Showing posts with label (Screen Saver). Show all posts
မိမိ Computer မှာရာသီဥတုအခြေအနေကို ဖော်ပြပေးတဲ့ Screen Saver အလန်းလေးအသုံးပြုချင်တဲ့ သူတွေအတွက်ပါ။
Saturday, January 14, 2012
Posted by Ye Kyaw Phyo
(ဒီ Post လေးမှာ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။)
Screen Saver အတွက် Download Link လေးကတော့ အောက်က Link လေးပါနော်။
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော်ပေးတဲ့ လက်ဆောင်လေးကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သဘောကျရင် အောက်မှာ Comments လေးတွေပေးခဲ့ပါဦးလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ ရဲ့ ဝေဖန်အကြံပေးချက်လေးဟာ IT Bank Site လေးအတွက် အားဆေးတစ်ခွက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
Screen Saver ပေါ်ပေါက်လာပုံ
Thursday, September 22, 2011
Posted by Ye Kyaw Phyo
Tag :
(Screen Saver),
(နည်းပညာ)
အခုခေတ်လူငယ်တွေမှာ အင်တာနက်ကို အပျော်သက်သက်သာသုံးကြပါတယ်။အများစုကိုပြောတာပါ ။ အဲဒါဟာ သူတို့ရဲ့ အပြစ်လို့လဲပြောလို့မရ ပါဘူး။ တကယ်က သူတို့စိတ်ဝင်စားတဲ့ အခြား သောအထောက်အကူပြုစေမယ့် ပညာရပ်တွေက အင်တာနက်မှာ လက်လှမ်းမမှီတာမျိုးဖြစ်နေ
တာပါ။
သူတို့က လည်း ကြိုးစားမရှာဖွေတော့ပါဘူး။ တစ်နာရီ ၃၀၀ ၊၄၀၀ ပေးနေရတော့ သူတို့ကသေချာ တဲ့သူတို့အတွက်ပေးနိုင်တဲ့ အပျော်တမ်း ၀က်ဆိုက်တွေ ကိုသာသွားကြတာပါ။ ဒါကြောင့် လူငယ်တွေ ဗဟုသုတ ကြွယ်စေမယ့် စာပေတွေကို သူတို့လက်လှမ်းမှီအောင် လုပ်ပေးကြဖို့လိုအပ်နေပါပြီ။ ဒါကြောင့် ဒီလို မျိုး ဗဟုသုတရစေမယ့်အကြောင်းအရာတွေကို ရှာဖွေ တင်ပေးလိုက်ပါတယ်။
LCD screen တွေ မပေါ်ခင်က အားလုံး CRT (cathode ray tubes ) တွေကိုသာသုံးခဲ့ကြတာပါ။ အရင် သုံးခဲ့တဲ့ Monitor အကြီး ကြီးတွေကို ပြောတာပါ။ အဲဒီ Monitor တွေမှာ အားနည်းချက်တစ်ခုရှိတယ်ဗျ။ အဲဒါက တကယ်လို့ ကွန်ပျူတာကို မသုံးပဲ ဒီအတိုင်း ထားတာမျိုးပါ။အဲဒါဆို အထဲမှာ သုတ်ထားတဲ့ Phosphorus အလွှာမှာ မသုံးပဲထားတဲ့ အချိန်မှာ ပေါ်တဲ့ ပုံရိပ်က ကြာလာတာနဲ့အမျှ ခပ်ရေးရေး ပေါ်လာတတ်တယ်။ အရာထင်သွားတဲ့သဘောပေါ့။
