ကြည့်ကောင်းပြီး တော်တော်ကို လိုက်ပါတယ်။တော်တော် ဖြောင့်တယ်ဗျာ။အယ်....ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေထဲမှာ ကောင်မလေးတွေ ရှိရင်ပြောနော်။ကျွန်တော့ ညီလေးနဲ့ မိတ်ဆက်ပေးမယ် သိလား။ကျွန်တော့ ညီက တော်တော်ဖြောင့်တယ်နော်။ညီမို့လို့ ပြောတာ ဟုတ်ဘူး တကယ်ချောတာဗျ။ကျွန်တော့ IT Bank Site က သူငယ်ချင်းတွေလဲ လည်ကတိုင် မစီးတက်သေးရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပဲဗျာ။အော်....လည်ကတိုင် စည်းနည်းလို့သာပြောတာဗျ။မိန်းကလေးတွေ ယောကျာ်းလေးတွေ အတွက် ဖဲပြားလေး စည်းတဲ့ နည်းပါ ပါသေးတယ်ဗျာ။လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော့ အောက်မှာ Screen Short ဓာတ်ပုံလေးနဲ့ အတူ ဟိုးအောက်ဆုံးမှာ Download Link လေးပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။

Fig ~ 1
Fig ~ 2
 ကဲ......ဘယ်လိုလဲ ဗျ။ကြိုက်သွားကြပြီလားဗျ။ပွဲတွေ တက်စရာရှိလို့လဲ ဖြစ်ဖြစ် ကျောင်းတက်ရရင်ဖြစ်ဖြစ် ကိုယ့်ဝတ်တဲ့ ၀တ်စုံက လည်ကတိုင် စည်းရတဲ့ ၀တ်စုံရွေးချယ်ခဲ့ရင် ဘာမှ စိတ်ပူစရာမလိုဘဲ မစည်းတက်သေးရင် ဒီ Software လေးကို ကိုယ့်ဖုန်းထဲမှာ ထည့်ပြီး အသုံးပြုလိုက်ယုံရင် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်ဗျာ။ကျွန်တော်တို့ Google Play မှာဆိုရင် ပိုက်ဆံပေးပြီး ၀ယ်သုံးရတာပါ။ကျွန်တော့ IT Bank လေးမှာတော့ Free ပေးပါတယ်ဗျာ။File Size က သိပ်လဲ မကြီးတော့ အမြန်ဆုံး Download လေးသာဆွဲလိုက်ပေတော့ဗျာ။

Easy Tie .Apk Download Page

အပေါ်က Link လေးကို Download ယူလိုက်ပါနော်။ကဲ...ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကျောင်းတက်ဖို့ ပွဲတက်ဖို့ ကိုလည်ကတိုင်ကို Style ကျကျနဲ့ စည်းပြီး Style ရှိရှိ လန်းနိုင်ကြပါစေဗျာ။တကယ်တော့ လူတစ်ယောက် Star ဖြစ်ဖို့က Style ရှိမှ Star ဖြစ်ကြတာကိုးဗျ ဟုတ်ဘူးလားနော်။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် အခု မြန်မာနိုင်ငံမှာရှိနေတဲ့ ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေကို Internet မလိုအပ်ဘဲ နိုင်ငံခြားသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်တဲ့  နည်းလေးကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့လို အသုံးပြုရဖို့ ဘာတွေ လိုအပ်သလဲဆိုတာကို ကျွန်တော် တစ်ဆင့်ချင်းရှင်းပြပေးပါ့မယ်ဗျာ။

Fig ~ 1


(က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို )
၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။
( ဥပမာ 1234567890# )
မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး အဲ့ဒီ နံပါတ်ရဲ့ အနောက်တွင် “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )
(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို )
Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )
PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။
ကျွန်တော် အောက်မှာ ခေါ်ဆိုနိုင်တဲ့ နိုင်ငံတွေနဲ့ ဈေးနှုန်းတွေ တွေကိုအသေးစိတ် ရေးသားပေးထားပါတယ်ဗျာ။

Singapore ၁၂ ကျပ်/မိနစ်
Malaysia ၂၄ ကျပ်/မိနစ်
Philippines ၁၂၇ ကျပ်/မိနစ်
Indonesia ၆၅ ကျပ်/မိနစ်
Thailand ၂၅ ကျပ်/မိနစ်
USA ၁၂ ကျပ်/မိနစ်
UK ၂၀ ကျပ်/မိနစ်
Australia ၁၉ ကျပ်/မိနစ်
Norway ၂၂ ကျပ်/မိနစ်
Newzealand ၂၀ ကျပ်/မိနစ်
Japan ၂၅ ကျပ်/မိနစ်
China ၁၁ ကျပ်/မိနစ်
Hongkong ၁၂ ကျပ်/မိနစ်
Taiwan ၁၂ ကျပ်/မိနစ်
South Korea ၃၉ကျပ်/မိနစ်
UAE ၂၁၂ ကျပ်/မိနစ်
Qatar၂၁၂ ကျပ်/မိနစ်
Saudi Arabia ၂၂၉ ကျပ်/မိနစ်
India ၂၅ကျပ်/မိနစ်
တို့အပြင် အခြား နိုင်ငံပေါင်းများစွာကိုလည်း ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်ဆို နိုင်ပါသည်။