ဥပမာြေ့ပာရရင် သင်တို့ Game City လိုနေရာက ကစားတဲ့ Game စက်တွေမှာ အဲဒီလို Tube တွေသုံးထားတာ တွေရှိပါတယ်။ တကယ်လို့ ဘယ်သူမှ မဆော့ရင် သူ့ Screen ကလှုပ်မှာမဟုတ်ပါဘူး။ ဒါဆို အဲဒီပုံရိပ် ဟာအဲဒီ Screen မှာ အချိန်ကြာမြင့်စွာ ပေါ်တဲ့အတွက် အဲဒီ Screenမှာ အဲဒီပုံရိပ် ဟာအမြဲလိုလို ရေးရေးပေါ်နေပါတော့ တယ်။ အဲဒါကို ကာကွယ်ဖို့ ဘယ်သူမှ မဆော့တဲ့ အခါမှာ Screen saver အဖြစ် တစ်ခုခုကို ပြပေးနေတာပါ။အဲဒါဟာ Screen ကိုကာကွယ်ပြီးသားလဲ ဖြစ် ဆွဲဆောင်မှုလဲပိုရှိပါတယ်။အဲဒါကြောင့် နာမည်ကိုက Screen saver လို့ခေါ်တာပါ။
ဒါပေမယ့် အခုခေတ်မှာ CRT တွေဟာပိုမို ကောင်မွန်လာပြီး အဲဒီလို ပြဿနာမပေါ်အောင် ထိ ကောင်လာကြပါ တယ်။ အခုဆို LCD တွေတောင်ပေါ်လာပါပြီ။ LCD မှာက Phosphorus ကိုမသုံးထားတော့ ဒိလိုပြဿနာမျိုးမရှိပါဘူး။ ဒါပေမယ့် လူတွေဟာ Screensaver ရဲ့ အလှအပကိုကြိုက်လာတဲ့အတွက် Screen အတွက်မလိုသော်လည်း အလှအတွက်သုံးလာကြပါတယ်။
အခုဆို Screensaver ကို သင့်ကွန်ပျူတာလုံခြုံရေးအတွက်လည်းသုံးနိုင်ပါတယ်။ အကယ်၍သင်ဟာ အရေးပေါ် ကိစ္စကြောင့် ကွန်ပျူတာကို ဒီအတိုင်းထားသွားရင် အခြားသူတစ်ယောက်က သင့် Data တွေကို အလွယ်တကူယူသွားမှာပါ။Screensaver သုံးထားမယ်ဆိုရင် သင်ထွက်သွားပြီး အချိန်တစ်ခုမှာ Screensaver ကပေါ်လာပါမယ်။ အခြားတစ်ယောက်က ၀င်ရန်ကြိုးစားသောအခါ Screensaver ပျောက်သွားပြီး Login screen နဲ့ Password တောင်မှာပါ။ သင်ကတော့ ကိုယ့် Password ကိုသိတော့ ၀င်လို့ရတာပေါ့။
အခုလောက်ဆို Screensaver ရဲ့သမိုင်းလေးသိလောက်ပါပြီ။ အလှသက်သက်အတွက်ပေါ်လာတာမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။
ကြိုးစားလျက်.......!
(Yekyawphyo)
တာပါ။
သူတို့က လည်း ကြိုးစားမရှာဖွေတော့ပါဘူး။ တစ်နာရီ ၃၀၀ ၊၄၀၀ ပေးနေရတော့ သူတို့ကသေချာ တဲ့သူတို့အတွက်ပေးနိုင်တဲ့ အပျော်တမ်း ၀က်ဆိုက်တွေ ကိုသာသွားကြတာပါ။ ဒါကြောင့် လူငယ်တွေ ဗဟုသုတ ကြွယ်စေမယ့် စာပေတွေကို သူတို့လက်လှမ်းမှီအောင် လုပ်ပေးကြဖို့လိုအပ်နေပါပြီ။ ဒါကြောင့် ဒီလို မျိုး ဗဟုသုတရစေမယ့်အကြောင်းအရာတွေကို ရှာဖွေ တင်ပေးလိုက်ပါတယ်။
LCD screen တွေ မပေါ်ခင်က အားလုံး CRT (cathode ray tubes ) တွေကိုသာသုံးခဲ့ကြတာပါ။ အရင် သုံးခဲ့တဲ့ Monitor အကြီး ကြီးတွေကို ပြောတာပါ။ အဲဒီ Monitor တွေမှာ အားနည်းချက်တစ်ခုရှိတယ်ဗျ။ အဲဒါက တကယ်လို့ ကွန်ပျူတာကို မသုံးပဲ ဒီအတိုင်း ထားတာမျိုးပါ။အဲဒါဆို အထဲမှာ သုတ်ထားတဲ့ Phosphorus အလွှာမှာ မသုံးပဲထားတဲ့ အချိန်မှာ ပေါ်တဲ့ ပုံရိပ်က ကြာလာတာနဲ့အမျှ ခပ်ရေးရေး ပေါ်လာတတ်တယ်။ အရာထင်သွားတဲ့သဘောပေါ့။
ဒါပေမယ့် အခုခေတ်မှာ CRT တွေဟာပိုမို ကောင်မွန်လာပြီး အဲဒီလို ပြဿနာမပေါ်အောင် ထိ ကောင်လာကြပါ တယ်။ အခုဆို LCD တွေတောင်ပေါ်လာပါပြီ။ LCD မှာက Phosphorus ကိုမသုံးထားတော့ ဒိလိုပြဿနာမျိုးမရှိပါဘူး။ ဒါပေမယ့် လူတွေဟာ Screensaver ရဲ့ အလှအပကိုကြိုက်လာတဲ့အတွက် Screen အတွက်မလိုသော်လည်း အလှအတွက်သုံးလာကြပါတယ်။
အခုဆို Screensaver ကို သင့်ကွန်ပျူတာလုံခြုံရေးအတွက်လည်းသုံးနိုင်ပါတယ်။ အကယ်၍သင်ဟာ အရေးပေါ် ကိစ္စကြောင့် ကွန်ပျူတာကို ဒီအတိုင်းထားသွားရင် အခြားသူတစ်ယောက်က သင့် Data တွေကို အလွယ်တကူယူသွားမှာပါ။Screensaver သုံးထားမယ်ဆိုရင် သင်ထွက်သွားပြီး အချိန်တစ်ခုမှာ Screensaver ကပေါ်လာပါမယ်။ အခြားတစ်ယောက်က ၀င်ရန်ကြိုးစားသောအခါ Screensaver ပျောက်သွားပြီး Login screen နဲ့ Password တောင်မှာပါ။ သင်ကတော့ ကိုယ့် Password ကိုသိတော့ ၀င်လို့ရတာပေါ့။
အခုလောက်ဆို Screensaver ရဲ့သမိုင်းလေးသိလောက်ပါပြီ။ အလှသက်သက်အတွက်ပေါ်လာတာမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။
ကြိုးစားလျက်.......!
(Yekyawphyo)

ကျွန်တော်တင်ပေးခဲ့သမျှ Screen Saver တွေထဲမှာကျွန်တော်ဒီကောင်လေးကိုအကြိုက်ဆုံးပါပဲ..ကျွန်တော်တို့
ကွန်ပျူတာကို ခဏအနားပေးလိုက်တဲ့အချိန်မှာ Screen Saver လေးပေါ်လာပြီဆိုတာနဲ့ နှင်းလေးတွေကျပြီးခရစ်
စမက် ပုံလေးတွေ သမင်လေးတွေ ကျေးငှက်လေးတွေနဲ့ ထည့်ပေးထားတဲ့တီးလုံးသံလေးနဲ့ က.တော်တော်လေးကိုသဘောကျဖို့ကောင်း ပါတယ်။
ကျွန်တော်နဲ့အကြိုက်ချင်းတူလို့သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့လင့်ကနေ သာဒေါင်းလော့ချ သွားလိုက်ပေါ့ဗျာ။ကျွန်တော် အောက်မှာ Download Link ကို နှစ်မျိုးလုံးနဲ့ ပေးထားပါတယ်ဗျာ။သုံးကြည့်ကြပါစေနော်။အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ခုလို Download ယူသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။
ခုလို Download ယူသွားတာကျေးဇူးတင်ပါတယ်ဗျာ။
From (KgLayNgal)
ကြိုးစားလျက်.......!