By ~ Myanmar Mobile App Store
 ကဲ....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးတွေ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒီလို သုံးကြည့်လိုက်တော့ ဘာပဲ ဖြစ်ဖြစ် သာမာန် Phone တွေထက် စာရင် ဒီလိုလေးအသုံးပြုတာက ဈေးသက်သက်သာသာနဲ့ အသုံးပြုရတာပေါ့ဗျာ။ဟုတ်ဘူးလား။ကျွန်တော့ IT Bank Site လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ Site လေးကို လာလည်ပြီး လေ့လာပေးဖို့ ဖိတ်ခေါ်ပေးပါဦးဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Android တွေနဲ့ ပတ်သတ်တဲ့ Post လေးတစ်ခုပေါ့ဗျာ။ကျွန်တော်တို့ Android Phone တွေမှာ သီချင်းတွေ နားထောင်လို့ရအောင် Music Player ဆိုပြီးပါ ပါတယ်။အဲ့လို Music Player တွေအများကြီးထဲမှာမှ Style လန်းလန်းလေးနဲ့ အသုံးပြုလို့ကောင်းတဲ့ Player လေးတစ်ခုနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Music Player လေးရဲ့ ထူးခြားချက်က ကျွန်တော်တို့ သီချင်းတွေ နားထောင်တဲ့ အခါ Music Player တော်တော်များများက တစ်ပုဒ်ပြီး တစ်ပုဒ် Auto သွားနေပါတယ်။ဒါမဲ့ အဲ့လို သွားနေတဲ့ သီချင်းတွေထဲမှာ ကိုယ်မကြိုက်တဲ့ သီချင်းတွေလဲ ရောပါလာမယ်။နောက်တစ်ပုဒ် ကျော်သွားချင်တယ်ဆိုပါစို့။အဲ့ဒီ အခါ မိမိ Phone ရဲ့ Touch Screen ကို လက်ဖြင့်နှိပ်စရာမလိုဘဲ Phone ရဲ့ မျက်နှာပြင် Touch Screen ကိုထိစရာမလိုဘဲ မိမိ လက်ကို Phone Screen ရှေ့သို့ ဖြတ်သွားယုံဖြင့် မိမိ ကျော်ပြီး နားထောင်လိုတဲ့ သီချင်းကို ရောက်ရှိပြီး အဆင်ပြေစွာနားထောင်လို့ရမှာပါ။ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်တော်တို့ ကစားကွင်းတွေမှာ သွားကရင် ခလုတ်တွေနှိပ်စရာ မလိုပဲ လူရဲ့ ခန္ဓာကိုယ် အမူအရာနဲ့ အလုပ်လုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ပြီးတော့ ဘောင်းဘီ အိတ် လွယ်အိတ်ထဲတို့တွင် ထည့်ထားခြင်းဖြင့် မိမိ နားထောင်လိုတဲ့ သီချင်းကို ဘောင်းဘီအိတ် လွယ်အိတ်တို့ကို တစ်ချက်ထိ ခြင်းဖြင့်လဲ နားထောင်လို့ရပါတယ်။ကျွန်တော်တော့ ဒီလောက်ပဲ ရှင်းပြတော့မယ်ဗျာ။အပြည့်အစုံကို သိချင်တယ်ဆိုရင်တော့ အောက်က ဓာတ်ပုံလေးကို ကြည့်ပြီး ဟိုးအောက်ဆုံးနားမှာ ရှိနေတဲ့ Download လုပ်ရန် Link မှာ Download ဆွဲပြီး အသုံးပြုကြပေါ့ဗျာ။

Fig ~ 1

Fig ~ 2
ဒုတိယမြောက် ပုံမှာ အသုံးပြုပုံတွေကို အနည်းငယ်ပြပေးထားပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ဒါဆိုရင် အမြန်ဆုံး Download ရယူလိုက်ရအောင်လားဗျာ။အောက်က Link မှာ သွားယူလိုက်ပါနော်။

Sensor Music Player Version 2.29.2 Apk File Download Page

ကဲ..... Mobile နဲ့ပတ်သတ်တာတွေ စိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီးတွေအားလုံး ကျွန်တော် ပေးတဲ့ Software လေးကို ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေကြပါစေနော်။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
 (Yekyawphyo)
ကျွန်တော် ဒီတစ်ခါ ပြောပြမဲ့ Post လေးကတော့ Mobile နဲ့ ပတ်သတ်တဲ့ Post ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော့ Web Site ရဲ့ CBox မှာ မဖြူဖြူ က Phone တွေမှာ ကိုယ့်အသံကို တခြား အသံတစ်ခုအနေဖြင့် ချိန်းပြီး အသုံးပြုလို့ရတဲ့ Application လေးရှိရင်တင်ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် မရမက လိုက်ရှာပြီး Voice Changer လေးတင်ပေးလိုက်ပါတယ်ဗျာ။Voice Changer က ဘယ်လို အသုံးပြုရတယ်ဆိုတာတော့ ကျွန်တော် အသေးစိတ်မရှင်းပြတော့ပါဘူးဗျာ။အောက်မှာ ပေးထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီးတော့သာ အသုံးပြုပေတော့ဗျာ။