(Yekyawphyo)
ကျွန်တော့ရဲ့ ပထမလက်ဆောင်လေးကိုတော့ သူငယ်ချင်းတွေ အားလုံးသိပြီးသားဖြစ်မှာပါနော်။ Water Wave Screen Server လေးပေါ့။တစ်ချို.က ပြောကျတယ်လေ။ရေလှိုင်းလေးတွေ ပါတာတော့ ဟုတ်ပါပြီ။ ငါးလေး တွေ လဲပါရင် ကောင်းမယ်နော် လို့ပြောလာကျလို့လေ။ခုတော့ ကျွန်တော် ကြိုးစားပြီး သူငယ်ချင်းလေးတွေ လိုချင်တာကိုရှာလိုက်တာ ရလာပါပြီဗျာ။အားမငယ်ရတော့ဘူးပေါ့ဗျာ။ငါးလေး တွေက လဲ လှုပ်တယ်နော်။မလှုပ်ဘူးထင်မှာ စိုးလို့ ထပ်သတိပေးလိုက်တာပါ။ဒါပေမဲ့ ကျွန်တော် တစ်ခု တောင်းပန်ချင်တာက ကျွန်တော့ရဲ့ အားနည်းချက်ပေါ့ဗျာ။Serial Code လေးတွေလိုပါတယ်ဗျာ။ကျွန်တော် ဆီမှာလဲ မရှိပါဘူးဗျာ။ကျွန်တော် အဲ့ဒီ Code နံပါတ်လေးတွေ ရရင်တော့ ကျွန်တော် ဒီ Post လေးမှာ ပြန်တင်ပေးပါမယ်လို့ကျွန်တော် အာမခံပါတယ်ဗျာ။ဘာပဲ ဖြစ်ဖြစ်တော့ ခုလောလောဆယ်တော့ သုံးကြည့်ကြပေါ့ဗျာ။အဆင်တော့ ပြေပါတယ်။တော်တော် လဲ လှပါတယ်ဗျာ။အောက်က ပုံအတိုင်းလေးပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။

အဲ့လိုမြင်ရတာကို လိုချင်တယ် ဆိုရင်တော့ အောက်မှာ Download ရယူနိုင်ပါတယ်ဗျာ။
ခုလို Download ယူသွားတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ကျွန်တော်ရဲ့ ဒီ Post လေးကို သူငယ်ချင်းတွေ အားလုံး သဘောကျလိမ့်မယ်လို့ထင်ပါတယ်ဗျာ။အဆင်ပြေရင် သူငယ်ချင်းတွေ အားလုံး လက်တို့လိုက်ဦးနော်။ကျွန်တော်က သူငယ်ချင်းတွေ ရဲ့ ပီတီလေးတွေကို စားသုံးနေရတဲ့ သူတစ်ယောက်မို.လို့ပါနော်။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ။ကျွန်တော် ရဲ့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။Post ရဲ့အောက်လေးမှာ တော့ Post ပိုင်ရှင်ရဲ့ နာမည်လေး ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။

ကျွန်တော် Software လေးတစ်ခု မိတ်ဆက်ပေးပါရစေဗျာ။ သူငယ်ချင်းတွေရဲ့ ကွန်ပျူထဲမှာ Screen Saver သူများနဲ့မတူအောင်လန်းလန်း သုံးရမှာဖြစ်ပါတယ်။အောက်က ပုံလေး အတိုင်းပါဗျာ။Destop ထဲရေတွေဝင်လာရင်တော့ ကျွန်တော့ အပြစ်မဟုတ်ဘူးနော်။ပြောထားတယ်။ရေတွေဝင်လာတယ်ဆိုပြီးတော့ DesTop ကြီး ဖောက်ထုတ်မလိုက်နဲ.ဦးနော်။ကျွန်တော် မရော်နိုင်ဘူးနော်။ဟီး ဟီး။ထားပါတော့ဗျာ။ ပုံလေးကတော့ အောက်က ပုံလေး အတိုင်းမြင်ရမှာ ဖြစ်ပါတယ်ဗျာ။ လိုချင်ရင်တော့ အောက်မှာ Download သွားယူလိုက်ပါနော်။

ခုလို Download ယူသွားတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
အောက်မှာ Serial Number လေးပေးထားပါသေးတယ်ဗျာ။
Name = hair
Code = DHMIF-AIEED-CCMJI-CFJIA ပါ။
အဆင်ပြေရင် သူငယ်ချင်းတွေအားလုံး လက်တို့လိုက်ဦးနော်။သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ အသံကိုကျွန်တော် ကြားချင်သေးတယ်ဗျ။မမေ့နဲ့နော် အားလုံးပဲ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။Post ပိုင်ရှင်ရဲ့ နာမည်လေးတော့ ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်..........!