Fig ~ 1
Fig ~ 2
အဲ့ဒီ ပုံလေး အတိုင်း အသုံးပြုပုံတွေ ကြည့်ပြီးပြီ ဆိုရင်တော့ Download လုပ်ဖို့ အောက်မှာ ကျွန်တော်  Link 2 ခုအဆင့်သင့် ပေးထားပါတယ်ဗျာ။လိုချင်ရင် အောက်မှာ ယူလိုက်ပါဦးနော်။တစ်ခု ကတော့ Android OS သုံး Phone တွေအတွက် အသုံးပြုလို့ရပြီး နောက်တစ်ခု ကတော့ Iphone iOS သုံးတဲ့ Phone တွေ အတွက် အသုံးပြုတဲ့ Download Link လေးပါ။ကျွန်တော် နှစ်ခု ခွဲပြီး သေချာ တင်ပေးထားပါတယ်ဗျာ။

Best Voice Changer Apk File Download Page (Android)

Voice Changer Plus IPone File Download Page (IPone iOS)

ကဲ......သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေဗျာ။ကျွန်တော့ Web Site လေးမှာ ရှိနေတဲ့ Software တွေ Download လုပ်စရာတွေ အားလုံး Download လုပ်လို့မရတာတွေ Download Link တွေ သေနေခဲ့ရင် Comment ပေးထားပေးပါ။ကျွန်တော် အချိန်အားတဲ့ အခါ Update Link တွေ ပြန်တင်ပေးပါ့မယ်ဗျာ။လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။နောက်လဲ လာလည်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)
Fig ~ 1
Software Application များကို တစ်နေရာတည်းတွင် တွေ့ရှိနိုင်ရန်အတွက် AppeXpo 2013 ကိုကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူကပြောသည်။ လာမည့် ဇန်န၀ါရီလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ MICTDC ပင်မဆောင်တွင် ကျင်းပမည်ဖြစ်သည်။
Mobile ဆိုင်ရာ Application များ၊ PC/Laptop အတွက် Software Applicaiton များနှင့် လုံခြုံရေးဆိုင်ရာ Application များကို တင်သွင်းရောင်းချသူများ၊ ၎င်းတို့နှင့်ပတ်သက်သည့် သင်တန်းဖွင့်လှစ်သူများ၊ ဖန်တီးထုတ်လုပ်သူ (Developer) များကို တစ်နေရာတည်းတွင် စုဝေးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ Application ဈေးကွက်က ရှေ့မှာ ပိုကောင်းလာမယ့် အနေအထားမှာရှိတယ်။ ပြည်တွင်း၊ ပြည်ပလုပ်ငန်း အသစ်အသစ်တွေ ပေါ်ပေါ်လာနေတဲ့အတွက် သူတို့လိုအပ်နေတဲ့ ဈေးကွက်ပိုင်းဆိုင်ရာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပါ။” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ပြပွဲရက်များအတွင်း နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ကျောင်းသားလူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် အဓိကရည်ရွယ်ပြီး ပြခန်းစုစုပေါင်း ၃၁ ခန်းပါဝင်မည်ဟု သိရသည်။ “ မိမိရဲ့ Application နဲ့ပတ်သတ်ပြီး စင်ပေါ်မှာ သရုပ်ပြရှင်းလင်းနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြပွဲနှင့်ပတ်သက်၍ www.facebook.com/yangonheartz တွင် အသေးစိတ်ကြည့်ရှုနိုင်ကြောင်း လက်ရှိပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော Software ကုမ္ပဏီများ၊ နိုင်ငံတကာမှ Software များအား တင်သွင်းရောင်းချသူများနှင့် သီးခြားပါဝင်လိုသော Mobile ၊ Software Developer များပါဝင်ပြသနိုင်ကြောင်း သိရသည်။

Appexpo 2013 ပြပွဲနေရာ နဲ့ အချိန်

နေ့ရက် (Date) ~ 8.1.2013 - 9.1.2013
အချိန် (Start Time) ~ 9:00 AM - 5:00 PM
ပြပွဲကျင်းပမည့်နေရာ ~ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် သံလမ်း ဘတ်စ်ကား မှတ်တိုင် အနီး MICT Part ၀င်းအတွင်း MICTDC ခန်းမ ဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

By ~ (Internet Journal)
ကဲ.....ရန်ကုန်မှာ ရှိနေတဲ့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေလဲ အသုံးပြုစရာ Software လိုလို့ ဖြစ်စေ ဗဟုသုတ အနေနဲ့ လေ့လာလို၍ ဖြစ်စေ အဲ့ဒီ ပြပွဲလေးကို သွားဖြစ်အောင် သွားပြီး ဗဟုသုတလေးတွေ ရယူကြပါလို့ တိုက်တွန်းလိုက်ပါစေဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -